Sunday, December 18, 2011

ဟိုရောက်ဒီရောက် ဗြောက်သောက် 2






















အမျိုးတစ်ယောက်အိမ်တွင်ရောက်စဉ်ရိပ်ကနဲမြင်ရွေ့ဖမ်းဆွဲထားလိုက်ခြင်းဖြစ်သည်။






























ဘာရယ်ညာရယ်မသိ..euphoria ဘာလဲမေးလျှင်တော့အခက်.schizophrenia နင့်နီးစပ်သည်ဟုဖြေလျှင် မဗျိုင်းဖြစ်ပြန်ပီ ဖြစ်သည်။ ဒါတောင် တစ်နစ်သုံးခေါက်ပြန်သူဖြစ်၏။ ခက်သည်က စိတ်ဝင်စားမှုများလျော့ကျသွားခြင်းဖြစ်သည် ဘာကိုမျှ စိတ်မဝင်စားတော့. nothing is interesting and nothing is exciting ဖြစ်သည်. ဘောစ်က non panic ဟု မှတ်ချက်ချ၏။
































ကျွနိုပ်တို့မြို့ကြီးသည်လည်းစည်ကားပါပေ၏။ မည်သည့်နေရာလည်းဟု recall ခေါ်ရာမရချေ.။ ရေးတေးတေးဖြစ်သည်။






















သေချာသည်ကတော့မောင်အေးရောက်သွားခြင်းဖြစ်သည် ထပ်တရာနံပြား ကိုမှာသည်မှာခင်ဦးမေအပြစ်မဟုတ် .ပဲနံပြားမှာရာ ပဲပြုတ်ကုန်နေသဖြင့် မလိုင်နင့်စားရသည်. ဘိုက်ပြည့်နေသော်လည်းစား၏. စမူဆာဝယ်သည်။ မောင်အေးစမူဆာသည် နာမည်ကြိးသည် မောင်အေးသည် ထိုနေရာတွင်ဖွင့်သည်မှာ နစ်ပေါင်းမနည်းတော့ချေ. မျိုးဆက်သစ်များပင်ဆိုင်ထိုင်နေကြပီဖြစ်သည်။






















ထိုမှသော်ရွေဘုန်းပွင့်ဘုရားနားရောက်၏.ဝင်မည်လုပ်ပြီးမှ မဝင်ဖြစ်လိုက်...



















တရုတ်တန်းဘက်ရောက်သွားပြန်ပီ.
ညဘက်သည်သွားစရာရှားသည် ညဆယ်နာရီကျော်လျင်ဘယ်သွားရမှန်းမသိတော့ အိမ်ကလည်းမပြနချင်သေး. အမျိုးများကလည်း အိပ်သည်မှာစောလှသည်.။
























စောစောအိပ်ရွေ့စောစောထကြသည်. ယောင်လည်ယောင်လည်နင့် အင်တာနက်ဆိုင်လည်းမရောက်.. သံယောဇဉ်ဖြတ်ထားသည် မဖြတ်လို့လည်းမရချေ. သူဖြတ်တော့လည်းကိုယ်ပြတ်ရသည်ပေါ့.. :(

























ဟင်းမချက်ချင်ဘဲချက်ရသောအခါ ကြက်သွန်နီထောင်းရင်းမျက်ရည်ကျ၏. မွန်သည်ကိုး........... ထောင်းရင်းနင့် ဖြတ်သွားသူကိုသတိရ၏. သတိရသောအခါ ငိုမိသည်.။ မင်းသားလုပ်ချင်သောအမျိုးသည် မှန်ကြည့်ကာမျက်ရည်ကျသကဲ့သို့ဘလော့ဂါသည်လည်း ကြက်သွန်ထောင်း ငရုတ်သီးထောင်းရင်းနင့် မင်းကို သတိရလိှု့ငါငိုတယ် ...........ဟုတွေးကာ ငိုသည်။ ငိုရင်း စာစီလိုက်သေးသည် အော်ဒုတ်ခ ဒုတ်ခ............


















သူမတွင်ချစ်သူများစွာရှိပါသည်။ မွေးနေ့တွင် ဆုတောင်းပေးကြသောသူများကိုချစ်ခင်စွာကျေးဇူးတင်ပါသည်။ လူတိုင်းက တော့မချစ်နိုင်ဟုတော့စိတ်လျော့ကာ မမျော်လင့်ပါ။ ဤမျှလောက်ချစ်စရာကောင်းသောသူမကို မချစ်သောသူကို ခပ်မဲ့မဲ့သာပြုံးပြမိပါမည်။
























တရုတ်တန်း၏ညသည် မအိပ်သေးပါ. လက်ဘက်ရည်ဆိုင် မုန့်ဆိုင် များဖြင့်စည်ကားသည်. ထောပတ်သီးကိုသိတ်မသောက်ခဲ့ရ အစိမ်းများနေသောကြောင့င်္မဖျော်နိုင်ချေ.

ထိုဆိုင်ကလေးသည် မိုးချုပ်၏. အေးချမ်းစွာပင်နေ၏. မိုးချုပ်သည်မှာ သူနင့်မဆိုင်သလိုပင်. ကားများစွာလည်းလာသည် သူမကဲ့သို့မအိပ်နိုင်သောသူများဖြစ်မည်.



















လက်ပတော့ကို လမ်းဘေးတွင်ချသုံးနေသည်မှာ ငေးမောကြည့်ရသည် . ခေါင်းမဖော်တန်းသုံးလေသည် ခဥမနင့်နင်လားငါလားဖြစ်သည်. ဘာဖြစ်လို့ဒုံးဟု ထုံးစံအတိုင်းစပ်စုရာ လိုင်းကောင်းတုံးအားလုံးဒေါင်းထားကာပြီးလျှင်စုဖတ်သည်ဆိုသည်.

ခဥမဘလော့များပါမလားဟုမျှော်ကာ မျှော်ကာ ကြည့်သော်လည်းမပေါ်လာချေ. သတင်းများကိုဦါ်စားပေးဖတ်သည်ကိုတွေ့ရသည်. စိတ်လျော့ကာ နွားနို့ကိုမော့သောက်လိုက်လေသည်. ဂွက်. (good မဟုတ် guet. ဂွက်)



















Friday, December 16, 2011

happy birthday! --> kom

အဲဒီနေ့ကရန်ကုန်မြို့မှာမိုးအရမ်းရွာတယ် ရေအတော်များတယ်။





























သွားရင်းနဲ့ ရေများတဲ့လမ်းပေါ်ရောက်သွားတယ်သွားရင်းနဲ့ ရှေ့တိုးရခက်. နောက်ဆုတ်ရခက်. သွားမယ်ကွာ. ဒီလောက်ဆိုးမယ်မထင်တာပါဘူး. အဆင်ပြေမှာပါလို့စဉ်းစားတယ်။ ဒီအိမ်ကလေးလှမ်းမြင်ရတာတော့အသည်းယားရဲ့.



























။ မြင်ရတာတော့အားသိတ်မရှိလှဘူး အရှေ့မှာရေများတယ် ဘယ်လောက်များသလဲဆိုတာ ရှေ့က ရေထဲကလူနဲ့ တိုင်းတာတယ်။ သူ့ခြေသလုံး ဒူးခေါင်းလောက်ဆိုရင် ကားဘယ်လောက်မြုပ်နိုင်မလဲတွက်တယ် ရနိုင်လောက်ပါတယ်ဆိုပြီး ..




























ဟိုဘက်ကွေ့ရမလား ဒီဘက်ကွေ့ရမလားစဉ်းစားတယ ဟိုဘကက် အနိမ့်ပိုင်းများတယ် ဒီဘက်ရွေးမယ်ဆိုပြီးရွေးခဲ့တာဘဲ.လမ်းတစ်လျှောကကိုကြည့်ပြီးတော့တော့သင်္ကပြင်းချမိတယ်။



























လက်ကညော့တဲ့ ဘလော့ဂါဆိုတော့ကင်မရာဘဲထုတ်မိသလား တယ်လီဖုံးနဲ့ဘဲရိုက်မိသလားတော့မပြောတာတတ်ဘူးအဆင်ပြေတာနဲ့ဆွဲရိုက်တာဘဲ. ဒီနားလေးကတော့အတော်ဆိုးတယ်. မလွယ်ဘူး တလှိမ့်ချင်း မောင်းတယ် မောင်းရင်းနဲ့ရိုက်သေးတယ် အော် ဒုတ်ခ ဒုတ်ခ.




























မိုးတွေကလဲများလိုက်တာ





























ဘာမှ ကိုမမြင်ရသေလာက်ဘဲ..ဖြည်းဖြည်းချင်း စမ်းပြီးသွားနေရတယ်။

ခြံတစ်ခြံထဲ့ကထွကလာတဲ့ကားအဖြူလေးတစ်စီးတွေ့တယ် သူက ကိုယ့်အရှေ့နားမှာ. ဝမ်းသာသွားတယ် အရှိန်လျော့လိုက်တယ် သူကအရင်ထွက်ရမှာဘဲ by right အရ.


ဒါပေမဲ့ ဒင်းတို့ က ပလီစိချောက်ချက် အရှိန်ထပ်လျှော့ပြီး ကိုယ့်ကိုအရင်သွားဘို့အချက်ပြတယ်။ နေပေါ့. ခင်ဦေးမ ဒီလောက်သတ္တိမနည်းဘူး ဒင်းတို့ယောက်ကျားလေးလုပ်ပြီး အေ၇ှ့ကမတက်ရဲ့ရင်ငါတက်တယ်ဆိုပြီး ရှေ့တက်တယ်။ ဒင်းတို့က ကိုယ့်နောက်က ကပ်လိုက်တယ် တေနာတွေ.

အသည်းယားမနေနဲ့ ရှေ့ဆက်ကြည့်.. ဖြည်းဖြည်း..........

အခြေအနေကောင်းလိုက်မကောင်းလိုက်.....ဖြည်းဖြည်း သွားရင်း လမ်းဘေးက လဘက်ရည်ဆိုင်ကလေးထွက်တားတယ်. ရှေ့မှာအတော်ရေများနေတယ် ပျက်တဲ့ကားလဲပျက်. ခဏလောက်နားပါ သူတို့ဆိုင်မှာ မိုးနဲနဲစဲမှသွားပါလို့ပြောတယ်. ကိုယ်လဲလန့်နေတာနဲ့အတော်ဘဲ ကားကိုေ၇လွတ်ရာမှာရပ် သူတို့ဆိုင်မှာ ခဏခို.....

နောက်က ကားကိုလှမ်းကြည် ဒင်းတို့ကားမရွေ့ပါလား အခြေအနေကြည့် .......ဟန်ပုံမရဘူး တစ်ယောကက်ကေမောင်းတစ်ယောက်က တွန်းနေကြပြီ. စက်ရပ်သွားပီ.. စိတ်ပုတ်တာကိုး..... ထူးဆန်းတာက သူ့ကားကိုယ့်ကားအမျိုးအစားတူအာလုံးတူ အဲဒါ ကိုယ့်ကားလွတ်လြာီပီးသူ့ကားကဘာလို့ရပ်ရတာလဲ နားမလည်ဘူး......

စိတ်ကောင်းရှိတဲ့ကိုယ် ထီးတစ်ချောင်းဆွဲသွားပီးကားဝိုင်းတွန်းပေးသေးတယ်. ခုတော့လဲဘော်ဒါတွေလိုပါဘဲလား...... ဝေါ့ကင်းရှူးနဲ့ သူ မရှူးနိုင်တော့ဘူး ချွတ်ထားလိုကရပီ.




























လက်ဘက်ရည်ဆိုင်လေးထဲမှာ မိုးခိုကြတယ် မုန့်တော့သိတ်မစားရဲပါဘူး. လက်ဘက်ရည် သောက်ကြတယ် မိတ်ဆွေမဖွဲ့ကြဘူး စကား ဝိုင်းပြောကြတယ် ၈ျာနယ်ထိုင်ဖတ်ကြတယ် ခဥမမဖေတ်ဘူး မျက်စေ့မကောင်းဘူး. ဘေးက ကားတေါ ကိုငေးမောကြတယ် ကားကြီးတွေကတော့ဝေါကနဲဝေါကနဲပေါ့. တစ်ချို့ကားလေးတေါကလဲ...... လွတ်ရာမှ ရပ်လိုရပ် ခဏတစ်ဖြုတ်ပါဘဲ မိုးစဲတာနဲ့ရေကျသွားမှာပါလို့လဘက်ရည်ဆရာက အားပေးတယ်.












































ဒတ်ဆန်းတစ်စီးလဲရပ်သွားတယ် စူပါမန်းက တစ်ယောက်ထဲလက်လှည့်ရင်းနဲ့တွန်းလာတယ် ကိုယ်တွေ လဲသွားတွန်းပေးကြသေးတယ်။ သူကမနားဘူး. မိုးရွာထဲမှာဘဲစက်ဖုံးကိုဖွင့်. ဟိုလုပ်ဒီလုပ် လိုက်တာ ချက်ခြင်းဘဲစက်နှိုးသွားတယ် လက်မထောင်ပြလိုကတယ် . သူလဲ ပြုံးပီး လစ်သွားတယ်။ အားကျထှ

မစွန့်စားရဲဘူး ထိုင်နေရင် နာရီဝက်ပေါ့ ကားစက်ရ့ပ်သွားမှ ပိုဆိုးမယ်. .

ရေကြီးတာများဝေါဝေါနဲ့ ထိုင်နေတဲ့နေရာဘေးမှာ ကနေ ရေလှိုင်းလေးတွေကလည်းကားကြီါ်တွေဝေါကနဲ့ဖြတ်သွားရင် ချောင်းသာရောက်နေသလိုဘဲ လိုကားဆရာတေါကပြောကြတယ် ]ဟုတ်မယ် ရေတွေက ခြေထောက်ဘေးကနေဖြတ်ပြီးစီးနေတယ်။ ဆော့လို့ရတယ်။




























မိုးပါးလာတော့လဘက်ရည်ဆရာက သွားလို့ရပီလို့ညွန်ကြားခ်ျကပေးတယ်




























မုန့်မစားခဲ့ရလို့အားနာတယ် စားလို့မဖြစ်တာနားလည်ပါ စိတ်ထဲကအားနာရင်း နူတ်ဆက်ကျေးဇူးတင်စကားဆိုရတယ။်



























ဆက်ထွက်လာတယ် ကားတွေကလည်းကြပ်တာ.. မိုးရွာ့ပြီးစဆိုတော့လဲပိုဆိုးထင်ရဲ့..




























မှတ်ချက်
ဒီနေ့မွေးနေ့
ကျေးဇူှးှရှင်မိဘများ ကိုအောက်မေ့လွမ်းဆွတ်ပြီး.မောင်နစ်မမိသားစုအမျိုးများ မိတ်ဆွေ သူငယ်ချင်း ချစ်သူများ.ကျန်းမာချမ်းသာ.မိမိသည်လည်း ချစ်သောသူနင့်အမြဲချစ်ခင်ပျော်ရွင်ကျန်းမာစေရန်ဆုတောင်းပါသည်.

Thursday, December 15, 2011

စကော့ဈေး (2) ရွေရင်အေး.



























သူငယ်ချင်းနဲ့စကော့ဈေးသွားတယ်။ရွေရင်အေားသောက်တယ်။ အသုပ်စုံစားပြီး။။




























ရေခဲထပ်တောင်းတယ်။


















































































နင့်ကိုငါသတိရပါတယ်။နင်ဘဲနာမည်ကြီးနေလို့လားမသိ................
အော်.............ဦးကြွိ......ဦးကြွိ.............