Saturday, August 18, 2012

ခဥမ စိတ်ကူးယဉ်






























ခဥမ ယောက်ယက်ခတ်နေပုံ့ကို မြင်စေချင်စမ်းသည် မနေ့က ည ပိုင်းတွင် အားလပ်လေရာဘာလုပ်ရမည် မသိ လုပ်ချင်သည်များ များလှသည် ရုပ်ရှင်ကြည့်ချင်သည်. shopping ချင်သည်. shopping ကို စိတ်ချုပ်တည်းရွေ့. ရုပ်ရှုင်ရုံသို့ရောက်သည် . ရု့ပ်ရှင်က ကိုးနာရီ.တစ်ပွဲ ကိုးန်ာရီ လေးဆယ်တစ်ပွဲပြလေရာ ကိုးနာရီလေးဆယ်ကို (THE EXPENDABLES 2 ) ကြည့်ချင်သော်လည်း ပြီးချင်မှာ ည ဆယ်တစ်နာရီ ခွဲခန့်ဖြစ်သောကြောင့်အိမ်ပြန်ရောက်ရင် ည နက်တော့မနက် တစ်ကယ်လို့ ခရီးသွားချင်ရင် အားမရှိဘူးဖြစ်မယ် ဟု စိတ်ကူးကာ.ကြည့်မဖြစ်ချေ.








ကိုးနာရီကားလက်မှတ်ဝယ်မယ်လုပ်ပြီးကာ မှ ဆံပင် ထပ်ပြီး ရှိုင်းချင်စိတ်ဖြစ်လာပြန်သည် ပြီးခဲ့တဲ့ ရက်ပိုင်းက ဆံပင်ရှီုင်းထားသော်လည်း ခရီးသွားလျှင် ဓါတ်ပုံဝိုင်းရိုက်ကြမည်ဖြစ်ရာ လူမှသော်လည် ဆံပင်သေသပ်လျှင် တစ်ရည် တက်သွားနိုင်သည်. သို့ဖြစ်ရာ ရုပ်ရှင်ကြည့်နေလျှင် saloon ပိတ်သွားမည်စိုးသောကြောင် လက်မှတ်မဝယ်ဖြစ်ဘဲ စိတ်မကောင်းစွာ အေး လေ ငါနောက်တစ်ပါတ် အားသေးတာဘဲ အဲဒီတော့ကြည့်တာပေါ့ဟု စိတ်ကူးသည် သို့သော်ငြားလည် ရုံရှေ့ရောက်ပြီးအချိန်ကောင်း ရ့ရဲ့သားနဲ့မကြည့်လိုက်ရတိာစတ်မကောင်းချေ. လူများသည်လည်းအုံးအုံးကြွက်ကြွက် ဆူညံနေလေသည်. ချစ်သူရည်းစားများသူငယ်ချင်းများ မိသားစုများကြားတွင်. ခလေးမရှိ.မိသာစု မရှိသော နာမည်ခံအပျိုကြီးသည် အားငယ်လေ၏။
































saloon ရောက်သော် saloon သည် အင်တင်တင်လုပ်သည် ခဥမည ဆံပင်ထူထူကောက်ကောက်ဖြစ်လေရာ saloon များသည် အတော်အင်ကြသည်. ခဥမ တစ်ခေါင်းသည် ခပ်ပါးပါးနစ်ခေါင်းနင့်ညီမျှလေရာ တစ်ခေါင်းစာနှင့် ပိုက်ဆံသည် မတန်ချေ. သူရို့တွင် လူနည်းသောအခါမှ ခဥမကို အဖက်လုပ်သည် လူများလျှင် ခဥမကို မမြင်ယေင်ဆောင်ကြလေသည် လူနညည်းလျေင်တော့ဘာလုပ်ချငသလဲ ဟု ဧည့်ခံသည်. သို့သော်လည်း ခေါင်းလျော် dryer လောက်ကို သူရို့သိတ်စိတ်မဝင်စားချေ. treatment လေးပါ ထည့်လုပ်စေချင်ကြသည် treatment ထည့်လုပ်လျင်ပိုက်ဆံပိုရသည် မဟုတ်လော.


ခဥမ ဘလော့ကို လာဖတ်လေ့မရှိသော သားသားဖိုးသင်္ကြန်သိစေရန်မှာ treatemnet ဆိုသည်မှာ ဆံပင်ကို ဗီတာမင်ဆေးသုတ်ပေးပြီး ခဏသိပ်ထားကာ ခဏထားကာ. . လုပ်သူကျေနပ်စေရန် ဖန်ပေါင်ချောင် ထဲသို့ ခေါင်းထည့်ပြီး မဂဇင်းစာအုပ်ပေးထားက မိနစ်နစ်ဆယ်ခန့် ထားပြီးခေါင်းပြန်လျှော်ပေးလျှင် ဆံပင်လေးသည် ပိုမိုပျော့ပြောင်းကာ ပိုလှလာလေသည်. ခြောက်သွေ့သော ဆံပင် များကို လုပ်လေ့ရှိသည် ဆံပင်ဆိုသည်ကလည်း သပေးလျေင် သေသပ်လေဖြစ်ရာ လုပ်သင့်သည် သို့သော်ငြားလည်း treemtnet ထည့်လျှင် ခေါင်းလျောက် ဆံပင် dryer လုပ်သည်ထက် နစ်ဆပိုကုန်လေရာ ဆင်းရဲသားလေးခဥမသည် အမြဲမလုပ်ုနိင်ချေ. အိမ်တွင်သာ လုပ်နိုင်ရှာသည်။


























သို့အတွက်ကြောင့် ဟု သော်လည်းကောင်း အချိန်နောက်ကျနေကာ သာမန်လူကို ပြီးနိုင်သော်လည်းခဥမ ဆံပင် ကွေးလေးကို အ ချိန်ယူရန်မှာ ဆိုင်အတွက်လေး တစ်ကယ်ကိုနောက်ကျနေပြဖြစ်လေရာ ဆံဆိုင်မှ ဟယ် နင်နောက်ကျတယ်ဟယ် ဟု ဆိုသည်ကို ဟန်မပျက်အောင် မာန်တင်းရင်း လက်ခံလိုကရလေရာ ခဥမသည် ငါ့းရန့်နစ်ကောင်လွတ်သွားလေသည် ကေသာလည်းမ ရှီိုင်းရ ရုပ်ရှင်လည်းမကြည့်ရလေရာ ဓါတ်ပျက်ပြီးအိမ်ပြန်လာသည်။



ကေအယ်အုပ်စိုထံသို့သွားမည် ဆိုသော သူတစ်ဦးကြောင့်ရောက်ရက်ခတ်ရပြန်သည် ခဥမသည် ကေအယ်အုပ်စုကို သံယောဇဉ်ရှိကြောင်းဝန်ခံပါသည် သူရို့သည် ခဥမ ဖုံးဆက်လျှက်ကိုင်သည် သူရို့မအားလျှင် အားလျှင်ပြန်ဆက်သည်.စကားပြောရိုးသားကြသည် အပိုဆာဒါိးသိတ်မပါ. အထူးသဖြင့်ရည်းစား သိတ်မရှိကြချေ.

ဒီလိုဆိုရင်းဒီဘက်ကကောဟု TZA က မေးလေးထိုးကားမေးလေရာ နီ့လား ငါသိတ်ချစ်တာပေါ့ဟယ်ဘာပြုလို့မိန်းမယူသေးလဲ[ဟု မေးရပေမည်. မိန်းမယူသော်မိန်းမရှိ. သတိရတိုင်းမဆက်နိုငချေ သူ့မှာ ချစ်စရာမိန်းမကလေးနင့်မအားချေ.

bbq ကလည်း အစ်မကလည်းဗျာ ဟု ဆိုသော် ငါလည်းနီ့ကိုချစ်ပါတယ်အေ. ဒါပေမဲ့ နီကလည်း attachment နဲ့ဆိုတော့ ငါသိတ်စိတ်ညစ်တယ်ဟု ဆိုရပေမည်။

မိန်းမယူသွားလျှင် စန်းကျသည်မှာ မှန်မမှန်မသိသော်လည်း TZA မိန်းမယူသွားပြီးသကာလ ဖွန်ကြောင်ခင်ဘူးမေသည် ယခင်ကလောက် TZA ထံအရောက်အပေါက်မများတော့ချေ. စန်းကတော့ရှိနေမြဲဖြစ်သည်. အချစ်ကလည်းယခင်ကအတိုင်းဖြစ်သည်. သို့သော်ငြားလည်း သို့သော်ဖြစ်သည်.

July နင့်လည်း အစကတည်းက အဆက်အသွယ်များသည် သူမိန်းမယူပြီးကတည်းက နည်းနည်းသွားလေရာ ယခုဆို မြင်သာမြင်မကြင်ရဖြစ်သည် မီးနီကလေးကိုသာရှူနေရလေသည်. ကိုဘကိုကားပြောမနေနင့် အသည်းလေး နင့်ကတည်းက သွားမထိတော့တော့ချေ. ကိုကိုဒီဘီကို လည်း စိတ်ထဲမှာသာ ထုထုပြီး ခရာ နေရရာ. အဆင်မပြေချေ.

asdfg: ကိုလည်းအဝေးမှသာ ချစ်ရရှာသည်. ခဥမခမျာ အနားမကပ်ရဲချေ.အနားကပ်လျင် ထွက်သွားမှာစိုးသောကြောင့်ဖြစ်သည်.

မီးမီးတို့ကောရော ဆိုလျင်တော့မီးမီးတို့ကို ချစ်သောငြား ခပ်ပါးပါးဖြစ်သည်မှာ မီးမီးတို့အသိပင်ဖြစ်သည်.


နေ့လည် နားရောက်လာလေ ရောက်ယက်ခတ်လာလေဖြစ်သည် သူတော့သွားတော့မယ် လိုက်ချင်လိုက်တာနော်ဟု စိတ်များဖြစ်လေရာ မနည်း ချိုးနိမ်ထားရသည် ။ စိတ်ကူးယဉ်ရုံနင့်ပင် ပျော်စရာကောင်းနေလေပြီ
































ခရီးထွက်သည်ဆိုကတည်းက အထုတ်ကလေးကိုင် ဝှီးဆို လူတွေ ကြားထဲဝင်သွားလေရာပျော်ရွင်ဘွယ်ဖြစ်သည်။ ပြီးလျှင် ကေအယ်သွားသော်ကားကြီးစီးရမည်. ကားကြီးမှာ အဲကွန်းကြီးနင့် စီးလို့ကောင်လှသည် လမ်းတွင် မုန့်ဝယ်စားနိုင်သည် သူငယ်ချင်းလဲပါလေရာ စကားပြောစရာလဲ လူရှိမည် စကားပြောစရာ လူမရှိသော ခရီးထွက်နည်းကိုကြံဖန်ပျော်မွေ့နေရသော ခဥမသည် လိုက်ချင်စိတ်များအားကြီးဖြစ်ထွန်းသည်

ကေအယ်ရောက်သော်ဟောတယ် တည်းရမည် သယ်ချင်းများနင့်တွေ့ရမည်မုန့်စားရမည်. လေညှင်းခံရမည် ပတ်ဝန်းကျင်အသစိကိုတွေ့ရမည် / သူရို့ ကမ်းခြေသွားပြီး movie ကြမည် ဟု ကြားသည်။ ခဥမ ကို သူရီု့မလှလှအောင်ဓါတ်ပုံရိုက်ပေးမည်ဟု မျှော်လင့်သည် ကင်မရာကြီးတွေ ဒေါက်တိုင်ကြီးတွေ ဖဘမှာတွေ့သည် home made ရိုက်ပြီး ခဥမ ကို မရီုက်ပေးအား လျှင်တော့လည်း ကုသိုလ်ကံပေါ့ဖြစ်စည်/ သီဟဇော်လင်းဦး ဆီမှ ဖရဲသီးလဲကပ်စားရနိုင်သည်။

























Mong Nan Aong ဆီက မြင်းခွာရွက်သုပ်နင့်တစ်ကွ စပီလဲသောက်ရနိုင်သည်. ကံကောင်းလျင် ကော်ကျိုဆီမှ. အာဘွားတွေ လည်းအများကြီး ရနိုင်သေးသည် ...........အော ပျော်စရာကြီးပါပေ

သို့သော်လည်း ခဥမသည် အခွင့်အရေးကို လက်လွတ်ခံလိုက်လေသည်. ။ (Ko Zaw တော်တော်ကို မုန်းတယ်။ ဒါပဲ။) (Taw မမအချစ်သစ်တွေရနေတယ် သာမီးတို့ကိုမချစ်တော့ဘူးမို့လားတွေ ) ထပ်မကြား နိုင်သောကြောင့်ဖြစ်သည်. အော် ဒုတ်ခ ဒုတ်ခ ကိုယ့်ဒုတ်ခနင့်ကိုယ်ဘဲ. သို့ဖြစ်လေရာ ငါးရံ့များလွတ်သွားပြန်လေသည်.

14 comments:

ko 9 said...

များများအနားယူသင့်နေပြီထင်ထယ်ဗျ။

armifa<; said...

ဒီပို့စ်ကိုဖတ်မိတဲ့ မဗေဒါက အိုင် ဝီလ် နဲဗား ကွန်ပလိန်း အဘောက် ဝမ်းဟန်ဒရက် တူးဟန်ဒရက် တူးမဲနီး ဒပ်စ် လို့ပြောပြီး လက်မြှောက်အရှုံးပေးသွားတယ်တဲ့။

Anonymous said...

Taw

လာဘူး ကျန်တဲ့သူတွေလဲ

မသိတော့ဘူး

ဦးမောင်ဝေးကိုတွေ့ရင်ပြောလိုက်ပါ

ကာကာက အာဝါးလို့

ဟိဟိ
Khin Oo May
3 hours ago
Khin Oo May

သူလဲ မလာဘူး။
Taw
3 hours ago
Taw

တွေ့ချင် FB လာကျပါလို့

Anonymous said...

I never complaint about 100200 too many dust

ဘာပြောတာပါလိမ့်.

armifa<; said...

မဗေဒါ အင်္ဂလိပ်လို ကွန်ပလိန်းလုပ်ပါတယ်ဆိုနေမှ ဘဲအုပ်ကတစ်ရာ နှစ်ရာဖြစ်ရတော့မှာပေါ့ ducks ပါဟဲ့၊ ဖုံတွေသဲတွေအကြောင်း ကွန်ပလိန်းမလုပ်ရပါဘူးဟာ။

Anonymous said...

:D

Anonymous said...

ဦးမောင်ဝေးကိုတွေ့ရင်ပြောလိုက်ပါ

ကာကာက အာဝါးလို့

ဟိဟိ

Anonymous said...


တွေ့ချင် FB လာကျပါလို့

Anonymous said...

what

TZA said...

အဟမ်း.. အဟမ်း.. :p

Anonymous said...

ချောင်းဆိုးသွားတယ်
တူက မိန်းမတင်မက ကလေးလဲရှိနေပြီ
အားတော.ဘူးတဲ

ကိုဇော် said...

တော်တော်ကြီးကို ပိုမုန်းသွားပြီ။ ဒါပဲ။
အခုကျတော့ သူများတွေဆီပါ အရောက်သွားတွေ့တယ်ပေါ့လေ။ ရပါတယ်။ သိလိုက်ပါပြီ။
((((((( မုန်းဒယ် ))))))))

Anonymous said...

မသွားပါဘူးဆိုမှဘဲ ခက်တာဘဲ.

mstint said...

ခဥမ ရဲ့ ထူးထူးခြားခြား စိတ်ကူးယဉ် ကဏ္ဍကိုဖတ်ရာမှ ကိုဇော်၏ အမုန်းကိုရှာဖွေတွေ့ရှိခြင်း :P
စကားမစပ် ဆံပင်ထူတယ်ဆိုလို့ ရန်ကုန်ရောက်ရင် တီတင့်ဆိုင် 4-YOU beauty salon ကိုလာခဲ့နော် စိတ်တိုင်းကျ ဖြစ်စေရမယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်