Thursday, August 2, 2012

so many billlllllllllll and no moeny


























တီဗွီဖွင့်ရသည်မှာ ပျင်းလှသည်။ အိုလံပစ်ကိုသူစိတ်မဝင်စားပါ. အိဒိယကားမကြည့်ဖြစ်ပါ. Chinese ဘာသာစကားနားမလည်ပါ.။ ကိုးရီးယားကားသည် စွဲလွန်းသောကြောင့်မစဝန့်ပါ. သူတီဗွီ ဖွင့်ထားသည်မှာ အသံထွက်နေစေရန်ဖြစ်သည်. တစ်ယောက်ထဲ နေသားကျလာသောအခါ. ယောက်ျား နင့်တောင် တစ်အိမ်ထဲ မနေတတ်မှာစိုးရိမ်နေမိသည်။ ယောကျာ်းနင့်နေသည်မှာ တာဝန်ရှိသည် ထမင်းမချက်လဲ ချက်ရသည် မအိပ်ချင်လဲ အိပ်ရသည်. မထချင်လဲ ထရသည် မသွားချင်လဲ လိုက်ရသည်. ။ တစ်ယောက်ထဲ မှာ မျောနေသည် မှာ ကမ်းမကပ်ချေ.။

ဘာလို့မသွားလဲမေးလျင် စည်းနင့်ကမ်းနင့်မနေချင်သောကြောင့်ဟုဖြေသောသူသည်. ဂျင်ဂျာအေးဇတ်လမ်းကိုတော့်အမြဲသတိရသည်။ မိန်းကလေးများကို အရွယ်ရှိတုံးအိမ်ထောင်ပြုရန်တိုက်တွန်းပြီး အသက်ကြီးသောမိန်းမကို မယူရန်လည်း ယောက်ကျားလေးများကို နားချတတ်သူသည်သူဖြစ်သည်။

















တအိမ်ထဲတစ်ယေက်က်ထဲနေသည် မှာ နားအေးလှသည်. နားအေးလှသောလည်း စားရိတ်ကြီးသည်။ ဘယ်သူမှ မသုံးသော အိမ်တယ်လီဖုံးဘီလ်ကို ဆောင်ရသည်. မသုံးသော တယ်လီဖုံးဘီလ်ာကို လစဉ်ပေးသည်။ အသုံးနည်းသော တယ်လီဖုံးန်ကို မှန်မှန် upgrade လုပ်ကာသုံးသည်. prepaid ဖုံးကိုသုံးသည်။ သုံးသည်မှာများသည် ။ ညီမလေးခေါ်ထားပါလားဆိုလျှင် မောင်အတွက် နေရာမရှိမှာစိုးသောကြောင့်ဟု အကြောင်းပြကာ မခေါ်ချေ။ ဘယ်သူမှ မကြည့်သော တယ်လီဗင်းရှင်းသုံးလုံးနင့်နေသည် . ။ မီတာခ ကိုတစ်ယောက်ထဲ နေကာ ဆောင်သည်။ ခရက်ဒစ်ကဒ်ကို မှန်မှန် သုံးကာ မှန်မှန်အကြွေးဆပ်သည်ယခုလ ခရက်ဒစ်ကပ် မသုံးတော့ရန်ဆုံးဖြတ်သည်။






























လမ်းတွင် တစ်စုံတစ်ယောက် က ဖုံးနာပါတ်ပေးသည် ကို ယူလိုက်သည်။ စိတ်မဆိုးပါ။ ဒါ ငါ မအိုသေးဆိုတာ ကို appreciate လုပ်တာဘဲ ဆိုကာ ပီတိဖြစ်မိသေးကြောင်းမညာဘဲ ပြောလိုပါသည်။

တက္ကစီ ကို မှန်မှန်စီးသည် ယခုလအစီးလျော့ရန်ဆုံးဖြတ်သည်။ သူများတွေ ကားစီးသည်မဟုတ်လော. သူ တက္ကစီစီးသင့်သည်ပေါ့။ သို့သော်ငြားလည်း အစီးလျော့ရမည်။ ဖဘတွင် အလကားရသောကြောင့်လားမသိ လာအက်လှသည်။ နာမည်ရင်းနင့် ဒါတ်ပုံနင့်လာသူများကို အားနာလှသည်. သို့သော်ငြားလည်. ကိုတာ ၅၀၀၀ ပြည့်ပြီဖြစ်သည် သူမကို ပြန်ဖြုတ်သွားရာ ဆယ်ယောက်+ ခန့်ကိုတော့ပြန်မဖြည့်ဖြစ်ဘဲ. သူမ့အတွက် ချန်ထားသည် သူမအပ်ချင်သူကို အက်ရန်ဖြစ်သည်။

9 comments:

nyan aung said...

တကစီစီးလျော့မယ်ဆိုတော့ မမ လိမ္မာလာပြီ fb တွင် add ခြင်းမှာ blog ဖတ်ပြီး မမ ကိုချစ်သောကြောင့် မရမက ရှာပြီး add ထားခြင်းဖြစ်..ကိုယ်တိုင်လိုက်ရှာပြီး တကူးတက add ရတဲ့ရှားပါးစာရင်းမှာ မမkom ကထိပ်ဆုံးက အရီး စိတ်ချမ်းသာပါစေ

Anonymous said...

မိမိနေ့တဓူဝ ဖြတ်သန်းမူ.. ခံစားမူနှင့် ဆန္ဒများကို နားလည်သလိုရေးပြတာ...ဖတ်ကောင်း၏။

bbq

sosegado said...

ဒီလိုပါပဲ
အဆင်ပြေပါစေ

Candy said...

အဲ့လို တယောက်တည်း နေချင်တယ်။ လွတ်လပ်တယ်။ ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး :D :D

kenny soe said...

ဝ လည်း တီယောက်တီးနေလာပဲ ဂျီးတော် ဝ ရဲ့bill တွေကိုလဲ ယူသွားပီးအုံးနှော်

Anonymous said...

အိမ်ဖုန်းဘီလ်က ဘာလို.ဆောင်ရတာလဲ.. သများတို.အိမ်က တော. ဆောင်ဖို.လိုဝူးလေ
အင်တာနက်ယူရင် အလကားရတယ်ဟုတ်

Anonymous said...

စကားမစပ်..
khinoomay77 က
.com နဲ့ .sg နှစ်ညိုးဖြစ်နေပါတယ်း)
ဘာကွာလဲသိပြစေ.. :D

မိုးသက် said...

.com က မူရင်းလင့်ခ်လေ..။ http://www.blogger.com ကလာတာ.။ .sg က http://www.blogger.sg ကလာတာပါ.။ စင်ကာပူပေါ့.။ မကွာပါဘူးအတူတူပါပဲ.။

တိမ်ပြာ(မနောမြေ) said...

အထီးမကျန်ဖို့ပဲ လိုတယ် အမရေ နေတတ်သလိုနေတော့လည်း နေပျော်ပါတယ်နော် :)