Friday, November 4, 2011

back up


















ယိုးဒယားရေကြီးသည်။ အမြော်အမြင်ရှိသောခင်ဦးမေသည် ပရိုမီနာနင့်မိတ်ကပ်တစ်ဘူး မြန်မာ ဆိုင်မှ ပြေးဝယ်လိုက်သည်. ရေကြီးသော်အကြောင်းအမျိုးမျိုးကြောင့်ပစ္စည်းပြတ်.ဈေးတက်နိုင်သည်ဟု တစ်ထွာတမိုက်ညာဏ်ဖြင့်တွေးကာပီတိဖြစ်နေလေသည်.။

ီဒီဇင်ဘာ လိုင်နာဆွဲတံသည် နစ်ပေါင်းများစွာကြာသော်လည်းရောင်းနေရဆဲပင်။ ဝယ်နေဆဲဖြစ်သည်။ ဤသို့သောပရောဒတ်ကို ငါဘဇာကြောင်္င့င်္များမထုတ်နိုင်သလဲဟု ကွကို တနုံ့နုံ့ဖြစ်သည်။

မြစ်ဆုံ.ဧရာဝတီအကြောင်းအစ်မလဲရေးပါဟုဆိုသော်ယောင်ဝါးဝါးလုပ်နေသည်.။ စတိေ၈ျာ့အကြောင်း မက်ဆေ့ရသော် မည်သူနည်းဟု နီးစပ်သူကို ကျိတ်မေးသည်.။ ကဒါဖီဆိုသော် မေးပြန်သည်. ပြောမကုန်ချေ.

ထိုသို့သောအရည်အချင်းရှိသောခင်ဦးမေသည် လက်ပတော့ဝယ်ရာ back up လုပ်ရန် အကြိမ်ကြီမ်ပို့သော မက်ဆေ့ကို ဘာလုပ်ရမည်မသိသောကြောင့် လက်ပတော့ကိုရန်ကုန်ယူသွားသည် မြန်မာစာဖွန့်ကိုဖတ်ရန် ထည့်တတ်သော်လည်း window 7 တွင်ရေးရန်လက်ကွက်ကိုကြိုးစားထည့်ရာမအမေအာင်မြင်သောကြောင့် နီးစပ်ရာဆိုင်တစ်ဆိုငသို့လက်ကွက်သွားထည့်သည် သုံးထောင်ပေးရသည်။

ဘက်ဂအပ်လုပ်ရန် ကွန်ပြူတာဆိုင်သို့မေးသော် ဆိုင်တွင်ထားခဲ့ရမည် နာရီအနည်းငယ်ကြာမည်. ငါးထောင်ယူမည်ဆိုသောကြောင့် ဆိုင်ကိုမေးရွေ့မည်သို့မည်ပုံ လုပ်ရမည်ကိုမေးပြီး အခွေ တစ်ချပ်နစ်ရာကျပ်နင့် ငါးချပ်ဝယ်ခဲ့ပြီးအိမ်တွင် ဆိုင်၏ ညွန်ကြားချက်အတိုင်း back up လုပ်သည် စလုပ်ချိန်မှာ သန်းကောင်ကျော်နေပြီဖြစ်ရာ တစ်ချပ်ပြီး တစ်ချပ်ထည့်ပြီး နောက်ဆုံး အချပ်ကို စောင့်နေဆဲအိပ်ပျော်သွားသည်။ နံနက်လင်းသော် ပြီးနေပြီ ဟုဆိုသော စီဒီပြားကို စိတ်မသက်မသာနင့် ထုတ်ကာ သိမ်းးထားလိုက်သည်။

ကွန်ပူတာ တစ်လုံးဝယ်ပြန်သည်။ စားပွဲတင်ကွန်ြ့ပူတာဖြစ်သည်. လက်ပတော့ကိုအားမရပါ။ စားပွဲတင်ကြီးကိုသာအားရသည်။ ဘက်က်အပ်လုပ်ခိုင်းပြန်သည်။ ignore အကြီမ်ကြီမ်လုပ်သည်။ ကွန်ပြူတာထုတ်လုပ်သူများကိုစိတ်ဆိုးသည်. ဘာကြောင့်များ ဘက်ဂအပ်အခွေ ကို မထည့်ပေးလိုက်ရသလဲ တွေးက စိတ်ဆိုးသည် လူတိုင်းကို လုပ်တတ်တယ်များထင်နေသလားဟု ရန်တွေ့သည် နေနင့်ဦး .ဟု ကြုံးဝါးသည်။ အခွေထည့်ပေးပါ ပိုက်ပိုပေးပါ့မယ်ဟု စာပို့ရန်စိတ်ကူးသည်။ ေ
















နောက်ဆုံး မတတ်နိုင်တော့သောကြောင့်အတိုင်းယူကာ ဆိုင်တွင် အခွေသွာဝယ်လေသည်. အတိုင်းမှာရန်ကုန်က အခွေဖြစ်သည်. ဓါတ်ပုံရိုက်ယူသွားကာ ဆိုင်တွင်တိုက်ကြည့်သည်။ ဟိုဘက်ဒီဘက်လှည့်ကြည့်သည်။ အနည်းငယ်ရှက်သော်လည်း နားမလည်သောကြောင့်ဆိုင်မှ အကူအညီယူကာဝယ်လာသည်။

မလိုချင်သောအချိန်က တချိန်လုံး ဘက်ဂအပ်လုပ်ရန်သတိပေးနေသောကွန်ပြူတာသည် လိုချင်သောအခါ သတိမပေးတော့ချေ. ဘယ်နားကသွားရှာရမှန်းလဲမသိချေ။ သူဘယ်အချိန်ပေါ်လာမည်နည်းဟုစောင့်ရသည် တစ်ရက်က အိပ်ခါနီးမှ ပေါ်လာရာဒီအတိုင်းသာဆို ငါတော့အိပ်ရမည်မဟုတ်တော့ဆိုကာ ignore လုပ်လိုက်သည်. နောက်တစ်ခါ အွန်လိုင်းကောင်းနေဆဲပေါ်လာပြန်ပြီ. ignore လုပ်လိုက်ရာစိတ်ကောက်သွားပီးတော်တော်ဲနင့်ပေါ်မလာတော့ချေ။

ဟာ ပေါ်လာပြီ ဆိုကာ ဝမ်းသာရသောနေ့တွင်ကမန်းကတန်း အခွေကို ယူကထည့်လိုကသည်။ ဟုတိတိပက်တိပင်. ငါက ရန်ကုန်မှာတောင်ကွကိုထည့်လာသေးတာဘဲဆိုကာ ပန်းကန်သွားဆေးသည်အ၈ျီလျော်သည် လှမ်းကြည့်ရာ အခွေချပ်ထွက်လာသည် ပြီးပြီ နောက်တစ်ချပ်ထည့်ပါဆိုသည်။ အားရဝမ်းသာဖြင့်ကွုန်ပြူတာကိုထိလိုက်ရာ စီဒီအခွေ ပြန်ဝင်သွားသည်ဘာလုပ်ရမည်နည်းမသိ. ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားသည်။

စီဒီကိုပြန်ထုတ်ပြီးေ နာက်တစ်ခွေထည့်သည် ဆက်လက် burn လုပ်နေသည်. အဟိ burn ဆိုတာဘာမှန်းမသိပါ. ဖျက်လိုက်တာဟုထင်နေသေးသည်။ ဆိုးတာက error မက်ဆေ့တက်လာခြင်းပင်.ဘာတွေမှန်းမသိ. နားမလည်. နောက်တစ်ခွေထပ်ထည့်သည်. ထိုအတိုင်းပင် ..နောက်တစ်ခွေ ထပ်ထည့်သည်. ဟုတ်သွားသည် ။ ဆက်ထည့်ပါဟုဆိုသည်. အားရဝမ်းသာဖြင့် စီဒီဖွင့်သောနေရာနားကိုသွားရာ အပေါ်တွင်တင်ထားသောစီဒီအလွတ်များအောက်ကျသွားသည်. မည်သည်က မည်ဝါဆိုသည်ကို သိုးများကြားထဲဝင်သွားသော သိုးကဲ့သို့ မရှာတတ်တော့ချေ.ထင်ရာတစ်ခုထည့်လိုက်သည်မရ. နောက်တစ်ခုထည့်ုလိုက်သည်ရသည်. ဘာတွေ မှန်းမသိ. ကွကိုသာနားလည်နိုင်သောလက်ရေးဖြင့်မှတ်လိုက်သည်.















စီဒီအဖွင့်အပိတ်မှာလည်းခေါင်းစားသည် ဘာလုပ်ရမည်မသိ ဟိုကြည့်ဒီကြည့်.တွန်းချရသည်. မျှားပါသည်. ဘာလို့များ press မလုပ်သလဲစဥင်္းစားသည်. ။ ပါဝါခလုပ်သည်လည်းခေါင်မိုးပေါ်မှာဖြစ်သည် ဘာဖြစ်လို့အရှေ့မှာမထားလဲစဉ်းစားသည်. စဉ်းစားရတာတွေလည်းများပါဘီ.

နောက်ဆုံးတော့ပီးသွားသည်. . ။ ဘာတွေဖြစ်ကုန်လဲမသိ. ကြွတ်ကြွတ်အိပ်နင့် ထည့်ကာစီဒီများကိုသိမ်းထားလိုက်သည် . back up drivers and application ကိုလည်း burn (နစ်ခါထပ်ပြော) ကာသိမ်းထားလိုက်သည်။

နစ်ခါ ဘက်ဂအပ်လို့ရလားသိချင်သောကြောင့် သွားကြည့်ပြန်သည် မေးခွန်းကြီးမေးသောကြောင့်ကြောက့်ပီးအသာလေးပြန်ပိတ်ထားလိုက်သည် သူဘာမေးမှန်းနားမလည်ချေ.








ဆုတောင်း
နောက်အခါတွင်ဘက်ဂအပ်အခွေများထည့်ပေးပါစေရန်ဆုတောင်းသည်.

16 comments:

ကိုဇော် said...

သုံးထောင် ၊ ငါးထောင်တဲ့ လုပ်ပေးချင်ပါဘိ။
ခွေမဝယ်လည်း လုပ်လို့ ရတာပါပဲ။

မီးမီးငယ် said...

မပူပါနဲ့ မခင်ဦးမေ၊
မသိလျှင်မေး မစင်လျှင်ဆေး တဲ့။
မေးသာမေးပါ။
ကျမလည်းဘာမှမသိဘူး၊
မှတ်မှတ်ရရ စားပွဲတင်ကွန်ပြူတာ ၄ လုံး၊
လက်တောပ် ၂ခုမြောက်လောက်မှာတော့၊
နဲနဲနားလည်လာပါတယ်။
ပျက်ရင်လည်းမပူနဲ့ ဆိုင်ရှိတယ်။
ပြီးပြန်ရောင်းလို့ ရတယ်လေ...ဟီး။

Anonymous said...

Ma Ma,
That back up is OEM factory settings restore backup.
Not your user data and the like. But it is very useful that it will roll back your system to the state the day you bought.
And better make ASAP (prevent deteriorating setting to minimum cause by daily use, Windows age and wrinkle like people :-)
One point to note is if you use another Windows installer (legit/non-legit) to reinstall, during partitioning and formatting, there is a chance the hidden recovery partition can be overwrite or corrupted, or got spoiled itself. Then your backup DVD could no longer works assuming you made properly in the first place.
All in all it is very handy to have because there is your legit Windows since they do not provide recovery CD or OEM Windows anymore.
And you should use branded blank media such as Sony, TDK, Imation, etc to make your recovery discs. Definitely not the one like in photos because they can make you frustrated later :-? Even MTBF of branded media is just <5yrs, god knows the cheapo one last how long.

With Love,
The Tech Guy.

Anonymous said...

အမရယ်
Mr.Bean ကားကြည်.နေရသလိုဘဲ၊ ရီလိုက်ရတာ။
တယောက်ထဲ ရုပ်တည်ကြီးနဲ.ထင်တိုင်းကြဲနေတာလေ။
ဟီးဟီး

Anonymous said...

အမ
ပရိုမီနာ ၊ ဒီဇင်ဘာလိုင်နာတောင်. ????????
ရှေးဖြစ်ဟောင်း အောင်.မေ.ဖွယ်လုပ်နေတာလားဟင်။
အမ တကယ်လိမ်းတာလား။ အမပြောတော. လော်ရဲလ် တို.၊ တခြားမိတ်ကပ်တို.ဘာတို.လိမ်းတယ်ဆို။
ပရိုမီနာ အမကြိုက်တာလားဟင်။
အမကတော. တကယ်.ရှားပါးဘဲ။

Anonymous said...

ပရောဒတ် ဝေါဟာရတွင် အရောအနှော ရောရိရောရာဖြစ်သည့် အဓိပါယ်ဆောင်သော ရောကို ဖြုတ်ပြီးသကာလ
ပဒတ်စာ ကို ထုတ်လုပ်ဖြန့် ချီ ရန် ကြိုးစားနိုင်ပေမည် ဟု အကြံပေးလိုက်ပါသည်။

Anonymous said...

မမ
ဘာမှ မတတ်တဲ့ ဘုရားစူး အီးစီတောင်

"ဆက်လက် burn လုပ်နေသည်. အဟိ burn ဆိုတာဘာမှန်းမသိပါ. ဖျက်လိုက်တာဟုထင်နေသေးသည်။ "

ဆိုတဲ့နေရာရောက်တော့ ထ ရယ်မိသေးတယ်...။


pifpif

Anonymous said...

ကွန်ပြူတာပေါ်မှာ ကြက်သွန်ဖြူဥတတွဲလောက်ချိတ်ထားရင် ဗိုင်းရပ်စ်တွေ ကြောက်ပြီး လာမကိုက်ကြတော့ဘူးလို့ကြားဖူးတယ်မကွမ်ရဲ့။

ဖိုးတုတ် said...

ကွန်ပြူတာဆိုတာ လက်နှိပ်စက်နဲ. တီဗွီ ပေါင်းစပ်ထားတာ မဟုတ်ဖူးလို. သိတာကပဲ တော်တော်တိုးတက်နေပါပြီ ၊

ခုတလောရေးတဲ့ပို.စ်တွေအရမ်းကောင်းတယ် ၊

ညိမ်းနိုင် said...

အင်း..ကျွန်တော့်လာမေးလည်း မလုပ်တတ်လို့ ဆိုင်ပို့ရ
မှာ ပဲဗျ.....ခုထိကို ကွန်ပြူတာနဲ့ မရင်းနှီးနိုင်သေးဘူးဗျာ..။

mabaydar said...

အစ်မရေ ဖတ်ပြီး ရီမိတယ်... မဗေဒါလဲ သိပ်မသိဘူး... မသိရင်တော့ ဖတ်ပေါ့... မြန်မာပြည်ကတော့ မသိတဲ့သူတွေကို တောင်းတဲ့ဈေးကများလိုက်တာ... မဗေဒါ ဖေဖေ သီချင်းဖိုင်လေး ကွန်ပြူတာကနေ Hard disk ထဲ ပြောင်းခိုင်းတာကို ၃၀၀၀ လောက်တောင်းတယ်... ဒါတောင် တစ်ရက်ကွပ်တည်း သိနေတဲ့သူတွေ... ကျွန်မသိတော့ စိတ်ဆိုးလိုက်တာ မပြောနဲ့...

စုချစ် said...

အစ်မ...ရီရတယ်... အရမ်းရေးတတ်တာပဲ...
အိမ်နားနီးရင် လာလုပ်ပေးမှာပေါ့....း)

မင်းညို said...

မကွမ် ဆီမှာ
ကွန်လာအပ်ရင်ကောင်းမလား
စဉ်းစားနေတာ...

WWKM said...

မမရေ-

မီးလည်းကွန်ပြူတာအကြောင်း ဘာမှနားမလည်..သူများတွေက ဒီလို ဒီလိုလုပ်ရပါတယ် အစ်မဆိုပြီး စာသေခြာရေးပေးလိုက်တာတောင် သူပြောသလိုလိုက်လုပ်တာပဲ..နောက်ဆုံး မဖြစ်မြောက်တာက ခပ်များများရယ်လေ.. :)

AH said...

ကွန်ပျူတာ ၀ယ်ချင်ရင် မကွန်ဆီ မေးရမယ်... အခုမှ ဆရာတွေ့တော့တယ်... မကွန်ပြောတဲ့ ဘက်ကပ်ဆိုတဲ့ဟာကြီး ကျွန်တော်အခုမှ ကြားဖူးတာခင်ဗျ...
ခင်မင်စွာဖြင့်
AH

T T Sweet said...

အစ်မရယ် ဖြစ်ရမယ် ...ရယ်လိုက်ရတာ ... Your writing style is very cute.

အပေါ်ကလို မန့်ထားလို့ ကွန်ပူတာ ကျွမ်းတယ်မထင်နဲ့ဥင်္ီး။ အစ်မကမှ လက်တဲ့စမ်းရဲသေးတယ်။ များဆို အဲလို အော်ပရေးရှင်းတွေ လုပ်ကို မလုပ်ရဲတာ။ အိမ်ကလူပဲ အားကိုးနေရတယ်။ ဒါတောင်သူက ပေါက်ကရတွေ ဒေါင်းလို့ဆို ညက်မှောင်ကျုတ်ကြီးနဲ့ ဆူသေးတယ်။