Monday, February 13, 2012

ပဲခူး (3)




























မင်ကွင်းသည်အပြောင်းအလဲမရှိ. နစ်ခေါက်စီးသော်အနည်းငယ်ရိုးလာသည် သို့သော်မရိုးနိုင်သည်မှာက စီးရခြင်းဖြစ်သည်. ခုံကလေးလှူတ်တုတ် လှုတ်တုတ်. ဘေ့းပတ်ဝန်းကျင်ကိုငေ်းလိုက် မျက်စိမျိတ်ကာအိပ်လိုက်ဖြစ်သည်. ။





























ကောင်းကင်သည် ကြည်သာလွန်းသည်တိမ်ကင်းစင်သည် အနည်းငယ်သာရှိသည် ထိုင်ခုံကို နေမထိုးသောဘက်ကိုရွေးထိုင်သည် လူမှာမနည်းမများဖြစ်သည် ကြိုက်ရာထိုင်နိုင်သည် . နေရခုံရှိသော်လည်းလူမပြည့်ရာရွေးချယ်ထိုင်သည်။



























များသောအားဖြင့်နေပြည်တော်သို့သွားမည်ဖြစ်ရာလူရည်သန့်များသည် .များသည်ဆိုသည်မှာ ကုန်သည် လက်လုပ်လက်စားနည်းသည်ဟုဆိုလိုသည်. ကုန်သည်များ လူရည်မသန့် လက်လုပ်လက်စားများလူရည်မသန့်ဖြစ်တော့မည်ရာ ရိုက်ပေါက်ဖြစ်သည် ဆိုလိုသည်မှာ ဝန်ထမ်းများကိုကြည့်လျင်မည်သို့မည်ရသနည်း ထိုသို့ဆိုလိုခြင်းဖြစ်သည် အကျီအဖြူစင်စင်လေးများ အမျိုးသမီးများဆိုလျင်လည်းအရာရှိရုပ်ပေါက်နေသည်များကိုဆိုလိုခြင်းဖြစ်သည်.































ခင်ဦးမေကတော့ ရူပါခြူခြာလေရာ သွားလေရာကုပ်ချောင်းကုပ်ချောင်းဖြစ်သည် cashier ထင်လိုက်. cooker ထင်လိုက် အထင်မျိုးစုံခံရလေသည်. မတတ်နိုင်. စိတ်ဖြူစင်ဘို့အဓီကဖြစ်သည် သို့ဆိုလျင်လည်းအချောအလှလေးများက စိတ်ကောက်ကြပေဦါ်မည် ဘယ်ဟာမှ မလွတ် ဘာမှ မရေးဘဲထိုင်နေလျင်တောင်အောက်စမလွတ်အောင် ကြည့်ျကျက်နေရသည် ကာလကြီးမကောင်းချေ. လမ်းလျောက်လျင်ခလုပ်တိုက်.နေသောအချိန်ဖြစ်သည် မွေးနေလွန်သော်ကောင့်းအံ့။






























ရထားပေါ်တွင် နိုင်ငံခြားသား အမျိုးသားအမျိုးသမီး (Relationship မသိ) ပါသည်။ ကူညီချင်သော ခင်ဦးမေသည် အရိပ်တစ်ကြည့်ကြည့်ဖြစ်သည်အမျိုးသားတွင် ကင်မရာပါသည်. ရူခင်းကောင်းလျင်ထထရိုက်သည် ထိုသူရိုက်လျှင ခင်ဦးမေသည်လည်းထိုင်ရာကမထ လက်မြောက်ကာ လိုက်ရိုက်သည်. ပရိုနင့် တော့ကွာပေမည်. မည်သူ ပရိုဖြစ်သနည်း ထိုင်ရာက မထ ရိုက်နိုင်သူသည် ပိုပရိုဖြစ်သည်ထင်၏။




























ဝန်ထမ်းအမျိုးသမီးအရာရှိပါသည်. ခင်ဦးမေနင့်ရွယ်တူလောက်ရှိမည် ဘုရားစာအုပ်ကလေးဖတ်ကာ နေသည် ခင်ဦးမေက ဆံပင်လေး ချကာ နုသယောင်နင့်နေသည်. ဘုရားစာအုပ်မပါလာချေ. စိတ်ထဲတွင်တော့ရိုးသားစင်ကြယ်ပါသည်။ နုချင်သည်ကတော့ဖျောက်မရချေ။




























နစ်နာရီဆိုသည်မှာ ခတ္တသာကြာသည်ဖြစ်သည်။ ပဲခူးသို့ဝင်သည်။


































































ဘာမှန်းမသိပျော်သည်ပင်။ နိုင်ငံခြားသား နစ်ဦးသည် ရောက်သည်နင့် ticket ,ticket ဆိုသည် ကူညီမည့်သူများပေါ်လာရာခင်ဦးမေ အခွင့်မသာချေ။























ခင်ဦးမေသည်လည်းအချဉ်မဟုတ်လေရာ ticket လေသည်. နနက်၁၁ ထွက်လာသောရထားသည် ပဲခူးသို့တစ်နာရီရောက်သည် မှတ်မိသောက်ဆိုောသာ် တစ်န်ာရွီခွဲု နစ်နာရီခွန်ခန့်တွှုင် ရထားနစ်ီစီးရှီသည်. မပြန်လိုသေးချေ. ထိုနစ်စီးကိုလွတ်လိုကသည် နောက် လေးနာရီနင့်လေးနာရီခွဲ ရထားရှိသည်။























အပြန်ရထားသည်မပူရချေ. မြန်မာတပြည်လုံးမှ နံနက်ပိုငင်းအထက်မှ ဆင်းလာသောရထားများသည် ပဲခူးကို မဖြတ်မနေရဖြတ်လေရာ ရထားများစွာရှိသည်. ညနေလေးနာရီကိုရွေးလိုက်သည် အပြန်လက်မှတ်သေချာသွားလေသည်. လေးနာရီခွဲ့ကတော့ အဲရာဖြစ်လျင် စီးရန်ဖြစ်သည် အတော်စီမံခန့်ခွဲမှူပိုင်လာပြီဖြစ်သည် ကွကို ချီးကျူးသည်။
























ရထားသည် လူပြည့်၏ လူရှင်းသောအချိန်ကိုအနည်းငယ်စောင့်ရိုက်သည်။ ဟိုယောင်ယောင်ဒီယောင်ဖြင့်နေလိုက်လျင်္ငဖြစ်သည်။ ရထားမှ သစ်သော်လည်းအိမ်သာမှာအနည်းငယ်လိုသေးသည်. အားလုံးမှာ နားလည်မည်ဟုယူဆသည် မရှင်းပြလိုချေ. ခရီးသွားလျှင် သည်းခံနိုင်စွမ်းရှီရပေမည်.




















Friday, February 10, 2012

ပဲခူး (2)

ထိုနေ့သည်နေသာသောနေ့တစ်နေ့ဖြစ်သည်.ကောင်းကင်သည် ကြည်စင်နေသည် .။ .























ဆယ်လခန့်သိမ်းထားခဲ့သော ဖုံးနံပါတ်များကိုဖျက်ပလိုက်ပီစြဖ်ကြောင်းသာ ပြောလိုသည်။။ မေတ္တာဆိုသည်မှာ လက်ခံယူသူမရှိပါက သဲထဲရေသွန်သလိုပင်. မခံစားလိုတော့. သူသည် သူမဘဝထဲမှထွက်ခွါကာ ပက်သက်မျူမရှိတော့ချေ. တစ်ခြားနေရာတွေင်ရှင်သန်နေလေသည်.
























သို့အတွက်ကြောင့်မမ ဟု ခင်သောသူများကို မမသည် ဝေးရာတွင်သာနေလေသည်။ တစ်ခါကွဲတဲ့အသည်းမနာဘဲရှိပါ့မလား။ ဖျက်ပီးသောအခါ မမသည် ဝမ်းသာသွားသည် ငါကွဟုဝမ်းမြောက်မိသည်. မိမိကိုယ်အောင်နိုင်ခြင်းသည် ဝမ်းမြောက်စရာပင်မဟုတ်ပါလား။ြ



























ပြန်သူမဲ့သော မက်ဆေ့များကို မမသည် မပို့မိအောင်ထိန်းသိမ်းနေရသော ဒုတ်ခမှ လွတ်ချေပီ. ပို့ချင်သောမည်သို့လုပ်မည်နည်း မည်သို့မှ လုပ်ရွေ့မရပါ. နံပါတ်များမရှိတော့ချေ။မမ သည် တစ်ခါမျှ ဖုံးနံပါတ်များကိုမဖျက်ဘူးချေ.ဤတစ်ကြိမ်သည် ပထမဆုံးဖြစ်သည်။














































အီးမေလ်ရှိသေးသေည်လည်းမစမ်းသပ်ချင်တော့။.. bounce ဖြစ်လာမည့်အီးမေလ်များကို မမသည် ခံနိုင်ရည်မရှိပါ။ အီးမေလ်များဖျက်ရန်ကြိုးစားပါဦးမည်။ ဤမျှလောက်ချစ်စရာကောင်းသော မမကို လာချစ်ရွေ့ထားခဲ့ရက်သောသူကို မမ နားမလည်နိုင်ပါ. ထားခဲ့သည်ဆိုကတည်းက အပစ်ရှိရွေ့ပင်မဟုတ်ပါလား . မိုးကြိုးပစ်သည် ကိုထန်းလျက်နင့်မကာလိုတော့ချေ.. ဤဝတ်ကြွေးဤမျှ နင့်ကျေစေရန်ဆုတောင်းသည်။












































































မုန့်တစ်ထုတ်နင့်အပျင်းဖြေကာ ရထားကိုဇိမ်ခံရွေ့စီးလေသည်။









Thursday, February 9, 2012

လွမ်းလို့ရေးတဲ့စာ

ပျော်နေတယ်။ အလုပ်တစ်ရက်တိတိမသွားရတာဘဲ . အခုတစ်လော အလုပ်များတယ်။ ဘလော့သိတ်မဖတ်ဖြစ်ဘူး ကောင်းတယ်။ အချိန်ကုန်သက်သာတယ်။ ရေးတော့ရေးဖြစ်တယ။် ကောင်းတယ် စကားတွေ ပြောဖြစ်တာတာပေါ့။ မရူးတော့ဘူး။

သူငယ်ချင်းတစ်ယောက်ကိုသတိရတယ်။
အွန်လိုင်းမှာ အတင်းဝင်လာတဲ့သူငယ်ချင်းပေါ့၊ ဝင်လွန်းအေားကြီးလို့ထွက်ထွက်ပြေးရတယ်။ တော်တော်ကြာပီ။ ချစ်ခင်ဆဲဘဲ. မဆိုးဘူးဘဲပြောရမလား ။ ဆိုးတယ်ဘဲပြောရမလား. မဆိုးဘူးဆိုတာက ချစ်ခင်လက်စမပျက်တာ ဘဲ.။ ဆိုးတာကတော့ဆိုးတာတဘဲ။

မနက်ဆို ဘုရားစာဖွင့်တတ်တယ်။ ညဆို အရက်သောက်တတ်တယ်. မိန်းမမယူဘူး ယူရင်တစ်ယောက်ဘဲရမယ်လေ.။ ညဆို ကလပ်သွားသတဲ့ ။ ဘယ်က ပိုက်ဆံနဲ့သွားနေလဲမသိ. ကိုယ်လိုလူ သေငျေးတောင်မသွားနိင်တာ သူက သွားနိုင်တယ်။ နင်လုပ်စားနေသလား ဆိုတော့ အဖြေမပေးဘူး။

ကောင်မလေးတွေ ကိုချောမှ ကြိုက်တယ်။ ငယ်ငယ်လေးတွေ ကိုလှည့်စားတတ်တ်သေးတယ်။ ပြီးမှသနားလို့ပြန်ဖြတ်ပေးတယ်။ ခလေးမလေးတွေ သနားစရာ.။ ဒါမေ့ပဲ့ ကြာရှည်ခံစားနေတာထက်ကြာရင်ဖြတ်ပေးလိုက်တာ သူလေးတွေ အတွက်ပိုကောင်းတာပေါ့။

ခင်တယ် အတော်လေးခင်တယ်။ သောက်မြင်ကပ်ရက်နဲ့ကကိုခင်ရတာ ။ ခင်စရာလေဲမရှိဘူး ။ သူဘဲ အနားရောက်လာတာကို ..မမကို ချစ်တယ်ဆိုတဲ့သူတွေ က အ နားက ဘဲဖြတ်လျောက်နေကြတာ. ဆွဲလို့ အနေအထားကိုမရောက်လာကြဘူး။ ရောက်လာတဲ့သူကိုဆွဲရတာဘဲ။ မိန်းကလေးတွေ ရဲ့ဘဝက အဲဒါ သနားစရာစရာကောင်းတယ် ။ ချစ်ခင်တစ်ကယ်ချစ်ခင်သူကတစ်ယောက် သူက မဆက်သွယ်လာရင် ဘာမှ လုပ်လို့မရဘူး။ ကိုယ့်ဘက်က မြောင်းဖောက်ပေးပေမဲ့သူက မဆင်းချင်တော့လဲ ဘာတတ်နိုင်မလဲ စီးတာလဲ့မြောင်းကလေးတစ်ခုမှာ ဘဲခြေသွားဆေးရတာပေါ့.။

စိတ်မဆိုးတတ်ဘူး။ သူများတွေ ကိုတော့မသိဘူး မမ ကိုတော့အခုထက်ထိစိတ်မဆိုးသေးဘူး ဆိုးသွာလဲ အေးသွားတာဘဲ။ ခဏ စိတ်မကောင်းဖြစ်ပြီးရင် မေ့သွားမှာပေါ့.။ ကောင်းတဲ့ကောင်မှ မဟုတ်ဘဲ။

ဖုံးဆက်ရင်ကိုင်တယ်။ အဲသာလေးတွေ ချစ်ရတယ် အိပ်နေလဲကိုင်တယ်။ နိုးနေလဲကိုင်တယ်။ ရောက်တဲ့အရပ်က ကိုင်တယ်။ တစ်ချို့က ဆွဲချင်ပါတယ် မောင်ရယ် ဆိုရင်တောင်ကျင့်စဉ်လိုတယ် ဆိုပြီးထွက်ပြေးမှတော့ဘယ်နဲ့လုပ်မလဲ။

မမပျောက်နေလဲ လိုက်ရှာတတ်တယ်။ အားမနာတတ်ဘူး။ ရည်းစားကိုတော့ကြောက်ရတယ်။ ခြိမ်းခြောက်တတ်လွန်းလို့ ကြောက်ပါတယ်ဆို. အသံနဲ့သိတ်ခြောက်တတ်တယ်။ မြေ့ပာပါနဲ့ဆို သိတ်ပြောချင်တယ်။ အဲသကာကိုကြောက်လို့ ..........စိတ်ညစ်ရတယ်။ အားလုံးကောင်းပါတယ်. လိမ်ပြောတတ်တာ လေးတစ်ခုဘဲရှီတယ်ဆိုသလိုဘဲ ။. တို့ကလေ မထိန်းလိုက်နိုင်ဘူး ဆိုပြီး ပြောလိုက်တာဘဲ ဆိုးတယ်။ အဲသည်တော့သူမေးသမျှကို အမှန်မဖြေဘဲေ လျာက်လျောက်ပြောရတော့တာပါ။

ခေါ်မဲ့သူမရှိဘူးလား လို့လဲစော်ကားမော်ကားမေးတတ်သေးတယ်။ အို... ပစ္စည်းတွေမှ အပုံလို့ပြန်ဖြေကာ မှတန်ရာကျတယ်။

လေကလဲမြင့်တာ နစ်ယောက်မရှိဘူး. ။ မနေ့က ဖုံးဆက်ကြည့်တယ် ။ ဘယ်ရောက်နေလဲဆိုတော့ မန်းဒလေးတဲ့ ဘာလုပ်နေလဲဆိုတော့သောက်နေတယ်တဲ့။ ............လာသောက်ပါဦးတဲ့ .ကျေးဇူး. မမ..မသောက်တတ်ဘူး.။ ကြုံရင်တော့လဲသောက်ကြည့်သေးတာပေါ့..

အဆင်ပြေပါစေ. သူငယ်ချင်း..