Thursday, October 27, 2011

နေပြည်တော်သို့ (2)

မသွားခင်နေ့များ.ကနေသာလေသည်။




































































နံနက်ခင်းနေသာရွေ့နေ့လည်မိုးရွာတတ်သောအချိန်ဖြစ်သည်။



































































စင်စင်ကြိုက်သောဖိနပ်ကလေးဖြစ်သည် အလွမ်းပြေကြည့်ပါစင်စင်။ နောက်ကြုံလျှင်ဝယ်ပေးပါမည်။ စင်စင်လစ်ခိုက်ထပ်ဝယ်ထားခြင်းဖြစ်သည် စီးရွေ့ကောင်းလေသည်. ပေါပါးချော်မလဲချေ။ ခရီးသွားရန် သင့်တော်လေသည်.။


















နစ်သက်သောဓါတ်မီးဖြစ်သည်.ဘာလုပ်ဘို့နည်း ဖြေရန်မလို. understood. ဖြစ်သည်။ သို့သော်မီးမပျက်လှချေ. ရံဖန်ရံခါ ကားထဲတွင် အမှောင်ထဲပစ္စည်းရှာရန်အသုံးဝင်သည် .။ မလို...လိုလို.. သယ်မည်သာဖြစ်သည်။
ခင်ဦးမေ၏ အဒေါ်သည် အင်္ဂလန်သွားစဉ်က ဆပ်ပြာသယ်သွားဘူးသည်.။ မျိုးရိုးရှိသည်။




















မသွားခင်က.လမ်းသွားရင်းသောက်သော ရွေရင်အေးဖြစ်ပါသည် တစ်ထောင်ကျပ်အောက်ဖြစ်သည်. ပြန်အမ်းငွေပြန်ရသည်။






















မသွားခင်က စားသော လမ်းဘေး တို့ဟူးသုတ်လေးဖြစ်ပါသည် အများသူငှာ အလွမ်းပြေစေရန်တင်ဆက်လိုက်ရပေ၏။




















ပြီးသော် အလွမ်းတွေ ကို ပန်းတွေနင့်ဖြေလိုက်ရ၏။


















အတန်တန် သတိထားသော်လည်း ဖြစ်တတ်သည်ကိုသိသော်လည်းမဆင်ခြင်နိုင်ပါ. တစ်ရက်ထည်း သုံးခါအန်ပြီး ခြောက်ခါ ဝမ်းသွားသော် အခြေအနေ သိတ်မဟန်ချေ. အားလဲမရှိ လဲ၏.ဆေးသောက်ကြမ်းသော ခင်ဦးမေ၏ဆေးများ ဖြစ်သည်. ဆေးခန်းမှ ပြန်လာသော် အိမ်ပြန်ရန် အားမရှိရုံမက ချွေးစေးများပြန်လာသောကြောင့် ခေတ္တထိုင်ကာ စတားကိုလာတစ်ပုလင်း မော့ရလေသည်.။

























မှတ်ချက်

ခေါင်းစဉ်ပြင်လိုက်တယ် ရမား.။

Wednesday, October 26, 2011

နေပြည်တော် (1)

ခင်ဦးမေသည် နေပြည်တော်သို့သွားသောသူများကိုအားကျလေရာ သွားရန်ပြင်ဆင်လေသည်။ သွားဘူးသူများ ရှိသော် လည်း မနီးစပ်ချေ. နီးစပ်သောသူများမှာလည်း ကိုယ်ပိုင်ကားဖြင့်သော်လည်းကောင်း ဆာဖ် ကားကြီးများဖြင့်သော်လည်းကောင်းသွားကြလေရာ ခရီးစဉ်ကို သေချာမပြောပြနိုင်ကြ ။ နီးစပ်ရာ နီးစပ်ရာမှ မေးမြန်းလိုက်လေရာ ရေးတေးတေးရသည်. ဘတစ်ကားကြီးဖြင့်သွားရ၏. မြို့မဈေးရောက်မည်. တည်းခိုခန်းတည်းရမည်. ဟု လမ်းညွန်ရသည်။


ပန်းခရမ်းပြာနင့် ချော တို့၏ နေပြည်တော် ခရီးစဉ်ကို အလွတ်ရမတတ်ဖတ်ရသည်။ ကျေးဇူးတင်ပါသည်.



















ခရီးစဉ်အတွက် အိတ်သွားဝယ်သည်.။ လေးထောင့်ငါးရာကျပ်ခန့်ဟုထင်ပါသည် နဲနဲ ပိုကောင်းပိုကြီးသော အိတ်မှာ ခြောက်ထောင်ကျပ်ခန့်ဖြစ်သော်လည်း အသေးက ခရီးစဉ်နင့် ပိုသင့်တော်သောကြောင့် အသေးကိုသာဝယ်ရသည် သယ်ရလွယ်သည်မဟုတ်ပါလား.။























သွားရသည်နင့်တန်အောင်အကြောင်းရှာကာ ရုံးသုံးရုံးခန့်သွားရန် အကြောင်းရှာသည် .ခေါင်းချာချာ လည်ပြီးသော် အကြောင်းရှာရွေ့ ရသည်. ဖိုင်တွဲများထပ်ဝယ်ရသည်။



















တစ်ဖိုင်လျင် သုံးထောင်ကျပ်. လေးထာင်ကျပ်ခန့်ဖြစ်သည်. စာရွက်များ ကိုစီရသည်။ မိတ္တုများကူးသည်။ မိတ္တုတစ်မျက်နာ နစ်ဆယ်ကျပ်ဖြစ်သည် မီးပျက်လျင် နစ်ဆပေးရသည်။

























ဝယ်ရန် shopping mall များသို့သွားရသည် ဗိုလ်အောင်ကျော်လမ်းတွင်ရှိသော် shopping mall သည် BAK ဖြစ်ရွေ့ . then, စိန်ဂျွန်းဈေးအနီးရှိ. ( where is စိန်၈ျွန်းဈေး). shopping mall များသို့သွားရသည်

















သွားရသည်နင့်တန်အောင် ဈေးများလည်းဝယ်ရသေးသည်။
ဆိုင်များမှာ ကြီးကျယ် ခမ်းနား လာရွေ့ တော်တော် များများ ပစ္စည်းရလေသည် ပိုက်သာလို၏။

























သွားရင်းလာရင်းစားလာသော ဘိန်းမုန့် အဆိမ့်နင့်အချိုဖြစ်သည် အဆိမ့်မှာ အဖြူရောင် အခံတွင် ပဲပြုတ်ကလေးများပါပြီး အချိုမှာ ထညက်ရည်ရောင်ဖြစ်သည်ဟုထင်သော်လည်း အဝါရောင်ထွက်နေသည်. အဆိမ့်ပိုကြိုက်သည်




















မုန့်ဟင်းခါးလည်းလမ်းတွေ့လျင်စားရသည် ဆာသည်မဆာသည်အပထား.စားရသည်။ ပုံမှန်မုန့် ဟင်းခါးမှာ ငါးရာကျပ် ခန့်ဖြစ်သော်လည်း ခင်ဦးမေစားခဲ့သော အချို့လမ်းဘေးမုန့်ဟင်းခါးမှာ တစ်ပွဲနစ် ရာကျပ်ဖြစ်လေသည်. အကြော်ပါသေး၏.အကြော်မပါက တစ်ရာကျပ်ဖြစ်သည်. ။ ပင်လယ်ငါးနင့် ချက်သောကြောင့်ဈေးသက်သာသည်ထင်သည်ဟု သုံးသပ်သူက သုံးသပ်သည် ပင်လယ်ငါးသည် မြို့ထဲသို့မည်သို့ရောက်လာသနည်း. နားမလည်ပါ။





















ချည်ကော်ဇော်ဟု အလွယ်ခေါ်ရမည်ဖြစ်သည်. တစ်ခု သုံးထောင်ကျပ်ဖြစ်သောကြောင့်တန်သည်ထင်ရွေ့. နစ်ခုဝယ်လိုက်သည်. ထပ်ဝယ်ချင်သေးသော်လည်းဘတ်ဂျတ်အခြေအနေကြည့်ရွေ့ရပ်လိုက်ရသည် မိန်းကလေးများသည် တန်လျင်ဝယ်ရွေ့ ယောကျာ်းလေးများသည်လိုချင်လျင်ဝယ်သည် ဆိုသည်မှာ မှန်နိုင်သည်။



















လက်သုတ်ပုဝါလေးများမှာ တစ်ခု လေးရာငါးဆယ်ကျပ် 450 ကျပ်ဖြစ်ရွေ့မျက်နာသုတ်ရန် ရေသုတ်ရန်ဝယ်သော ပုဝါများတစ်ထောင်ကျပ်ခန့်ဖြစ်သည်။

















ထိုအိတ်ကလေးများမှာ တစ်အိတ်ခြောက်ရာကျပ်ဖြစ်သော်ကြောင့်တန်သည်ဆိုပြီးဝယ်ပြန်သည်။


















again အိတ်မှာ သုံးထောင်ကျပ်ဖြစ်သည် . အားနည်းချက်မှာ ဆွဲရန်ကိုင်းမပါ/. အိမ်ရောက်မှ သ တိပြု မိ သည် ။



















ထိုဖပ်ကို ချစ်သောကြောင့်ဝယ်သည်.တစ်ထောင်တန် နစ်ရွက်လားသုံးရွက်လားမသိတော့.။

Tuesday, October 25, 2011

ကျောက်တန်းရေလယ်ဘုရား (2).


















ခရီးစဉ်ပုံများကိုဆက်စီသော့် ပုံခြောက်ဆယ်ကျော်ရလေသည်. . ပုံခြောက်ဆယ်တင် လျင် ဘလော့ ကို နောက်လာမဖတ်တော့ ပါဟု အသံများ ကြားရမည်ကို ကြားယောင်သောကြောင့်ပုံများကို ကြိုးစားရွေ့ ဖြုတ်ရလေသည်.


















ကွကိုကြည့်ရွေ့ ပီတိဖြစ်နေသော်လည်းအများသူငှာ ကိုငဲ့ရသည်. ခရီးစဉ်ကို စိတ်ဝင်စားသောအစ်မကို ဒါတ်ပုံများပြမည်ဆိုသော်ငြင်းဆိုသည်ကို ကြားယောင်ရင်း.(နောက်မှကြည့်မည်ဟုတော့အားနာပါးနာဆိုရှာသေးသည်.).


















ကားရပ်ပြီးဆင်းသော်ငါးစာကျွေးရန်ဝယ်ရန်လူအများဝိုင်းလာသည်။ ။ ထိုသို့ဆိုလျှင်မဝယ်လိုချေ။ တောင်းပန်ရင်းလမ်းဆက်လျောက်ကာ လေညှင်း၏အရသာကိုခံစားလိုသော်လည်းငါးစာဝယ်ရန်လူအများ၏တောင်းဆိုခြင်းကို မခံစားနိုင်တော့သောကြောင့် လေညှင်း၏ အေးချမ်းမှူကိုမခံယူနိုင်တော့ဘဲ လက်မှတ်ဝယ်သည်. ဝယ်ပြီးဖိနပ်အပ်ရသေးသည်။ စေတနာရှိသလောက် ထည့်ဝင်ရန်ဖြစ်သည်။ အသွားအပြန် တစ်ရာလား နစ်ရာ လားမမှတ်မိပြန်. round trip ဝယ်ရသည်. လူမများသေးသောကြောင့်ခေတ္တစောင့်သော်လည်း ချက်ခြင်းပင် လူပြည့်ကာ သမ္ဗာန်စီးရသည်။ သမ္ဗာန်စီးလျင် ရေလှိုင်းကလေးများကိုသဘောကျသည်.



















beach ကိုသဘောကျသော်လည်း သဘော်င်္လိုက်လာသော kmsl သည် ရေကိုမုန်းလေသည်. သူသဘော်လိုက်စဉ်က သွားလေရာ ရေကိုမြင်ရလွန်းရွေ့ ပြင်ပသို့မြင်ရသောအပေါက်ကို ပိတ်ထားသည်ဆို သည်. သို့အတွက်ကြောင့်ခင်ဦးမေသည် beach ကိုမရောက်ဘူးချေ။ east coast သို့လည်း လိုက်မပို့ချေ.Cruise စီးချင်သည်ဆိုသောကြောင့်အဆူခံရဘူးသေးသည်။ ခင်ဦးမေအတွက်မူကားရေပြင်ကို သဘောကျသည် ခြေထောက်သို့ တိုးဝှေ့သော ရေကို ခံစားလိုသည်. သို့အတွက်ကြောင့် အဆင်ပြေသလို ရေပြင်ကိုသွားကြည့်ချင်းဖြစ်သည်. သို့သော်ငြားလည်းရေမကူးတတ်...

















သမ္ဗာန်ေ
ပ်ါသို့အတက်သည်စိတ်လှူပ်ရှားစရာကောင်းသည် ဝမ်းဘိုက်ပြင်တွင်ထိုင်ကြသည်. လူစည်ပါသည်။ ခဏလေးသာစီးရသည်.ရောက်၏. ယခင်က ဘုရားကိုတစ်ပါတ်လှည့်ဖူးရန်ပတ်ပေးသော်လည်းယခုမှာ တိုက်ရိုက်ဖြစ်သည်.



















ငါးစာကျွေးပါသည်. အေးချမ်းစွာထိုင်နေသောလူကြီးထံမှ .. ငါးရာကျပ်လားထင်သည် ငါးစာတစ်ခွက်ကို ..အဆုပ်လုံ့းကလေးများပါသည်. ခင်ဦးမေမှာ ကဗျာဆန်စွာ တစ်ဆုပ်ခြင်းချကာ ငါးလေးများဟပ်သည်ကိုကြည့်သည်. ခရီးသည်အများကျွေးကျသည်.ငါးလေးများမှာ ဟပ်မဆုံးနိုင်. မဝသေးဘူးလားဟုစဥင်္းစားသည်. .ခင်ဦးမေသူငယ်ချင်းမှာ တစ်ခွက်လုံးစာကို တစ်ချိန်တည်းပစ်လိုက်ရာ ခင်ဦးမေ၏ ကဗျာဆန်မှူများသည် ရေထဲသို့ ဘုတ်ကနဲ ဆင်းသွားရရှာလေသည်။

ဓါတ်ပုံဆရာလည်းရှိသည် ပျိုဖြူတို့ဂိုက်ပေးကြသလို ဒါတ်ပုံဆရာကလည်း သင်ကြားသည် ကြည့်ေ၇ွ့ပင်ကောင်းသေးတော့သည်. family များ ပစ်ကနစ်ထွက်ကြသည်. ပျော်စရာဖြစ်သည် ပန်းကန်များချကာ သူတစ်လုပ် ငါတစ်လုပ်စားကြသည်ကို ငေးမောကြည့်ရှူသည်. ဘုရားကို ဦးချသည်.။ ဟိုကြည့်ဒီကြည့်ကြည့်ကာပြန်သည်.။


















အပြန်တွင်ပုတီးများဝယ်သည်။ တစ်ထောင်တန်နစ်ရွက်ကုန်သည်။ လက်ဆောင်ပေးရန် စိတ်ကူး သည်.။ ကော်ဖီမစ်သောက်သည်. အုန်းစိမ်းရည်သောက်သည် .အုန်းသီးခြစ်ကလေးများထည့်သည်.


















ထမင်းကြော်ကိုမကျေနပ်သော်လည်း အုန်းစီမ်းရည်ကိုကျေနပ်လေသည်။ ထောင်တန်များထုတ်သည်. နစ်ရွက်ခန့်ဖြစ်သည်. ။





















































အပြန်သည် နေညိုချိန်ဖြစ်သည်.






































ထိုညက လစ္စလမ်းတွင်ရှိသော YKKO ကြေးအိုးဖြစ်သည်.။


















မေးခွန်း...........လွစ္စလမ်းဘယ်မှာနည်း။