ငယ်နာမည် မောင်ရစ်ဟုခေါ်ပါသည်။
ပုံ
kom
Wednesday, February 4, 2009
Tuesday, February 3, 2009
massage
အသေနှိပ်တစ်ထောင်
နှိပ်သောနေရာတွင် တစ်နေရာ ဆိုကြပါစို့။ တစ်နာရီ သုံးထောင် ပေးရ၏။ အကြမ်းဖျင်း တစ်နာရီ နှစ်နာရှီ အနှိပ်ခံကြသည်။ အချို့သောသူများ လေးနာရီ နှိပ်ခံသည် ဆိုသည်။ တသောင်း နစ်ထောင်။ နှိပ်သောသူ ကို တစ်ထောင် ဘောနပ်စ် ပေးသည် ဆို၏။ ထိုသူများ ကို အသေနှိပ်တစ်ထောင် ဆိုရွေ့ နှိပ်ပေးသောသူမျှား ထွက်ပြေးကြသည် ဆို၏။
Labels:
general
Monday, February 2, 2009
deep heart pain
စိတ်မကောင်းဖြစ်စရာတွေ ဘဲ ဆက်တွေးမိပြန်တယ်။ စောစော ကပြောခဲ့သလိုဘဲ ဆက်မဖတ်ပါနဲ့.။
အဖေ
အဖေ့မှာ သွေးတိုးရှိပါတယ်။ ဆေးမှန်မှန်သောက်ဘို့ ဆရာဝန် က မှာတာ ကြားဘူးတယ်။ ဆေးခန်းလဲ အန်မတန်သွားခဲတယ်။ ဆေးသောက်တာ လဲ မတွေ့ဘူး။ ဘာဖြစ်လို့ ဆေးခန်းမသွား ဆေးမသောက်တာလဲ ကိုယ် အခု အချိန်မှာပြန် စဉ်းစားကြည့်တာ စဉ်းစား လို့ မရဘူး။ ဆေးခန်းသွားရင် ပိုက်ဆံကုန်လို့လား။ ဒါကတော့အမှန်ဘဲ ကုန်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ်လဲမသိဘူး။ ဘာဖြစ်လို့ မသွားလဲ ဆိုတာ လဲ တစ်သက်လုံး မမေးခဲ့မိပါဘူး။
တစ်ရက် ခေါင်းမူးတယ် လို့တော့ ပြောတယ်။ ပြီးတော့ အဖေနဲ့ ကိုယ် နဲ့ ပဲခူး က အဖေ့ညီ ဆီ ကို သွားလည်ကြတယ်။ အဲဒီ ည က ထုံးစံ အတိုင်းအဖေ အရက်နဲနဲ သောက်တယ် ထင်တယ်။ မနက် အစောကြီးလဲ ရေထချိုးသေးတယ်။ ပြီးတော့ တော က အိမ် ကလေး မှာ ခေါင်းရင်းတံခါး ဖွင့်ပြီး အိပ်ပါတယ်။ ခဏနေတော့ဘယ်လိုဖြစ်လဲ မသိ..တက်တာ လား ခေါ်လို့ မရတာလား မသိ.. အဲလိုဖြစ်..ကိုယ် မှာ ယောက်ယက်တွေ ခတ်..စဉ်းစား လို့မရ..ပဲခူးဆေးရုံတက် မလား. ရန်ကုန်ပြန် သွားမလား။။နောက်ဆုံး ကိုယ်ရန်ကုန် ကို ပြန်ခေါ်လာတယ်။ လမ်းမှာ တစ်ခါ တက်ပြန်ရော.. ဆောက်တည် ရာမရ ကိုယ် လမ်းမှာ အင်းတိုင် စစ်ဆေးရုံထဲဝင်သွားပြီးအကူအညီတောင်းပြန်တယ။် ကူညီလိုက်ပါတယ်။ စစ်သား လေး တစ်ယောက်ပါ အဖော်ထည့် ပေးလိုက်တယ်။ ဆရာဝန် နာမည် မှတ်လာခြဲ့ပီး မေ့ သွားပါတယ်။
နောက်ဆုံး ရန်ကုန် ဆေးရုံကို တန်းတင်လိုက်ရတယ်။ အဲဒီ ကတည်း ကဘဲ ဆိုပါဆို့ အဖေ လေဖြတ်ချိနဲ့သွားတယ်။ ပထမ ရုံ့းပြန်တက်နိုင်သေးတယ်။ နောက်ပိုင်း တစ်ခါ အဲလို ဖြစ်ပြန်တော့ ဆရာဝန်မကြီးဒေါ်စန်းမြ က အဖေ့အသက်ရှည်စေရင် ပင်စင်တင် ပါလို့ ပြောတော့နားထောင်ခဲ့ပါတယ်။
တစ်ခါ တစ်သက်လုံးသောက်ခဲ့တဲ့ ဆေးလိပ်နဲ့ဓါတ်မှန် ကို ဆရာဝန်ကြီး က ကြည့်ပြီး အဆုတ်ကင်ဆာ..ဆေးရုံအခုတက်ပါဆိုတာကို ကိုယ်တို့ညီအစ်မများ က မကျေနပ်ပါဘး.ူ မဖြစ်နိုင်တာ. ဆရာဝန်ကြီး ကဓါတ်မှန်ကို တစ်မိနစ်ထဲကြည့်တာ ဆိုပြီး ပွစိပွစိ လုပ်ပြီး လက်မခံကြပါဘူး။ စိတ်ထဲကနေ လက်ခံပေမဲ့လဲ ဆေးကု ဘို့ကို စိတ် မကူးကြဘူး.. ကိုယ့်အဖေ ကလည်း သိတ်စိတ်နုပါတယ်။ သူ့ကို သာ ရှင်းပြလိုက်ရင်တော့ ချက်ချင်း လဲသွားမှာပါ။ ကိုယ်တီု့ဘာသာ ဆုံးဖြတ်ပြိး အဖေ့ကို အသိတောင် မပေးခဲ့ကြတော့ဘူး။ နိုင်ငံခြား မှာ ကတော့ လူနာ ကို တိုက်ရိုက်ဖွင့်ပြောပြီး သူ့သဘောဆန္ဒ ကိုမေးတာပါ။ ကိုယ်တို့ကတော့ကိုယ့်ဘာသာ ဆုံးဖြတ်လိုက်ကြတယ်။
အမေ
အဖေကဒီလိုလေးနဲ့နေလာလိုက်တာ နှစ်ပေါင်း အတော်လေးနေပါတယ်။ ကိုယ်တို့ကလည်း အန်မတန်ပြူစုပါတယ်။ ကိုယ်က အဖေ့ခုတင် ဘေးမှာဖျာခင်းပြီး အိပ်တာပါ။ အဖေခေါ်ရင် အလွယ် တကူ လုပ်ပေးနိုင်အောင်။ ကိုယ်က အဖေချစ်..အလတ်မ က အမေချစ်..အဖေနဲ့အမေ နဲ့ က အစ်မ အကြီးဆု့းနဲ့ မောင်လေးကို ချစ်..အမေ ကလည်းအဖေ့ကို ဆို အန် မတန်ချစ်..အစ်ကို..အစ်ကို နဲ့လိုအပ်တာ ကို အမြဲ စီမံ့ပေးပါတယ။် ငြူစူတာ ဆိုလို့တစ်ခါမှ မတွေ့ဘူးဘူး။
နောက်ဆုံးအဖေ တော်တော်လေး ယိုင်လာတော့ ဆေးရုံကလည်း တက်လိုက် ဆင်းလိုက်..နောက်ဆုံး တစ်ခေါက်မှာတော့ ကိုယ် က ဆေးရုံ့တင်ဘို့ စဉ်းစား ပါတယ။် ဒါပေမဲ့ အစ်မအကြီးဆုံး ကလည်း ခရီးသွားနေတော့ သူခရီးက ပြန်လာမှဘဲ ဆေးရုံတက် တာပေါ့။ နှစ်ရက်လောက်တော့ အိမ်မှာဘဲ ပြူစု လိုက်ဦးမယ် ဆိုပြီး အဖေ့ကို ကိုယ် က အိမ်မှာဘဲ နှာခေါင်းပိုက်ထည့်ဘူို့ စီမံပါတယ။် နှာခေါင်းပိုက် ဆိုတာ အစာ မဝင်တဲ့ အချိန်မှာ နှာခေါင်းကနေ ပိုက်သေးသေး ကို အစာအိမ်ထဲကို တိုက်ရိုက်ထည့်ပြီး အစာရေစာ ထည့်ပေးတာ ကို ဆိုလိုပါတယ်။ ပြုစုဘို့ကတော့ အိမ်မှာ ချာတိတ်မ လေးတွေ ရှိပါတယ။် အဲဒါနဲ့ ဆုံးဖြတ်ပြီး နှာခေါင်းပိုက်ထည့်လိုက်ပါတယ်။ ဘယ်သူထည့်လဲ လို့တော့ မမေးပါနဲ့ တော့။ တစ်စုံတစ်ယောက်ဘဲဆိုပါစို့။
ပြီးတော့ ကိုယ်လဲ စိတ်က မချမ်းသာတာနဲ့ အမေ့ကို အပြင်ခဏသွားဦးမယ် လို့ပြောပြီးယောက်ခမ အိမ်သွားပါတယ်။ သိတ်မကြာပါဘူး။ အဲဒီ အချိန် က hand phone တွေ သိတ် မသုံးနိုင်သေးပါဘူး။ ကိုယ်ပြန်လာတော့ အမေ ကို ဆေးရုံတင်လိုက်ရတယ် ။အိမ်နား က ဆရာဝန် မနဲ့ အလတ်မ ဆေးရုံကို လိုက်သွားတယ် လို့ ချာတိတ်မတွေ ကပြောတယ်။ ကိုယ် ဆေးရုံလိုက်သွားတယ်။ အစ်မေ့ကို အရေးပေါါ်မှာ တွေ့ပါတယ်။ နှလုံး ရင်ဘတ် အောင့်တယ် လို့ဆိုပါတယ် ။အလတ်မ က အမေ့လက်ကလေးကို ကိုင်လို့ မျက်နှာ ငယ်လေးနဲ့ ။သူ ကအမေ ကို သိတ်ချစ်ပါတယ်။ ဆေးရုံတက်ရမယ် ၁၉-၂၀ အဆောင်ကို လို့ ပြောပါတယ်။
အဲဒီမှာ ကိုယ်စဉ်းစားတယ်။ ကိုယ့်စိတ်ထဲ တယ်ပြီးမပူမိဘူး။ ဆေးရုံတက်တာ ဘာ ထူး ဆန်းလဲ။ လူတိုင်းဆေးရုံတက်နေတာဘဲ။ နလုံးမကောင်းတာ ဆိုတော့ လေးငါးရက်ပေါ့။ အဲဒါ ဆိုရင် ကိုယ်က ဘယ်လိုပြူစုမလဲ။။ အဲဒီတော့ အိမ် ကအဖေ အတွက်..ဆေးရုံက အမေ အတွက် ကိုယ်စဉ်းစားတယ်။
အဖေ့အတွက် သူနာပြူ အိမ်မှာ။ အမေ့အတွက် သူနာပြူဆေးရုံ့မှာ အရေးတကြီး လိုအပ်မယ်. ကိုယ် အစ်မလတ်ကို အမေ နဲ့ထားခဲ့ပြီး. သူနာပြူဆရာမများ အဆောင် ရန်ကုန်ပြည့်သူ့ဆေးရဲုကြီးကို သွားပါတယ်။ ဆရာမ သွားရှာ ပုံတော်ဖွင့်ပြီး ဆေးရုံ ကို ပြန်လာတယ်။ အမေကို ၁၉-၂၀ နှလုံးဆောင် ပို့လိုက်ပြီဆိုလို့ လိုက်သွားတယ်။ အလတ်မ မျက်စိမျက်နှာပျက် နေပြါီ့ပီ။ တင်္နင်္ဂနွေ ကလည်း ဖြစ်ပြန် ဆိုတော့ ဆရာဝန် မ အငယ် ကလေးဘဲရှိပါတယ်။ အစ်မ အမေ အခြေအနေမကောင်းဘူး ဆရာကြီး ကို သွားခေါ်ပါဆိုပြီး လူနာ မှတ်တမ်းပေးလိုက်ပါတယ်။
ဆရာကြီး အိမ်လဲ ဆေးရုံဝင်းထဲမှာပါဘဲ အမြန်ဆုံးလိုက်သွားပြီး ဆရာကြီးကို မှတ် တမ်း ပြပါတယ်။ ဆရာကြီးက သမီး အမေ မရတော့ဘူး ။ဆရာလိုက်လာလဲ မထူးဘူး လို့ပြောပါတယ်။ ကိုယ် အရမ်းစိတ်ဆိုးတယ် အဲဒီ အချိန်က နောက်ပိုင်း သွေးအေးသွားတော့လဲ ဆရာကြီးပြောတာ မှန်ပါတယ်။ အဲဒါနဲ့ ကိုယ် ဆေးရုံ့ကို ပြန်လာတယ်။ အမေက အတော် ဆိုးနေပါပြီ. ကိုယ်ပြန် ရောက်ပြီး ဆယ်မိနစ် အတွင်း အသက်ရှူရပ် သွားပါတယ။် ကိုယ် အရူးတစ်ပိုင်းဖြစ်သွားတယ်။ ခုတင်ပေါါ်ကို ခုန်တက်လိုက်မိတယ်။ အမေ အမေ ဆိုပြီး လှူပ်မိတယ်။
ဆရာဝန် မကလေးနဲ့ဆရာမ များက အစ်မ ခဏဆင်းပါ. သူတို့ shock ရိုက်ချင်လို့ ဆို. ကိုယ်က မထူးတော့ပါဘူးဒီ အချိန်ရောက်မှ မထူးတော့ပါဘူး ဆိုပြီး မျက်နျာကို လက်ဝါးနဲ့အုပ် ငုတ်တုတ် ထိုင် နေမိပါတယ်။ သိလိုက်ပါပြီ. မရှိတော့ဘူးဆိုပြီး. မယုံနိုင်ဘူး. ညနေ ၄ နာရီလောက် က စရင်ဘတ်အောင့်တာ ည ၈ နာရီ မှာ မရှိတော့ဘူး။ အိမ်ကနေယူလာတဲ့ အိပ်ရာခင်းတောင် မခင်းရသေးဘူး.။ တကယ်ကို ဘရူတ်ဘရက်နဲ့။ အမေဟာ အရမ်းကို သနားစရာ ကောင်း ပါတယ။် သနားစရာထပ် ကောင်းပါသေးတယ်။ အမေ့စိန်နားကပ်တို့ ရွေဆွဲကြိုးတို့ လက်ကောက် တို့ ကို ကိုယ် တို့ဖြူတ်ယူ ထား လိုက်ကြတယ်။ အော်. လူ့ဘဝ. လူ့ဘဝ.။
ကိုယ့်အစ်မ အလတ်မ ကို သူ က သူဘယ်နားမှာ အတွင်းပစ္စည်း အချို့ဖွက်ထားတယ် လို့ ပြောခဲ့သေးသတဲ့.။ ကိုယ်လဲ ကိုယ့်ကိုကိုယ် ခွင့်မလွတ်နိုင်ဘူး. ဒီလိုမှန်းသိရင် ကိုယ် ဆရာမဘယ်သွားရှာပါ့မလဲ။ အနားမှာဘဲနေမှာပေါ့။ အရေးပေါ်ကနေ ၁၉-၂၀ ကို ဆေးရုံကားနဲ့ပို့တာလဲ ကိုယ်ဘယ်လက်ခံပါ့မလဲ ကိုယ့်ကားနဲ့ကိုယ်ပို့မှာပေါ့။ တစ်ခါ တစ်ခါ ကျရင် လူတွေ ဟာ ကိုယ်ရင်းနှိးတဲ့သူတွေ အသည်းအသန်ဖြစ်တာ ကို မဖြစ်ပါဘူး လို့ကိုယ့်ကိုယ်ကို လှည့်စားပြီး နေတာကို ကိုယ် လက်တွေ့သိလိုက်ရတယ်။
အလတ် မကလဲကိုယ့်ကို အရမ်းစိတ်ဆိုးတယ်။ ကိုယ့်ဆုံးဖြတ်ချက် နှာခေါင်းပိုက် အဖေ့ကိုထည့်မယ် ဆိုတဲ့ မြင်ကွင်းကို အမေ မခံစားနိုင်လို့ အခုလို နှလုံး အတက်ခ် ရတာလို့ ဆိုတယ်။ ဒါလဲဖြစ်နိုင်ပါတယ်။ ငါသိတ်စိတ်ငြစ်တယ် .ငါသေချင်တယ် လို့ ကိုယ် အြ့ပင်မထွက်ခင်ကလေးမှာတင် အမေ ကိုယ့်ကို ပြောသွားခဲ့တယ်။ ဆေးရုံမှာ လုပ်တဲ့မြင်ကွင်းကို အိမ်မှာ သူမြင်ဘို့ဘယ်ခံနိုင်ရည် ရှိပါ့မလဲ။
အားလုံးရှုပ်ကုန်တယ်။ လူကြီးဆိုလို့ ဘယ်သူမှ မရှိ။ အမျိုးလူကြီး တွေ ကို ပြေးခေါ်။ အစ်မနဲ့သူ့အမျိုးသားက ခရီး ထွက်.နေလို့မရှိ .။ ကိုယ့် အမျိုးသား နဲ့ အလတ်မ အမျိုးသား ကလည်းပြည် တွင်းမှာ မရှိ။ မောင်လေး သဘော်သားကလည်း သဘောင်္လိုက်နေ.။ အဖေ့ကို အစ်မ အကြီးအိမ် ခဏပို့ဘို့စီမ။ အိမ် ကလည်းချက်ချင်းဘဲ ရှူပ်ရှက်ခတ်သွား။။ အလတ်မ ကလည်းခပ်အေးအေးသမား. ။ အားလုံးဘဲရှူတ်ကုန်တယ်။ နောက်တစ်ရက်ဘဲ အကြီးဆုံးအစ်မ ခရီးကပြန်လာတယ်။ လမ်းထဲဝင် လိုက်ကတည်းက အိမ်ရှေ့မှာ ရှူတ်ရှူက် ခတ်နေတာ သူမြင်တယ်။ သူထင်တာက အဖေ လို့ထင်တယ်။ အဖေက မမာတဲ့သူကိုး.။ အမေ လို့ပြောလိုက်တော့သူလဲ ရူးသွားတယ်။ ပေါက်ကွဲသွားတယ်။ သူ က အဖေနဲ့အမေ ရဲ့အသည်းစွဲ.သူကလည်း မိဘ ကိုချစ်တာ နှစ်ယောက် မရှိပါဘူး။
အခြေအနေတွေ အရမ်းရှူတ်ထွေးသွားတယ်။ အဖေ လည်း ဆေးရုမှာ တောက် လျောက် ဘဲနေပြီး.နောက်ဆုံး ICU ရောက်ပြီး တစ်လ မပြည့်လိုက်ဘူး. ။ အမေ့ နောက် လိုက်သွားတယ်။ အမေမရှိတော့တာကို ကိုယ်တီု့အားလုံးသူ့ကို မပြော ပြလိုက်ကြဘူး။ ဘယ်သူမှ မပြောထွက်ကြဘူး။ ဆေးရု့ကမြင့်လို့အပေါ်ကို လိုက်မ လာဘူးလို့ အခြေအမြစ် မရှိတဲ့ ဆင်ခြင်ကို ပေးလိုက်ကြတယ်။ ဒါပေမဲ့သူသိမယ်ထင်တယ်။ အမြင့်ကို မင်းသမီး အဝတ်အစားလေးနဲ့ ခုတင်ခြေရင်းမှာ ထိုင် နေတယ် လို့သူကိုယ့်ကိုပြောတယ်။
အဖေရက်လည်ဆွမ်းကျွေးတဲ့နေ့က လိပ်ပြာလေးနှစ်ကောင် အိမ်ထဲက ဘုန်းကြီး တရားဟောတဲ့အနားမှာ နေတယ်။ အားလုံးငြိမ်ြ့ပီး ဘဲကြည့်နေရတယ်။ စိတ် မကောင်းလိုက်တာ။ တရားဟောပြီးမှ ပြန်သွားကြတယ်။ အခြေအနေတွေ ဘယ်လို ပြီးဆုံးသွား တယ်ဆိုတာ မသိတော့ပါဘူး ဘယ်သူလာလို့ ဘယ်သူပြန်လဲမသိ..မိတ်ဆွေ များ လာတဲ့အချိန်လည်း အိမ်မှာ မရှိ.။ အန်မတန် မှ ကို စိတ်ထိခိုက်ရတဲ့ အချိန်တွေပါဘဲ။ မိဘတွေ ကို အိမ်မက်တွေ မက်လိုက်တာ ဆိုတာလဲ နှစ်နျစ်လောက် ကြာတယ်။ ကိုယ့်ကို ကိုယ်လဲခွင့်မလွတ် နိုင်ခဲ့ဘူး။

ုkom
Subscribe to:
Posts (Atom)