Thursday, November 24, 2011

မန္တလေး (5)


























ညစာစားပြီးသော်.သူမသည် နားနေရန် အပေါ်သို့မတက်သေးဘဲ လမ်းသလားလေသည်. ညဆိုလျင်မအိပ်ချင်ပေ။အိပ်ချင်လျင်လည်းအိပ်ချင်စိတ်ကိုတွန်းလှန်ကာတေပေနေသည့်အကျင့်သည်မကောင်းလျချေ။။

ညနေက ပွဲရှိသည်ဟုသတင်းရထားသောစင်နစ်စင်သို့ခြေလှမ်းများက ဦးတည်နေခဲ့သည်။ ပထမစင်သို့ရောက်သည်။ သီချင်းဆိုနေသည်ကိုတွေ့၏။ တီးဝိုင်းသမားများနင့်ပြောကြဆိုကြသည်ကိုတွေ့သည်။ တစ်ချိန်က ဆိုခဲ့သည်များကိုလွမ်းမောစရာ..



























သူမသည်စင်ပေါ်မှတက်ကြည့်လေ့မရှိပါ. စင်နောက်ကိုတော့အကြိမ်ပေါင်းများစွာရောက်ဘူးပါသည်. နာမည်ကြီးများနင့်လည်းတွေ့ဆုံဘူးပါသည်ခင်မင်ရင်းနီးချင်းတော့မရှိ. နဂိုံကတည်းကနှူတ်နည်းသည်က တစ်ကြောင်း. အသိုင်းအဝိုင်းခြင်းမတူရွေ့တစ်ကြောင်း.



























သူရိုံ့အသိုင်းအဝိုင်းမှာတစ်မျိုးဖြစ်သည်.အားလုံ့းချောကြသည် လှကြသည်ယဉ်ကြသည်။ ပြိုးပြိုးပျက်ပျက် ခိုးခိုးခစ်ခစ်များကြားရသည်. ပျော်ရွင်ကြသည်။ သူမသည် ထိုအသိုင်းအဝိုင်းကြားတွင်ဝင်မဆန့်ပါ။ ဒေါင်းများကြားထဲရောက်သွားသောကျီးတစ်ကောင်ကဲ့သို့ခံစားရသည်. ။နေလည်းမနေတတ်.ထိုင်လဲမထိုင်တတ်ပါ. နူးညံစွာတော့ပြုံးတတ်ပါသည် စိတ်ထဲကကျိတ်ခင်နေသော်လည်း ဖွင့်ဟခင်ရမည်ကိုရှက်တတ်သော သူဖြစ်သည်။



























စင်ပေါ်အတက် အဆင်း ....တွင်လည်ေးကာင်း...... ဝိုင်ကြည့်နေကြသော လူအုပ်ကြားထဲမှသော်လည်းကောင်း. သက်ဆိုင်သူကို လက်ကိုတင်းတင်းဆုပ်ကာ ဆွဲထုတ်ခဲ့ရသည်မှာ ယခုပြောလျင်ယုံမည်ထင်ပါသည်။

စင်အောက်မှလည်းငေးမျှော်ကြည့်ဘူးပါသည်. မလှမ်းမကမ်းလူအုပ်ထဲမှ နေရွေ့ စင်ကိုကြည့်ကာ ဆိုနေသည်ကိုသာ နားထောင်ရွေ့လူကိုမကြည့်ချေ. နာမည်သိတ်မကြီးက.....နာမည်ကြီးဆိုက.......မတ်ကနဲမတ်တပ့်ရပ်က သူရို့၏. သရုပ်ဆောင်ဆွဲဆောင်အက များ.............

ရံဖန်ရံခါ မော်တော်ကားကြီးမျှားနင့်လညှည့်လည်သီဆိုလျင် ကားပေါ်တွင် တစ်ခါတ်လေ လိုက်ကာ သီဆိုသူများကိုငေးမောရင်း သီချင်းလည်းမဆိုတတ်ဘဲနင့် ယောင်ဝါးချချင်တတ်ပါသေးသည်။

တစ်ခါကဖြစ်ပါသည်။



























သူမသည် မန္တလေး ကိုကြာ်းဘူးရုံသာကြားဘူးရွေ့ မန္တလေး ကိုမသိပါ. ယခုမြင်ရသည်မှာ သူမအတွက် အထူးအဆန်းဖြစ်သည်. ယခုလို လမ်းကိုပိတ်ေ၇ွ့စင်ထိုးကာ သီချင်းဆို သည်မှာ တွေ့ရခဲသောမြင်ကွင်းတစ်ခုဖြစ်သည်. ပရိသတ်များကလည်းအားပေးကြသည်။ စိတ်ပါလက်ပါဖြစ်သည်.အော်ဟစ်နောက်ပြောင်ခြင်း ဆူပူခြင်းများကိုမတွေ့ရချေ. သေချာကြည့်သည် စိတ်ဝင် တစားကြည့်သည်. သူမသည် စင်ကိုလည်းကြည့် လူကိုလည်းကြည့် ကာ ပျော်ရွင်လေသည်။

then. ထို့နောက်.............. နောက်တစင် သို့ကူးလေ၏။


10 comments:

blackroze said...

မန်းလေးမှ စင်ကာပူ
စင်ကာပူမှမန်းလေး..
ကြားလား.ကြားလား
ကြားရင်အကြောင်းပြန်

ကိုဇော် said...

ဟုတ်တယ်ဗျာ . .ကျနော်တို့ အသိုင်းအဝိုင်းက အဲဒီလိုပဲ . . . ဟဲဟဲ

mstint said...

မန္တလေး (5) ဖတ်သွားတယ် KOM ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ကျနော်တို့မြို့မှုာလဲ လမ်းပိတ်ပြီး စင်ထိုးတာပဲလေ...။
စင်ပေါ်ကနေကြည့်တာ အရသာမကောင်းဘူး.။
စင်နောက်လိုက်သွားရတာလဲ အရေးမပါဘူး.။
စင်ရှေ့ကနေကြည့်မှ နေသာထိုင်သာရှိတယ်..။


ပုံ..။
Xထုံ

...အလင်းစက်များ said...

ပုံတွေ ဘာ့ကြောင့် ထပ်နေသလို ခံစားရပါလိမ့် :thinking:...............

မဒမ်ကိုး said...

အမှိကိုလိုက်နေရတယ် ဟုတ်ပး)

Anonymous said...

then ထို့နောက်း)
အစ်မရေးဟန်ကို
အတော်သဘော.ကျပါသည်။ :D
လေးစားလျှက်
မိစံ

Anonymous said...

မနေတတ်က မနေပါနဲ့ နောက်တစင်ထွက်သွားပါ မထိုင်တတ်က မတ်တပ်ရပ်နေပါ

ဆောင်း

လွင်ပြင်လှိုင်းငယ် said...

လွမ်းမိတယ် ဟို့တုန်းက မန္တလေးညတွေ

Anonymous said...

cs,f&DOD;
ချယ်ရီဦးတဲံ့


စင်စင်