တစ်ခါကဖြစ်ပါသည်.
ကောက်သောသူဖြေင့်ရွေ့ ဖြောင့်သောသူ ကောက်ချင်သော လူ့သဘောဝကြောင်္င့ခင်ဥမေ သည် အကောက်ကို မုန်းပါသည် အဖြောင့်အစင်းကလေးများကိုကြိုက်ပါသည်။ ဟိုယခင်က ဖလင်ကော်ပြားနစ်ချပ်ထဲတွင် ဆံပင်ကိုညှပ်ရွေ့ဖြောင့်ခဲ့သောခတ်ကာလမှ စကာ နိုင်ငံသုံး နို်င်ငံတွင် လှည့်လည်ဖြောင့်နေသော ခင်ဥမေသည်. ဆေးလျှော့ပေးမည်ဆိုသော ဆိုင်ကြော်ငြာကို ဖတ်ရှူနေရာ. မူရင်းဆန်ဒမှာ treatment ယူရန်ဖြစ်သောလည်း ဆိုင်ရှင်၏ ဖော်ရွေသောစကားသံတွင် မြောပါသွားရာ rebounding လားဟုမေးရာ ဟိုယောင်ယောင်ဒီယောင်ယောင် ခင်ဥမေသည် ခေါင်းညိမ့်က ဆိုင်ထဲသို့လိုက်ပါသွားလေသည်.
ဈေးနှူးံမေးရာ လျှော့ထားသည်မှာ မှန်သော်လေည်း သုံးမျိုးသုံးစားရှိပေါကြောင်းဆိုလေရာ middle one ကိုရွေးရန်စဉ်းစားနေဆဲ ဆိုင်ရှုင်က သုံးခုမြေက်သည် the best ဟုပြောလိုက်ရာ လူကို သရွေ့မရသောကြောင့် ဆံပင်ကို သာသနေရသော ခဥမသည်ခေါင်းငြိမ့်လိုက်ပြန်လေသည်။
မော်တော်ကားစက်ပြင်လျှင် ပြင်သည်အပထားရွေ့ စက်ပြင်ဆရာက ကားဖုံးကိုဖွင့်ကာ ဒေါက်ထောက်ထားလှ်ျင် ဝမ်းသာရသကဲ့သို့  သင့်လျော်ရာတစ်နေရာတွင်ထိုင်ခိုင်းကာ စောင်ကြါ်ီခြုံလိုက်သည်နင့်ပင်ကြည်နူးရလေသည်။ ကောင်လေးတစ်ယောက်က လာရွေ့ ဆံပင်ကို ဟိုကိုင်ဒီကိုင် ကိုင်ရာ ကျေနပ်ရလေသည်. ခဥမသယ်ချင်း spa သွားပြီးပြန်လာက အသည်ယားသောအိုက်တင်ကို လုပ်ပြထားသညိကိုမြင်ယောင်နေသော ခဥမသည်လည်း အိကျိအိကျိဖြစ်လာလေသည်. သမာဓိမကောင်းချေ.. ကံအားလျှော်စွာ လူပြောင်းသွားသောကြောင့်ဝမ်းနည်းဝမ်းသာဖြစ်ရချေသည်။
့ပုံမှန်လူတစ်ယောက်ဝင်လာလျှင် ခေါင်းလျော်ရ၏. အခြောက်လုပ်ရ၏. ပြီးမှ ဆေးသုတ်ရသည်. ယခုမှ တစ်ခါထည်းဆေးပုံဒကြီးဆွဲကာ သုတ်လေသည်. အချို့ ဆိုင်များသည် တစ်လွာချင်းယူကာ ဆေးသုတ်၏. ယခုမှူကာ ယူသည်ဆိုရုံမျယူကာ ဆေးသုတ်သကဲ့သို့သုတ်လေရာအတော်ပင် အခံရခက်လေသည် treatment ထည့်လိုက်မယ်နော်ဟု ဆိုကာ ဘေးနားမှ ပုံးထဲမှ ထရိမန့်များကိုကော်ရွေ့ထပ်သုလေသည် အတော်ပင်စိတ်ပျက်ရလေသည်. အမေ့သားမှားပြီအမေ ဟုသာ ညည်းမိလေ၏. ထိုပုံးထဲမှယူလိုက်သုတ်လိုက်နင့် ဖြစ်သင့်သည်မှာထိုပုံးထဲမှ အနည်ငယ်ကိုခွဲသု့းရမည်ဖြစ်၏. OCDှရှိသော ခဥမသည်အတော်ကြီးစိတ်မချမ်းမသာဖြစ်လေသည်။
ြ့ပီးသော်ပေါင်းခံ၏. မှန်၏. ခေါင်းလှျောာ်၏.မှန်၏. အခြောက်ခံကာ မီးပူတိုက်လေသည်မှန်၏. တစ်ခါ ဆေးပြန်သုတ်လေသည် ဖြောင့်ပြီး ချုပ်ဆေးထပ်သည်ဆို၏. ပြန်လျှော်ပြန်၏. vitamin အားဆေးကိုလိုလျင်ထည့်ပေးမည်ဆို၏. လှမည်ဆိုလျှင် ဝန်မလေးသော ခဥမသည်လည်းခေါင်းညိမ့်ပြီးရင်ညိမ့်၏. ထိုဆေးကို လောင်းကာ နေရာအနံပွတ်၏. ဒရိုင်ယာပုံမှန်မှူတ်၏. ပြီး၏. သူများဆိုင် ငါးနာရီမှ ဆယ်နာရီကြာသော အလုပ်ကိုသူသည် နစ်ခွဲမျှဖြင့်ပြီးလေ၏. ကောင်းမည် မကောင်းမည် ဘယ်နစ်လခံမည်ကိုကာြး မသိချေ.။ ဈေးချင်းတူပြီး facility ချင်းမတူသော်ကြောင့် အမိုက်နင့်ပြင်ရှိသေးလားဆိုသော TZA ရွတ်နေကျလေး ကိုရွတ်ကာ နောက်သော ဈေးလျှော့သောလည်းသာမီးမှားပါပြီအမေ ဟု ဆိုကာ. ပြန်ခဲ့လေ၏. စိတ်ကြီးသော ခင်ဥမေသည် မကြာခင် နောက်တစ်ဆိုင်သို့ပြောင်းကာ new look ထပ်လုပ်မည်ဟု ရည်မှန်းခဲ့လေသည်။
ဤတွင်ပြီး၏