Sunday, October 30, 2011

နေပြည်တော် (5)

သူမနင့်ကားပေါ်ကလူဇတ်လမ်းမှာ ရင်သိမ့်တုံဖြစ်သောကြောင့်ဆင်ဆာဖြတ်လိုက်ရာ........

နောက်တစ်ခန်းတွင်.. မိုးမလင်းခင်..ခင်ဦးမေသည် ဆိုင်ကယ်ကယ်ရီပေါ်သို့ ရောက်နေပြီဖြစ်သည်. အတွေ့အကြုံမရှိသော်ငြား လည်းငယ်စဉ်ကာလကတည်းက လူကြီးစီးစက်ဘီးကိုခြေထိုးရွေ့ စီးလာသော ..ပြည်လမ်းမပေါ် တွင်ရမ်းလာသောခင်ဦးမေသည် ဆိုင်ကယ်ကို သိတ်မကြောက်လှချေ။ ဆိုင်ကယ်သမား ကလည်းအားပေးသည်. .။ အဝိုင်းကြီး အကွေ့များတွင် balance လုပ်သည်က အနည်ူးငယ်ခက်သည်။

ဆိုင်ကယ်သမားကိစ္စရှိရာသို့ခေတ္တလိုက်သွား၏။




































ပြီးသော် မိမိ သွားမည်ဟု စိတ်ကူးသောရုံးသို့သွားေ၇ွ့ အခြေအနေအကဲခတ်သည်. ပြီးသော်စောသေးရာဘုရားသွားဖူးကြ၏.။



















ဖိနပ်အပ်ရသည်. လုံချည်ထပ်ဝတ်ရသည်. လုံချည် supply လုပ်သည်။ ကျေးဇူးတင်ရပါသည်။ မရိုမသေလုပ်သည်ဟုတ်. မရည်ရွယ်ဘဲရောက်သောခရီးစဉ်များဖြစ်သောကြောင့်ဖြစ်သည်။



















ဓါတ်လှေခါးတွေ့သည်. ဒါပေမဲ့ သိတ်မမြင့်သောကြောင့် လို့ခြေထောက်နဲ့ဘဲ တက်.၏။ မောတော့ မောသော်ငြားနားပြီးတက်သည်.။























































စေတီအတွင်းမှာဘုရားဦးချပြီးကြည်ညိုသည်။























































































ရှင်ဥပဂုတ္တ မထေရ်













































Saturday, October 29, 2011

နေပြည်တော် (4)


















ကားပေါ်မှ ပြန်မဆင်းတော့ပါ. ရေဘူး. အချဉ်ထုတ်. ရှူဆေးဘူး. အားလုံးပါပြီဖြစ်သည် ကားသည်စထွက်သည် အချိန်တိကျပါသည်။ ပျော်ရွင်နေသောခင်ဦးမေသည် သူငယ်ချင်းထံသို့ဖု့းဆက်သည်. မက်ဆေ့များပို့သည် အမျိုးများထံဖုံးဆက်သည်။ မက်ဆေ့သည်လည်း ပရော်ဘလမ်ဖြစ်သည်. ရန်ကုန်ရောက်စတွင် မက်ဆေ့များပို့ရာ မထွက်ချေ. အဝင်တော့လက်ခံနိုင်သည်. နောက်ဆုံး မက်ဆေ့ ဆက်တင်တွင်. မက်ဆေ့ င်တာနံပါတ်ကို ပြောင်းလိုက်တော့မှလျောလျောလှူလှူထွက်သည်။ တယ်လီဖုံးလိုင်းအတော်မိသေး သည် . နောက်ပိုင်းတွှုင်လိုင်းပျောက်သွား၏။


















ကားပေါ်တွင်ကျော်ရဲအောင် စိုးမြတ်သူဇာတို့ပါသော ကျောက်သင့်ပုံးတွေ နဲ့မိုးထားတဲ့အိမ် ဟုထင်သောကားပြသည်။ မကြည့်ချင်သော်လည်းကြည့်ရလေသည်. no choice ဖြစ်သည်.အသံလည်းအနည်းငယ်ဆူညံသည်. ဘယ်အချိန်ထိပြမှာလဲဆိုသော် အိပ်ချိန်လောက်အ ထိပြမည်ဆိုရာ တိတ်ဆိတ်အေးချမ်းမှူကို အလိုရှိသောခင်ဦးမေသည် ဘုရားတရလေသည်. ။


















မကြည့်ချင်သော်လည်း ကြည့်မိလေရာဇတ်လမ်းမဆိုးလှချေ....တောမှ ဆိုင်ကယ်ဝယ်ရန် တက်လာသောသူပိုက်ဆံပျောက်. ရွာပြန်. မြို့မှအမျိုးက အကြွေးဖြင့်ဝယ်ေ၇ွ့လာပို့ စိုးမြတ်သူဇာနင့်သမီး .တူများက လက်ခံ. . ရွာထဲရှိစိုးမြတ်သူဇာ၏ မယူလိုက်ရသောရည်းစားဟောင်း ကျော်ရဲအောင်၏ တူနင့် စိုးမြတ်သူဇာ၏ သမီးတို့ချစ်ကြို့်. ကျော်ရဲအောင်နင့်စိုးစိုးပြန်ကြိုက်.ရန်ဖန်တည်းချက်များ ဟာသများဖြင့်ဖြည့်စွက်ထားရာ ကားပေါ်မှ ပိရိတ်သတ်များသဘောကျလေသည်. ခင်ဦးမေသည်လည်းသဘောကျ၏။ ကြည့်ရင်းနင့်လည်းအိပ်ရသေးသည်. အိပ်ရွေ့တော့မပျော်သေးချေ.။
























နစ်နာရီခန့်မောင်းပြီးသော် ၁၁၅ မိုင်ဆိုသော စခန်းသို့ရောက်၏. အထငကြီးရ၏. ငယ်စဉ်က ကျိုက်ထီးရိုးသွားစဉ်ကာ လမ်းတွင်ဝင်ခဲ့ရသောစားသောက်ဆိုင်များထက် အများကြီးတိုးတက်လာလေသည်။ သန့်စင်ခန်း တွင် မှန်များ မျက်နာသစ် ကြွေခွက်များ. ရှိ၏. သန့်လည်းသန့်၏။ နစ်သက်သည်မှာ rest room တွင် ပိုက်ဆံအိတ် အနွေးထည် လိုရာချိတ်ရန်ဂျီိတ်ပင်ဖြစ်သည်။ ထိုဂျိတ်သည် နေရာများစွာတွင်မတွေ့ရချေ. အရေးပါ၏ မဟုတ်သော်ပိုက်ဆံအိတ်တစ်လုံးနင့်သူသည် ပိုက်ဆံအိတ်ကို မည်သည့်နေရာတွင်ချရမှန်းမသိချေ. ကြမ်းပြင်ပေါ်ချရကောင်းနိုး လက်ကဆွဲထားရကောင်းနိုး လည်ပင်းတွက် ချိတ်ဆွဲထားရကောင်းနိုး .....နိုး..နိုးဖြင့်အတော်ဒုတ်ခရောက်သည်။


မျက်နာသစ်သွားတိုက် ခြေလက်မျက်နာဆေးကြောရုံမက သနပ်ခါးလိမ်းရန်ဟု ယူဆရဟန်တူသော ကျောက်ပြင်လည်းတွေ့ရသည်.အားရစရာပါပေ။

























ဆိုင်တန်းလေးသည် သာယာကြည့်မောဘွယ်ဖြစ်သည် ငေးမောနေသည်မှာ အချိန်အတော်ကြာသွား၏. ကားပေါ်မှ အဆင်းတွင် မျက်နာသုတ်ပုဝါကမ်းသော်လည်း မသုတ်ချေ. သနပ်ခါးများကို နမျောသောကြောင့်ဖြစ်သည်. နားချိန် နာရီဝက်ဟုသတ်မှတ်ထားရန် အချိန်နီး သွား၏.။




















ခရီးသွားများသလို. များခြင်းမျှာလည်း ထိုနေရာတွင်ကားအားလုံးလိုလိုရပ်သောကြောင့်ဖြစ်သည်. မစားချင်စား စားချင်စား မပေါက်ချင်ပေါက် ပေါက်ချင်ပေါက် မသောက်ချင်သောက် သောက်ချင်သောက်ပင်ဖြစ်သည်. ရထားနင့်ကွာ၏. ကိုယ်ပိုင်ကားနင့်ကွာ၏ အများနင့်သွားသော်အများနင့်ညီရပေမည်။ ဝန်ထမ်း အင်အားလည်းများ၏ ကလေးများမှာလက်မလည်ပေ။ လက်ဆွဲကာ လက်ထောင်ကာမှာ မှာရင်းနင့်ပိုက်ဆံတစ်ခါတည်းရှင်း စားပြီးမှ ရှင်းရန်ပြောသောလည်း time ကို save ရမည်ဖြစ်သည်။

























စားသောက်ဖွယ်ရာများစုံလင်သည်အားလု့းရှိသည်ဟုအကြမ်းဖျင်းဆိုရမည်ဖြစ်သည်. လဘက်ရည်အရည် အအေးမျိုးစုံ အသုပ်မျိုါ်စုံ အကြော်မျိုးစုံ ထမင်းဟင်း စုံလင်လှသည်။

























ဘိုက်မကောင်သေးသောကြောင့်နွားနို့နင့်အီကြာကွေးမှာသည် မှာသည်မှာ နောက်ကျသွားသောကြောင့် ကားနားပြန်သွားချိန်တန်ပြီဖြစ်သောကြောင့်ထိုင်မသောက်နိုင်တော့ချေ. ပြန်ထုတ်ခိုင်းရသည်။ နွားနို့မှာလည်းခွက်ကြီးဖြစ်ရာ မသောက်ရဲတော့ချေ။ အသောက်များက အပေါက်ခက်မည် မဟုတ်ပါလား ကားဆိုသည်မှာလည်း ကိုယ်က ရပ်ခိုင်းသည် ဆိုဦး မိန်းကလေးများအတွက် ခက်လှသည် လမ်းခရီးတွင်..........မသောက်က သက်သာရာရမည်ဆိုကာ မသောက်တော့ချေ။ အချိန်မရတော့သောကြောင့် အီကြာကွေးကို လည်းမစားတော့ချေ။ နမျောစရာပင်ဖြစ်သည် .ကားပေါ်ယူသွားလျှုင် ညှော်စော် နင့်တစ်ကွဆီပေနိုင်သောကြောင့် နမျောစွာ နင့် ထားခဲ့ ရလေ သည်.နောက်တွင်စောစောစားပြီးမှ လေ့လာရေးလုပ်ရမည်ဖြစ်သည်. သင်ခန်းစာ တစ်ဖြစ်သည်။

























မီးများဆင်ထားသည်မှာလှသည်။




















လူလည်းစည်သည် မနည်း လူရှင်းသောအချိန်ကိုရွေးယူရသည်. တစ်ကွက်တည်းကိုသုံးလေးချက်ရမှ လူရှုင်းသော ပုံကိုရသည်။




















ကာြး့ပန်ထွက်တော့မည်ဖြစ်ရွေ့အပြေးသွားသည်။ ကားပေါ်တွင် မက်ဆေ့များပို့ပြန်သည်. ချစ်ခင်သူရှိသော သူမသည် ကံကောင်းလေစွ..




















မှတ်ချက်.
သူမနင့်ကားပေါ်ကလူ. ဇတ်လမ်းနောက်တခန်းဖြစ်သည်။

Friday, October 28, 2011

နေပြည်တော် (3)






















သွားမှ ဖြစ်တော့မည်.။ လက်မှတ်ဝယ်ရန် အောင်ဆန်းကွင်းဘက်သို့သွားသည် .။ထိုနေရာ သည်အဝေးပြေး ကားလက်မှတ်များရောင်းသောဆိုင်များရှိသည်. တဆိုင်ဝင်သည်. စုံစမ်းချက်အရ အီလိုက်သည် အတော်ကောင်းသည် ပြောသောကြောင့်စုံစမ်းသည်. နေရာမရှိ.တော့ဟူသောအဖြေကိုရသည်.။ နောက်တစ်ဆိုင်ဝင်သည်။ same အဖြေကိုရသည်. ကျန်သောကားများကိုစုံစမ်းသည်ကားလိုင်းများများစွာရှိသည်. နာမည်မျိုးစုံဖြစ်သည်။ မန္တလာထွန်း.ရွေမန္တလာ. မန္တလာမင်း.......အစရှိသရွေ့ဖြစ်သည်. မမှတ်မိနိုင်ချေ။ လက်မှတ်ကို အိမ်အထိ လာပို့ပေးသည် အခမဲ့ဟုလည်း name card တစ်ခုတွင်ဖတ်လိုက်ရသည်.










ခရီးတစ်ခါမှ မသွားဘူးသောသူဖြစ်သောကြောင့်ဖြတ်ပိုင်းမှ ကားပုံကိုကြည့်ရွေ့ ကားရွေး သည်. ရောင်းသူေ ကာင် မလေး မှာ အပြောချိုသော် လည်းစိတ်မရှည်နိုင်တော့ချေ. လိုရင်းမှာ ကားများ အားလုံးသည် အဲကွန်းဘတ်စ်များဖြစ်သည်.စီးရွေ့အဆင်ပြေပါသည်. ဟိုပုံဒီပုံ ထဲကနင့် တော့တိုက်ရိုက် မတူနိုင်ကြောင်း.ရှင်းပြသည်. ရွေးချင်သေးသောခင်ဦးမေသည် နောက်တစ်ဆိုင်ဝင်ပြန်သည် ထထုံးစံအတိုင်းဖြစ်သည်.. အလယ်ကောင်မလေးကိုပို အားနာသောကြောင့် ထိုဆိုင်ကိုသာအားပေးရန်ဆုံးဖြတ်လိုက်သည်။

ကားခမှာနေပြည်တော်သို့ငါထောင့်ကိုးရာကျပ် (ခြောက်ထောင်ပင်ဆိုကြပါစို့.). အချိန်များလည်းရွေးရန် ရှိသော်လည်း နေ့လည်ပိုင်းတွင်မအားသောကြောင့်ညကားကိုသာရွေးချယ်လိုက်သည်.။ ညဆယ်နာရီဖြစ် သည်။


















သွားမည့်ညနေတွင် ready ဖြစ်နေသောခင်ဦးမေသည် သနပ်ခါးကိုဘဲကြားလိမ်းသည် လုံချည်ဝတ်သည် ကားပေါ်တွင်အေးသည်ဟုသတင်းကြားဘူးသောကြောင့်ဖြစ်သည်.အနွေးထည်. ထည့်သည်။ ဝတ်စုံအသင့်အတင့်ထည့်သည် .စိတ်ကူးပေါက်လျင်ဆက်သွားနိုင်ရန်ဖြစ်သည်။ အပြန်လက်မှတ်ကို ဝယ် မထားချေ. ခပ်ပေါ့ ပေါ့ပင်ဖြစ် သည်. တွေ့တဲ့ ကားတက်စီးရုံပေါ့ ဟုသဘောထားသည်။ ဆေးများထည့်သည်. ထည့်သည်မှာ စုံနေ၏. ။ ပျော်လည်းပျော်ရွင်ပါသည်။


မိုးချုပ်မှထွက်လာသောသူသည် တက္ကစီကိုမျှော်လေသည်. မှောင်ထဲတွင်ဖြစ်သောကြောင့် တက္ကစီလား ကိုယ်ပိုင်ကားလားမဆုံးဖြတ်နိုင်..။ မျှော်နေသည်မှာသိသာပုံရသောကြောင့်ကူညီတတ်ပုံရသောကားသမားတစ်ဦးသည်ကားကိုရပ်ကာ မေး၏.လမ်းကြောင်းသင့်သောကြောင့်တက္ကစီ ရတက္ကစီတွေ့လျှင်ချပေးမည်ဟူသောသဘောတူညီချက်နင့်ခေါ်သွား၏. အညှာလွယ်သော ခင်ဦးမေသည်လည်းကားထည်းသို့ချောင်းကြည့်ရာ နောက်ခန်းတွင် ခလေးငယ် နစ်ဦးကိုမြင်ရာ စိတ်ချလက်ချ ပင် လိုက်၏.။

ခင်ဦးမေ၏ တဘက်ကမ်းခတ်သောမိတ်ဆွေဖွဲ့ခြင်းတွှုင်မျောပါသွားသောကားဆရာသည်. ချင်းချောင်း မီးပွိုင့်နားချပေးမည်ဖြစ်သွား၏. တဖန် ထပ်မျော သွားသော ကားဆရာ သည် မြောက်ဥက္ကလာ လမ်းဆုံအထိလိုက်ပို့ကာ အောင်မင်္ဂလာကားဂိတ်သို့လိုက်ပို့ရန်တက္ကစီငှားပေးသွား၏. အားနာတတ်သော ခင်ဦးမေသည် ကားခမတောင်းယူထားလိုက်ချေ။







ဝီရီယရှိသောသူသည် စောစွာရောက်သည်. ကားဆရာကောင်းမူ ပင်ဖြစ် သည်. .မြောက်ဥက္ကလာလမ်းဆုံမှ အောင်မင်္ဂလာအထိ နစ်ထောင့် ငါးရာကျပ်ဖြစ်သည်. အငှားကားမောင်းသူ တက္ကစီ ဆရာမှာ သူ၏ကားမှာဓါတ်ငွေ့ ကား မဟုတ်ကြောင်း.. ခရီးသည် တစ်ဦးတည်းသာတင်သောကြောင့်ဈေးမလျှော့နိုင်ကြောင်းအများဖြင့်စုစီးလျှင်တော့သက်သာရာရနိုင်ကြောင်း ဤကားဝယ်ပြီးနစ်ပ်ါတ်တွင် ယခု ကားအသစ်များ ဝင်တော့မည့် သတင်းကြောင့် သူ့ကားမှာ ဈေးကျ သွားကြောင်း..အစရှိသဖြင့် midnight နားနီးကာ မိုးကလည်းမှောင်. လူကလည်းရှူပ်. အန္တရာယ်များကြောင်းကားမောင်းရသည်မှာမလွယ်ကြောင်း so many များကိုတင်ပြလေရာ ယခုတစ်ခါ အလှည့်ကျသွားသူမှာခင်ဦးမေဖြစ်သည်.











အောင်မင်္ဂလာထိ ၄၃ ကားစီးလျှင်ရသည်ဟုဆိုသော်လည်း ကားဂိတ်ကြီးမှာ ကြီးလှသဖြင့် ရှာရသည်မှာမော မှာစိုးသောကြောင့်စီးရခြင်းဖြစ်သည်. မြို့ထဲအောင်ဆန်းကွင်းလက်မှတ်ရောင်းသောနေရာမှ ဖယ်ရီသည်လည်း ထွက်သည် ဖယ်ရီ ထံည ရ နာရီ ၁၅ အရောက်ဖြစ်သည် လမ်းမသင့်သောကြောင့်သွားမစီးဖြစ်ချေ. အချို့သောဖယ်ရီသည် အလကားဖြစ်ရွေ့ အချို့သောဖယ်ရီသည် တစ်ထောင်ကျပ်ယူသည်ဟု ကြားဘူးလေသည်။


ထင်ခဲ့သည့်အတိုင်း အောင်မင်္ဂလာကားဂိတ်ကြီးမှာကြီးမားပေသည် ပထမဆုံးတစ်ခေါက် သမား အနေဖြင့်လွယ်ကူစွာ မရှာနိုင်ချေ. တက္ကစီဆရာ၏ အကူအညီ ဖြင့် သာရောက် ခြင်းဖြစ်သည်. ကျေးဇူးစကားဆိုကာ ကား၈ိတ်သို့သွားပီးကားကိုကြည့်သည် အသင့် အတင့်ကျေ နပ်သွားသော ခင်ဦးမေသည်အနီးရှိလက်ဘက်ရှည်ဆိုင် မုန့်ဆိုင်သို့သွားကာ တစ်ယောက်ထည်း ကြည်နူးနေလေသည်.























အထိုင်ကောင်းစေရန်ရှမ်းခေါက်ဆွဲမှာလေသော်အရည်ဟုပြောရန်မေ့သွားသဖြင့် အသုတ်ရောက်လာ၏. ဆီများ၏. ။ ဘိုက်မကောင်းသေးသော်ခင်ဦးမေသည် ကြောက်ကြောက်နင့်တစ်ဇွန်းချင်းဆီစစ်စား၏. ကုန်အောင်မစားရဲ။ ခွင့်တောင်းကာ ဘက်ထရီချာချင်သွင်း၏. စိမ်ပြေနပြေဖုံးထိုင်ပြော၏။ ခွင့်တောင်းကာ အိမ်သာသွား၏. လုပ်လို့ရသည်များအားလုံးလုပ်ပြီးသောကားပေါ်တက်ကာ အကဲခတ်၏. ခင်ဦးမေ ၏ ဘေးခုံတွင် အမျိုးသားတစ်ဦးဖြစ်သည်.ကားပေါ်တွင် ရေတပုလင်း အလ ကားပေး ၏. ရေပုလင်းကြီး ဝယ်ခဲ့ မိသူ မှာ အရူးဖြစ်သွားလေသည်. .။