ရင်ထဲ ဟာနေတယ်။ အချစ် ရန်ကုန်သွားတယ်။ ခဏတဖြူတ်ပေါ့။ ဘာဖြစ်လို့ မ လိုက် သွား ဘူးလဲ ဆိုတြာေ့ပာပြီး ပြီ မို့လို့ အကျယ် မရှင်းလိုတော့ပါ။ အဲဒီညက အိပ်လို့မရ.ပါ။
ရန်ကုန်ပြန်ရင် ကီလို ၃၀ ရတယ် ဆိုတော့ကိုယ်တို့ကဝေ့ပုံ ကျ ချထားပြီးသာ့းပါ။ ၂ အိတ် မှာ တအိတ်ကို အကြမ်းဖျင်း ကီလို ၁၅။ သူအဝတ်အစားနဲ့ သူ့မီတ်ဆွေ များအတွက် က တစ်အိတ်။ ကိုယ့်အမျိုး တွေ အတွက်က တစ်အိတ်စာ ရပါတယ။် ဝယ်ထားတာတွေက များ နေ လို့ကိုယ့်မှာ အတော် ခေါင်းကိုက်ပါတယ်။ မပါမဖြစ်ပါရမဲ့ ပစ္စည်းတွေကို ဦး စား ပေး ပြီးထည့် ရပါတယ။် အထုတ်တစ်ထုတ်စီထဲမှာ ဘယ်သူ့အတွက်လဲဆိုပြီး စာ ရွက်တ ရွက်စီ ထည့်တယ်။ ဒါက ဘိုမ အတွက်. ဒါက အကြီးဆုံးအတွက်ဆိုပြီး တခါထည်း ခွဲ ထည့်ပေး လိုက်တယ်။ ဟိုရောက်မှ အဝေမတည့်တာတွေဖြစ်တတ်လို့။ မှား ပေး ပြီး ရင် လဲပြန် တောင်း ရခက်တယ်လေ။
လေဆိပ်ကို အစောကြီးသွားကြတယ်။ ကားဆရာ က ထုံးစံ အတိုင်းပါတ်မောင်းလို့ သူ စိတ် တို သေး တယ်။ ကိုယ်ကတော့ သူဋ္ဌေး ကတော်ဆိုတော့ အေးအေးဆေးဆေးပါ။ သူ့ ကိုတောင် စိတ်လျှော့စိတ်လျှော့ ဆိုပြီး ဖြောင်းဖျ လိုက်သေးတယ်။ သူလဲ စိတ်ဆိုးတော့ အဆင်းမှာ ကားဆရာကို ခင်ဗျား ဒီလမ်းက ဘာဖြစ်လို့လာတာလဲဗျာ ။ ဟိုဘက်လမ်းက လာရင်ပိုနီးတာပေါ့လို့ ပြောပြီး ဆင်းသွားပြီး ကားနောက်ခန်းက အထုတ်တွေကို အောက် သွားချ တဲ့ အချိန် ကားဆရာက ကိုယ့်ကို ပိုက်ဆံပြန်အမ်းပါတယ်။ သူလဲ အယောင်ယောင် အမှားမှားနဲ့ ကိုယ်က ဆယ်တန် ပြန် ပေးရမဲ့အစား ငါးဆယ် တန် ပြန်ပေးတော့ ကိုယ်ကလဲ K. MAUNG သမီးဘဲလေ. မယူပါဘူး ။ ပြန်ပေးလိုက်တယ်။
တခါထည်း CHECK IN ဝင်ပါတယ်။ လူသိတ်မများသေးဘုး ။ EXCESS 10 KILO ဆိုတော့သူအံသြသွားတယ်။ သူ့လတ်မှတ် က ၂၀ ကီလိုဘဲ ရပါတယ်တဲ့ ။အခု က ၃၀ ကီလိုဖြစ်နေလို့ပါ ။ ဆိုတော့ ပို အံသြသွားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်တို့ ဒီလက်မှတ်ကို ရုပ်ရှင်ရုံလတ်မှတ်လိုဘဲ ဒီစီ စတော်လ် ကဝယ်ထားတာပါ။ ပုံ မှန်လတ်မှတ် က စလုံး ငါးရာ အောက်ဘဲရှိတာကို PEAK SEASON မို့လို့လားမသိ။ အဲဒီ ၅၀၀ အောက် လတ်မှတ် တွေ အားလုံးကုန်ပြီ ဆိုလို့ ၇၅၀ တန် ကို ဝယ်ထားရတာပါ။
ဒါတောင် မနည်းကံကောင်းလို့ရယ်။ ဒါကို မရလိုက်ရင် ၁၆၀၀ တန် ဘဲ ကျန်ပါတော့တယ်. လေယာဉ်လက်မှတ် ဝယ်တုံးက ကိုယ်တို့ အသိဆိုင် က အ ရောင်း တာ ဝန် ခံ က လည်း မ ရှင်းပြလိုက်သလို သူကလဲ အလုပ်တွေများလွန်းလို့သေချာ မစစ်ဖြစ်သလို ကိုယ်ကလဲ ဘလော့လုပ်တာကနဲနဲ ။ချက်တာ ကများများဆိုတော့ အာရုံတွေများပြီး EXCESS ပေး လိုက်ရပါတယ။် ဒါပေမဲ့ နဲနဲ လျှော့ပေးပါတယ်။ လေဆိပ်ရောက်မှလဲ ပြန်ထုတ်ပြန်ထည့် လွယ် တာ မဟုတ်။ ပြီးတော့လဲ အပြင်လူ ပစ္စည်းမပါ။ ကိုယ့် အမျိုးပစ္စည်းတွေ ချည်းဘဲ ဆိုတော့ကာ ရှိပါစေတော့လို့ဆိုပြီး...
သူခံရတာ ဒါတင် မကသေး. လေဆိပ် အထဲမှာ သူ့သူငယ်ချင်းများ အတွက် (လို့ ဆိုပါတယ။် ) ပုလင်းဝယ်တော့လည်း ပြီးခဲ့တဲ့ ခြောက် လထက် စာရင် ပိုလို့ အတော်ဈေးကြီးသွားတယ်လို့ကိုယ်ကို ဖုံးဆက်ပြောပါသေးတယ။် သူ့ သူ ငယ်ချင်း များ က လည်း ချီဗားစ် ကို စတိုးဆိုင် ကဝယ် သောက်တာထက် သူကိုယ်တိုင် လေဆိပ်က ဝယ်လာတာ ပိုကောင်းတယ် လို့သူ့ကို FEEDBACK ပေးထားလို့သူကလဲ ဝယ်ပေး ချင် နေတယ်ဆိုတော့ ဈေးပိုကြီးလဲ ပိုကြီးတဲ့အလျှောက်ပေါ့လေ။
ရန်ကုန်လေဆိပ်အဝင် အတွေ့အကြုံကိုတော့ကိုယ်မသိရသေးပါဘူး. ။ မလိုက်ရလို့ ဆန္ဒပြ တဲ့ အနေနဲ့ တယ်လီဖုံးကို ကိစ္စ မရှိဘဲ မဆက်ဘူးလို့ နိုင်တဲ့နည်းနဲ့ တုံ့ပြန်ဘို့ စိတ်ကူး ထား ပါ တယ်။ (သူကတော့ဝမ်းသာနေမလားမသိ) ……..စလုံးမှာ STRESS များလွန်းလို့ ရန်ကုန်ကို SWITCH OFF လုပ်ချင်တယ်။ စလုံးနဲ့ပက်သက်တာ ဘာသံမှ မကြားချင်ဘူးလို့ ကိုယ့်ကို HITS ပေးသွားပါတယ်။