Sunday, December 19, 2010

အချပ်ပို


















Birthday wish များစွာအတွက် အားလုံးကိုကျေးဇူးပါ။ အဲသလောက်မမျှော်လင့်ထားပါဘူး. ။ အခုလိုဆိုတော့လဲ ဆက်ရေးဘို့အားရှိသွားတယ်ဆိုရင် ညာပြောသလိုဖြစ်တော့မှာပါဘဲ။ အခုလိုမရှိလဲ ဆက်ရေးမှာဘဲဖြစ်လို့ပါ။




















စဉ်းစားကြည့်တယ။် ဘာလို့ အားပေးတာလဲ ကောင်းလို့လား. လူတိုင်းလဲ ကောင်းကြပါတယ်။ အကျိုးရှိစာပေလဲ မရေး.တတ်. ပညာဘက်ဆိုင်ရာလဲ မပါ. / စိတ်ကူးပေါက်ရာရေးတာ စိတ်ကူးပေါက်သလိုလာဖတ်ပေးကြတယ်ဆိုတော့လဲ တစ်ကယ် ကျေးဇူးပါ။ zt ပြောသလိုဘဲ သူအကျိုးရှိတောတွေ ရေးတာ လာဖတ်တဲ့သူ လက်ချိုးရေ လို့ရတယ်ဆိုသလိုဖြစ်နေပြီ. ဘာဘဲဖြစ်ဖြစ်ပါလေ. သမုဒရာထဲက ရေစက်ကလေးတစ်ခုပါ. ဆက်လက် ရေးနေဦးမှာပါဘဲ။


















လူထုဒေါ်အမာ. ရွေဥဒေါင်း သော်တာဆွေ……သိပံမောင်ဝ. သန္တာစမ်းက အလွမ်းစာ ကို သဘောကျတယ်။ အဲသာကြောင့်အခုလိုရေးဖြစ်တာထင်တယ်။

အတွေးတွေ များနေတယ်။ ရှင်းထုတ်ဦးမှ။


အလုပ်များတယ် ဒီတစ်ပါတ်။ သူများရပ်ကွက်သွားလုပ်ရတယ။် ကိုယ့်ရပ်ကွက်မှ ကြက်ဖ သူများရပ်ကွက်ရောက်တော့ကြက်မ. အခြေအနေကြည့်နေရတယ်။ လောလောဆယ် အနေအ ထားအရ ဒီလိုဘဲဖြစ်နေဦးမယ်။


လမ်းထိပ်ထွက်တယ်။ ဒီသေိ့တ်မဝယ်ဖြစ်ဘူး မဆိုးဘူး နဲနဲချွှေတာနေတယ်။ ဒီလောက်အကြာကြီးသွားတာ မျက်နာသုတ်ပုဝါတထည် တစ်ဆယ်။























အကျီ လေးကျပ်။
























အကျီုက ကိုယ်ဝတ်မယ်စိတ်ကူးပေမဲ့ မတော်တာနဲ့ တူမဆီဘဲရောက်မဲ့သဘောရှိတယ်။
ဘာဂါ ၆ ကျပ် ပြား ရ၀ နဲ့ရပ်သွားတယ်။



















ရှော့ပင်ထွက်ရင်းနဲ့ အပေါ့်ဝတ်အကျီအတိုလေးတွေ တွေ့တော့ဝါဝါကို သတိရတယ်။ သူသာဆိုရင်ကြိုက်မှာ လို့စဉ်းစားတယ။် အကျီရှည်ရှည်လေးတွေ လှလှလေးတွေ တွေ့ပြန်တော့သူက ပိန်ပိန် ရှည်ရှည် .သူနဲ့ဆိုရင်လိုက်မှာလို့စဉ်းစားတာဘဲ။ မနောဟရီကိုလဲသတိရတယ်။ လှတယ်နော်. ကောင်မလေးချစ်စရာဆိုပြီးသတိရတာဘဲ. ခင်လေးငယ်ကိုလဲသတိရတယ။် နာမည်ကလဲ အဲသည်မှာသာ ရိုးတာ ဖဘထဲမှာတော့ ခေတ်ဆန်ထှာ. နာမည်ကလဲ လှ. လူကလဲ လန်း…..လန်းလန်းလို့တောင် နာမည်ပြောင်းပေးရမယ်။


















မုန့်လုံးရေပေါ် ခြောက်လုံးကို မြန်မာငွေ. ငါးရာ ကျော်။ နမျောမျောနဲ့ဘဲစားလိုက်ရတယ်။

မိတ်ကပ်တွေ မြင်တော့လဲ ချစ်ကြည်အေးကိုသတိရရတာဘဲ။ သူသာဆိုရင်လိမ်းဦးမှာဆိုပြီး.... အဲလေ. ငါ့ကိုလိမ်းခိုင်းဦးမှာ ဆိုပြီး. ……….. ဘာဂါစားပြန်တော့လဲ ဘာဂါမုန်းတဲ့ နောမန် ကို သတိရရတာဘဲ. မျိုးနဲ့ပေါက် ။ (ဗစ်.။) ဆီ ဖုံးဆက်ဖြစ်တယ်။ အပြန်လမ်းမှာ Steve ဆီ ဖုံးဆက်တယ်။ မကိုင်ဘူး။။ မက်စိပို့တယ် ပြန်မလာဘူး ။ အီးမေလ်ပို့တယ် ပြန်မလာဘူး။ ဖဘမှာတော့ချစ်ရတဲ့မမကွန်အတွက် မွေးနေ့ဆုတောင်းနေတယ။် ကိုယ်ရူးတော့မယ်။























ခမမ ဆီ မက်စိပို့တယ် ချစ်ကြည်အေးနဲ့သက်ဝေဆီ မက်စိပို့တယ်။ ပြန်လာတယ်။ မမကွန်ကို မွေးနေ့ မို့လို့စောင့်တယ်ဆိုတဲ့ 8 user ကိုသတိရတယ်။ အဲဒီညက သူ ..စီဘုံးမှာရေးထာတာမြင်ပြီး ကြွေကျသွားပြီး ဖုံးဆက်မယ်ဆိုပြီး ဖုံးထုတ်ပြီး နံပါတ်ခေါ်လိုက်တော့မလို့ဘဲ ပြီးောတ့မှာ စိတ်နာပလိုက်တယ။် သူပြောချင်ရင်ဆက်ပေါ့. သူဆက်လို့ ငါမကိုင်ရင် ငါ့အပြစ်. သူမဆက်ဘဲ ငါက ဟယ် နင်ပြောချင်လို့လားဆိုရင် အမှတ်မရှိ.. အဟားခံရဦးမယ။်























ဘလော့လောကကို တိတ်ဆိတ်စွာ နောက်ဆုတ်သွားနေတဲ့ သူတစ်ယောက်နဲ့တော့ အဆက်အသွယ်ရှိပါ သေးတယ်။ ချစ်ခဲ့ပါတယ်ဆိုတဲ့ JD ကတော့ တို့ဘယ်သူလဲ သွားမေးရင်တောင် ဘယ်သူလဲ လို့ပြန်မေးဦးမဲ့အခြေအနေ.။ ချစ်ခဲ့တယ်ဆိုတာတွေကို. မေ့ပစ်ခဲ့ကြတဲ့သူတွေနဲ့တွေ့ရတဲ့ ဘလော့လောကကြီးကလည်း သိုင်းလောကလိုပါဘဲ. ရက်စက်ကြတယ်။ ကိုယ့်မှာလဲ နာမည်ကြီးချင်လွန်းလို့ သာ လှည့်ပတ်ပြီးရေးရတာ မောလှပြီ။



















Birthday မှာ ဘာလုပ်သလဲမေးရင်တော့အတော်အဖြေရခက်တယ။် မနက် မိုးလင်း ဘုရားရှိခိုး.းအလုပ်သွားတယ်။ ညနေပြန်လာတယ်။ ကြော်ထားတဲ့ငါးဖယ..်သုပ်စားတယ်။ ပြီးတော့ မီးပူတိုက်တယ်။ သူ short trip ရှိတယ်။ ပင်ပန်းတယ။် အဲဒါနဲ့ဘဲ birthdayဲပြီးသွားတယ်။ ဝမ်းနည်းရမလား ဝမ်းသာရမလား တောင်မသိဘူး. ငယ်ငယ်တုံးက ရည်းစားတွေ ထားခဲ့တုံးကတော့သတိရတယ်။ အဲသလိုနေ့မျိုးဆိုရင် ဘယ်သူနဲ့သွားရပါ့မလဲစဉ်းစားရတာ အတော်ခေါင်းခြောက်တယ်။ ဟိုလိုလို ဒီလိုလိုရဲ့ မွေးနေ့ဆိုရင်လဲ ကိုယ့်ကို အချိန်ပေးရင်သိတ်ပျော်တာ. ……..သူ့ရဲ့ အရေးပါတဲ့နေ့မှာ အတူရှိခွင့်ရခြင်းကလဲ သူကိုယ့်ကို ဦးစားပေးအရေးထားတာကိုသိရတာဘဲမဟုတ်လား.။ ဟင်း……….လွမ်းစရာလေးတွေ ပေါ့လေ. အခုတော့လဲလွမ်းရုံဘဲတတ်နိင်တော့တယ်။


မှတ်ချက်
တို့ဖျားနေတယ်။

Thursday, December 16, 2010

16 December

ဒီနေ့အတွက် စာသားတွေ က ရေးရခက်လွန်းတယ်။ ရေးလိုက်ဖျက်လိုက် ရေးလိုက်ဖျက်လိုက်နဲ့ ရင်ထဲရှိတာက များနေတယ။် ခံစားချက်က များနေတယ။် စကားလုံးတွေ ပုံဖော်လို့မရဘူး။ အဖေနဲ့အမေ့ကို လူဖြစ်အောင် မွေးပေးခဲ့လို့ ကျေးဇူးတင်တယ်။ လူလားမြောက်အောင်... လူကောင်းသူကောင်း တစ် ယောက်ဖြစ် အောင် ပညာတတ်တစ်ယောက် ဖြစ်အောင် ပြုစု လမ်းညွန် စောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးတင် တယ်. ကျောင်းတက်တာမှာ မငြိုငြင် မျက်နာမငယ်. လိုသလောက် ထောက်ပံ့ခဲ့တဲ့ မိဘ ကိုရော အစ်မကိုရောကျေးဇူးတင်တယ်။ မိသားစုမှာ တတ်နိုင်သလောက် အနစ်နာခံခဲ့တဲ ကအစ်မလတ်ကို ကျေးဇူးတင်တယ်။ လုပ်ချင်ရာလုပ်ပြီး အစ်မကို ပြသာနာ. မပေးတဲ့ မောင်ကို ကျေးဇူးတင်တယ်။ အမြဲ အရိပ်ကြည့်ချစ်တဲ့ kmsl ကို ကျေးဇူးတင်တယ်။ သင်ဆရာ မြင်ဆရာများကို ကျေးဇူးတင်တယ်။ ဘာရေးရေး ရေးချင်တာရေး ဖတ်ချင်ဖတ်မယ် မဖတ်ချင်မဖတ်ဘူး. မန့်ချင်မန့်မယ် မမန့်ချင်မမန့်ဘူးဆိုတဲ့ ပရိသာတ်ကြီးကို ကျေးဇူးတင်တယ်။ အားလုံးကို ကျေးဇူးတင်တယ်။ ခုချိန်ထိ စိတ်ချမ်းသာ ရတဲ့အတွက် လောကကြီးကိုရော ကံကိုရော ကျေးဇူး တင်တယ်။ လောဘကြီးတယ်ဘဲဆိုဆို ရှေ့ဆက်ပြီးတော့လည်း စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိရပါစေလို့ မွေးနေ့မှာ ဆုတောင်းတယ်။

Monday, December 13, 2010

:hot:



















ဟုး…………..မောတယ်။


မနေ့က ဘူဂစ် ရောက်တယ်။ additional 15% discount တဲ့ . လူတော်တော်များတယ်။ ဝယ်နေကျတာဘဲ။ ဝယ်ချင်ပါတယ် ဘာဝယ်ရမှန်းကိုမသိတာ. Scholl သွားကြည့်တော့ ကိုယ်စီးတဲ့ဖိနပ်ကအောက်သွားပီ. New design တွေ ဖြစ်နေတယ်။ hush pupies ဘက်လှည့်တော့သုံးဆယ်ကျော်. တန်ပါတယ် ဝယ်ခါနီးစိတ်မဆုံးဖြတ်နိုင်ဘူး. နံပါတ် ၅လား ၆ လားဆိုတာကိုး ဝယ်ပြီးကာမှ မှားရင်လည်း နမျောစရာ..အေ...........ရှိတာ စီးလိုက်ပါဦးမယ် ဆိုပြီးပြန်ထွက်လာ.........ကျန်တာတွေ ကတော့ ကိုယ်မဝယ် နိုင်တော့ဘူး. ဝယ်နိုင်တာတွေလည်းမဝယ်ချင်တော့ဘူး လည်ဆွဲတစ်ဆယ်.. ကလိုးကလက်လေး တွေ ဟိုတုံးက တော့ အသေတိုးဝယ်ခဲ့တာပေါ့ အခုတော့လဲ ကိုယ့်ုကို ဆွဲဆောင်မှု ကင်းမဲ့နေတယ။်

ဖိနပ်. ပိုက်ဆံအိတ်. သိတ်များနေပီ.......ထီး.......များတာဘဲ အကျီကတော့ဘာဝတ်ဝတ် မလှတာမို့လို့ သင့်တင့်ရုံ ရှိရင် ပြီးတာဘဲဆိုပြီး နေနေတာဘဲ. ဘာမှ မဝယ်ဘဲပြန်လာတာ ဒီတစ်ခေါက်ဘဲရှိသေးတယ။်





















မြန်မာဆိုင်မှာတော့အတော်ကုန်တယ် စာရင်းရှင်းလိုက်တာ ငါးဆယ်ဝန်းကျင်မို့ လို့ကိုယ့် ဘာသာတောင်ကိုယ်လန့်သွားတယ်။ မျှစ်ချဉ်လဲဝယ်လာသေးတယ်။ ဟိုနေ့က မျှစ်ချဉ်နဲ့ဝက်သားလေး သူများဘလော့ (ရသာချို) မှာ တွေ့လိုက်တာ စားချင်သွားတယ်။ ဒါပေမဲ့ခက်တာက မျှစ်ချဥင်္ျက်ပြီးရင် အိမ်က တော်တော်နဲ့အနံ့မပျောက်တာ ဆိုးတယ်။ ဟင်းသွားဝယ်တာ က ၁၅ ကျပ်. ဂျာနယ်က ရန်ကုန်တိုင်း. 7 days. မော်ဒန်. ဈေးကွက်. စုစုပေါင်း ၇ ကျပ်.

ဒါဘဲ....


ဖရဲသီး




















ငါးဘတ် မွှေချက်






































ပြောင်းဖူးပြုတ်




















ငါးဖယ်ကြော်






































ပုဇွန်ခေါင်းအဆီ.




















တို့စရာ. နံနံပင်. ကြက်သွန်မြိတ်. ငရုတ်သီးစိမ်း




















မုန်လာဥချဉ်ရည်



















ငှက်ပျောသီး