မနက်မိုးလင်းတာနဲ့ အရင်ဆုံး kmsl ကို ဧည့်ခံပြီ်းပြီးတာနဲ့ အမြန်ဆုံး ကွန်ပြူတာ ခလုပ်ကိုပြေးဖွင့်တယ်။ ဖွင့်နေတုံးမှာ ပြုတင်းပေါက်တွေကို လိုက်ပိတ်တယ်။ ကာဖီခွက်ကို ဘေးချြ့ပီး စီပုံးဖတ်.ပြီး update လုပ်ရတယ်။ ထွက်လာသမျှ ဘလော့တွေ ကို နိုင်သလောက် လိုက်ပြီးအားပေးရသေးတယ်။ ထွက်တာများရင် ကိုယ်ရေချိုးတာ နောက်ကျရော. အဲဒီတော့တစ်ခါတစ်လေ ထွက်တာ များရင် ငြူစူချင်သေးတယ်။ ကိုယ်တော့ အလုပ်နောက်ကျပါပြီဆိုပြီး။
နောက်ကျပြီဆိုပြန်တော့ဘတ်စကားလွတ်တာပေါ့။ အဲဒီတော့ အငှားကား စီးရတဲ့ဆီကိုရောက်ကော. အဲသလိုဆိုရင် နှမျောမိပြန်ရော. စီးမိပေါင်းလဲများရောပေါ့။ အခုတစ်လောတော့ MRT အထိဘဲစီးနေတယ်။ အန်မတန်နီးတဲ့နေရာကို စီးလေတော့ မောင်းတဲ့ဆရာကလည်းပတ်မောင်းတယ်ထင်တာဘဲ။ ဒီနေ့ဘတ်စကားဂိတ်နားကလေးမှာ ဘတ်စကားလွတ်သွားတယ်။ အဲဒါနဲ့ taxi ဘဲ စီးလိုက်တော့မယ်ဆိုပြီးစီးတာ ဘတ်စကားနဲ့ အတူတူရောက်ပါတယ်။ မယုံနိုင်လောက်အောင်ဘဲ။ တစ်ကျပ်ပိုပေးရတာကို အကြောင်းမဟုတ်ပါဘူး ဘတ်စကားကပ်လွတ်သွားလို့ အငှားကားစီးတာ ဘတ်စကားနဲ့ အတူတူရောက်တယ်ဆိုတာကို စိတ်တိုတာ။
TV လိုင်စင်ပေးဘိုဲရှိတယ်။ စလုံး 110. . ဘာတွေနဲ့ပေးနိုင်သလဲဆိုတော့ AXS. /On line…/ Giro/ post office/ cheque နဲ့ 31/01/2010 မတိုင်ခင်ပေးရမယ်ဆိုလို့ ခက်နေတယ်။နောက်ကျရင် နောက်ကျကြေးတွေပေးရမယ်။ on line လဲဝင်ကြည့်တာမလုပ်တတ်ဘူး။ giro နဲ့လဲမလုပ်ဖြစ်ဘူး စာတိုက်လဲမရောကဘူး ချက်ဘုတ်လဲပျောက်နေတယ်။ AXS ဆိုလို့လိုက်ရှာလိုက်တာ SAM ဘဲတွေ့တယ်။ အဲဒီမှာ သွားရှာတာလဲမရဘူး ။ မရှိတာကိုသွားရှာတာကိုးနောက်ဆုံး. မှ ဘဏ်တစ်ခုနားမှာ သွားတွေ့တယ်။ သွားလုပ်တော့ ည ၁၂ နာရီကျော်နေလို့ထင်တယ် မရဘူးဖြစ်တယ်။
တယ်လီဖုန်းဘီ လဲဒီလအတော်ထိတယ် ။ဒီလတင်မဟုတ်ပါဘူး လတိုင်းပါဘဲ။ ကိုယ့်ဖုံးနစ်ခုက တစ်ခုက စလုံး ၁၃၀ ကျပ် နောက်တစ်ခုက စလုံး ၈၀။။ ဒါဘာမှ မပြောပါဘူးဆိုရင်လဲယုံမှာမဟုတ်ဘူး အကြောင်းအမျိုးမျှိုးနဲ့ကုန်ကျစရိတ်တွေပါ။
Kmsl တယ်လီဖုံးက သူပြောတာက စလုံး ၁၂၀. အင်တာနက်ဘိုးက စလုံး ၄၀။ အဲဒါ ဟိုတုံးကလုပ်ထားတာပါ။အခုဒီဈေးနဲ့ဆိုရင် ဒီထက်မြန်တာကို ရမယ်ဆိုတာကိုသိပေမဲ့ တစ်ခါ ပြောင်းရင့် ကွန်ပြူတာကို ပြန်ပြီး adjust လုပ်ရမဲ့ဒုက္ခ ကိုကြောက်လို့မလုပ်ဖြစ်ဘူး။ ကိုယ်ကလဲ ဘာမှ နားလည်တာမဟုတ်ဘူး။ သူကလဲစိတ်မဝင်စားဘူး။ အဲဒါနဲ့ဘဲ နားမလည်မှူကြောင့်ထိုက်သင့်တဲ့အကျိုးခံစားမှူမရဘူးဖြစ်နေတယ်။ အိမ်ဖုံးကလိုင်းကြေးက သုံးလစာထင်ရဲ့အဲဒါက စံလုံး ၂၅ ကျပ်။ ဒါတောင်ပြောတာမပါသေးဘူး အိမ်ဖုံးပြောတာက ပိစိကလေးဘဲရှိပါတယ် ပြောကိုမပြောဘူးနစ်ယောက်လုံး ဟန်းဖုံးနဲ့ချည်းဘဲချနေကြတာ။
ရေဘိုးမီးဘိုးက တစ်လကို စလုံး ၈၀.။ လေအေးစက်မပါ။
ပြန်တွက်ကြည့်လိုက်ဦးမယ်။
ဖုံးနစ်လုံး ၁၃၀+ ၈၀= ၂၁၅
Kmsl ဖုံး ၁၂၀+ အင်တာနက် ၄၀+ အိမ်ဖုံး ၂၅= ၁၈၅
ရေဘိုးမီးဘိုး= ၈၀
တီဗွီလိုင်စင် ၁၁၀
စုစုပေါင်း အကြမ်းဖျင်း စလုံး ၆၀၀ နီးပါး ရှိပါတယ်။ မွေးမေလေ့
ဒါတောင် ရန်ကုန်ကို ကဒ်ပြားနဲ့ခေါ်တာ တွေမပါင်းမိသေးပါဘူး။
အခွန်ဆောင်တာ စလုံး နစ်ထောင်ကျော်သွားပါတယ်။ ကိုယ့်အပြစ်တွေလည်းပါသပေါ့။ အဲဒါနဲ့ဘဲ ဒီလ အတော်ကြပ်။ဒီထက်ကြပ်တာတွေရှိပါသေးတယ် မပြောလိုတော့ပါဘူး။
ဒီညအိမ်ပြန်တာအတော်နောက်ျကတယ်။ အားလုံးနောက်ုံဆုံးချည်းဘဲထင်ရဲ့ အဲဒီတော့ တစ်ချိန်လုံးသုတ်သုတ်. အမ်အာတီထဲကထွက်တော့ သန့်ရှင်းရေးလုပ်နေပြိ။ီ last bus ဆိုတာကိုစီးတယ်။ အဲဒီဘတ်စ်ကိုထိုင်စောင်ဲရင်းနဲ့ရင်ခုန်မိသေးတယ် သူမလာခဲ့ရင် ဘာလုပ်ရမလဲဆိုပြီး. သူမလာရင်လား။ လမ်းကို လျောက်ပ လိုက်မယ်လို့စိတ်ကူးတယ်။ အဲဒီလောက်ကို အခု ကပ်စေးနည်း နေပါတယ်။ မုန့်ကျွေးခိုင်းမလို့လား. ဟင့်အင်း ဆောရီးဘဲ။