Thursday, November 17, 2011

ပြင်ဦးလွင် (9)























နီးဘုရားကိုသွားတဲ့လမ်းက မေမြိုံ့အထွက်ကနေ လမ်းခွဲထွက်သွားတယ်။ အတောလေလးအထဲကိုဝင်ရတယ်။ အဲသည်အချိန်မှာမိုးနဲနဲမှောင်လာပြီး. မိုးနဲနဲရွာတယ်။ လူလဲနဲနဲပြတ်တော့ကြောက်သလိုဖြစ်လာတယ် နဲနဲနဲနဲ ကြောက်တယ် သွားလို့ဖြစ်ပါ့မလား. ဆိုတော့ ဆိုင်ကယ်ဆရာကစိတ်ချပါ ဒီနားလေးတစ်ချက်ပါဘဲ လူလဲသိတ်မပြတ်ပါဘူး အိမ်တွေလဲရှိပါတယ် လမ်းတစ်လျောက်ဆိုတာနဲ့ဆက်သွားတာမှန်ပါတယ်. အားတော့နာတယ် ဒါပေမဲ့ကြောက်တာကိုတော့ကြောက်တယ်လို့ပြောရတာဘဲ။

























ပြောစရာတော့သိတ်မရှိပါဘူး ဘုရားရောက်တယ် အပေါ်တက်တယ် လူနဲနဲရှုင်းတယ်။ ဆိုင်ကယ်အပ်တယ် ဖိနပ်ချွတ်တယ် တောာင်လို့မခေါ်သာပေမဲ့ နဲနဲလေးတော့တက်ရတယ်။ ကားနဲ့တက်တဲ့လမ်းလဲတွေ့တော့တွေ့တယ်။

























မိုးရေနဲ့နဲနဲချောတယ် .သတိထားလျှောက်.
























တောင်တွေ ပေါ်ကနေကြည့်တဲ့ရှုခင်းတွေကတော့အမြဲလှပါတယ်။

























ဘာမှန်းမသိတဲ့ကျောက်တောင်..























ဘာလို့နီးဘုရားခေါ်သလဲဆိုတော့နီးနဲ့လုပ်ထားလို့ဆိုလား. ဒီတစ်ခါ တိုးဂိုက် သိတ်မဖြေတတ်ဘူး။ ကန်တော်ကြီးထဲ့က ဒီဇင်ဘာ နွားနို့..........? မြင်တောင်မမြင်လိုက်ရဘူး. ကြိုပြောရင်သွားသောက်မှာပေါ့.။ မေမြို့အဝင်က ဓာတ်တော်ချိုင့် ရေတံခွန်ကို လည်းအညွန်းထဲမပါလို့မသိလို့မသွားလိုက်ရဘူး.ဟူး.

























ပြန်ဆင်းတယ် အားလုံးသုတ်သုတ်ဘဲ။

























လာလမ်းသွယ်အတိုင်း မေမြို့ မန်ဒလေးလမ်းပေါ်ပြန်တက်တယ်။

























ဆိုင်ကယ်ဆရာနဲ့ ကြည့်ပေးပါဆိုတော့ ညှိကြတာ. တစ်သောင်းနစ်ထောင်ကျပ်.။မန္တလေး ဘယ်လိုသွားရမလဲတိုင်ပင်တယ် မြို့ထဲပြန်သွားပြီးကားလေးတွေ စီးလဲရတယ် တစ်ကယောက်ကို ငါးထောင်. လေးထောင်.ဝန်းကျင် ဗင်ကားလေးတွေ.. ဒါမှ မဟုတ်.... ဘတ်စကားကြီးတွေ ကတော့မနက်နေ့လည်လောက်ကတည်းကထွက်သွားလောက့်ီပီ.။ ဒါမှ မဟုတ် လမ်းပေါ်ရောက်လာတဲ့ ဒတ်ဆန်းကားလေးတွေ တားစီမယ်ဆိုလဲရတယ် ကားပေါတယ်ဆိုလို့စောင့်ကြတယ်ဘယ်လောက်မှ သိတ်မစောင့်လိုက်ရပါဘူး။ ကားတစ်စီးရောက်လာတယ် မန္တလေး လို့ပြောလိုက်တာနဲ့ လက်ကိုဆွဲတင်လိုက်တာကားပေါ်စွေ့ကနဲရောက်သွားတာဘဲ။ ဝှီးဆို ထွက်သွားလိုက်တာ. ဆိုင်ကယ်ကိုတောင်မနည်းတာ့တာလုပ်လိုက်ရတယ်။ ကျေးဇူးပါ ဆိုင်ကယ်ဆရာ ဘေးမသီရန်မ. အနွရယ်ကင်းဘေးရှင်း. တိုးဂိုက် ပါအဆစ်လုပ်ပေး................
























နီးဘုရားမသွားခင်မြို့ခံအိမ်ကနေ ချဉ်ဇော်ခါးသီးယို ဝင်ယူလားသေးတယ်ကောင်းမှကောင်း ဒီမှာဘယ်လို ဝယ်စားရမှန်းတောင်မသိဘူး။ နိုင်ငံခြားအဆင့်မှီတယ်။ ဝင်ပြီးဂါရဝပြုတယ်အကြောင်းပြတာပေါ့။ အမှန်တော့မုန့်ဝင်ယူတာပါ။ ဘာတွေ ညာတွေ ပေးမယ်ပြောသေးတယ် လမ်းခရီးက ဆက်ဦးမှာမို့လို့မသယ်နိုင်လို့ပါလို့ ကျေးဇူး..........

























နှူတ်ဆက်တယ်မေမြို့............တစ်သက်မှာ တစ်ခါဘဲရော့က်ဘူးသေးတဲ့မေမြို့...... ရောက်မယ်လို့မထင်ခဲ့တဲ့မြို့.......အခွင့်ကြုံရင်တော့ပြန်လာချင်ပါသေးတယ်
လွမ်းမိတယ်မေ။

23 comments:

Anonymous said...

ပေးပါလို့ အတန်တန်မှာထားရက်နဲ့ကို...
ရအောင်ယူလာတာမဟုတ်ဖူး...
ချဉ်စော်ကားသီးယိုပဲယူလာရတာပေါ့..။

အနီးစခန်းကဓါတ်တော်ချိုင့် ဘယ်လိုဆင်းမလဲ
အရမ်းညောင်းတယ် ပင်ပန်းတယ်..
ခြေလျင်ဆင်းရတာ..ပြန်တက်ရတယ်..
တစ်ရက်လုံးကုန်သွားမယ်လေ..
နောက် အခွင့်ကြုံရင် ထပ်သွားပေါ့လေ...။


ပုံ..။
Xထုံ

blackroze said...

ကားတစ်စီးရောက်လာတယ် မန္တလေး လို့ပြောလိုက်တာနဲ့ လက်ကိုဆွဲတင်လိုက်တာကားပေါ်စွေ့ကနဲရောက်သွားတာဘဲ။ ဝှီးဆို ထွက်သွားလိုက်တာ. ဆိုင်ကယ်ကိုတောင်မနည်းတာ့တာလုပ်လိုက်ရတယ်။

ကဲ..နောက်တခါထပ်ေ၇ာက်ပြီး
ဆိုင်ကယ်ကိုတာ့တာ့ ထပ်လုပ်ခွင့်ရပါစေရှင်

Anonymous said...

ကောင်းသွားပြီ နဲနဲသက်သာသွားတာ သူကစိတ်မဆိုးပါဘူး

Anonymous said...

ဒီတခေါက်ပုံတွေတကယ်လှတယ်

Anonymous said...

ကျနော်လည်းရောက်ဖူးတယ်ဘယ်တုန်းကလဲမမေးနဲ့
အတိတ်ကိုတိတ်မှာထားခဲ့ပြီ

Anonymous said...

ပိုက်ဆံအတော်ကုန်သွားမှာကိုအားနာတယ်
ကျနော်ကပြောရင်မပြတ်နိုင်ဘူး ပတ်ရစ်နေတာ

Anonymous said...

တနေ့တခုဆိုတော်ရောပေါ့
ဖောက်သည်လည်းမပျက်တော့ဘူး
အချိန်ကုန်လည်းသက်သာတယ်

Anonymous said...

တော်ကြာအိပ်ချင်မူးတူးနဲ့ပေါက်ကရလုပ်မိရင်
လူနာတွေသနားစရာ

Anonymous said...

တော်ပြီအေ
ကျုပ်လည်းအိပ်တော့မယ်
မနက်မှအလုပ်မဆင်းနိုင်ရင်တခါတည်းပြုတ်မှာ
ဒယ်ဒီ လည်းမရှိတော့ဘူးဆိုတော့

TZH1985 said...

တော်တော်တော့ စုံတာပဲ... သွားခဲ့တာ နှီးဘုရားရှိမှန်း သိပေမယ့် မေ့သွားတယ်။ သွားလိမ့်မယ်လို့မထင်ဘူး။ ဒါပေမယ့် ရုက္ခဗေဒ ဥယျာဉ်ဆိုတာတော့ မရောက်ခဲ့လိုက်တော့ဘူး မဟုတ်လား... အင်း မန်းလေးမှာ ဘယ်သွားဦးမလဲ စိတ်ဝင်စားစရာ... နောက်ဆုံး ဓါတ်ပုံထောင့်နားလေးက ဘာကြီးတုန်း... လန့်တာ... :)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီဇင်ဘာနွားနို့ ပြင်ဦးလွင်မှာ နာမည်အလွန်ကြီး..
ကန်တော်ကြီးထဲမှာ မသောက်ဖြစ်ရင်
ဒီဇင်ဘာခြံထဲမှာ သွားသောက်လို့လည်းရတယ်..
ဆိုင်ကို သူတို့ရဲ့ စိုက်ပျိုးရေးခြံထဲမှာ ဖွင့်ထားတာ
စတော်ဘယ်ရီပေါ်ချိန်ဆို ခြင်းကလေးတွေနဲ့ ကိုယ့်ဖာကိုယ် ခူးလို့ရတယ်..
နွားနို့သောက်ရင်း စိုက်ခင်းက အပင်လေးတွေလည်း မြင်ရ လေကောင်းလေသန့်လည်းရ စိတ်ချမ်းသာဖို့ကောင်းတယ်.. အစ်မ..
http://movie.myanmar-movie.net/pocle/channel1/mm_trailer/20110219_4071.html
သူငယ်ချင်း ယောက္ခမ ကြည့်ဖူးလား.. အဲဒီကားက ပြင်ဦးလွင်မှာရိုက်တာ
အစောက ပြောတဲ့ ဒီဇင်ဘာခြံလည်းပါတယ်.. ကျော်ရဲအောင်ကို မိုးဟေကိုက စိတ်တိုပြီး သွားထိုင်တဲ့ဆိုင်..
ကားထဲမှာတော့ ဆိုင်နာမည်ကို မတွေ့မိလိုက်ဘူး.
ခု မသောက်ခဲ့ရလည်း နောက်တစ်ခေါက်ပေါ့အစ်မ..
အမှန်က တစ်လပိုင်းသွားသင့်တယ်.. ၁လပိုင်းဆို ချယ်ရီတွေ ပွင့်ပြီ..
လမ်းဘေးမှာရော ပန်းခြံထဲမှာရော ချယ်ရီတွေ ပွင့်နေတာ လှမှလှ..

မဒမ်ကိုး said...

ခြေထောက်မှာဗွေများပါလေရော့သလား ချစ်ကွန်း)

ကိုဇော် said...

မယူလာတာပဲ အေးပါတယ်။
ယူလာလည်း ကျွေးမှာမှ မဟုတ်ဘဲ...

Anonymous said...

နောက်တစ်ခေါက် နောက်တစ်ခေါက်...
မရောက်သေးတဲ့နေရာ...
မစားလိုက်ရတာတွေအတွက်ပေါ့။
မေမြို့ ကသုံးခေါက်လောက်မှစုံတာ။
ဒါတောင် အမြဲတမ်းထပ်သွားချင်တုံးပဲ။
ပုံ။
ရန်ကုန်သူ။

mstint said...

ပြင်ဦးလွင်အမှတ်တရလေးအတွက် ကျေးဇူး KOM ရေ။
ပြင်ဦးလွင်ရဲ့ မိန်းလမ်းမကြီးပေါ်က ပါရမီဆိုင်မှာ နို့မလိုင် အတော်စားကောင်းတယ်း) အဲဒီဆိုင်ရဲ့ မလိုင်အရသာက တစ်ခြားနေရာတွေနဲ့မတူဘူး။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

armifa<; said...

ဓာတ်ပုံတွေကို ဟိုတကွက် သည်တကွက် ရွှံ့တွေလူးပြီးမှပြသူကို နောက်တခါ သတင်းထိန်ချန်မှုနဲ့ တရားစွဲမယ် လျော်ကြေးတောင်းမယ်၊ ဒုန့်ဒူးဒက် နိုးထရန်ပဲရန့်စီ ဗဲရီးဗဲရီးဘက်ဒ် ဖော် ဒီမိုကရေစီ။ အားကီးအားကီး ဆိုးလယ်၊ အချားနိမ်းဟယ်၊ တူးဘက်ဒ် တူးဘက်ဒ် သိလား။

Bino said...

ဆိုင်ကယ်ဆရာနဲ့ ကြည့်ပေးပါဆိုတော့ ညှိကြတာ. တစ်သောင်းနစ်ထောင်ကျပ်.
It is a reasonable pice.
BINO

ko said...

အပေါ်ကရေရင် ၅ပုံမြောက်ကကျောက်တောင်ပါ အဲ့ကျောက်တောင်ကကျောက်တွေနဲ့ဖန်ချက်လို့ရတယ်လေ ခဏခဏခကျောက်မိုင်းခွဲပြီးလာယူလွန်းလို့ ပိတ်ပစ်လိုက်တာပါ ....ဗဟုသုတလေးမျှဝေတာပါ

Anonymous said...

ကျေးဇူး ဘာလဲလို့သိချင်နေတာ.

linmgmg said...

မန်းကို ၄ ခေါက်လောက် ရောက်ဖူးပေမယ့် ကံမပါသေးလို့လားမသိ ပြင်ဦးလွင်ကို တစ်ခါမှ မရောက်ဖူးသေးပါဘူး။ ရှေ့နှစ်ထဲ မှာတော့ ရောက်ဖူးမယ်ထင်တာပဲ။ အစ်မရိုက်ထားတဲ့ ဓါတ်ပုံလေးတွေကိုပဲ လောလောဆယ် ကြည့်သွားတယ်။

Lyn Lyn
www.asiantraveler.co.cc

မီးမီးငယ် said...

ပန်းမြို့ တော်သို့ ခြေလှမ်းသုံးဆယ်၊
ပြီးသွားပြီလားကွယ်.....:)))

Anonymous said...

ပြီးသွားပီ. အာဘွား..

Anonymous said...

ကျေုးဇု Lyn Lyn