နေသာသည်. ထိုနေု့က.တနေ့လုံး ယောင်စိန်လုပ်သည်. ဟိုယောင်ယောင်ဒီယောင်. မန်းလေးသွားရန် စိတ်ကူးထားသည်. ညကားက ကိုးနာရီခန့်ထွက်မည်ဟုသိသည်။ စိတ်အေးလက်အေးနေသည်.
။ ညနေ လေးနာရီကျော်ခန့်ဖြစ်သည်။ အောင်ဆန်းကွင်းဘေးလက်မှတ်သွားဝယ်သည်. စိတ်ပြောင်းသွားသည် မေမြို့ အရင်သွားရန် အကြံပြုချက်ရသည်။ မေမြို့လက်မှတ်မေး၏။ အခုထွက်မည် ညနေ ခြောက်နာရီ ..aomuf ပလုပ်တုတ်. ..ဘယ်နယ့်ဖြစ်နိုင် မည်နည်း။ ယခုပင် အောင်ဆန်းကွင်းဘေး တွင်ဖြစ်သည.် အိမ်တစ်ခေါက်ပြန်ရမည်. ပစ္စည်းထည့်ရမည်။ ကားခေါ်ရမည်. အောင်မင်္ဂလာသို့ သွားရမည်. လက်ပတ်နာရီကြည့်လိုက်. ရောင်းသူကိုကြည့်လိုက် ဘေးကို မျက်စပစ်လိုက်. ခြေမကိုင်မိလက်မကိုင်မိ. သွားမှဖြစ်မည် သွားချင်သည် ဤနေ့မသွားလျင် ဒီတစ်ခေါက်သွားဖြစ်ဘို့မလွယ်တော့. မန်းဒလေးကားကတော့ရနိုင်သည်။ အော် ငါ့နယ် ထုံးစံအတိုင်း ကပ်ခါမှ ကပ်လုပ်တော့တာဘဲဟု တစ်ယောက်ထဲ ညည်းညူသည်။
အချိန်ကိုပြန်တွက်ပြန်သည်. ဖြစ်ချင်ရာဖြစ် မှီနိုင်သည် ကြိုးစားက အရှုံးမရှိ. မမှီလိုက်လည်းဘာဖြစ်လည်း လက်မှတ်အဆုံးခံ မန်းဒလေးကား လိုက်သွား မန်းဒလေးရောက်တာဘဲ ဟုသေငှေးပီသစွာတွေးသည်။ ပါလာသောသူငယ်ချင်းကိုဖြစ်ချင်ရာဖြစ်. အိမ်ပြန်တတ် မှာဘဲဟုဆိုကာ ပစ်ထားခဲ့ကာ လက်မှတ်ဝယ်ေ၇ွ့ (တစ်သောင်း နဲနဲကျော်) အိမ်သို့ သုတ်ချေတင်လေသည်။
အောင်ဆန်းကွင်းမှ အိမ်. အိမ်မှ အာင်မင်္ဂလာ သို့ မေးကြည့်ရာ မိမိခရီးစဉ်ကိုရှင်းပြသော် ရှစ်ထောင်ဖြစ်သည်.( ပေးနိုင်ပေါင်) ဟုဆိုကာ အိမ်ပြန်ရာလမ်းတွင် အိမ်နားရောက်မှ တိုင်စီငှားသွားလေသည်။ ငါးထောင်ဖြစ်သည်. တိုင်စီက အိမ်လိုက်လာကာ ခေတ္တစောင့်ပေးသည်။ ပြာယာအတော်ခတ်၏. အိမ်ထဲသို့ပြေးဝင်. တွေ့သော အကျီများကိုကောက်ထည့်. ပိုက်ဆံ ထည့်မှတ်ပုံတင်ထည့် မှတ်ပုံတင်သည်လွန်စွာအရေးကြီးသည်.သွားလေရာပါသင့်၏။ လိုအပ်သည်များကို ထင်ရာမြင်ရာ အမြန်ဆုံးကောက်ထည့်ကာ စောင့်နေသောတိုင်စီပေါါ်သို့ပြေးတက်၏.
ညွန်ကြားချက်မှာ မှီအောင် ရောက်အောင်မောင်းရန်ဖြစ်သည်။ ဘေးလည်းကင်းရမည်. မမှီလျင်ကိစ္စမရှိ safety အရေးကြီးသည်။ ခင်ဦးမေမောင်းလျင်တော့ သေချာပေါက်ကားလွတ်မည်ဖြစ်သည်. ကျွန်တော်တော့ မမောင်းတတ်တော့ခင်ဗျားဘာသာ ကြိုက်သလိုမောင်းတော့ဗျာဟု အလုပ်အပ်သည်။ ထိုသူသည် လူတော်ဖြစ်သည် သူ့အလုပ်သူနားလည်သည်. . မြောက်ဥက္ကာပကိုကျော်ကာ အောင်မင်္ဂလာသို့ peak hour တွင်မည်သို့မောင်းရမည်နည်းကိုအတော်ခေါင်းစားသွား၏. နောက်အကြံရကာ ပြည်လမ်းအတိုင်း သုတ်ချေတင်မောင်းရွေ့ ခရေပင်လမ်းခွဲကြမှ အောင်မင်္ဂလာဘက်သို့သွားမည်ဆိုသည်. ကြိုက်သလိုမောင်းဗျာ ဟု ဆိုရပြန်သည်. ။
ကားသည် သုတ်ချေတင်ကာ ခပ်သွက်သွက်ပြေးလေသည် တိုင်စီလေးသည် အတော်စုတ်သော်ငြား အတော်ပြေးလေသည်။ တွေ့သမျှကားကိုကျော်တက်. ဟိုဘက်ဝင်လိုက်ဒီဘက်ဝင်လိုက်နင့်ခင်ဦးမေသည် မကြည့်ရဲတော့ချေ. သူ့အလုပ်သူသိလိမ့်မပေါ့ဟုသာ စိတ်ချလက်ချနေကာ နာရီကိုသာ ကြည့်နေလေသည်. ။
မောင်းရင်းနင့်မှောင်လာလေသည်။ စိတ်ပူသော်ငြား ကပ်မှီလိမ်မ့ည်ဟုတွက်သည်။ မှန်၏ ကပ်မှီလေသည်. ကားဆရာကို ကျေးဇူးတင် စကားဆိုေ၇ွ့ ငါးထောင်ကိုကျေနပ်စွာပေးလေသည် ပြင်ဦးလွင်ကြီးကိုတောင် တစ်သောင်းကျော်ဘဲကြပြီး မြို့တွင်းမှ အောင်မင်္ဂလာကိုငါးထောင်မှာ သက်ပြင်းချရလေသည်။ မချနင့်မချနင့် ဟု ကွကိုနစ်သိမ့်ကာ ကားဆရာများကိုသတင်းပို့သည်။ ဤတစ်ခါတော့ မကြည်နူးနိုင် .
တစ်နေ့လုံး လည်ပတ်ထားရာ နံးနေ၏။ ရေလည်းချိုးချင်သည်. အိမ်တွင် အထုတ် သွား ထည့်စဉ်က ရေမချိုးရဲချေ.ငါးမိနစ်နောက်ကျပါကာ ကားလွတ်သွားမည်မဟုတ်ပါလား။ တစ်ညလုံး လည်းကားစီးရမည်. အလကားနေရေချိုးချင်နေသော ခင်ဦးမေသည် စိတ်အိုက်လာလေသည်။ တစ်ညလုံးအိုက်အိုက်ကြီး ချွေးများနင့်နေရမည်မှ စိတ်ပျက်လှသည်. ကြံရာမရရာမှ ကားဂိတ်ကိုသွားလေ့လာပြီးအကြံရလေသည်။ ရေချိုးရွေရမရမသိ. rest room သို့ဝင်ရင်း ရေချိုးလိုက်လေသည် မယုံမရှီပါနှင့် အမှန်ဖြစ်ပါသည်.။ ချေးညှော်စင်ရုံ အပူများအေးသွားရုံသာ ချိုးပါသည်. ဘယ်နစ်ခွက်လည်းမေးလျှင်တော့လည်းပြန်တွက်ရမည် ရှိပစေတော့. လူအများသည်လည်းကိုယ့်အာရုံနင့်ကို အားလုံးရှုတ်ရှက်ခတ်နေရာ မည်သူ့မည်သူကိုမျှ အာရုံမစိုက်နိုင်ကြချေ.။
ရေချိုးပြီးသော် စိတ်ချမ်းသာသွားသာခင်ဦးမေသည် ကားနားသို့သွားကာမယောင်မလည်နင့် လိုအပိသည်များ ကိုဝယ်၏။ ရေဘူးမဝယ်တော့ချေ. ရေဘူးပေးမှာလားမေးသေး၏. ပေးမည်ဟုဆိုသော်စိတ်ချသွားသည်။ ကားပေါ်သို့အိနြှေမပျက်တက်ကာ နေရာယူသည် . ။ ဘေးမှ လူသည်လည်း အမျိုးသားပင်ဖြစ်သည် ဤတစ်ခါတွင်တော့ ရင်သိမ့်တုန်ခန်းမပါ။
ကားထွက်သည်။ ခင်ဦးမေသည် အိပ်ရန်ကြိုးစားသည် အားရှိမှ လည်နိုင်မည်မဟုတ်ပါလား. အိပ်ပျော်သည် ဘာကားပြသလဲ မမေးသော်လည်းဖြေချင်ပါသည် ကျော်ရဲအောင် စိုးမြတ်သူဇာ same ကားသာဖြစ်ပါသည်။ သက်ပြင်းကိုသာ လှိုင်လှိုင်ကြီးချရလေသည်. ရက်ပိုင်းအတွှုင်း ခေါက်တုံးခေါက်ပြန်စီးသောခရီးသည်များကို ညှာတာရန် ကားပိုင်၇ှင်များနင့်ရင်းနီးသောသူများကိုပြောပေးကြပါရန်မေတ္တာရပ်ခံလိုပါသည်။
ပြချင်ရာပြမကြည့်ဘူးဟေ့ဆိုကာ အိပ်လေသောခင်ဦးမေသည် ၁၁၅ မိုင်စခန်းသို့ရောက်ပြန်သည်. စားပြန်သည် ။
လဘက်ထင်မင်းသုတ်ကိုအားမရလေသောကြောင့်ထပ်မှာသည်။ လူလည်ဖြစ်သွားသောသူမသည် နွားနို့မမှာတော့ချေ. နောက်တစ်ချိန်ဘယ်နေရာတွင်ဘယ်နစ်ခေါက်ရပ်မည်မသိသော်ကြောင့်ဖြစ်သည်။ အစားအရင်စားသည်. ကားပေါ်တက်ခါနီးမှ rest room ဝင်သည်. နာရီဝက်အတွင်းအားလုံးပြီးအောင်ရှင်းသည် မိမိကြောင့်ကားဆရာနောက်ကျမည်ကို စိုးရီမ်သည်။
ကားထွက်သည် တယ်လီဖုံးလိုင်းအတော်မိသည်ကိုတွေ့ရသည် ဖုံးကိုလည်းလဲလိုက်သည် ဆမ်ဆောင်း omnia II ထဲသို့ ကဒ်ပြားပြောင်းထည့်လိုက်သည် လိုင်းကဘဲမိသလား တယ်လီံဖုံးကဘဲကောင်းသလားမသိ.တော်တော်ကြာအောင်လိုင်းမိလေသည်။ ရန်ကုန်လိုင်းသည် နယ်မြို့များတွင်ပါ လိုင်းမိနေသည်မှာ အတော်စိတ်ချမ်းသာစရာကောင်းသည်. စိတ်အားရှိလေသည်။
ပြန်အိပ်သည် အိပ်ပျော်သည် အိပ်ကောင်းတုံးကားရပ်သည် မန်းဒလေးလားဟုမေးရာဟုတ်သည်ဟုဖြေသည်။ ပစ္စည်းအနည်းငယ်ချသည် လူအများမဆင်း. ခင်ဦးမေကတော့ဆင်းသည်.လ မ်းဆင်းလျောက်သည် အရင်ဆုံး rest room သို့ပြေးသည်. မှန်၏. နောက်ကျသူများတန်းစိရလေသည်. ခင်ဦးမေကတော့ရှေ့ဆုံးနီးပါးမှဝင်သွားသူဖြစ်သည် ခြေလက်မျက်နာဆေးကြောလိုက်သေးသည်.
တမင်ယူလာသောနံပြားကိုလမ်းတွင်အပျင်းပြေဝါးသည်။ ကားပြန်ထွက်သည် ပြန်အိပ်သည်။ေ မမြို့အတက်လမ်းမှန်း သိသော်လည်းမိုးမလင်းသေးကြောင့်ဘာမှ မမြင်ရချေ. ကားတွင်ခေါင်းအုံး ကလေးများပါသည်သေးသေး ချစ်စရာလေးဖြစ်သည် အတော်အသုံးဝင်သည်. အဆင်းတွင် ယူလာရန်စိတ်ကူးသေးသည်။ မသင့်တော်ပါဘူးလေဟု ဆိုကာ ထားခဲ့ရသည်။
ကြုံတုံးပြောပါဦးမည်. အချို့သောနေရာတွင် ခင်ဦါ်မေသည် ယခုအခါ ခြုံစောင်မတောင်းတော့ချေ ကိုယ့်စောင်နင့်ကိုသွားသည်အချိ့သော်သူများတောင်းရာ လိုရာခရီးရောက်ခါနီးတွင် ပြန်ယူသွားလေသည်. ဟိုယခင်ကထားခဲ့ရုံသာဖြစ်သည်. ယခုသော် မဆင်းခင်သိမ်းသည်. မည်သု့မည်သူကိုအပြစ်ဆိုရမည်နည်း. ယူသွားသူများရွေ့သာ ဤသို့ကြိုသိမ်းရခြင်းဖြစ်ပေမည်.ဟုထင်သည်။ သို့သော် မယူသွားဘူးသူများတွက်ကာ အနည်းငယ်အောင့်အည်းခံရခက်ပေသည်. အသေးအဖွဲမများကို မခံစားသင့်ဟုဆိုကာခေါငးထဲမှ ထုတ်ရမည်.။
မေမြို့ရောက်သည် ဆိုင်ကယ်ဆရာများနင့်တွေ့ပြန်သည် ငယ်ပေါင်းကြီးဖေါ်များ ကိုတွေ့ရသကဲ့သို့ ဝမ်းသာကြသည် ။ မြို့ခံအိမ်သို့သွားရွေ့ဂါရဝပြုကာ မုန့်အလကားစားသည်.။

မေမြို့ရောက်သည် ဆိုင်ကယ်ဆရာများနင့်တွေ့ပြန်သည် ငယ်ပေါင်းကြီးဖေါ်များ ကိုတွေ့ရသကဲ့သို့ ဝမ်းသာကြသည် ။ မြို့ခံအိမ်သို့သွားရွေ့ဂါရဝပြုကာ မုန့်အလကားစားသည်.။
သူရို့အိမ်တွင်တည်းပါ နားပါ . ကားစီစဉ်ထားပါသည်. လူကိုယ်တိုင်လိုက်ပို့ပါမည်။ ဟု ချစ်ခင်စွာ ဖိတ်ကြားသည်ကို ဟုတ်ကဲ့ဟုဆိုကာ လစ်လာသောခင်ဦးမေသည် အမှန်ကိုဆိုပါမည်။ အပြန်လက်မှတ် တစ်ခါတည်းသွားဝယ်သည် . ထို လက်မှတ်ရောင်းရာနေရာ တွင်ခွင့်တောင်းကာရေချိုးသည် rest room ဝင်သည်။ မိတ်ကပ်လိမ်းသည် မှန်ကြည့်သည် ခေါင်းဖြီးသည်။ ဘာလို့မြို့ခံအိမ်တွင် မလုပ်သနည်းဟု ဆုသံပူသံများကို မကြားစေရန်ဖုံးပိတ်ထားမည်စိတ်ကူးသည်။ အန်မတန်အားနာတတ်ပါသည်။ ဒါဆို ဘာဖြစ်လို့ဒီမှာမနာသလဲ မမေးပါနင့် မဖြေတတ်တော့ချေ.
ုထို့နောက် လှပ ရှင်းသန့်ကျော့မော့သွားသောခင်ဦးမေသည် ဆက်လက်ကာ ဆိုင်ကယ်ကယ်ရီ နင့် လည်လည်ဆက်ထွက်သွားလေသည်။