Tuesday, August 27, 2013

27th august 2013

















ဒီတစ်ပါတ်အတွင်းတစ်ရက်သာ စားရမည် ဖြစ်သော မြန်မာစာကိုသေချာ တည်ခင်းစားသောက်လိုက်သည်။ ထမင်းစားရသည်မှာ အားမရ. အပြင်ဆိုင်မှ ဝယ်စားရသည်ကို အားမရ. မြန်မာနံ့ကလေးငပိနံ့ကလေးဖြင့်စားချင်သည်. ထမင်းဆိုင်မှာ ထမင်း နင့်ငါးကြော် အကွင်း ကိုက်လန်ရွက်ကြော် (စုစုပေါင်းစလုံးလေးကျပ် ပြားသုံးဆယ် x 750= 3225 ကျပ် ဘိုး ဝယ်လာသည် စလုံးတွင် ငါးဈေးကြီးသည် ဘာကြောင့်မှန်းတော့မသိ ကြက်သားဈေးပေါသည်။ ထမင်းဘူးထဲမှ ထမင်းကို ပန်းကန်ထဲသို့ထည့်သည် ပန်းကန်နစ်ချပ်အသစ်ဝယ်ထားသည် တော်ကြာနေ ပန်းကန်လာပေးနေကြမည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည် ။ ဟိုနေ့က အကပ်အသပ်ကျန်သော ပုန်းရည်ကြီး. (ပုန်းရည်ကြီးသည် သုံးထုတ်ကို စလုံးနစ်ကျပ်ပေးရသည် ( 2x 750= 1500 kyats) ) ကို ဆီထပ်ထည့်ကာ (ဆီဝယ်ရဦးမည် ကုန်ခါနီးပြီ) ကြက်သွန်နီ တစ်ကျပ်ဘိုး ဝယ်ထားသည်ထဲမှ အလုံးသေးတစ်လုံးကို ယူကာလှီးထည့်လိုက်သည်။

ငါ့ရံခြောက်သည် မြမြင့်မိုရ်ထင်သည် စလုံးရှစ်ကျပ်ပေးရည် ( 8 x 750= 6000 kyats ) ထိုတစ်ဘူးစာခန့်ဖြစ်သည် လက်ကျန်ငါးခြောက်နင့်ပေါင်းထားသေးသည် ဆီထပ်ထည့်ပြီးစားရုံဖြစ်သည်. ကင်ပွန်းချဉ်ရွက်ကြော်သည် ရယ်ဒီမိတ်ဖြစ်သည သူများကြော်ထားသည်ကိုဝယ်စားခြင်းဖြစ်သည် စလုံးနစ်ကျပ် ခွဲခန့်ဖြစ်ရာ နစ်ထောင်ကျပ်ခန့်ဖြစ်သည်ငါးပိများ၏ ချဉ်သည် ဆိုရုံမျှလေးသာ ချဉ်တော့သည် ငရုတ်သိးအားရပါးရသု့းထားရာ ရဲနေ၏ အားရပါးရစားလိုက်သည် . ဆိုးဆေးတွေ ပါတော့မှာဘဲ ဆိုကာ တွေးမိခြင်းကို ခဏမေ့ထားလိုက်သည် ငါတို့ နိုင်ငံသားများကို ရောဂါ ဖြစ်စေသော အရာများမှ ကယ်တင်တော်မူပါ။ လောလောဆေယ်တော့ စားလို့အတော်ကောင်းသည်ကုန်သွားလေ၏. ။ တန်လေသည် စိတ်ချမ်းသာမှူရသွားသည် ဘယ်နစ်ရက်မှ တစ်ခါြ့ပန်စားဖြစ်မည် မသိ. ကင်ပွန်းချဉ်ရွက်ကြော်ကလေးကို သေချာသိမ်းထားလိုက်သည် ပုန်းရည်ကြီါ်သေချာပြန်သိမ်းသည် ငါးခြောက်ဖုတ်ကလေးကို လေလုံအောင်ဖုံးသည် ဒါလေးတွေ နင့်လူလုပ်နေရ၏

Sunday, August 25, 2013

25th August 2013

 



















မနေ့က အတော်ဖျားသည် ထင်သည်တစ်နေလုံးအိပ်ရာထဲမှ သိတ်မထနိုင် ကွန်ပြူတာနင့် အိပ်ရာသာသွားနိုင်သည် ဝမ်းလဲလျောသည်. မသွားစဘူး dinner party တွေ သွားမစားမစားစဘူး dinner party များသွားမိခြင်းကြောင့်ဖြစ်နိုင်သည်။ မနက်ထ ဆေးသောက်ပြန်အိပ် ညနေ ထ ဆေးသောက်ပြန်အိပ် ညနေက အိပ် ည တစ်ခါထ ဆေးပြန်မသောက်ဖြစ် ရေလဲ မချိုးဖြစ်. ထမင်းလဲမစားဖြစ် မနေ့က မနက်က ဘာစားသနည်း အော်ထမင်နင်ဲ ငါခြောက်ဖုတ်ဖြင့်ဖြစ်သည်။ ညနေစာမစေားဖြစ်ရာ ထမင်းများပိုသွားသည်။ ပိုသွားတော့ဘာဖြစ်သနည်း ထမင်းကြမ်းဖြစ်သည်ပေါ့.

ညတစ်ရေးနိုး ပြန်သည် ချမ်းသည် အတော်ချမ်းသည် စောင်အထူကြီး ကို ကုန်းကောက်  (ကုတင်အောင်ရောက်နေ) ကို ဆွဲခြုံက အချမ်းဒဏ် တွန်းလှန်ရသည် မီးယပ်ချမ်းဟုခင် ဆိုချင်သညအလကားနေရင်းထချမ်းခြင်းဖြစ်သည် ချမ်းသည်မှ အေးစက်တုန်နေအောင်ချမ်းသည် စောင်အမထူကြီးမရှိလျှင် မသက်သာ.

မနက်မိုးလင်းတော့တအိမ်လုံးတိတ်ဆိနေသည် မနက် ရှစ်နာရီဃခွဲဖြစ်သည် ဘာနေ့ပါလိမ့်ကိုယ့်ဘာသကိုယမ်မရေရာ တစ်နဂ်နွေလား တစ်နလာလား.။ တစ်ယောက်ထဲနေသညမ်မှာ ဂွကျလှသည် သို့သော်လည်းအနေကြာသော် သူများနင့်မနေချင်တော့ကိုယ့်ဘာသာကာ ကောင်သည် ဆိုးသည် တစ်ယောက်ထဲနေချင်တော့သည် မောင်သာအနားမှာရှိလျှင်တော့မောင်နင့်နေမည်ပေါ့ မောင် အိမ်မှာမရှိလျေင်တော့လဲ မည်သူနင့်မျှ မနေချင်ပေ။

ပြောသာပြောရဥည် ခြေထောက် နာတုံးကတော့ညီမလေးတစ်ယောကို အကူအညီတောင်းက တစ်ပါတ်ခန့်အိမ်လာနေခိုင်းရသည် မည်သို့ပင်မာစေကာမူ နေမကောင်းလျှင်တော့စိတ်ကျသည်သာ သူလေးကို မြင်လျှင် အားတက်ရသည် အိမ်သည နဲနဆြူညံကာ အသံထွက်ရသည် သက်သာလာလျှင်တော့ညီမလေးကို သူ့အိမ်သူပြန်ခိုင်းလိုကသည် မချစ်သည်တော့မဟုတ် တစ်ယောက်ထဲနေသားကျနေခြင်းဖြစ်သည် အိပ်ချင်း စားချင်းများကို သူများနင့်ညှိစရာမလိုချေ.

ယနေ့သည် ခြေထောက်အနာ လုံးဝကောင်းသွားသော တစ်လနင့် ၂၅ ရက်ကြာသော နေ့ဖြစ်သည် ယခုလောက်ကြာမည်ဟု သူမမျှော်လင့်မိ ဆီးချိုမရှိသည်ကိုတောင် တစ်လေကြော်ကြာလေရာ ဆီးချိုရှိသူများအတွက် မတွေးဝံန့ဘာာဘဲပြောပြောလူနာတွေ ရဲ့ ဘက်က ခဏဝင်ကြည့်ဘူးသွားသည်။ ဘုရားစာ နားထောင်ရမှန်းသိလာသည် အမြတ်ဘဲပေါ့။

ယနေ့သည် တစ်နင်္ဂနွေ ဖြစ်ကြောင်းကို ကွန်ပြူတာမှ ၂၅ ရက် တစ်င်္ဂနွေ ဆိုသည် ကို အတည်ယူရသည်.။ အလုပ်သွားရလွန်းသောကြောင့်အလုပ်မသွားရလျှင် တေကြာင်တောင်တောင်ဖြစ်နေသည် ဒီနေ့မှ ရုံးတက်ရမလို အလုပ်သွားရမလို မသွားရသည်ကို မယုံနိင်သလိုဖြစ်သည်။

ထမမင်းကို ကြက်ဥနစ်လုံးဖြင့်ဆားအချိုမှုန့်အနည်းငယ်ကာ ပဲပြုတ် freeze ထားသည်ကို ဖဲ့ချကာ အိုးထဲထည့်ကာ ချေလိုက်သသည် (အိုဗင် မဝယ်ရသေး). ဒါဘဲပေါ့ သံပရာသီး ရှိသည်ကို ပျင်းရိစွာ အချဉ်ထမလုပ်ချငမျက်စထေဲ့တှောုမမြင်ယောင်သား ကြက်သွနန်နီ ဥကွန်းနင့် သံပုရာသီးညှစ်လိုက်လှင် ပိုအရသာ ရှိသွားည်ြပေါ့ နေပါစေ ပျင်းရိလှသည်။

Nyi Linn Thit ဖဘကနေ ဘလော့ ကို သွားဖတ်မိလျင်တော့ကိုယ်တို့ဘလော့ခတ်ကလေးကို လွမ်းချင်လှသည်. ခဥမတို့ကြီးပွားခဲ့စဥင်္ကပေါယေ့ခုတော့ခြောက်ကပ်ကပ်ဖြင့် . သို့သော်လည်း ဘလော့ပြတ်သွားသည်ကို ဝမ်းသာမိသည်။ နဲနဲတော့ဖတ်သေးသပေါ့ ယခင်ကလေိုတော့မဟုတ်တော့. ဘလော့ဖြင့်အချိန်ကုန်ခဲ့သည်များကို နမျောတသလှသည် ဘဝတွင် နစ်ခါပြန်မရနိုင်သောအချိန်များဖြစ်သည်. ကွန်မက်မျာကို ကြည့်လိုက်လျှင်တော့လဲ စိတ်မကောင်းမိ.

ခင့်ကို ချစ်လှသည် ဆိုသော သူများသည် စိမ်းကားသွား၏. စိမ်းကားသွားသောသူများကို ခင်အပြစ်မဆို. ကိုယ့်ဘဝကိုယ်သာ အပြစ်ဆို၏. တစ်ယောက်သွားသော် နစ်ယောက်လာမည်ဟု မဆိုလို ခင့်ကို ချစ်သူများစွာ ရှိလှသည် မချစ်တော့သူများကို ချစ်ပါရန် ပြောလို့မရ..။

ဒါပါဘဲလေ. လောကကြီး နောက်ဆုံးတော့ကိုယ့်ဘာသာကိုသာ ရပ်တည်နိုင်ဘို့ကြိုးစားရသည်. ငိုနေသူများကို လူအများစိတ်ကုန်ကြသည် ပျော်ရွင်နေသူများကို ချစ်ခင်ကြသည် အောင်မြင်သူများကို လူဝိုင်းသည်။ မိမိကိုယ်ကိုသာ စောင့်ရှောက်ရာသည်။

Saturday, August 24, 2013

good time





ဖျားနေသည် ထင်သည် ကိုယ်ငွေ့ငွေ့ပူသည်. လက်နင့်စမ်းကြည့်သည် ပါရာစီတစ်မမောနစ်လုံးသောက်သည် ဟက်ချိုးသည် အာတီဖက် တစ်ခြမ်းသောက်သည်။ ဘိုက်အောင့်ပျောက်ဆေး omeprazole တစ်လုံးသောကသ်ည် ညက ဘိုက်အောင့်လို့ပရုတ်တဆီလိမ်းမည်ဆိုကာ ပရုပ်ဆီဘူးလေးကိုင်က အခန်းထဲဝင်သွားပြမီးမလိမ်းလိုက်ရ အိပ်ပျော်သွားသည် ပုလင်းလေးကိုင်လျှက်ဖြစ်မည် သနားစရာကောင်းလေစွ.




ညက birthday party သွားသည် ဘားလိုမျိုးလား စားသောက်ဆိုင်လိုမျိုးလား မီးခပ်မှိန်မှိန်ထွန်းထားသော နေရာတွင်လူစုက ကိုယ့်ပိုက်ဆံကိုယ်ထည့်ကာ စာသောက်ကြသည် ယခုအကြိမ်သည် ပထမဆုံးဖြစ်သည် တစ်ခါမျှ မလိုက်သွားဘူး သူတို့တွေ၏ activity များကို ဖိတိခေါါ်သော်လည်းကိုယ်က ခရီးအဝေးတွင် နေသူဖြစ်ရာ လိုက်သွားလျင်အိမ်ပြန်အာြးီကီနောက်ကျသည် မောင်တစ်ယောက်ထဲ အိမ်မှာ့ ပျင်းနေမှာစိုးသည် ယခု မောင်က အဝေးမှ မကြာခဏဖုံးဆက်နေရာ လိုက်သွားလို့တော့ရသည် ငါသည်လည်း နိုင်ငံခြားတွင် နေသည်မှာ ဘယ်လောက် ထပ်ကြာတော့မည်မသိ ပြန်ချင်လည်း ပြန်တော့မည် မဟုတ်လား မပြန်ခင် သူတို့လေးတွေ နဲ့ချစ်ချစ်ခင်ခင် နေလိုက်ပါဦးမည် ဟု စိတ်ကူးသည် အစကတည်းက လည်းချစ်ခင်ပါသည်




ဒင်နာဖြစ်ရာတစ်နေရာတွင် ခိုကာ စောင့်နေရသည် သူတို့အတွက်တော့သူတို့အိမ်မှ သူတို့လာကြသည်ကိုယ့်အတွက်တော့ပင်ပ်န်းသည် ညနေသည် ဘိုက်ဆာချိန်ဖြစ်ရာ စားရမည် သိသော်လည်း မစောင့်နိုင် တစ်ခုခုတော့စားရမှ ဖြစ်မည်။ စားပြီး အခန်းပြန်ကာ ခဏသာ အိပ်ရသေးသည် လာခေါ်တော့မည် ဖြစ်ရာ ရေချိုးအလှပြင်ရသည် ခင့်သူငယ်ချင်းများသည် ရိုးရိုးကြီးများဖြစ်ကြသည် ကြိုက်နစ်သော dress ဝတ်နိုင်ပါသည် ဟု ဘာဝတ်ရမလဲ ခေါင်းခြောက်ထားပြီါ်လှမ်းမေးထားရာ ရိုးရိုးသာ ဝတ်ကြသည်။ လူ ၂၀ ကျော် သုံးဆယ်ခန့်ရှိမည် အမှန်တော့လည်း နေ့လည်ပိုင်း ရံဖန်ရခံခါ လေကန်တတ်သော ကန်တင်းမှ အုပ်စုသည် စားသောက်ဆိုင်သို့ပြောင်းကာ လေကန်ကြခြင်းဖြစ်သည်။ ခင်ကတော့နားထောင်သူသာဖြစ်သည တရုတ်လိုမှ မပြောတတ်ဘဲကိုး အိဒိယလိုတော့မပြောကြာ အဂ်လိပ်လိုပြောကြသည် ခင်နားလည်သည် သို့သော်လည်း စကားဝိုင်းတစ်ခုကို leading လုပ်ပြောရန် အရည်အချင်းမရှိပါ




လူအတော်စုံသော်ဘူဖေးလိုမျိုး စားကြသည် အဝစားတော့လည်းမဟုတ် အလှစားလည်းမဟုတ် သူကိုယ်တိုင်က ကျွေးထားသည်မှာ ကြာဇံကြော်. ဆာတေး ပုဇွန်ကြော် အာလူးကြော် ကြက်သားကြော်များဖြစ်လေရာ စားတုံးကတော့ဘိုက်ဝသည် သိတ်တော့အာသာမပြေလှ ကြက်ကြော်စားလှင် ကိုက်စားရမည် ဖြစ်ရာ လက်ပေမည်စိုးသော်ကြာင့်မစား ကိုကာ ကိုလာသောက်သည် occasional များကတော့ drink ကြသည် သူငယ်ချင်းတစ်ယောက်က အရသာ မြည်းခိုင်းသည် ဝီစကီထင်သည်မဆိုး. ဆိုဒါ ကိုကာ ကိုလာနင့် ရောသောက်သူလည်း တွေ့သည် ဘာမှန်းမသိသော အရည်ကို ဟိုရော ဒီရောပြီး ပေးသည်ကိုလည်းတွေ့ဥည် လူက သုံးဆယ်လောက်ဖြစ်ရာ အများကြီးမသောက်ကြပါ တို့ရုံလောက်သာ ဖြစ်သည်အအေးသောက်သူက သောက်သည် ခင်သည် အရသာ ကြို့က်သွားကာ စားပွဲတွင်ချထားသော သူ့ခွက်ကိုယ့်ခွက် မကြွဲ့ပားတော့သော ထဲမှ ကိုကာ ကိုလာန့် ရောထေားသည် ထင်ရသော တစ်ခွက်ကို ယူကာ ရူးသလို ပေါသလိုနင့်ယူသောက်လိုက်သည် ပထမက အရက်မသေသာက်တတ်ဟု ပြောထားချင်းဖြစ်သ်ည အရသယာပိုရှိသွားသယောင် ခံစားရသည် Birthday boy သည် ခပ်ချောချောဖြစ်သည်. .။ သူတို့ ခွက်ချင်းထိလျှင် ရောယောင်က ဝင်ထိသည် ပျော်တော့ပျော်၏. ခင်အသက်ကြီးသော်လည်း ဟိုနားဝင်နားဝင်တိုးလို့ရသေးသည်. အားရှိသွားသည်.




သိတ်မိုးမချုပ်ခင် တစ်အုပ်စုက ပြန်မည် လုပ်ကြသည် ခင်မပြန်ချင်သေး ဟင် နင်ပြန်ရမယ် အဝေးကြီးက လာတာ မိုးချုပ်ပြီ ဟု တစ်ယောက် ကအတင်း ပြန်ခိုင်းသည် သူလည်းပြန်မည် ဖြစ်သည် ဟင် မိုးချုပ်ကိတ်စမရှိဘူး ငါပြန်နေကျဆိုသော်လည်းနင့်ဘာသာ နင်မိုးချုပ်ပြန်တာ ငါမသိဘူး အခု ငါ့ရှေ့မှာ နင်မိုးမချုပ်ရဘူး လာလာ ပြန်မယ် လိုက်ပို့မယ် (အဂ်လိပ်လိုပြောကြချင်းဖြစ်သည် )အနိးံဆုံးနေရာသို့ဟု ဆိုကာ ဗီတိုအာဏာ သုံးပြီးပြန်ခေါ်လာသည် ခင်သည် မပြန်ချင် ပြန်ချင်ဖြင်သူ့နောက်လိုက်ရသည် bitrthday boy ကို ပါးစပ်ထဲ အရက်အတင် လောင်းချကြသည်. corporate ရှိပါဟု ဆူပူကြသည် birthday cake vလည်းစားရသည်.အားလုံါးဒ်ါတ့်ပုံစုရိုက်ကြရာ လူများလွန်းသောကြောင့်မဝင် squeeze ဟုရိုက်ပေးသူက အော်ရာ အားလုံးက တစ်ပျော်တစ်ပါးကြီး squeeze ဟုဝိုင်းအော်က အားလုံး စု ကာ ယိမ်းယိုင်သွားကာ လူအတငးစုပြီးရိုက်ကြလေသည် ထိုဒါတ်ပုံတောင်းရဦးမည် ရိုက်သော ကင်မရာပိုင်ရှ်င်တွေ ဖဘ မရှိပါ.ယုံချင်ယုံမယုံချင်နေ ။ မနေ့ကညသည်ခင့်အတွက်တာ့ good time ဖြစ်လေသည်။.