Thursday, November 3, 2011

သီတင်းကျွတ် (2)





















မြေနီကုန်းမှနေရွေ့ ရွေတိဂုံသွားမည်စိတ်ကူးသော်လည်းမသွားဖြစ်ချေ။ ရွေတိဂုံဘုရားတွင်လူစည်ကား..ကားများရွေ့လမ်းတွင်ကားအတော်ပိတ်နေကြောင်းသတင်းရသည်။ ဘုရားဖူးချင်တာလား လူစည်ကားတာကိုဓါတ်ပုံရိုက်ချင်တာလား. ကိုယ့်ဘာသာမဆုံးဖြတ်နိုင်ရာ အမှန်မှာကာဒါတ်ပုံရိုက်လိုခြင်းဖြစ်သည်. အချိန်တွက်ကြည့်သော်ဘုရားသွားလျင် ရေကျော်သို့နောက်ကျမှ ရောက်မည်ဖြစ်နိုင်ကြောင်းတွက်ချက်ပြီးသကာလ အပျော်အပါးမက်သောခင်ဦးမေသည် ရေကျော်သို့သွားလေသည်.။

























ကားများစွာစည်ကားသည်။ ရေကျော်တွင်ပွဲမလုပ်သည်မှာကြာပီဟုဆိုသည်။ သိမ်ဖြူလမ်းနင့်Saint Mary's Cathedral ဒေါင့်နားမှ စရွေ့ဗိုလ်ချုပ်လမ်းပိတ်ကာစည်ကားလေသည်။ ကားရပ်ရန်နေရာရှာမရချေ. စိန်ပေါကိုသုံးပါတ်ပါတ်ရသည်။ နေရာအချို့ တွေ့သော်လည်းချင့်ချိန်နေစဉ် အရှေ့မှဖြတ်ခုတ်ကာ ဖြတ်ထိုးသောသူများ ကိုယခုတစ်ခေါက်ရန်ကုန်ပြန်စဉ် မကြာခဏတွေ့ရသည်. ခင်ဦးမေသည် အရှိန်လျော့ကာထိုးရန်ပြင်စဉ်သူ ရို့ကဖြတ်ဖြတ် ထိုးခြင်းဖြစ်သည်။ ခင်ဦးမေသဘောအရဆိုလျင် သူများထိုးမည်မြင်လျှင် တစ်ခြားနေရာရှာမည်ဖြစ်သည် သူရို့ကားသူရို့၏ လျင်မြန်ဖြတ်လတ်ခြင်း သွက်လက်ခြင်းကွက်ကျော်မြင်ခြင်း. အပလာကားကိုကျော်ခြင်း စသည်ဖြင့် ခင်ဦးမေ၏ ခန့်မှန်းချက်များဖြစ်သည်.























လည်သူစားစတန်းလောကကြီးတွင်ဤအရာသည်အသေးအဖွဲဖြစ်သော်လည်း အဖေ့ သမီး သည် နေရာမလုလိုချေ. နေရာမလုလိုသည်မှာကျောင်းသားဘဝထဲကဖြစ်သည်.နေရာလုရွေ့ကြည့်ရသော အရာကို တိုးဝှေ့ မကြည့်ချင် .နောက်ဆုတ်ရွေ့ သာနေလို သည်။ နောက်တွင်နေ လျင်ဘာဖြစ်သနည်း. နောက်တန်းကျသည်ပေါ့။ ရှေ့တိုးမှသာလျင် ရှေ့တန်းရောက်ပေမည်. အများသူငါကိုအားနာသနားတတ်သည်. ကိုယ့်ကြောင့် ပင်ပန်းနာကျင် မည်ကိုစိုးရိမ် သည်. နောက်ဆုတ်ပြန်သည်။ နောက်တန်းရောက်ြ့ပန်သည်။
























ကျော်တက်ကနေရာယူသွားသောကားကို ဟွန်းတီးဆဲရွေ့မရသောကြောင့် စတီရာရင်ကို လက်သီးဖြင့်ထု၏. ဒေါသအတော်ဖြစ်သည်။
























နောက်တစ်ပါတ်ပါတ်ပြန်သည်.နေရာကျပ်ကလေးတွေ့သည် ကားကို zif ဖြင့်ဝင်ကာ ခေါင်းထည့်ရမည်ဖြစ်သည်။ လက်ရည်ကျနေသောသူသည် မတတ်နိုင်ချေ. နောက်ဆုံးတစ်ပါတ် တွင်ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချက်ကာ ဗိုလ်အောင်ကျော်လမ်းေ တွင်ရပ်ခဲ့သည်။ ရပ်ခဲ့တော့ ဘာဖြစ်သတုံး. လမ်းအများကြီးလျောက်ရတာပေါ့။ (ရန်ကုန်သား လူလည်အချို့ မျက်စေ့လည်နေမည်ကိုမြင်ယောင်မိသည်.)။ Google earth ဖြင့်ကူညီပါသည်။

ရန်ကုန်မပြန်တာကြာလျှင်ရောက်စ တွင်နာမည်များမေ့သွားသည်။ ကုန်သည်လမ်းနင့် ဘိုကလေးဈေး လမ်းဒေါင့်ဆိုလျင်ဘယ်နားပါလိမ့်. လွစ်လမ်းဆိုလျင်ဘယ်နားလဲ။ ဘားလမ်းနင့်ကုန်သည်လည်းဒေါင့် ဆိုလျင်မျက်မှောင်ကုတ်၏. ပန်းဆိုးတနးသ်ည ဆူးလေမရောက်ခင်လားရောက်ပြီးမှလား စဥင်္်းစားသည်။ အမှန်မှာရှင်းရှင်းလေးဖြစ်သည်. ဗိုလ်ချုပ်လမ်း. အနော်ရထာလမ်း ကုန်သည်လမ်း ကမ်းနားလမ်း. တို့ကိုပြန်မေးသည်မှာ ဇီးသီးသည်မဗျိုင်းဖြစ်ရာ့ကျလွန်းသည်.။ သို့သော်ခင်ဦးမေသည်ခင်ဦးမေသာဖြစ်ပါသည်.။























ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း လမ်းလျောက်သည်.ဈေးသည်ပေါင်းစုံကိုကြည့်ရွေဖြစ်သည်။ အဲ..မုန့်ပေါင်းစုံကိုကြည့်ရွေ့ဖြစ်သည်. မုန့်ပေါင်းစုံဆိုတာဘယ်လိုဘာမုန့်လဲမမေးပါနင့်. မနင်းဆီမသိပါ.
















































































Wednesday, November 2, 2011

သီတင်းကျွတ် (1)

ထိုနေ့သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်ပါသည်။























အိမ်တွင်ကူညီနေသောကလေးမလေးသည်ရွာမှဖြစ်သည်. ကိုယ်ပိုင်လယ်တွင်စပါးစိုက်သည်။ ယခုအချိန်စပါးရိတ် ရန်ကြားကာလတွင်ခေတ္တလာကူညီနေခြင်းဖြစ်သည်. ။




















ထမင်းမချက်တတ် .ယခုမှစချက်ခြင်းဖြစ်သည် .ချော့ရ၏.

















စေတနာတော့ကောင်းသည် သူသည်လည်းမိမိကဲ့သို့အိမ်တွင်းမှူဝါသနာမပါသူဖြစ်လေရာ
ခင်ဦးမေ မနက်စာကောင်းကောင်းမစားရသည်မှာ မထူးဆန်းချေ


သူတို့အကြောင်းနားထောင်သည်မှာပျော်စရာကောင်းလှသည်။ စပါးကိုကိုယ်တိုင်စိုက်ြီပီးထွက်ရှိသောစပါးကိုသိမ်းကာ လိုသောအခါတွင်မှ ဆန်ဖြစ်အောင်လုပ်ရွေ့စားကြသည်. ဟင်းသီးဟင်းရွက်မလို ရွာတစ်ဝိုက်ရှိသည်. ငါးပုဇွန်မလို ရွာချောင်းလယ်တွင်ရှိသည် ဝက်.ကြက်. ဆိတ်မွေးသည် တစ်ခါ တစနပ်ချက်လျင်ဆန်နစ်ပြည်ချက်ရသည် ။ . စလုံးမှတောက်တိုမယ်ရလေးများလက်ဆောင်ပေးရာမယူချေ. မလို ဟုပြောသည်။ တစ်ရက်တော့လိုက်လည်မည်မှန်းသော်လည်း မရောက်ခဲ့.

မချက်တတ်သော်လည်းကြိုးစားပန်းစားချက်ပေးသည်.။ ကြားထဲတွင်သူရောကိုယ်ရော လဲကြရာ ချာတိတ်မသည် ရွာပြန်ကာဆေးထိုးသည်. ။ဤအိမ်သည်ကားသောက်ဆေးသာပေးသောအိမ်ဖြစ်လေရာ ဘဝင်မကျချေ. သူပြန်ရာကိုယ်ခက်လေသည် တစ်ယေက်ကိုကမန်းကတန်းရှာကာ ဆွဲခန့်ရသည်.။ လဲနေသူရှေ့သို့လာရွေ့ သူလဲပြန်ဦးမည်ဟုပြောရာ လိုက်မပို့နိုင်သောခင်ဦးမေသည် တက္ကစီပေါ်သို့ လိုက်တင်ပေးကာ ကားခ နစ်ထောင်ပေးလိုက်ရသည်. ရွာပြန်ရာ လမ်းစရိတ်လည်းပေး၏. ဆွဲခန့်ကို အိမ်လိုက်ကာ ခေါ်ရသည်. အပြန်ဆေးခန်းဝင်ပြီးဆေးယူရသည်. အားကုန်သည်မှာပြောစရာမရှိ.။


















မြေနီကုန်းတစ်ဝိုက်သို့အတော်ရောက်၏. ဂမုန်းပွင့်ကိုသွားသည်. ပတ်ဝန်းကျင် ဆိုင် များလမ်းကြားများသို့ရောက်သည်. လဘက်ထမင်းသုတ်ကောင်းသည်.



















မောလျင် ဂမုန်းပွင့်သို့ဝင်ရွေ့ရှူသည်. rest room လည်းရှိသည်. ပိုက်မပေးရချေ. သို့အတွက်ကြောင့်လမ်းကြုံလျင်ဝင်သည်။

အနီးတဝိုက်တွင် ခေါင်းလျှော်သည်.ခေါင်းလျှော်သော ဆားဗစ်မှာအတော်ကောင်းလာသည် ခါတိုင်းခေါင်းသာလျှော်ပြီး နစ်ထောင်ယူသော်လည်း.ယခုမှာခေါင်းမလျော်ခင်မျက်နာနင့်ခေါင်းကိုပါနိပ်ပေးသည် ပြီေးသ်ာခေါင်းလျော်သည်. လျှော်ရင်း နင့်မျက်နာပေါင်းတင်သည်. so called လားတစ်ကယ်လားတော့မသိ. နစ်ထောင်ယူပြီးဤဆားဗစ်ရသည်ဆိုသည်ကိုမယုံနိင်. မှန်၏. ခေါင်းလျော်ရင်း မျက်နာဆေးကာ ခပ်ပျစ်ပျစ်အ၇ည်တစ်မျိုးမျက်နာပေါ်သို့လိမ်းပေး၏ ခြောက်သွားသည်. ခေါငးလျော်ရင်းလဲခေါင်ကိုနိပပေးသည် ပခုံသားများကို နိပ်ပေးသည် ဇက်ကြောကို ဒေါက်ဒေါက်နင့်ခေါက်သည်. စုစုပေါင်းမိနစ်လေးဆယ်ငါးမီနစ်မျှကြာသည် နာရီကြည့်ရွေ့ ဆားဗစ်ပေးခြင်းဖြစ်သည်. သို့အတွက်ကြောင့်အားတိုင်းခေါင်းသွားလျော်သည်. ။ဆက်ဆံရေးလည်းပြေပြစ်သည်. competitor များလာသောအကျိုးဖြစ်မည်.ထင်၏။

မိုးချုပ်သော် ဘုရားသွားမည် ရေကျော်သွားမည်မှန်းသည်..မသွားခင်ဂမုန်းပွင့်ဘေးရှိ ပလာဇာ (ဟုထင်သည်)အအေးသွားသောက်သည်.

























ဗွီဒီယိုမရိုက်ရဟုရေးထားရာ ဓါတ်ပုံရိုက်ခဲ့သည်. ကျွန်မရိုက်မိအပြစ်မရှိပါ.


Tuesday, November 1, 2011

နေပြည်တော် (7)



















လယ်ဝေးမှနေရွေ့ ဟိုကွေ့ဒီကွော့ ဟိုတက် ဒီတက်ဖြင့်လှော်ခဲ့သော ခင်ဦးမေသည် ကားပေါ်သို့ရောက် သွားလေသည် မည်သို့ မည်ပုံလုပ်လိုက်သည် မသိချေ.။ ကားများတွင် အမည် မေးပြီးမှတ်ပုံတင်နာပါတ်မှတ်သော်လည်း. ကဒ်ပြားများဆွဲစရာမလိုတော့ပါ။ ဘယ်မှာမှလဲ မရပ်မစစ်တော့ပါ.။

ဆိုင်ကယ်ဆရာကကြည့်ပေးပါဆိုရာသုံးသောင်းပေးသည်။ ပျော်သွားပုံရသည်. သူစိတ်ချမ်းသာလျင် ကိုယ်လည်းစိတ်ချမ်းသာပါသည်. ဆေးရုံရောက်လျင်ပိုဒုတ်ခများမည်မဟုတ်ပါလား။ ဒါလင်က မေးသောအခါ တစ်သောင်းခွဲပေးသည်ဟု ညာပြောလိုက်သည်. နစ်ီဦးနစ်ဘက် စိတ်ချမ်းသာရန်လိုအပ်သည်။

အပြန် ထိုကားတွင်လည်း ကျော်ရဲအောင် စိုးမြတ်သူဇာ same ကားကိုပြလေ သည် ဘာဖြစ်ရွေ့များ ဤ တစ်ကားထဲကို ပြနေသနည်းစဉ်းစာရွေ့မရနိုင်အောင်ရှိတော့သည်. ဤတစ်ကားဘဲတစ်နစ်လုံးတွင် ထွက်သလားဟုတော့မဖြစ်နိုင်..လပ်ထိုးထား သည်လည်းမဖြစ်နိုင်.ကြိုက်ရွေ့သာဖြစ်နိုင်သည် သို့သော် ကားပိုင်ရှင်တို့သိသင့်သည်မှာ ခင်ဦးမေကဲ့သို့ ခေါက်တုံ့ခေါက်ပြန်စီးနေသော သူများကိုသနားအားနာသောဖြင့်ကားလဲပေး ရန်မေတ္တာရပ်ခံလိုက်ရပေသည်။
























အပြန်ခရီးသည်ပိုသွက်သည် ၁၁၅ မိုင်သို့သိတ်မကြာလိုက်ဘဲရောက်လာသည် လမ်းတစ်ဝက်ကဖြတ်စီးသည်မို့လားမပြောတတ်.
























အမြန်မောင်းလို့လားမသိ..မြန်သည်။ ကားများသည် ယခင်ကထက်ပိုကောင်းလာသည်တော့အမှန်။ အတော်လေးပင်စိတ်ချလက်ချစီးနိုင်သည်.

























ညကားဆရာမောင်းရုံတင်မကဘေးမှလည်းပိုင်းလော့များက အဆက်မပြတ်လမ်းကိုကြည့်ပေးနေကြသည်. လူရှိတယ် လမ်းဘေးမှာ . လျိုင်းရှိတယ်။ ကားလေးကျော်မယ် အဆက်မပြတ် ကြည့်ပေးသည် ဘာလို့ သိသနည်းဆိုသော် ထုံးစံအတိုင်း ဒရိုင်ဘာ SEAT ဘေးတွင် ထိုင်ရသောကြောင့်ဖြစ်သည် ကျော်ရဲအောင်ကိုမော့မကြည့်တော့ချေ။ အလွတ်ရနေပြီဖြစ်သည်။
























ပဲနြံ့ပားမှာသော်လည်း ပဲအီကြာသာရ၏. မနင်းဆီ.နားလည်ပါသလား ကျွန်ုပ်နားမလည်ပါ။ အီကြာကွေးနဲ့ ပဲပြုတ်ဟုနောက်ပိုင်း တွင်နားလည်ယူရသည်. နွားနို့ခွက်ကြီးလဲသောက်လိုက်သည်. ရန်ကုန်သို့ နစ်နာရီခန့် သာမောင်းရမည်ဖြစ်သောကြောင့် CONTROL လုပ်နိုင်မည်ဟု ရဲရဲကြီး ယုံကြည်ကာ သောက်လိုက်လေသည်. အချို့ခရီးသည်များမှာ နာရီဝက်နင့်ပြန် မရောက်လာသောေ ကြာင့်စောင်ရသည်.


ဟဲလိုအင်း






































































သန်းကောင်မတိုင် ခင်ရောက်၏.အောင်မင်္ဂလာ အဝင်မှာနဲနဲနေး၏. ဆူးလေသို့ဖရီးပို့ပေးသည် ဆိုရာ ကားတစ်စီးပေါ်သို့သုတ်သုတ်ပြေးတတ်ရသည် ထိုကားမောင်းသူမှာ ပါဂျဲရိုးမောင်းသူ၏ အိုက်တင်ခန့်မျှရှိသည်.



















သူ၏အလုပ်ကိုလွန်စွာဂုဏ်ယူပုံရသည်. ဝမ်းမြောက်မိပါသည် လုပ်ငးန်းခွင်တွင်ပျော်ရွင်သည်မှာ မင်္ဂလာတစ်ပါးမဟုတ်ပါလား. ဆူးလေမရောက်ခင် ဆင်းသည်.ကားငှားသည် မိနစ်အနည်းငယ်သာမောင်း ရသော်လည်း. နစ်ထောင်ပေးလိုက်ရသည်။ midnight charges ပိုဆောင်းသည်ဟုကွကိုနစ်သိမ့်လိုက်သည် .ခလုပ်မထိ ဆူးမငြိဘြဲ့ပန်ရောက်လာ သည်မှာလည်း ဝမ်းသာ စရာကောင်း သည်.။