Thursday, October 30, 2008

MayMoe Maung


http://maymoe.blogspot.com/





kom: happy birthday မေမ;ို's :lol: မောင်။
30 Oct 08, 00:00






Happy birthday candles.jpg

|

ဒီနေ့ က မေမိုးရဲ့ အချစ်ဆုံးမောင် မွေးနေ့။ မေမိုးကို ချစ်လို့ မေမိုးမောင် ကိုလည်း ချစ်ခင် စွာဖြင့် မွေးနေ့မှာ ချမ်းမြေ့ပါစေ။ မေမိုးနှင့် ကျန်းမာ ချမ်းသာ သက်ရှည်စွာ အိုအောင်မင်းအောင် ပေါင်းဖက် နိုင်စေရန် ဆုမွန်တောင်းလိုက်ပါသည်။


(ကိတ်မုန့် က အစ်မ ကိုယ်တိုင်သွားဝယ။်မီးထွန်းပြီး ဓါတ်ပုံရိုက်ပြီးမှ ပြန်တင်ထားတာ။ )

Wednesday, October 29, 2008

Long time ago bus

ကြာခဲ့ပါပြီ။ လွမ်းစရာပေါ့။ ကျောင်းတက်တော့ လသာ ၂။ .မြို့ထဲ ကနေ လာတော့ မှတ်မိသလောက် နပါတ် ၄ ကားလား မသိဘူး။ အမြင့်ကြီးတွေ လေးဖက် ထောက်ြီ့ပီး တက်ရတယ်။ နောက်က တယောက်က တွန်းပေးရတယ်။ ဒါမှ မဟုတ် ရှေ့ ကတစ်ယောက်က ဆွဲ တင်ရတယ်။

ဘတစ်ကားရှိုးရိုး တွေလဲ ရှိတယ်။ မှတ်မိသေးတယ်။ ဘရိတ်တွေ လေတွေ ဆီတွေ သိတ်ရယ်ရတယ်။ ကားပေါ်တက်မယ် လုပ်တုံး ခါးပိုက် နှိုက်ခံရဘူး သေးတယ် ။အဲဒီ တုံးက ကလေး သာသာရယ် ဘာ ကို များမျက်စိကျပြီး ကလေးပိုက်ဆံ့အိတ်ကို နှီူက် ရသလဲ မသိ။ ကိုယ် က သတ်တိကောင်း။ ချက်ချင်းသိ. ချက်ချင်း ပြန်တောင်းတယ် ခင်ဗျား။ အဲဒိ အိတ် ကို ဒါ ကျွန်တော့အိတ် ပြန်ပေးပါ ဆိုတော့ ဟိုလူ က ပြန်ပေးသွားသဗျာ။

နောက်ပိုင်းတော့ ကျောင်းကားစီးတယ်။

(http://maungmaungmfs.blogspot.com/2008/10/blog-post_2455.html ကိုဖတ်ပြီးသတိရသွားတာနဲ့။)

Monday, October 27, 2008

I call back telephone card

သိသူတွေ ရှိသလို မသိသူတွေလည်း ရှိနိုင် သေး တာကြောင့် ရေးမိပါတယ်။ I call back tel card လို့ ခေါ်ပါတယ်။ similar ကဒ်တွေလည်း ရှိပါတယ်။ထုံးစံ အတိုင်း ပင်နီစူလာ မှာ ဝယ်လို့ရပါတယ်။ ကိုယ်သုံးနေတဲ့ ကဒ်မို့လို့ သု့ အကြောင်းဘဲ ရေးပါ့မယ်။ ကိုယ်တို့ရဲ့ စလုံး လိုင်း တယ် လီဖုံး က အဝင် မှာ free call မို့လို့ ပိုက် ဆံ မပေးရပေမဲ့ အထွက်မှာတော့ တစ်မိနစ်ကို ၁၀ ပြားကနေ ပြား ၂၀ ဝန်းကျင် ကျသင့်လေ့ ရှိပါတယ်။

မိန်းကလေး ဆိုတာ ဖုံးမှားရင် နာရီဝက်။ မှန်ရင် တနာရီပြောတတ်လေ့ ရှိပါတယ်။ အဲဒီတော့ ကာ မှားဝင်တဲ့ဖုံး ကိုတောင် မှားနေ ပါတယ် ရှင် ကစပြီးလေ များတာ နာရီဝက် ကြာနိုင်တဲ့ သာဓကာတွေ ရှိ တဲ့ အခါ အတော်လေး bill ထိ ခိုက် နိုင်ပါတယ်။ လက်ရှိကို ချာတိတ်မ တစ်ယောက် က အစ်မရယ် သမီးလေ။ စလုံး ၂၀၀ တယ်လီဖုံးဘီလ် ပေးရမယ် ။ သမီးတော့ ဒီလောက်လဲ ပြောမိတယ် မထင်ပါဘူးလို့ ဆိုပါတယ်။ ဒါတွေ က ရိုးနေပါပြီ။


သူ I call back card က တစ်မိနစ် ကို ငါးပြာအောက်ကျသင့်ပါတယ်။
၁။ စလုံ့း ငါးကျပ်ဖိုး ဖြစ်စေ. / တဆယ် ဘိုး ဖြစ်စေ ကဒ် ပြား တခု ဝယ်လို့ရပါတယ်။
၂။ ပြီးရင် ပေးထားတဲ့ နံပါတ် တစ်ခု ကို နှိပ်ပြီး register လုပ်ရပါတယ်။
၃။ ပြီးရင် တော့ သူပေးထားတဲ့ နံပါတ် တခု ကို ဆက်ပြီး ရင် လိုင်း က အော်တို မက်တစ် ပြတ် သွားပါတယ်။
၎။ ပြီးရင် ဖုံး ပြန်မြည် လာ ပါလိမ့်မယ်။ မလည်ပတ်သေးရင်တော့လဲ ဟယ်လို လို့ ထူးလို့ရပါသေးတယ်။ အမှန် ကစက် ကပြန် ခေါ်တာပါ။ ကိုယ့်ရဲ့ ဟယ်လို ကို သူ မသိပါဘူး။

၅။ အဲဒီ အခါ မှာ စက် ကပြောပါလိမ့်မယ်. သင်ခေါ်ဆိုလိုသော နံပါတ် ကို နှိပ်ပါ ဆိုပြီ။
၆။ ပြီးရင် ပြောလို့ ရပါပြီ။ အကြမ်းဖြင့် တမိနစ် ကို ငါးပြားအောက် ကျသင့်ပါလိမ့်မယ်။ အရေ မရ အဖတ် မရပြောချင် တဲ့ အခါ သုံ့းသင့်ပါတယ်။
၇။ တစ်ခါ ခေါ်ပြီးရင်တော့စက် က နံပါတ် တစ်ခု ကို ကို ပြန်ပို့ပါလိမ့်မယ်. စော စော က သင်ဆက်ခဲ့သော နံပါတ် အတွက် ကျွှန်နပ် တို့စက် မှ နံပါတ် တခုပေ့းပါသည်။နောင်တွင် ယင်းနံပါတ် ကို တိုက်၇ိုက် နှိပ်နိုင်သည် လို့ဆိုပါတယ်။

၈။ ကိုယ်တို့ရဲ့ တယ်လီဖုံးလိုင်း ကတော့ အဝင် ဖရီး ဖြစ်ဘို့ လိုအပ်ပါတယ်။ ဆိုလိုတာ က လိုင်းရှိပြီးသား post paid line မှ သာလျှင် သုံးလို့ ရပါတယ်။
၉။ Local call အတွက် အတော်လေး အသုံးဝင်ပါတယ်။ အကြမ်းဖျင်း ၅ မိနစ် အထက် ပြောရင် သုံးသင့်ပါပြီ။