မန္တလေး ရောက်ရင်ဘုရားကြီးမရောက်လို့မဖြစ်ဘူး။ မနက်လေးနာရီလာဘို့ကောင်းပေမဲ့အဲသည်အချိန်မှာ မလာဖြစ်နိုင်ဘူးဆိုတာ ကိုယ့်ဘာသာကိုယ်သိတ်သေချာနေတာမို့လို့ ဟေး. ဆိုင်ကယ် ဆိုပြီး ရောက်သွားတယ်။ ဟော်တယ် (ဟော်တယ်) မှာ ခဏ တစ်နာရီ နားတယ်။ မထချင်ပေမဲ့ ကုန်းရု့းံထတယ်။ ရေချိုးတယ်။ အောက်ဆင်းတယ်. မွင်ဂါးစားတယ်။ အသွားအပြန် တစ်ထောင့်ငါးရာနဲ့ဈေးတည့်တယ်။ စောင့်ပေးမယ်။ ဘတစ်တွေ ကားတွေ အများကြီးရှိပေမဲ့လဲကိုယ်မှ မလည်ဝယ်သေးတာ.........
ဆိုင်ကယ်တွေ များတယ် သိတ်မကြည့်ရဲဘူး ဖြစ်ချင်တာဖြစ်. ဖြစ်ချင်ရင်ဖြစ်မှာဘဲ သူရို့လဲ မန္တလေးသားတွေ ဘဲ သူတို့ဆိုင်ကယ် သူတို့မောင်းတတ်လိမ်မ့ပေါ့ဆိုပြီး ရဲရဲမကြည့်ရဲဘူး အသည်းယားစရာကေင်းထှာ တစ်ချို့နေရာတွေ များသောအားဖြင့်မီးပွိုင့်တွေ မှာ သူရို့ဘာသာ သူရို့ဘဲ ဘယ်လို ရောက်သွားလဲတောင်မသိဘူး.။
တစ်ကယ်ကြည်ညိုဘို့ကောင်းပါတယ် . ကြည်ညိုလို့ကိုမဝဘူး . ရှေ့တိုးကြည့် နောက် ဆုတ်ကြည့်.... ဘေးကကြည့် လှမ်းမျော်ကြည့်
ကြည့်လို့မဝပေမဲ့စောင့်နေတဲ့ဆိုင်ကယ်ဆရာကိုအားနာ. သွားချင်တာကလည်းများ. နိုင်သလောက်ကြည်ညိုပြီးပြန်ထွက်.
တစ်ပတ်မလှည့်ဖြစ်ပါဘူး ဟိုနားဒီနားလျောက်..ပါဘဲ..
တစ်ချို့ပုံတွေ ကလူတွေ များနေလို့(သိတ်ထင်ရှား) ထပ်ခါတစ်လဲလဲရိုက်ရတယ်။ လူပုံပါသွား ထပ်ရိုက်.. နောက်တစ်ခါ လူပုံမပါတော့မှ ကျေနပ်
အချိန်က အားကြီး rush ဖြစ်တယ် ဒီလောက် rush ဖြစ်တော့လဲအားမရဘူး။

မှတ်ချက်
အပိုင်းတွေ ခွဲဦးမယ်။ မတားနဲ့တော့. လာဖတ်ပေးကြပါနော် ( ဖိုးစိန်ကဲ့သို့မဲဆွယ်) . 5 မှတ်.
စွဲလန်းမှူ ကြီး တစ်မှတ်.
တင်ပျြချင်ဇောကြီး တစ်မှတ်.(ကိုယ့်ဘာသာကိုယ်ပေးတာတောင် နစ်မှတ်ဘဲရတယ်)
သိတ်ကြာတယ် မပြီးနိင်ဘူး ပြန်နှုတ် တစ်မှတ.်
ပုံတွေ သိတ်ဝါးတယ်။ ပြန်နှုတ် တစ်မှတ်.
စိတ်မရှည်တော့ဘူး လာမဖတ်တော့ဘူး ပြန်နှူတ် တစ်မှတ် အဟင့်..............

17 comments:
မခင်သီးမေ
ခ၇ီးသွားမှတ်တမ်းစာအုပ် ထုပ်ပါလာခင်းဗျား
စေတနာများစွာ
နောက်တာလား ဟင်း
http://img40.imageshack.us/img40/3584/243f.gif
အတည်ပြောတဲ့ပုံ့ဘဲ ကျေးဇူး.။
မန်းတလေးရောက်တဲ့ ရန်ကုန်သြူ့ကီးပေါ့ ...း)
၁၀ မှတ် ...
မန္တလေးမှာ မနက်စောစော ဘုရားကြီးသွားဖူးရတာလည်း သိပ်စိတ်ချမ်းသာခဲ့ဖူးတယ်။
ရဟန်းသံဃာတော်များကို ဒကာဒကာမတွေက မနက်စောစော ဆွမ်းလောင်းတာလည်း တွေ့ခဲ့ရဖူးတယ်။ သာဓုခေါ်စရာကောင်းမှ ကောင်း။
ဘုရားဖူးပြီးလို့ အပြန်လမ်းမှာ မုန့်ဟင်းခါးဆိုင်မှာ ဝင်စားပြီး လဖေ့ရည်လေး သောက်ရတာလည်း မမေ့နိုင်စရာ။
အတိတ်တွေ အတိတ်တွေ ...
လပြည့်နေ့မနက်မှာရှမ်းသူငယ်ချင်းတွေ
ဘုရားကြီးသွားတာကို လိုက်သွားတတ်ပါတယ်..။
စက်ဘီးနဲ့ပဲ....
မနက်စောစော ၅နာရီလောက်ကို...
(အဆောင်မှူးးကို ညကတည်းက ကြိုပြောထားရတာပေါ့..)
ပုံ။
Xထုံ
Good ...Thanks toooooo much :)
မန်းတလေး ပြန်ရောက်လာဘီကိုး။ မဟာမြတ်မုနိဘုရားကြီးမှာ မနက် မျက်နှာသစ်တော် ကပ်တာ ရှိတယ် တစ်ခေါက်တော့ ရောက်ခဲ့ဖူးတယ်။
ဘိုင်သဝေး
ဆိုင်ကယ်တွေ သိပ်စီးတာပဲ။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ ဘုန်းတန်ခိုး
အာနုဘော်ကြောင့် ဘုရားပုံတွေတော့ ကြည်ကြည်လင်
လင်ရှိသားပဲ.....:) ၁၅ မှတ်
no comment - 10 marks :P
မန်းလေးပြီးတော့..ဘယ်လဲကွယ်..
Hard study.
BINO
ဘုရားကြီးက အချဉ်ပေါင်းဝယ်မစားခဲ့ဘူးလား မမ... မန်းလေးသူ..မန်းလေးကိုပိုလွမ်းမိမှာစိုးလို့...ပို့စ်မဖတ်ဘူးလို့လုပ်ထားပေမဲ့...ခုတော့.. :(
အဟင့်ဆိုတာလေးကိုကြိုက်တယ်၊ မမကွန်း နားထောင်ဖို. သီချင်းလေးတစ်ပုဒ် တင်လိုက်ပါတယ်၊
http://www.youtube.com/watch?v=sKlOPsSDIGY&feature=related
အမကြီး ပျှော်ရွှင်ပါစေ၊
ခင်တဲ့
မောင်ဇီ
mama khinoomay.
i m every day doing block walking n specially like ur nonsense posts.Anyway pls take care of my bf too. Anyhow, pls do force to upload one broken plost in ur blog.I wl b waiting to read here.
I miss being happy in my life.
R.I.P
Yinnyein Pwint
သွား သွားနိုင်လွန်း - ၁ မှတ်
ဝယ်နိုင် စားနိုင်လွန်း - ၁ မှတ်
အရှိန်မပျက် ရေးနိုင် - ၁ မှတ်
ပုံရော စာပါ ဝေဝေဆာဆာ စိတ်ဝင်စားစရာကောင်း - ၁ မှတ်
ချစ်၍ အသားလွတ်ပေး - ၁ မှတ်
စုစုပေါင်း ၅ မှတ်
ပုံ
အမှတ်ပေး အရှိန်မသေသူ သက်ဝေ
နောက်ပိုစ့်က မန်းလေးတောင်ရောက်ပြီလား....
မြွေနှစ်ကောင်လေးလည်း ပါပစေနော်...
စောင်းတန်းက အရုပ်ဆိုင်တွေပါ ပါလာရင် သိပ်ကောင်းမှာ
Post a Comment