Saturday, August 6, 2011

ကျောခိုင်းဝေးကွာ



ဘလော့ကိုယခင်က လောက် မချစ်ခင် တော့...... ....ရေးမြဲ ရေးလျက် ရှိသော် လည်းစိမ်းကားလာသည်. လူတွေနင့် ပိုမို ဝေး ကွာလာ၏။

သက်ရှိလူသားများနိင့်စကားမပြောဖြစ် အလှမ်းကွာသောကြောင့်ဘလော့လုပ်ရာ ဘလော့ တွင် ပျော်၇ွင်ခဲ့ရပြီးးသကာလ. ဝေးကွာလာပြန်၏. လက် တစ်ကမ်းအကွာ တွင် ဝေးကွာခြင်းမှာ ဝမ်းနည်းစရာပါပေ။ များသောအားဖြင့်ဂျီတွင် ၈ျီပုန်းကြီးဖြစ်ရာ မီးစိမ်း.. နီနေသောသူများကိုတွေ့မြင်ရသော်လည်း ကိုယ်နင့်မဆိုင်သလိုခံစားရ၏။ စိတ်အေး လက်အေး မီးငြိမ်းထားကြသူများကို ကား ပြောဖွယ်ရာမရှိ..

ချစ်ခင်ကြသူများရှိခဲ့ သော်ငြားလည်းအဝေးဆုံးသို့ရောက်နေကြပြီဖြစ်သည်. မာမီ.. မာမီဟု ချစ်သူသည်. ငှင်းကောင်း မီးနီနေသည်ကို ထိုင်ကြည့်နေရန်သာဖြစ်သည်. မိမိနင့်မည်သို့မျှ မပက်သက်……block မလုပ်သေးသည်ကိုပင်ကျေးဇူးတင်နေရ၏။ အမ်းမားဟုခေါ်ခဲ့သူသည် မြင်တွေ့လျင်ပင် လှည့်ကြည့်မည်မဟုတ်.. မမကွမ်ကို ၂၀၀၄ ကတည်းက ခင်ခဲ့သူသည်လည်း မှတ်ချက်ပေးရန်မဝံ့........burgislih ရိုက်ကာဝင်လာခဲ့သူသည်လည်း ဝေးကွာနေလေသည်. အဖွားဟု ခေါ်ကာအာဘွားများစွာ ပေးခဲ့သူသည် ကားခြေရာဖျောက်ရေနောက်ရွေ့သွားလေသည်. နောက်ဆုံးအချီကား အထိနာဆုံးဖြစ်၏. ။။။။။။ များစွာရှိ သေးသော်လည်း ...ဤတွင် တခန်းရပ်ခြေ၏. နစ်ခါမျှ မကကွဲသောအသည်းသည် မနာဘဲ ရှိပါ့မလား……...

ဘလော့များ ကိုလည်း ဖတ်အားကျ၏. အစအဆုံး ထွက်သမျှ တစ်ပုဒ်မကျန်အောင်ဖတ်ခဲ့ရာမှ ခေါင်း စဉ်သာ ဖတ်သောအဆင့်သို့ရောက်၏. အချို့ကိုကျော်၏. အချို့ကိုဖတ်၏။ ဖဘကား လက်ရည်ကျချေ၏. ထောင်ချီသော စတေတပ်များကို မဖတ်နိုင်ရာက စ၏. ကျေးဇူးတင်ရ၏.. ဖတ်ရင်း ဖြင့် exhausted ဖြစ်ရာ မဖတ်နိုငတော့.. မိမိဖတ်လိုရာ face book web page များသို့ကကိုယ်တိုင်ကိုယ်ကျသွားရွေ့စနည်းနာရ၏. ပိုမိုပင်ပန်း၏။ အချို့စတေတပ်များကို မြင်ပြင်းကပ်၏. အခိျု့မှာ အိုကေ၏. မိမိသည်လည်းရေးချင်ရာရေးရာ သူများရေးသည်ကို အမြင်ကပ်သည်ကားမသင့်တော်ချေ.. အချို့မှာ တစ်ကယ်ချစ်ကြသည်လားအ လိုက်သင့်လားေ ရစုန်ကျသည်လား. မြင်ရသည်ကားပျော်ပျော်ပါးပါးဖြစ်သော်ငြား ဖတ်သူ မိမိသည်မပျော်သည်မျာ မိမိမှားနေသည်သာ ဖြစ်၏။

၈ျီကို ဖွင့်ထားသော်လည်း မည်သူနင်မျ့မချက်ဖြစ်. မိမိကိုအားနာရွေ့/မလိုအပ်ရွေ့ မချက်ကျသလို မိမိက လည်းသူများကို အားနာရွေ့ သွားမချက်ခြေ. စိမ်းကား သောအခြေအနေဖြစ်၏. မိမိ ပြောချင်သူကို အားမနာတမ်း အချိန်မရွေးတံခါးခေါက်ရွေ့ ပြောခွင့်ရရန် ဆန်နဖြစ်သည်. ဘုရားသခင်ထံဆုတောင်းပါ၏။ ကျေးဇူးပြုရွေ့ပေးသနားပါ အရှင်……….

Friday, August 5, 2011

Orchard

လွန်ခဲ့တဲ့ဆယ်နစ်ကျော် လောက်က အော်ချတ်သွားရင်လွယ်တယ်။ ရထားပေါ်ကဆင်းဟို လျှောက်ဒီလျှောက်လျှောက်အပေါ်တက်. isetan ဘက်သွား. ပြန်လာ. ပြီးရင် tang ကိုမွေ. ပြီးရင်ဆက်လျှောက်



lucky plaza ထဲလမ်းသလား. တကာရှီမာရာဘက် လှည့်.



ပြီးရင် ဒီဘက်ပြန်လမ်းကူး.. ဆက်လျောက် လမ်းတစ်လျောက်လျောက် လူတွေ ကိုငေးမော. လမ်းတွေကားတွေ ကိုငေးမော..ပြီးဆက်လျောက်. ဆမ်းမာဆက်နားထိလျှောက် ၈ျွန်လစ်တဲနဲ့ အိုဂျီကိုရောက်. ပြီးရင် တာဝန်ကြေပြီ.





အခုတော့ပြောင်းလဲချက်တွေ အများကြီးဖြစ်သွားပီ. မရောက်တာကြာရင်မျက်စိလည်ပြီ.အဆောက်အဦးကြီးတွေ ကလည်းပိုခမ်းနား.. လှပ.





ငေးမောရတာတွေ ကလဲပိုများလာတယ်။



တိုးရစ်တွေ ကော လူတွေ ကော အများကြီး အများကြီး..ဓါတ်ပုံသမားတွေ လဲအများကြီး. လမ်းအစအဆုံးလျှောက်ပြီး ရှိသမျှ မွေဘို့ဆိုတာ မလွယ်တော့ဘူး။





ဆိုင်တွေလဲအများကြီး. ဘယ်ကိုဝင်လို့ ဘယ်ကိုထွက်ရမလဲဆိုတာ ပြန်ပြန်စဥင်္းစားရတယ်





ဒါပေမဲ့လဲ ရသလောက်တော့လျောက်. ရသလောက်တော့ကြည့်. ရသလောက်တော့ငေး.





သူ ကတော့အမြဲပရိသတ်ရှိနေတာဘဲ လှည့်ကြည့်လှည့်ကြည့်နဲ့ဘဲဖြတ်ခဲ့ရတယ် အထဲကို တစ်ခါဘဲလားဝင်ဘူးတယ်။ သူများနဲ့လိုက်သွားဘူးတာ ကိုယ့်ဘာသာကိုယ်လား ဝင်ရဲပါဘူး ထောင်ဂဏန်းမှ အိတ်ထဲမရှိတာ.





my wish. : အဲသည်ကောင်မလေးဖြစ်ချင်တယ်။





မှတ်ချက်
အော်ချက်မှာ စားတာဟုတ်ဘူး ပြန်လာပြီးမှ. ချွာချုးကန်ဘက်သွားရင်းနဲ့ မှ စားတာ.



Thursday, August 4, 2011

Hanna

အက်ရှင်လဲမကြည့်ချင်ဘူး။ crime လဲမကြည့်ချင်ဘူး။ Mystery (?) လဲမကြည့်ချင်ဘူး ။ ဒါပေမဲ့ Hanna ကိုကြည့်ဖြစ်သွားတယ်။ ၁၆ နစ်သမီး ကလေးမတစ်ယောက်ရဲ့ဇတ်လမ်း အဖေနဲ့ ရေခဲ တဲ့အရပ်မှာနေတယ်။ အဖေကနေ တိုက်ခိုက်စွမ်းရည်တွေ လေ့ကျင့်ပေးတယ်။. ပြီးတော့လူတွေ ကြားထဲရောက်လာတယ်။ တိုက်ခိုက်တာတွေ ပြေးလွားတာတွေ ပစ်ခတ်တာတွေ …..နဲ့။


ရှုခင်းတွေ ကြို့က်တယ်။ ရေခဲတာတွေပါတယ်။ Europe ပါတယ်။ မြင်ရလေ့မရှိတဲ့ရှုခင်းတွေ ပါတယ်။

ကြည့်လို့တော့ကောင်းတယ် . ဆွဲဆောင်မှူရှိတယ်ထင်လို့ ရှာဖတ်ကြည့်တယ်။ အစအဆုံးသေချာထိုင်ကြည့်တယ်။ review ဖတ်တယ်။ တစ်ချို့ကလေည်းးကြိုက်တယ် . တစ်ချို့က တော့အားမပေးထားဘူး. လူအမျိုးမျိုးစိတ်အထွေထွေပေါ့.။ Resident Evil လိုမျိုးတော့မဟုတ်ဘူးတဲ့. နဲနဲ ၈၀ ဆန်တယ် ဆိုတာလဲတွေ့တယ်။ ဒါကြောင့် မို့ ငါကြိုက်တာ ထင်တယ်လို့ စဉ်းစားမိ ရသေးတယ်။ သားတို့မမွေးသေးဘူးပေါ့.။