Friday, November 25, 2011

မန္တလေး (6)


























ခဏကြာသော်ခဥမေသည် လူအုပ်ကြားတွင် မယောင်မလည်နင့်ဝင်ထိုင်နေပြီဖြစ်သည်။ ပွဲကြိုက်ခင်သည် ပွဲမြင်လျင်ကြည့်ရမှဖြစ်သည်။ သီချင်းဆိုသည်. နားထောင်ကောင်းပါ သည်.ဝတ်စားသည်မှာ လည်းအဆင်ပြေသည်. ကင်မရာတစ်လုံးဖုံးနစ်လုံးဖြင့်ခဥမ အလုပ်ရှုပ်လေတော့သည်. ထိုင်ရာမှ မထဖြစ်သည်။


























ထိုင်နေရာမှ လက်ကလေးမြှောက်က ဖုံးကင်မရာထုတ်သည်. ကင်မရာထုတ်လျင်လူကြည့်သည်ဖြစ်သည်. သက်ပြင်းချကာ အသာလေးပြန်ထည့်. ဓါတ်ပုံရိုက်လျှင်မီးလင်းမည်. သူများရပ်ရွာူ ကြိုက်သည်မသိ. မကြိုက်သည်မသိ. အသာလေးပြန်သိမ်းပြန်သည်။

























ခဥမကတော့မလှလျင်အရိုက်မခံလိုသော်လည်းကိုယ့်ကိုယ်ကိုလှသည်ဟုထင်ျလျှင်တော့လည်းအရိုက်ခံလိုပါသည်. သင်္ကြန်က စင်ပေါ်တွင် ရေပက် ပွဲကြည့်ရာဓါတ်ပုံလာရိုက်လျှင် မျက်မှန်ကြီးထဲမှ ချောင်းကြည့်ရွေ့အသာလေးပဲပေး၏။ ထိုပုံများကို ဘယ်မှာမှ ရှုာမတွေ့ချေ. နမျောစရာကော်းလေစွ. ရိုက်သာရိုက်ပြီးမပေးခဲ့သောသူများကိုစိတ်ဆိုး၏။




























ဝေးလွန်းပြီးထိုင်ရမထ ရိုက်ရာဝါးလေသည် ထိုင်ရာကထလည်းဝါးမည်သာဖြစ်ရာ.မထူးချေ.


























ဆိုပြီးသော် ပွဲခင်း၏. အပျိုတော်ယိမ်း(ထင်တာပါဘဲ) ပြီးသော် အော်ပရာဖြစ်သည်. တစ်ကယ့်ကိုဇတ်ပွဲထည်းသွားကြည့်ရသကဲ့သို့ဇတ်ခင်းခြင်းဖြစ်သည် သူကြီးဖြစ်ချင်သူနစ်ဦးအပြိုင် တစ်ဦး ကတစ်အိမ်ဆန်တပြည်ဝေကာမဲဆွယ်သဲ့သော်ငြား. တစ်ဦးက နတ်ကတော်က မျှိုင်းမကာ သူကြီးဖြစ်သွားလေသည်. အမေ-ျမ်းမမယ်နော်.ဟင်းဟင်းဟုဆိုက မလေသည်။ သူကြီးမဖြစ်ခင်ကတော့ တစ်မျိုး သူကြီးဖြစ်သွားတော့တစ်မျိုးဟု သူကြီးကိုဆူ၏။


























နတ်ကတော်က အပြင်မှာသာနတ်ကတော်ဖြစ်သော်လည်းအထဲတွင်တော့ကောင်မလေးတစ်ယောက်က အတင်း လက်ဆွဲကာ. ကြံစည်လေသည်. ဘယ်သူ့မှမပြောနဲ့ ပြောရင် အသိဘဲဆိုကာ ခလေးမလေးကိုပိုက်ဆံပေးကာပြန်လွတ်၏. ကလေးမလေး ကိုယ်ဝန် ရှိသော်အစ်ကိုနဲ့ အဘမှာရင်ပတ်စည်တည်းသတ်မည် ဖြတ်မည် ဘယ်သူနင့်လဲအတင်းမေး၏. သယ်... ....ဟုဆိုကာ ဓါးဆွဲ၏.


























ပရိသတ်က တုတ်တုတ်မလှူပ်ချေ. ဇတ်ထဲတွင်မျောပါနေလေသည်. မန်လေးဇတ်ကြိုက်ပုံ မှာကြားဘူးသည်သာဖြစ်ပြီးယခုသော်သြချလေသည်။ သေချာခံစားကာ တိတ်ဆိတ်စွာပွဲကြည့်ကြလေ၏.



























ကလေးမလေးငိုသော်..နလုံးသားနသောခင်ဥမေသည် မခံစားနိုင်တော့သောကြောင့်အသာလေးလစ်ကာ ပြန်သည်။ အကြောင်းရှာပြန်ခြင်းဖြစ်သည် မနက်စောစောထရမည်မဟုတ်ပါလော။



























လမ်းတစ်လျောက်တွေ့သောမုန့်ကိုဝယ်စားသည်. မြန်မာမုန့်များမှာပွဲဈေးတန်းတွင် စုံသည်မဟုတ်လော
လိုက် ပို့ ရမလားဟု ထုံးစံအတိုင်း မေးခွန်းအချို့ကိုကျေးဇူးတင်တယ်ရှင့်. ဟုယဉ်ကျေးစွာဖြေကာ ငြင်းပယ်၏. စိတ်မဆိုးချေ. ဤသည်မှာ ငါမအိုသေးဟုဝမ်းသာကာ တည်းခိုရာသို့ပြန်လေသည်။ မန်းလေးတပြမဟုတ်ချေ. လမ်းချင်းကပ်ဖြစ်လေရာပူစရာမရှိချေ. မြို့လည်ကောင် တည်းခြင်း အကျိုးတည်း.............

12 comments:

Anonymous said...

come and enjoy Manlay zutpwe .
I m no.1......:)))
GD

Anonymous said...

ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ
အအရ

ဖြိုးမောင်မောင်(CTM) said...

နလုံးသားနသောခင်ဥမေသည် မခံစားနိုင်တော့သောကြောင့်အသာလေးလစ်ကာ ပြန်သည်။:-):-)me 2

Anonymous said...

အရေးအသားကလဲ ကောင်းမှကောင်း (စာလုံးပေါင်းတော့စိတ်ညစ်မိတယ်)
စိတ်သွားတိုင်း ကိုယ်ပါ လုပ်နေတာကလဲ အလွန်အားကျဖွယ် (ဟိ..သူများသာ ကဲ့ရဲ့နေတာ၊ ကိုယ့်ဟာကိုယ်ကျတော့ ဖွယ်နဲ့ဘွယ်ကို ယက်ကန်ယက်ကန်ဖြစ်နေတာ ၃မိနစ်လောက်ရှိပြီ)
ခဥမဆိုတဲ့ အမကိုလေ အံ့သြတယ်။ တတ်နိုင်သူကြီးလို့ခေါ်လိုက်ချင်တယ်။

Anonymous said...

ငယ်တုန်းက ဇာတ်ပွဲကြည့်ဖူးတယ်..။
ညလုံးပေါက် လက်ဖက်သုတ်စား။ကော်ဖီသောက်။
အချဉ်ပေါင်းစား...
ပျော်မှပျော်ပဲ....။


စကားမစပ်...
လိုက်ပို့ပေးရမလားငှင်


ပုံ...
Xထုံ

Unknown said...

စကားမစပ်...
လိုက်ပို့ပေးရမလားငှင်

ပုံ...
Xထုံ...... XXထုံ :P

Cameron said...

စုံစေ့နေအောင်များ လည်နိုင်ပါ့ ဒေါ်ကွမ်းရယ်....

Anonymous said...

ငါမအိုသေး.........လက်ပန်းပေါင်းခတ်ခဲ့သေးလားးးးးငှင်


sin.
pif
.

ညိမ်းနိုင် said...

ပွဲကြည့်ချင်ပေါက်သွားတယ်....ဂယ်ပြောတာ...ဇာတ်ပွဲတွေ
သိပ်ကြိုက်တယ်....၊ဝါးဝါးလေးလည်းကောင်းပါတယ်လေ......:)

...အလင်းစက်များ said...

ဆိုင်ကယ်သမား ရောက်မလာခဲ့ဘူးလား မကွမ်း။ ကင်မရာဆွဲကိုင်လျှင် လူဝိုင်းကြည့်တတ်သော အကျင့်များ ကျနုပ်တို့  တိုင်းပြည်တွင် ဘယ်သော အခါ ပျောက်မည်နည်း။ လွန်စွာ စိတ်ကျဉ်းကြပ်မိသည်။

နောက်ဆုံးတော့လည်း “ဟုတ်ကဲ့ ကျေးဇူးတင်တယ်ရှင့်” ပေါ့လေ။ ငါမအိုသေး ဟေးဟေး

San San Htun said...

ွှဇာတ်ပွဲဆိုလို့  ငယ်ငယ်က ပွဲခင်းထဲမှာ မုန့် စား၊ ဇာတ်တောင် မစခင်သေးခင် အိပ်၊ ဗေထိ ဗေထိ အသံတွေနဲ့  သိပ်အိပ်လို့ ကောင်းတာများ..စကားမစပ် လိုက်ပို့ ပေးရမလားဟင်.....:P

icn2 said...

အဲသည့်ပွဲကိုကြည့်ချင်လိုက်ပါဘိ။ နောက်ဆုံးပိတ် အပိုဒ်ကိုဖတ်ပြီး အရေးအသားကို ကြိုက်သွားတယ် ။