Wednesday, August 27, 2008

me

Wake up early
Run to work
So many jam
Work as nonstop
Rush for lunch
Rest for few
Continue job
Want to see me after five by boss
Buy something to eat
Back to home
Anger by husband
Talk for peace
Do the homework
Want to do blogging
Sleep lately
This is me
-----------------
မနက်ကို စောစောထ
ရုံ့းရောက်ဘို့ အတော်ရုံးကန်ရ.
လမ်းမှာ အခက်အခဲ မျိုးစုံ ကို ကျော်ဖြတ်
တနေ့လုံး ကြိုးစားပန်းစားလုပ်
နေ့လည်စာ ထမင်း ကို အမြန်ဆုံးစား
ကမန်ူးကတန်းလေးအိပ်
ပြန်လုပ်လိုက်ဦး အလုပ်
ညနေကို နောက်ကျမှ တွေ့ချင်တာ က အထက် အရာရှိများထုံးစံ
အဲဒီတော့ ထမင်းဘယ်လိုချက်ချိန်ရမှာလဲ.
ကြက်သား ကြော်ကလေးဝယ်
တုံရမ်းsoup လေးနဲ့ မျှောချ
ကံကောင်းလို့ ယောက်ကျားက စိတ်မဆိုး
ညဘက် အိမ်စာလေးလုပ်လိုက်ဦး
ဘလော့ကလေးကလဲလည်ချင်
ဗျာများတာ KOM ပါရှင်။

9 comments:

Soe Mya Nandar Thet Lwin (Borros Roxo) said...

ကောင်းပ မမရယ်။ :)))

ကဗျာ လဲစပ်နိုင်တယ်ပေါ့။
English လိုရော ဗမာလိုပါပိုင်ပ...

ဘက်စုံကို ရနေပါတော့လား။
အစွှမ်းတွေ ပြနေတာပေါ့လေ။

Keep Rolling!!
SMNTL

Nu Thwe said...

သြော် သန်းကောင်ကျော် တစ်ရေးနိုးတောင် မောင်တော်ဘုရား မသိအောင် ထရေးတယ်...ဟုတ်လား။ ဒါလည်း စွဲခြင်း တစ်မျိုးပဲလေ။ မခင်ဦးမေက ဒိုင်ရာဇီပင် မစွဲပါဘူး။ စိတ်မပူပါနဲ့။ ဘလောက်လေးပဲ စွဲနေတာ...ဟိဟိ။ ကျမရေးထားတဲ့ ရောဂါလက္ခဏာတွေနဲ့ ကိုက်တယ်ဟုတ်? (ဘလောက်ရေးသူ အတော်များများမှာ ဒီရောဂါ ရှိတယ် ကြားတယ်)

ဇနိ said...

အမကြီးက ဘက်စုံရတာပဲ..
း)

khin oo may said...

အနုပညာ မျိုးရိုး ရှိတယ်လေ. ငှင်း ငှင်းငှင်း

Sonata Cantata said...

This is Hip Hop style.

Cheers!!!!!!!!!!

diLo said...

din know sis can do rapping as well..!! woahaha..
wat a way to put it..!
* thumbs up *

byakga said...

** ဒုံ ချပ် ဒုံ ချပ် .. ပကျိ ပကျိ.. အုအု အားအ.. ကျိကျိကျိ **
အဲဒါ ကျမပါပဲ ဆိုတဲ့..
ကေအိုအမ်.. ယို့..
တရေးနိုးထ ရေးထားတောင်
ရက်ပင်းတွေက လန်းလွန်းတယ်
ဂျေမီတို့ ဂျောက်ဂျက်တို့
တရုတ်မ ဘဲကင်လို
ငုတ်တုတ်မေ့သွားမယ်..
** ဒုံ ချပ် ဒုံ ချပ် .. ပကျိ ပကျိ.. အုအု အားအ.. ကျိကျိကျိ **

Dr. Yi Yi Win said...

ဗျာများတာအသာထား
ဘာများလဲလို့ လာကြည့်
ငါသိသွားတာတစ်ခုရှိ
မကြီး ရပ် သီချင်းဆိုနေ၏
အုအိ….အုအိ..အုအိ

RePublic said...

မ KOM ကြီးရဲ့ စတိုင် ပို့စ်တွေ ဖတ်ရတာ ပျော်ဖို့ ကောင်းတယ် ၊၊ လစာ ထွက်ပီ ၊၊ မုန့်ဝယ်ကျွေး ၊၊ ဟီး ...