Thursday, March 13, 2008

long time ago....

လွန်လေပြီးသောအခါက...
စင်္ကာပူကို စပြီးသွားမယ်ဆိုတော.စဉ်းစားတဲ. အထဲမှာ ဘာဝတ်သွားရမလဲ ဆိုတာ မသိတော. သွားဘူးတဲ.သူတွေ ကိုဆရာ တင်. ဘောင်းဘီ ဆိုတာ တစ်သက်လုံး မဝတ်ခဲ. ဘူးပါ.. ရိုးသား တာလဲပါ. တောကျတာလဲပါ. စကဒ် ဆိုတာ တထည်မှ မရှိဘူးပါ..ပထမဆုံး စကဒ်ကို စဝတ်ဘို. ကြိုးစား တော. ဇစ်ကိုဘယ်နား ထားရမှန်း မသိ လို.အရောင်း စာရေးမလေး ကို သွားမေး ရပါတယ်။
ဒါနဲ. ဘဲ စကော.ဈေး သွားလို. GIADIANO ဆိုင် သွားပြီး ဂျင်းဘောင်းဘီနဲ. စပို.ရှပ် ကလေး ကို အတော် ဈေး ကြီး ပေးပြီး ဝယ်ခဲ. ရ ပါတယ်။။ နောင်မှသိတယ် ဒီလို စပို.ရှပ် မျိုး ကို စကာပူ မှာဈေးချ ရင် အတော်ပေါ တယ်ဆိုတာ...။ အဲဒီတုံး ကတော. ကိုယ်.ကို ကိုယ် အတော် ဟုတ်တယ် ထင် မိတာဘဲ.။ ပြီးတော. ဝယ်လိုက်ပါသေးတယ် ဒေါက်ဖိနပ် တစ်ရံ. စကော.ဈေး ကဘဲပေါ. ဈေးလား ကြီးတာပေါ. နိုင်ငံခြား သွားဘို.ဘဲဟာ..။မြင် ယောင်ကြည်.ပေါ. . ဂျင်းဘောင်းဘီနဲ. ဒေါက်ဖိနပ်နဲ....အခုမှသိတယ်။ အတော် အချိုး မပြေဘူးဆိုတာ။ အဲဒီလိုဈေးကြီးပေြး့ပီး ဝယ်ခဲ.ရတဲ. ဒေါက်ဖိနပ်ကို ဒီရောက်ပြီးတော်တော်ကြာတော.လွှတ်ြ့ပစ်ပြီး ဒီက နောက်တစ်ရံ ထပ်ဝယ် လိုက်ရပါတယ်။ ဘာဖြစ်လို.လဲဆိုတော။ အဲဒီ အချိန်တုံးက မြန်မာ ပြည်က ဒီဇိုင်းတွေက ယိုးဒယားဒီဇိုင်းတွေပါ. စလုံးက သူ.ဒီဇိုင်းနဲ. သူ။
အခုမှ rules and regulations တွေကိုသိတယ်။ ဂျင်းဘောင်းဘီ ဝတ်ရင် walking shoes လိုမျိုး စီးရမယ်။ ဒေါက်ဖိနပ် ဝတ်ချင် ရင် စကဒ် ဝတ်ရမယ်။ စနေ. တနဂနွေ လိုမျိုး ဟိုနားဒီနား သွားမယ်ဆိုရင် slipper စီးရမယ်။။ ဈေး သွားမယ် ဆိုရင် ဖိနပ် အစုပ် စီး ရမယ်။။အင်တာ ဗျူး သွားမယ် ဆိုရင် dress က တစ်မျိုး .
အစ်မ ထင် တာက တော. စလုံးက မိန်းခလေးတွေ မှာ တစ်ယောက် ကို ဖိနပ် ဆယ် ရန် လောက် ကတော.အသာ လေး ရှိမယ်။ လခ တစ်ထောင်ကျော် ဆိုရင်တောင် ဖိနပ် တစ်ရန်ကို တစ်ကျပ် က စလို.ဝယ် နိုင်ပါတယ်။ အစ်မ သူငယ်ချင်း ဆို ဖိနပ်တွေ ဝယ်လွန်းလို. သူ. အမျိုးသား က စိတ်ကုန်လို. နင်တော. စစ် ဖြစ်လဲ ငတ်မှာ မဟုတ်ဘူး ။ နင်.ဖိနပ် တွေကို ပြုူတ်စားစား သုပ် စားစားလို. ပြောတာ ခံ ရပါတယ်။။
အစ်မကတော. မြန်မာပြည်မှာထဲက. မနလေး ဖိနပ် တစ်ရံ နဲ. နေခဲ.ပါတယ်။ အခုထိလဲ အစဉ်အလာကိုတော.မဖျက်ခဲ.သေးပါ. မိုးမရွာရင် မနလေး ဖိနပ် စီးနေတုံးပါဘဲ. မိုးရွာရင်တော. ချော်လဲလို.မစီးဖြစ်ဘူး။





5 comments:

madyjune said...

မဒီလဲ အစ်မလိုပဲ။ ဖိနပ်ဆိုရင် တစ်ရံထဲပဲ စီးတယ်။ စီးရင်လည်း သူများလို နိုင်ငံခြားဖြစ်တွေ မစီးဘူး။ ကတ္တီပါဖိနပ်ပဲ စီးတယ်။ မိုးတွင်းရောက်မှာသာ ဗွက်ပေလို့ မိုးတွင်းစီး ဖိနပ်ပြောင်းစီးတယ်။ အပြင်တွေ ဘာတွေသွားရင်တောင် အရင်ကဆိုရင် စီးစရာ ဖိနပ်ကောင်းကောင်း မရှိဘူး။ အခုတော့ အစ်မ၀ယ်ပေးထားလို့ စီးစရာတော့ ရှိသွားပြီ။

အစ်မရဲ့ ဘလော့ဂ်ဖတ်ရတာ စလုံးရဲ့ ဖက်ရှင်အလေ့အထ အကြောင်းကို ဗဟုသုတရပါတယ်။

ThuHninSee said...

စင်ကာပူရောက်ကာစကပေါ့ ကတ္တီပါဖိနပ်လေးနဲ့
ကျောင်းကအလာ အစိုးမရတဲ့ မိုးက ရုတ်တရက်ရွာချပါလေရော။ ချိုင်းနိစ်ဂါးဒန်း ဘူတာ အမိုးအောက်ဝင်အပြေး ဖင်ထိုင်လျက် ချော်လဲတာ မကျာင်းမတက်ရပဲ ဆေးခွင့်၃ရက်ရသွားတယ်။

Phyo Maw said...

ကတီပါကတော့ ခုထိ ကြိုက်ဆဲပါပဲ အမရယ်။

နွေးနေခြည် said...

အန်တီကွမ်း ပိုစ့်တွေမှာ အိတ်နဲ့ ဖိနပ်အကြောင်းတော်တော်ပါတယ်။ ဒီ၂ခု ကို ၀ါသနာထုံပုံရတယ် (လွဲချင်လွဲပါစေ ပြောချင်တာပြောသွားတယ်)

Anonymous said...

တွတ်ပီကာတွန်းရှိတယ်

တောထဲမှာ ငတ်နေတော့

ဗိုက်ကလေးက သူ့ ဖိနပ်ကြီးကိုပြုတ်ပြီးသုတ်ကျွေးတာ..


:D