Wednesday, July 23, 2008

Leave

ဒီနေ.မနက် ၆း၃၀ က အိမ်က ထွက်သွားတာ ည ၁၀ နာရီ ကျော်မှ ပြန် ရောက်ပါတယ်။ စိတ် ကတော.အားပါတယ်။ လူ ကသာ မအားတာ။ သွားရင်း လာရင်းနဲ. မိုးတွေက ရွာ လိုက်တာ ကောင်းကင် ကြီး တစ်ခု လုံး မဲ လို.။ သက်ဝေ ပြော သလို ရုံး သွား ရတာ ပျင်းလိုက် တာ။ ရုံး ရောက်တော.လဲ အမိုး အကာထဲ ရောက် သွားတော. မိုးရွာတာ ကို မေ့ သွားပြီး အလုပ်ထဲ မြှပ်သွားတာ ပါဘဲ။

အချစ်ကတော. မနေ့ ကရုံ့း က အပြန် Peninsular သွါး လိုက်တာ ပင်ပန်း သွားတယ်။ ဖျားချင်တယ် လို.တင်ပြနေတယ်။ ဒါ ဆိုရင် မနက်ဖြန် EL (emergency leave)ခွင်.ယူ မလား။ ဆေး ခွင်.ယူ မလား။ တစ်ခု ခုဘဲ။ အဖျား မရှိလဲ ကိုယ်က သူ.ကို အတွေ.အကြူံ အရ သင်ပေးထား တယ်။ ဆရာဝန် က အဖျား မရှိပါလား ဆိုရင် အခုလေး တင် paracetamol သောက်ထားလို.ပါ ဆရာ လို.ဖြေရင် ဆရာဝန် စိတ်ငြစ် ပြီး ဆေးခွင်.ပေးလိုက် လေ.ရှိပါတယ်။ စော စော သွား ဘို.တော.လိုတာပေါ.။ မနက် စောစော ဆိုရင် ဆရာဝန် စိတ်ကြည်တုံး ဆေးခွင်.ရတတ်ပါတယ်။ နောက်ကျ ရင်တော.လဲ ဆရာဝန် လဲ ပင် ပန်း လာ တာ နဲ.။ ဆေး ခွင်. တွေလဲ ကိုယ့် အရှေ့ ကလူ တွေ ယူ သွား တာ များရင် လဲ မရတတ်တော့ ပါဘူး။

ကိုယ်.မှာ ခွင်.တွေ အများ ကြီး ရှိပေမဲ. ယူလေ.မရှိပါဘူး။ လေးနှစ်အတွင်း ဆေးခွင်. တစ်ရက်ဘဲ ယူ ဘူးပါတယ်။ လုပ်သက်ခွင်.ကတော. မယူ ရင် ဆုံးမယ် ဆို မှဘဲ ယူလေ့ရှိပါတယ်။ EL ကတော.ယူလို.မဖြစ်ဘူး။ ယူ ချင်ရင် အကြီး ဆုံး ဆရာ ကြီး ဆီကို ကိုယ်တိုင် ဖုံးဆက် ပြီး ခွင်.တင် ရပါမယ်.။ ပေးမှာ ဖြစ်ပေမဲ. ကိုယ်တို.လဲ လုပ်ငန်း သဘော အရ ရျုတ်တရက် လူစားထိုးရခက်တာမို.လို့ တသက်လုံး သတိ ရတိုင်း အဆုခံ မှာ မို.လို. ယူလေ့ မရှိပါ။ အချစ်ကတော. အမြဲဘဲ EL သို.မဟုတ် မနက် မိုးလင်း မှ boss ဆီကို နေမကောင်းလို.မလာတော.ပါဆိုရင် ခွင့်ရပါတယ်။ ကိုယ်.ကိုကြိုပြောပါ. ဆိုရင်သူနေမကောင်းတာ ကို plan လုပ်လို.မှ မရတာ ဆိုတော. ခက်တာပေါ့။

5 comments:

ဇနိ said...

အရိုးတွေယားနေလို့ လမ်းမလျှောက်နိုင်ပါဘူး
ခွင့်တရက်ပေးပါဆိုရင်ရော ဆရာဝန်က ပေးလောက်လား။
း)

Ko Boyz said...

အနော်ဆို ခွင့်ယူလွန်းလို့ နောက်နှစ်ထဲကတောင် ချေးပြီး ယူထားတယ်...။ ဆေးခွင့်.. ဆေးခွင့်

စိုးထက် - Soe Htet ! said...

ကျွန်တော် က ခွင့် ယူခဲတယ် :P

ပန်းခရမ်းပြာ said...

ခွင့်ကတော့ တနှစ်တခါ ရွာပြန်တာနဲ့ ဘယ်တော့မှ လက်ကျန်မရှိဘူး။

little moon said...

ကိုယ့်အလုပ်ပဲဆိုတော့ ခွင့်တိုင်စရာတော့ မလိုပါဘူး။ ရုံးမသွားနိုင်ရင် ကိုယ့်လူတွေကို အိမ်ကပဲဖုန်းနဲ့ ဟိုဟာလုပ်လိုက် ဒါလေးသွားလိုက် စသည်ဖြင့် နှုတ်၏ စောင်မခြင်းလေးပေးရတာပေါ့ :D