Wednesday, November 23, 2011

မန္တလေး (4)

ဘုရားကြီးမှ ပြန်လာသောသူမသည် ညနေ ငါးခွဲခန့်ရှိသော အချိန်ကိုကြည့် ရွေ့ဘာဆက်လုပ်ရမည်နည်းဟုအကြံထုတ်ရာမန္တလေး တောင် သွားရန်အကြံရလေသည်. ညနေစောင်းနေသော် လည်း သွားရင်မှီမှာပါလေဟု ဆိုင်ကယ်ဆရာနင့်တိုင်ပင်ကာ သွားကြလေ၏။























ကျုံးနားရောက်သော်နာရီက ခြောက်နာရီသာရှိသေးသော်လည်း. နေစောင်းရာမှ နေညိုရုံမက မှောင်ရိပ်သန်းလာရာ အနည်းငယ်ကြောက်စိတ်ဝင်ပြီး. မသွားတော့ဟုဆုံးဖြတ်ကာ. ဆိုင်ကယ်ကိုရပ်ရွေ့ တစ်ခါစဥင်္းစားပြန်ပီး ငယ်သူငယ်ချင်းတစ်ယောက်ထံဖုံးဆက်လေသည်. ထိုသူငယ်ချင်းမှာ သူမနင့်ခင်သည်မဟုတ်..... ကပ်မြှောင်လိုက်ခင်ထားခြင်းဖြစ်သည်. လာခေါ်ရမလား. ဆိုသောမေးခွန်းကို ကိုယ့်ဘာသာကိုယ်လာခဲ့မည်ဟုဆိုကာ. ဈေးချိုဖက်သို့ပြန်လှည့်လာပြီး ထိုနားတစ်ဝိုက် လမ်းမ တစ်ခု တွင် သူငယ်ချင်းအိမ်သို့ရောက်၏.

ဆိုင်ကယ်ကိုကြည့်ပေးပါဟု ဆိုသော အလိုအရ...

ကြည့်ပေးပါ ဆိုသောစကားသည်အတော်ခက်၏။ နေပြည်တော်ကတည်းက တွေ့ခဲ့သော စကားဖြစ်သည်. မနက်ငါးနာရီမှ ညနေ ခုနစ်နာရီအထိ သုံးသာင်းခန့်ကြည့်ပေးရာ ပျော်သွားပုံရသောကြောင့်အင်း မနည်းပေဘူးဟု ဆုံးဖြတ်ရသည်. ပေးသူလည်းကြည်ဖြူပါသည်. ဆေးရုံရောက်သောမခက်လေ.ာ. . ။ တစ်နေ့လုံးလဲစိတ်ချမ်းသာအောင်ထားသေးသည်။ တန်ပေသည်။

မေမြို့တွင် နံနက်ငါးနာရီမှ နေ့လည်နစ်နာရီခန့် ခြောက်နေရာ သွားရာ နဲနဲလည်းလှမ်းရွေ့ တစ်သောင်းနစ်ထောင်ဖြစ်သည်။

ယခုဘုရားကြီး သို့ဈေးချိုအနီးမှ အသွားအပြန်တစ်ထောင့်ငါးရာ. နင့်ဈေးတည့်ထားရာ. အပြန် လမ်းကွေ့ပြီးကျုံးဘေး ရောက်ပြီး မှ ဈေးချိုအနီးဘက်သို့ပြန်လာရာ သုံးထောင်ကျပ်ကြည့်ပေးလိုက်သည် သိပ်ပျော်သွားပုံမရ.ငါတော့မှားသွားပီထင်တယ်ဟုထင်မိသောလည်း မနက်ဖြန်မနက်အတွက် မိုးလင်းရင်လာခဲ့မယ်ဆိုသောစကားအရ မနက်ဖြန်ပိုပေးတာပေါ့လေဟုစိတ်ထဲတွက်ထားလိုက်သည်.။ တစ်ခွန်းဈေးများနင့်ယဥင်္ပါးလာခဲ့ပြီးသကာလ. ယနေ့မှ ပြန်ပြီး ဈေးနှဲုးများလိုက်စုံစမ်းဆဲဖြစ်ရာ အဆင်မပြေသေးချေ.။

သူငယ်ချင်း က ကားနင့်ပြန်ပို့ပေးရာ လမ်းတွင်ပင်ဆင်း၏. မဆင်းခင် မုန့်ကျွေးချင်သေးသော်လည်းသူမသည် မစားလိုချေ. သို့ဖြင့်ရာနာမည်ကြီးသည်ဆိုသော်တစ်နေရာတွင်ရပ်ေ၇ွ့ ဖက်ထုတ်ကြော်များဝယ်ပေးလိုက်သည် အတော်များ၏. ကောင်းသည်. ဖက်ထုတ်ကြော်အိပ်ကလေးတစ်ယမ်းယမ်းဖြင့်သူမသည် ရှိညဈေးတန်းသို့ရောက်၏. လမ်းဘေး ထမင်းဆိုင်စား၏. ငပိထောင်း ငါပိရည် ပန်းကန်များ များကိုကြည့်ေ၇ွ့သက်ပြင်းချသည် သန့်ပြန့်သော်ငြားလည်း မဗျိုင်းသည် အများသူငါစားသာ ငါးပိထောင်းပန်းကန်ထဲမှ ယူမစားလိုချေ. ဆိုင်လဲသိမ်းနေပြီဖြစ်၏။ အနည်းငယ်သာစား၏



















နိုင်ံငံခြားအနေကြာပြီးသကာလ ကြီးကျယ်လာချင်းဖြစ်သည်.မဟုတ် စိတ်ရောဂါများရသားထင်မိသည်. မိတ်ဆွေ အိမ်တွင် လက်ဘက်ပန်းကန်အများနင့်ကျွေးလျင်မစားချေ. သူတစ်ဇွန်းကိုယ်တစ်ဇွန်း တစ်ပန်ကန်းတည်းလက်ရည်တစ်ပြင်တည်းမစားလိုချေ. တစ်ခါက သူငယ်ချင်းတစ်ယောက်နင့်အတူနေရာ သောက်ရေတစ်ခွက်စီသောက်သည်. သူက အိုကေသော်လည်းကိုယ်က မအိုကေသောကြောင့်သောက်ရေခွက်ခွဲသောက်ရာ သူငယ်ချင်းသည်သူမကို အမြင်ကပ်လေသည်။ ကိုယ့်ကိုယ်ကို ကြိုးစားပြီး အတူတစ်ကွ နေထိုင်စားသောက်ရန် မနည်းကြိုးစားရသည်။

ရန်ကုန်တွင် သူငယ်ချင်းနင့်အသုပ်စားရာ အသုပ်သည်က နစ်ယောက်တစ်ပန်းကန် ဟင်းချို ချပေးရာ ပန်းကန် တစ်လုံး အလွတ်တစ်ခုတောင်းရွေ့ တစ်ယောက်တစ်ပန်းကန်ခွဲသောက်သည် ထိုသူငယ် ချင်းသည်လည်းသည်းခံရလေသည်.။ များသောအားဖြင့် တော့တစ်ယောက် တစ်ပန်း ကန်ပေးလေ့ရှိပါသည်။ ကြိုက်သည်က လမ်းဘေးစာဖြစ်ပြီး. ဂျီးများ သည်က တော့သူမအလွန်ဖြစ်သည်။ စကော့ဈေးတွင်ကျောက်ကျောသောက်ရာ သူငယ်ချင်းက တစ်ယောက် တစ်ဝက်သောက်မည်ဆိုသည်ကို သူမသည်လက်မခံချေ။ တစ်ယောက်တစ်ခွက်သောက်မည်ဆို၏.

မြို့တစ်မြို့ အသုပ်ဆိုင် တစ်ဆိုင်တွင်.စားရင်းနင့်သုပ်သူကလေးမသန့်သန့်ပြန့်ပြန့်ကိုကြည့်ရင်း. ထိုကလေးမ သည်သဘော်သီးခြစ်ရင်း. လက်ရှသွားလေရာသွေးအနည်းငယ်ထွက်သည်.သွေးတိတ်ပြီးသကာလ ထိုကလေးမသည်ဆက်သုပ်သည်. သူမသည်သက်ပြင်းချပြန်လေသည်. သူမတို့အနေဖြင့် ကြီးကျယ်သည်မဆိုသော်ငြား ထိုကလေးမသည်လက်အိပ်ကလေးဝတ်ရွေသုတ်သင့်ကြောင်းသူမအနေဖြင့်မည်သို့အကြံပေးရမည်မသိချေ















မှတ်ချက်
ရေးရင်းလည်သွားတယ် ဆောရီး.သူမသည် သူမသာဖြစ်ပါသည်. မျှော်လင့်ချက်ကြီးကြီးထားရွေ့မရပါ။

18 comments:

Anonymous said...

She is she.I am i.
I am no.1.......:))
GD

...အလင်းစက်များ said...

ရက်စ် သူမ အစ်စ် သူမ။ မီ အစ်စ် မီ။ အိုင်အမ် နံပါတ် တူး။

ဘိုင်သဝေး။ စာတွေ များလိုက်ထှာ။ ပုံကျ တစ်ပုံထည်း တော်သေးတာပေါ့ ၀ါးတားတားလေးမို့  ကျေနပ်ပြီး ပြန်သွားတယ်။ :D

Anonymous said...

မနက်ထရင်စိုးစိုးမုန့်တီသုတ်သွားစားရမှာ..
အိမ်ကြီးရှင်တို့အောက်ပြေအခေါ်နန်းကြီးသုတ်ပေါ့..။
၂၂လမ်းထောင့်က ဒိန်ချဉ်လဲ ကောင်းတယ်...။
လမ်းဘေးဆိုင်ဆိုပေမဲ့ သန့်တယ်..။

ပုံ။
Xထုံ

မဒမ်ကိုး said...

လူဆိုးး မမကွန် မူးနေတာပဲ .
ဘယ်ကနေဘယ်ရောက်ရောက်သွားမှန်းကိုမသိတာ

Anonymous said...

သူများသဘောင်္သီးခြစ်တာကို အတင်းသွားကြည့်လို့ လက်ထိသွားတာဖြစ်မယ်။ မမကွန် နောက်တခါ စည်ပင် မှာ လက်းဘေးအစားအစာ ကျန်းမာရေး စိစစ်ရေး ဌာနမှာဝင်ပြီး တာဝန်ယူလိုက်ပေါ့။ လက်အိတ်၊ ခေါင်းစွပ် မပါလျှင် အစားအစာ မကိုင်တွယ်ရ။ ကျန်းမာရေး စိစစ်တာအောင်မှ လိုင်စင်ထုတ်ပေးမယ်။ ဒါမှ ဆိုင်ဖွင့်ခွင့်ရှိတယ်။ အင်း.... ဒါဆို မမကွန်တော့ ဒီတသက်စားမကုန်တော့ဘူး သေချာတယ်။
ပုံ။
အမြန်အကောင်အထည်ဖော်စေလိုသူ

rose of sharon said...

ဟယ်မမရေ... သွေးထွက်တဲ့လက်နဲ့ဆက်သုပ်တယ်လား... ဘုရားဘုရား...

Cameron said...

မဗျိုင်း ...သူမအကြောင်း စိတ်ရောဂါအကြောင်းလာဖတ်သွားတယ်...။

Anonymous said...

ငွေထုပ်ကို အိတ်ထဲပစ်ထည့်၊ အခုလိုမျိုး အပူပင်ပင်ကင်းကင်းနဲ့ တစ်ယောက်တည်း ခရီးထွက်တာ အရမ်းကို အားကျမိပါတယ်။ နောက်နှစ်လောက် အိမ်ပြန်ရင်တော့ အဲသလိုကို လျှောက်သွားဦးမယ် (hopefully) လမ်းဘေးဈေးဆိုင်လေးတွေသန့်ရှင်းရေးနဲ့ လက်အိတ်ကိစ္စကတော့ လုံးဝကို သဘောတူပါတယ်ခင်ဗျ။
(လီယို)

Myanmar Online Music said...

I would like to invite you all to come and listen Myanmar Music Online. I have a lot Myanmar Songs and Myanmar Mp3 collected on my site.

Myanmar Online Music: <a href="http://www.myanmaronlinemusic.com/>http://www.myanmaronlinemusic.com/</a>

Thanks a lot!!

လွင်ပြင်လှိုင်းငယ် said...

သွေးထွက်တဲ့ လက်နဲ့ဆက်သူပ်တယ် ဒုက္ခ ဒုက္ခ

မြသွေးနီ said...

ဒီပို့စ်လေးသဘောကျတယ်...။
ဆင်ခြင်သင့်တာတွေ..ဖြစ်သင့်တာတွေပါတယ်..။ မြသွေးလည်း တစ်ခွက်၊ တစ်ဇွန်း၊တစ်ပန်းကန်ထဲ အတူတူစားရတာ စိတ်ထဲတစ်မျိုးပဲ..။ မနှစ်သက်ဘူး။

mamathidar said...

နည်းနည်းတော.နားလည်းလာဘဲ....sorryစတာနော်.....ကောင်းပါတယ်....စိတ်ညစ်ဖို....ဟဲဟဲ..ဟုတ်ပါဘူး...good တယ်...

ညိမ်းနိုင် said...

လက်ရည်တစ်ပြင်တည်း......ရှေးကထက်ပိုချစ်ကြတယ်...
တဲ့...၊ရှေးကလောက်မချစ်တတ်တော့လို့ ဖြစ်မယ်...:)))
ကွန်သည် ကွန်သာဖြစ်သည်...၊ဒီလောက်ဆိုရင်ကို မျှော်
လင့်ထားတာထက်ကို အတိုင်းထက်အလွန်တံခွန်နဲ့ကုက္ကား
ဖြစ်နေပြီအစ်မရ........:)

ဟန်ကြည် said...

စိတ်အညစ်ဆုံးက အဲဒီကြည့်ပေးဆိုတဲ့ ကိစ္စပေါ့...သူ့ကြည့်ပေးရမှာလား ကိုယ့်ပိုက်ဆံအိတ်ကို ကြည့်ပေးရမှာလားဆိုတာမှာ မသဲကွဲဘဲ...ကြည့်ပေးလို့ပြေတာက ကိုယ့်ပုံက သနားတတ်တဲ့ပုံ အားနာတတ်တဲ့ပုံ သိသာနေလွန်းလို့ ပြောတာလို့ ယူဆမိတယ်...ဈေးနှုန်းအတိအကျမရှိတာ စိတ်အပျက်ဆုံးပဲ...

Anonymous said...

မှတ်ချက်ကိုဖတ်ပြီး မောင်ကြီးနဲ့ ၂ယောက်ရီကြတယ်....
၁၀ တန်းတုံးက အသန့်ြိကုက်တဲ့သူငယ်ချင်းမလေးရှိတယ်.... သူ့ရေခဲချောင်းကို လုပြီး တမင်ယူယူလျက်လို့ သူစိတ်ဆိုးတာ ခနခနပဲ.... ပြီး သူ့မှာ ဆက်စားရရှာတယ်... ခုမှ သူ့ကိုသနားလိုက်တာ...

pifpif

Su said...

နိုင်ဂျန်ဂါး မှာနေလို့ချည်းဘဲမဟုတ်ဘူးအရီးရဲ့
အရီးရဲ့ အလုပ်ကြောင့်လဲပါမယ်
ဟိုလိုဆိုမစားချင် ဒီလိုဆိုမစားနိုင်ဖြစ်တာပြောပါတယ်

Su said...

ဒါနဲ့ စကားမစပ် မနေ့ကမြနန္ဒာ မှာထမင်းစားဖြစ်တယ် သိလား
ပိုင်ရှင်ကြီးက လက်အိပ်တော့စွတ်ထားတယ် ဒါပေမဲ့ ပိုက်ဆံလဲလှန်းယူရော လက်အိပ်ချွတ်မယ်မှတ်တာ မချွတ်ဘူးဆရာ
ဟီဟိ လက်အိပ်နဲ့ဘဲလှန်းယူတယ် ပီးတော့ လက်အိပ်နဲ့ဘဲပိုက်ဆံခွက်ထဲမှာမွှေနှောက်ပီး ပြန်အမ်းလိုက်တယ် ခွိ

mary said...

Finally I’ve found something that helped me. Kudos!