Saturday, November 8, 2008

gossip


မိန်းကလေး အိမ်ပြန်ရောက်ချိန် က သက်ကြီး ခေါင်းချချိန် တောင် လွန် နေပြီထင်ပါတယ်။ မိုးချူပ်တယ်။ ဘာဘဲ ပြောပြော အလုပ် ကို ကိုးရက်.. ( ကိုးရက် တိတိ) ..(ကျော်ဟိန်း ပြော သကဲ့သို့ဖတ်ပါ။ ) မသွားပါဘူး။ ခွင့်တင် ခဲ့တယ်။ ထွေထွေ ထူးထူး မရှိပါဘူး။ ခွင့်တွေ များနေလို့ clear လုပ်တဲ့ သဘော ပါဘဲ။ နေ့တိုင်း အလုပ်သွား နေရတာ နဲနဲ ပျင်း လာ တာ လဲ ပါတယ်။ စိတ်နဲနဲ ညစ်နေတာလဲပါတယ်။ ခွင့်တွေ က လဲ အတော် များနေတယ်။ အလုပ်လက်မဲ့ ဖြစ် ဘူး တယ် ဆိုတော့ ခွင့်ယူပြီး အိမ်မှာ နေရင် ကိုယ့် မှာ အလုပ်ဘဲ မရှိ သယောင် ဖြစ် ပြီး စိတ်ပူ သလို ဖြစ် မိတယ်။ အဲဒါနဲ့ ဘဲ ခွင့် က မယူဖြစ် တာနဲ့ ရက်တွေ က တော်တော်ကျန်နေတယ်။

ခွင့်ယူပြီးးဘာ လုပ် မလဲ မေးရင် လဲ ဘာ မှ မရှိပါဘူး။ အစ်မရယ် ရန်ကုန် သွားပါလား မေးရင် လဲ မဖြစ် သေးဘုး။ kmsl က သွားမယ် ဆိုပြီး အရင် book လုပ်တယ်။ ဘာ ဖြစ် လို့ အတူ မသွားလဲ မေးရင် လဲ….kmsl က မလိုက်ပါနဲ့ ခင် ရယ် လို့ ပြောထားတယ် ဆိုရင် လဲ ယုံ ကြ ပါ့ မလား မသိ။ ဘာဖြစ် လို့ အတူ တူ မသွားလည်း ဆိုတဲ့ မေးခွန်း ကို အတော် မေးကြ သလို ကိုယ့် မှာ လည်း အဖြေ မရှိ။

ရိုးသားစွာ ပြောရရင် ရန်ကုန် မှာ ကားလေး တစ်စီး နဲံ့ hand phone လေး တစ်လုံးရှိပါတယ်။ နှစ်ယောက် အတူ သွားရင် ကားလု နေရမယ်။ .ဖုံးကတော့ အစ် မတွေ ဆီ က ငှားသုံး။ ကိုယ့် ကို ကိုယ့် အစ်မ က တာဝန်ယူ မယ် ဆိုရင်တောင် သူ့ အနေနဲ့ စိတ် ကျှုဉ်းကြပ် စရာတွေ များ ဖြစ် နေ မလား လို့ တွေးပူ ပေးမိတာလဲ ပါပါတယ်။

သူ ဘာတွေ လုပ်မလဲ ကိုယ် စဉ်းစားကြည့်လို့ ရသလောက်. လျှောက်လည်မယ်။ သှူုငယ် ချင်းအိမ် တွေ ကို တအိမ်ဝင် တအိမ်ထွက်သွားမယ်။ အမျီူးတွေ အိမ် ကို တအိမ်ပြီး တအိမ် လည်မယ်။ massage သွားမယ်။ ခေါင်းသွားလျှော်မယ်။ ကာရာ အိုကေ ဆိုင်တွေ သွား နိုင် တယ်။ ညကလပ် သွားမယ်။ model show ကြည့်မယ်။ တချို့ အဆင် ပြေ တဲ့ ကလေးမ တ ချို့ နဲ့ အပြင် ခေတ္တ ထွက်မယ်။ ဟိုဆိုင် ဒီဆိုင်ထိုင်မယ်။ အတွေးတွေ ကို ဒီမှာဘဲ ရပ်ပါ။ stop!

ဘယ်သူ မှန်း မသိတဲ့ ကလေး မလေး တွေ အတွက် ကိုယ် က လက် ဆောင် ဝယ် ပေးတယ် ဆိုရင်လည်း ယုံ ကြပါ့ မလားမသိ။ ကြိုးတစ်ချောင်း အကျီင်္င်္င်္လေးတွေ။ နားကပ် ။ မိတ်ကပ်.။ နှူတ်ခမ်းနီ။ ပါးနီ။ ထီး။ နေကာ မျက် မှန်။ ပိုက်ဆံအိတ်။ ကီးချိန်းတွေ။ လက်ပတ် နာရီလေးတွေ။ ဘာတွေ မှန်းတောင် မသိတော့ ပါဘူး။ စိတ်ကူးလဲ ပေါက်တယ်။ ဈေးလဲ သင့်တယ် ဆိုရင် ဝယ် မိသွားတာဘဲ။ တစ် ခါတစ်လေ မှာလိုက်ရသေးတယ်။ ဟေ့ကောင် ..ဒါ ငါ့ တူမဘို့ မင်းရောကုန် မယ် နော် လို့ မှာရသေး…တယ်။

Thursday, November 6, 2008

James Bond

ျိန်းစဘွန်းကား (Quantum Of Solace) သွားကြည့်တယ်။ သူငယ်ချင်းမလေး တစ်ယောက် နဲ့။ လူများပေမဲ့ ကံအားလျော်စာ နောက်ဆုံးနားက နှစ်ခုံ က လွတ် နေတယ်။ ကိုယ်တို့ ကို လက်မှတ်ရောင်းတဲ့ ချာတိတ်မ က ‘ကားပတ်ဆ’ီ ယူ မလား။ ရလားလို့ မေးတယ်။ သူငယ် ချင်း က ယောင်တောင်တောင် လုပ်နေတယ်။ ကိုယ်က နိုးပရော့်ဘလမ် လို့ ပြောလိုက်တယ်။ အစ်မ ‘ကားပတ်ဆိ‘ ဆိုတာ ဘာလဲ ( carpet seat.= ကော်ဇော်ခင်းထားတာလား လို့မေးတယ်။ အို့ကွာ… ‘ကားပတ်ဆိ‘ ဆိုတာ (couple seat = သမီးရည်းစားများထိုင်ရန် လက် တန်းဖြုတ် ထားသော ထိုင် ခုံ လို့ ခေါ်တယ် ) လို့ ရှင်းပြလိုက်ရတယ်။


ဂျိန်းစဘွန်း ကားက တော့ဂျိန်းစဘွန်း ကားဘဲပေါ့ ။ ကြည့် လို့ ကောင်းနေတာဘဲ။ အဲဒီ ကား မရရင် နီကိုလပ်ကေ့ဂ်ျ. ကား ကို ကြည့် မယ် လို့ စိတ် ကူးထားတယ်။ ဒါပေမဲ့ ကိုယ် ကြည့်မယ် ရည်ရွယ် ထားတဲ့ ကားကို ကြည့်လိုက် ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကာ နာရီဝက် တစ် ခါ လေးဆယ့်ငါးမိနစ် တခါ ပြနေတာကိုး။ ရုံတွေ က လည်း သိတဲ့ အတိုင်း တော်တော် များများရှိနေတော့ကာ ငယ် စဉ် ကာ လ က ဂျိန်းစဘွန်း ကားရုံတင် တယ် ဆိုရင် first day first show ကို ကြည့်ချင် လို့ မှောင် ခို လက် မှတ် နဲ့ သမတရုံ မှာ ဝယ်ကြည့်ခဲ့ ရတာ ကို သတိရ မိသေးတော့ တယ်။

Wednesday, November 5, 2008

choke

အိမ်သာထဲ ကို ဆပ်ပြာ ကျသွားတယ်။ အမှတ်တမဲ့နဲ့။ ရေကို ဖလက်ရှ် လုပ်မိတာ ဆပ်ပြာ ကလေး က လျှော ကနဲ ဝင်သွားပါလေ ရော။ ရက်နည်းနည်း ကြာတော့ဘယ်လိုဖြစ်လဲ မသိ ရေ မဆင်းတော့ဘူး။ choke ဖြစ်သွားတယ်။ အိမ် က အင်ဂျင်နီယာ က ငါ မအားဘူး။ မင်းဘဲ ကြည့်လုပ်လိုက် ဆိုတော့ စုပ်ခွက် နဲ့ ရေကို တွန်း ချ။ ဒါလဲ မရသေး။

clementi shop ဆိုင်က နေ စုပ်ခွက် အကြီး ကို စလုံး ၁၀ နဲ့ဝယ်။ ဒါလဲ မထူးခြား။ အောက်ထပ် ဆင်းပြီး ကုန်စုံ ဆိုင် ကို ရေပိုက်ပြင် လိပ်စာ သွားမေး . ရန်ကုန်လိုပေါ့။ ကိုယ် မသိပေမဲ့ အိမ်နီးချင်းတွေ များသိမလားလို့ ။ သူတို့လဲ မသိ။ အမှိုက်ပုံ ထဲ ရေပိုက်လိပ်စာ သွားရှာ။ ကြော် ငြာ စာရွက် များရှိ မလားလို့။ မတွေ့။

နောက်ဆုံး မှ အာရာ..သတင်းစာ ရှိသားဘဲ ဆိုပြီး။ classified ထဲ ရှာတော့လိပ်စာတွေ့။ ဖုံးဆက်ခေါ်။ စလုံး ၃၀ နဲ့ ဈေးတဲ့။ စုပ်ခွက် လေး ကိုင်ပြီး သူ ရောက်လာ။ တွန်းချ။ မရ။ စလုံး ၁၅၀ တောင်း စက်နဲ့ တွန်းချ မှ ရမယ်တဲ့။ အံသြသွား မဖြစ်နိုင်တာ . နောက်ဆုံး ၁၃၀ နဲ့ ဈေးတဲ့။ မော်တာ လို စက် ကလေးယူလာ။ မော်တော်ဆိုင်ကယ် လို စက်ကလေးကို ခြေထောက်နဲ့ ဖိဖြိ့ပီး။လေ နဲ့ တွန်းထုတ်။ မရပါ။

အိမ်သာ အထိုင်ကို ဖွင့်ရမယ်တဲ့။ စလုံး ၂၈၀ ။ မလိုတာ တွေ မလုပ်ပါနဲ့ အစ်ကို ရယ်။ မရလဲ ပြန်ပါတော့။ ခြေကြွခ ပေးပါ့မယ်။ ဟာ ဒီလိုဆို ခင်ဗျား ဒုက္ခ ရောက် သွားမှာပေါ့။ အချီ အချ တွေ ထုံးစံ အတိုင်းပြောကြ။ နောက်ဆုံး ဆပ်ပြာ ကလေး က ဝေါ ကနဲ ဆင်းသွား။ ဝမ်းသာ လိုက်တာ။ အမျိုးတွေ ကို ပြောပြရင် အံသြကြ မလားမသိ။ ဆပ်ပြာ ကလေး က စလုံး ၁၃၀ တန်ပါတယ် ဆိုရင်….