Monday, November 24, 2008

မိုင်ဒုက္ခ

မိုင်ဒုက္ခ/ MY TROUBLE

ဘလော့စွဲနေလို့ဘယ်လိုဖြတ်ရင် ကောင်းမလဲလို့ အင်တာနက်ထဲ ရှာကြည့်တယ်။ ကိုယ်လို လူစားအများကြီး ။ စွဲနေတဲ့သူတွေ ရှိတယ်။ အလွယ်ဆုံးက အစိမ်းဖြတ်ပေါု့၊ ဘလော့ ပိတ် လိုက်ရု့ဘ။ဲ ဒီလိုလဲ မလုပ်နိုင်ဘူးလေ.။ ဘလော့လုပ်နေရတာ အတော် စိတ်ချမ်းသာစရာ ကောင်းတော့ မျင်းဖြတ်ကလေးများ ရှိမလားလို့ရှာ။ ထုံးစံအတိုင်း အင်တာနက် ရဲ့ ဆွဲဆောင် မှူအောက် ပါသွားတော့ ကလေးမတစ်ယောက်ရေးထားတာ သဘောကျမိတယ။် ဘာ သာ ပြန်မဟုတ်ပါဘူး။ ကိုယ်ကြိုက်သလို ခံစားထားတာပါ။ ဘာသာမပြန် တတ်တာလဲ ပါ ပါတယ်။

ဘာရေးရမလဲဘဲစဉ်းစားနေမိတယ်ဆိုဘဲ။ မှန်လိုက်တာ။ KMSL ပြော တဲ့ စ ကား တွေ နား ထောင်နေရင်းနဲ့ ဒီနေ့ဘာရေးရရင် ကောင်းမလဲလို့ စဥင်္းစားနေမိတယ်။ မင်းကဘာတွေ တွေးနေတာလဲ လို့သူကဟောက်ရင် ပေါက်တတ်ကရတွေ လျောက်ဖြေမယ်။ အမှန်က တော့ကိုယ်ဘလော့အကြောင်း တွေးနေတာပါ။

တွေးမိတာ. စဥ်းစားမိတာလေးတွေ တွေ့ကြုံတာလေးတွေ မြင်ရင် ရေးချင်လို့ ချက်ချင်း ကွန်ပြူတာရှေ့ရောက်သွားတယ်ဆိုဘဲ။ ဒါလဲ ဖြစ်တယ်။ ဘလော့ရေးဘို့အတွက် WORD ကို STAND BY ဖွင့်ထားတယ်။ မီးပူတိုက်ရင်းနဲ့ အတွေးလေးတွေ ရခဲ့ရင် ကွန် ပြူ တာ ရှေ့ ချက် ချင်းရောက်သွားတယ်။ ကွန်ပြူတာရှေ့မရောက် နိုင်တဲ့ အနေအထားရှိခဲ့ရင် အကြမ်းစာရွက်နဲ့ ဘောပန် ကအဆင်သင့်ရှိတယ်။ ဒါကိုတောင်မှ အဆင်မပြေ နိုင် ဘူးဆိုရင် TELEPHONE ကိုထုတ်ပြီး VOICE RECORDING လုပ်ထားလိုက်တယ။် ကိုယ့်ဘာသာကိုယ် စကားပြောပြီး RECORD လုပ်ထားတာနော်။ ကဲဖတ်ပြီး ရယ်နေပြီမဟုတ်လား. မတတ်နိုင်ပါ။ အမှန်အတိုင်းကတော့ ပြောရမှာဘဲ။

ကွန်ပြူတာရှေ့မှာဘဲ ထိုင်နေမိပြီူး ကိုယ့်ဘာလော့ကိုဘဲ ကြည့်နေမိပါတယ်တဲ့.။ တခြား ဘလော့တွေလဲ လျှေက်ဖတ်နေမိပါတယ်။ ON LINE ရှိနေခဲ့ရင် ဘလော့ရဲ့ STAT့ ကိုလည်း ပြောင်းလဲမှူမရှိမယ်မှန်းသိရက်နဲ့ ငါးမိနစ်တခါ ကြည့်နေမိပါတယ်။ WIDGET ကို လည်း ဟိုရွေ့ ဒီရွေ့ပြောင်းနေမိပါတယ်။ ကွန်ပြူတာဖွင့်တာနဲ့ ဘ လော့ ကိုကြည့် တာ က တော့ မ ထူး ဆန်းပါဘူး။ လူတိုင်းလုပ်နေကြတာပါဘဲ။ အိမ်အလုပ်လဲမလုပ်ဘဲ ဘလော့ဘဲ လုပ်နေမိတယ်။ တသက်လုံး မလေ့လာဘူးခဲ့တဲ ဘာမှ မဆိုင်ခဲ့တဲ့ HTML CODE တွေကို လေ့လာနေမိတယ်။ အင်း.. မှန်တာပါဘဲလေ.။

အတော်လေးကြိုက်မိတဲ့ စကားစုကတော့ ကမ္ဘာပေါ်မှာ အကြိုက်ဆုံးနေရာကတော့ ကွန်ပြူတာရှေ့ဘဲဖြစ်ပါတယ်တဲ့။ ခွှုင့်ကိုးရက် ယူပြီး ရန်ကုန် မသွားဘဲ ဘလော့နေရတာကို ရန်ကုန်သွားရတာထက် ပျော်ပါတယ်လို့ ဝန်ခံပြီးသားပါ။။ အိမ်မှာလဲ ကွန် ပြူ တာ ရှေ့ ဘဲ နေ ချင်တယ။် KMSL ကွန်ပြူတာရှေ့ခဏ ထိုင်ရင်တောင် စိတ်ဆိုးချင်တယ်။ g talk ကို ပိတ်ထားတယ်။ ဘလော့ဖတ်တာ..တွေးတာ.. အနှောင့်အယှက်ဖြစ်မှာစိုးလို့ တကယ် ပြောတာပါ။ ကိုးရီးးယားကား /.TV. /သတင်းစာ./.ကျောင်းစာ…/ ဘာမှ လာမပြောကြပါနဲ့ ဘလော့ကလွဲရင် ဘာမှ မလုပ်ချင်ပါ။ မနေ့က အိမ်မှာ တစ်ယောက်ထဲ ဘလော့နေတာ ဖုံး နစ်ခါသုံးခါလာတာ မကိုင်ပါ။

ကွန်မက်ထဲမှာတစုံ တခု အဆင်မပြေခဲ့ရင် သက်ဆိုင်ရာစီကိုလည်း E MAIL ပို့ တတ် ပါ သေး သတဲ့ ။. အင်း ဒါမျှိုး လုပ်ဘူးပါတယ်။ အိပ်ရေးများလည်း ပျက်သလား မမေးပါနဲ့။ မျက် လုံ့း တွေ ညိုနေတာသာ ကိုသာ ကြည့်ပါတော့. ။ တနေ့ကို လေးနာရှီလောက်ဘဲ အိပ်ပါတယ။် ပင်ပန်းလွန်း လို့ အိပ်ရေးမဝလို့ တစ်ချီမ်းချိမ်းချေပါတယ်။ အခု ဆေး ၂ လုံး သောက် ပြီး ဘ လောရေးပါတယ်။ အဲဒီဆေးတွေက အိပ်ငိုက်တတ်ပေမဲ့ ကိုယ့်ဘလော့ ကပိုပြီး ကိုယ့် ကို မျက်စိ ကျယ်စေပါတယ်။ဘယ်သူများ ဘာလေးများ လာရေးသွားပါလိမ့် လို့ စဉ်းစားလိုက်ရင် အိပ်ရာကနေ ချက်ချင်းထလို့ ရသွားပါတယ်။

မိသားစုက စကားပြောရင်တောင် လှည့်မကြည့်ဖြစ်ဘဲ ကွန်ပြူတာရှေ့က မျက်စိ မ ခွာ နိုင် ပါ ဘူးတဲ့။ ဒါမျှိုးလဲဖြစ်ပါတယ်။ KMSL ပြောချင်ရာပြော. အလိုက်သင့်ကလေး အဖြေပေးပြီး မျက်စိကတော့ ဘလော့ဖတ် မပျက်ပါဘူး။

ကိုယ်ဘလော့ရေးနေတုံး မှာ မိသားစု ဟာ ကိုယ့်ဆီက စကားလေး တခွန်း မပြောနဲ့ အသံကလေး. မသဲ မကွဲ ကြားလိုက်ရမယ် ဆိုရင် တောင် သူတို့ ဟာ အန်မတန် ကံကောင်းပါသတဲ့.။

ကဲ ..အဲဒါ မိုင်ဒုက္ခ ပါဘဲ.. ..


သူဘာတွေများပြောဘို့မေ့ခဲ့သေးလဲဆိုတာ မေးထားပါသေးတယ်။ ….
HTTP://CHELLTAN.WORDPRESS.COM/2008/04/02/SURE-SIGNS-OF-BLOG-ADDICTION/ ကိုမှီးပါသည်.

49 comments:

P.Ti said...

အလုပ်တွေရှုပ်လို့ ဘလော့မရေးဖြစ်တောင် ဖတ်ဖြစ်သေးတယ်... တခါတလေ အလုပ်ရင်းတောင် ဘာရေးမလဲဆိုတာ တွေးနေမိသေး... အဲဒါလည်း မိုင်ဒုက္ခပဲနော်..း)

မာ့ခ် said...

စာရေးဆရာတွေ ဆိုရင်လည်း အဲသလိုမျိုးပဲလားမသိဘူးနော်။ အနုပညာတစ်မျိုး ထင်ပါတယ်။
ကျနော်ကတော့ အနုပညာ အရည်အချင်းမပါတဲ့အတွက် အဲသလို မဖြစ်ပါဘူး။

PAUK said...

မမရေ..
တူတူပဲ..ဟီဟိ
တစ်နေ့..တစ်နေ့စဉ်စားနေတာ..ဘာလေးပြောလိုက်ရ..
ရေးလိုက်ရကောင်းမလဲလို့..
အခုလည်း..အိမ်ပြန်ရောက်တာနဲ့..
ချန်းကိုရေချိုးပေးပြီးတာနဲ့..
တန်းပြီးစက်ကိုဖွင့်မိတော့တာပဲ..

Anonymous said...

အတူတူပါပဲဗျာ အဲထဲက အတိုင်းကွက်တိပဲ၊ ဆေးရော ရှိပါ့မလားမသိဘူး လောလောဆယ်တော့ ရောဂါက ကျွမ်းနေပြီ ... လက္ခဏာအစကတော့ အိပ်ရေးစပျက်တာပါပဲ။

Taungoo said...

အမနဲ့ အမဘလော့အကြောင်း ဖတ်ရတာ တကယ်စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော်ထင်တယ် အမရဲ့ ဘလော့စွဲလန်းမှုဟာ အဆင့်အမြင့်ဆုံးကိုတောင် ရောက်နေပြီလားပဲ။ အထူးသဖြင့် အိပ်ချိန်နည်းလာတာ၊ ဆေးသောက်ပြီးသုံးနေတာ စတာတွေပါ။ ကျွန်တော် အမစာမျက်နှာကို မကြာခဏရောက်ဖြစ်ပေမယ့် စာမူခ ထားသွားခဲပါတယ်။ ဒီတစ်ခါတော့ ကျွန်တော် ရေးမသွားဘဲ မနေနိုင်တော့ဘူး။ ကျန်းမာရေးထက် ဘယ်အရာကမှ အရေးမကြီးပါဘူး အမရယ်။ “ကြာကြာဝါးမယ့်သွား မာ တာ မစားနဲ့” ဆိုတဲ့ စကားလေး ထားခဲ့ပါရစေ။ ဂရုစိုက်ပါအမရေ။

မေတ္တာဖြင့်

လင်းဒီပ said...

ဒီလိုပါပဲ အစ်မရယ်
သူများတွေ အားကျပြီး စမိတယ်..စွဲသွားတယ်
အခု မခွဲနိုင်တော့ဘူး..
ဘယ်လိုလုပ်ရမယ် မသိ..

GreenGirl said...

မမရေ... GreenGirlလည်း Control လုပ်ထားရတယ်။ မဟုတ်ရင် မမပြောသလို ကွန်ပြူတာရှေ့ ၂၄နာရီပဲ။ နေမကောင်းဖြစ်ပြီးတော့မှ ဆင်ခြင်နေရတယ်။ မမလည်း ကျန်းမာရေးကို ဂရုစိုက်ပါနော်။

December Cinderella said...

Ma

Me either.
I am so addicted to blog.
Now I have no more friends in real world.
Only bloggers friends.
All my friends left me already as I am always in touch with my beloved computer and the blogger world.
Some ppl even take us as Crazy ...

လင်း said...

တူတူတွေပါဘဲ။ ဘာလဲများရေးရရင် ကောင်းမလဲ တချိန်ကုန် စဉ်းစားနေမိတယ်။ ကိုယ့်ဘလော့လေးကိုလဲ အရိပ်တကြည့်ကြည့် ။ မိုင်ဒုက္ခတွေပေါ့နော်

Ko Boyz said...

blog က မရှိမကောာင်း ရှိမကောင်းပဲ...။
virtual world friend ရသလို real outside world friend တွေနဲ့ အဆက်ပြတ်တတ်တယ်...။
ကျွန်တော် ၂၀၀၂ မှာ အင်တာနက် သေချာ သုံးဖြစ်တယ်...။ အတော့်ကို စွဲခဲ့တယ်..။ တစ်ရက်ကို ဖိုရမ်မှ မဖတ်လိုက်ရရင် မနေနိုင်အောင် ဖြစ်ခဲ့တယ်...။ အင်တာနက်ကဖေး ပုံမှန်ရောက်ခဲ့တယ်...။ သွားနေကျ အင်တာနက်ကဖေးဆိုင်က အဲယားကွန်းတစ်လုံး၊ ကွန်ပြူတာ တစ်စုံစာများဟာ ကျွန်တော့် ရှယ်ယာလို့တောင် ပြောရင်ရတယ်...။ တတ်နိုင်သလောက် ဖြတ်ကြည့်တာပဲ...။ ပြတ်သလိုလိုနဲ့ မပြတ်ပါဘူး...။
ဒါပေမဲ့ အခုအမ်းမား ဖြစ်နေသလို ဆေးသောက်ပြီးတော့တောင် စွဲတဲ့ အဆင့်ထိတော့ မရောက်ပါ...။ အဲလောက်ထိလည်း လက်တစ်ကမ်းမှာ မလွယ်ခဲ့လို့ နေမှာပါ...။ ဒါပေမဲ့ ဘယ်အရာမဆို တန်ဆေးလွန်ဘေးကတော့ ရှိတာပါပဲ...။ Time limit တစ်ခု ထားပါ...။ ksml အတွက် အချိန်တစ်ခု ပေးပါ...။ နှစ်ဦးနှစ်ဘက် အကျိုးရှိပါတယ်...။
Spend your time wisely....

Moe Cho Thinn said...

မမ
ကျန်းမာရေးတော့ ဂရုစိုက်ပါအုံး။ kmsl အတွက်လဲ အချိန်လေးတော့ ပေးပါအုံး။ မမရေးထားတာတွေက ဘလော့ဂါတွေတိုင်း ဖြစ်နေကြပြီလို့ ထင်လို့ Our ဒုက္ခ လို့ ထင်ပါတယ် မမရယ်။

ဇင်ယော် said...

အမ်းမား ဒုက္ခမသေးပါလားဗျာ။ မလွယ်ဘူး ဆေးသောက်ပြီးတောင် ဘလော့နေတယ်ဆိုတော့။ ကျန်းမားရေးလည်း ကြည့်ပါဦးဗျ။ တော်ကြာလဲသွားမှ လုံးဝမဘလော့နိုင်ပဲ ဖြစ်နေမယ်။ kmsl ကိုလည်း အချိန်ပေးလိုက်ပါဦးဗျာ။ အမ်းမားရေ တန်ဆေးလွန်ဘေးဗျနော်။

မောင်ပိစိ said...

panda eye လေးနဲ့ ဆေးပုလငိး ဆောင်ထားတဲ့ အမ်းမား မျက်လုံးထဲ မြင်ယောင်လာတယ်..
အိပ်ယာက ငေါက်ကနဲထ.. ကွန်ပျူတာရှေ့ထိုင် ဘလော့ဖတ် အချဉ်ထုပ်စား..
ဟိဟိ..
ကိုင်ပေါက်လိုက်ရမလား ဘလော့ လုပ်ချင်စိတ်ပျောက်တဲ့ နည်းနဲ့.. ဟဲဟဲ..
မကြိုက်ရင်လဲ.. နောက် မစတော့ပါဘူးဗျာ..
စည်းကမ်းလေးထားပီး နဲနဲ တင်းကြပ်ကြည့်ပါလားဗျာ..

(မေတ္တာဖြင့်)
ပိစိ

Soe Mya Nandar Thet Lwin (Borros Roxo) said...
This comment has been removed by the author.
Soe Mya Nandar Thet Lwin (Borros Roxo) said...

မမရေ

မမရဲ့ ချစ်စရာကောင်းတဲ့ အရေးအသားကြောင့် Blogger တော်တော်များများနဲ့ Reader တွေက မမကို ချစ်ကျတယ်။

သူတို့ တွေရဲ့ မေတ္တာကြောင့် မမ Blog ကို မခွာနိုင် ဖြစ်ရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဘယ်အရာကိုမဆို Limit တခု လုပ်ထားနိုင်ရင် အကောင်းဆုံးပါပဲ။ ကိုယ့်စိတ်ကို အလိုမလိုက်နဲ့ပေါ့။ Do not allow self indulging to yourself!!!

ဘဝမှာ Balance ဆိုတာ ရှိရင် ပျော်ရွှင်မှု ဆိုတာဟာလဲ အမြဲ ရှိနေမှာပါ။ ဖြစ်အောင် ကြိုးစားကြည့်ပါ။ KMSL အတွက်လဲ အချိန်ပေးပါ။

Outside Real World မှာ၊ Internet, Blog ထက် ပညာရစရာ ပျော်စရာတွေ များပါတယ်။ Limit ထားပါ မမရေ။

ကျန်းမာရေး ဂရုစိုက်ပါ။

ပျော်ရွှင်နိုင်ပါစေ။
SMNTL

RePublic said...

အမှန်တွေ ချည်းဖြစ်နေလို့ ပြောစရာတောင်မကျန်တော့ပါဘူး မမဂွိ ၊၊ ဆက်လက်တိုက်ပွဲဝင်ပါ မဂွိ ၊၊ ဂွိဂွိ

ကိုရင်နော်ခင်လေးငယ် said...

အင်း... ရောဂါ ရောဂါ.. ဘလော့ရောဂါ..
တယ်ဆိုးပါလားနော်.. ကိုယ်တွေသာ ဒီရောဂါ ခံစားနေရသလားလို့ ကိုယ်လိုလူတွေ အများသား..
ဒီရောဂါဆိုးတယ် ဆိုပေမယ့် ကိုယ်က ပျော်နေတာ ဒီရောဂါလေးကို ချစ်နေတော့ ဘယ်လိုလုပ်မလဲနော်.. မထူးတော့ဘူး ဆက်သာလုပ်... အဲ့.. ဆေးတွေသောက်ပြီးတော့ တော့ မလုပ်နဲ့လေ ကြောက်စရာ.. :P
ဖုန်းနဲ့ ရေးချင်တာလေးတွေ ပြောပြီးမှတ်ထားတာ ဂွတ်မှဂွတ်.. ကျေးဇူး.. နောက်ဆို အဲ့လိုလေးလုပ်ပြီး မှတ်ထားမယ် ပြီးရင် အသံဖိုင်လေး တင်လိုက်မယ်.. အဟေးး အေးရော..

အမြဲလာအားပေးနေပါတယ်..

ခင်မင်တဲ့..

ကိုရင် ခင်လေး ကလေးလေး

မီယာ said...

အစကဘလော့ခ်ပဲဖတ်တယ်။ အခုဖတ်လည်းဖတ် ရေးလည်းရေး။ အပြင်တောင်မသွားချင်ဘူး။ မမစီဘောက်ကိုသွားလည်ရတာကိုကပျော်စရာ။
ဒီတော့ မမတယောက်တည်းမဟုတ်ပါ။ ကျန်းမာရေးတော့ဂရုစိုက်ပါမမရယ်။ ဘလော့ခ်ရေးတာ ထိခိုက်မှာစိုးလို့ပါ။

ATN said...

ကျန်းမာရေး ထိခိုက်တဲ့ အထိတော့ မလုပ်နဲ့လေဗျာ...

ThuHninSee said...

အစ်မရေ..

လုပ်စရာရှိတာတွေကို လုပ်ပြီးမှ ကွန်ပြူတာကိုင်ရင်ရော။
အတင်းကြီးးထိန်းချုပ်လေ.. ပိုလုပ်ချင်လေ။ အဲတော့
ိစိတ်ဝင်စားစရာတစ်ခုခုဘက်ကို ပြောင်းကြည့်ပါလား။

strike said...
This comment has been removed by the author.
strike said...

ကျွန်တော် 2005 နှစ်အစမှာ Blog စစမ်းရေးပါတယ်၊ဒါပေမယ့်စွဲဆောင်အားပြင်းထန်လွန်းတယ့်
အတွက်ဆက်မရေးရဲတော့ပါဘူး၊အမှန်ပါ။ဒါပေမယ့်
စလိုက်ဖြစ်တယ့်သူများအတွက်တော့မိမိနှင့်မိမိ၏ကျန်းမာရေး
၊လူမူရေး အစဉ်ပြေမည်ဆိုလျှင်ဆက်လက်ရေးစေချင်ပါသည်။
ရေးသူများမပြောပါနှင့်ကျွန်တော်ကဲ့သို့ဖတ်သူများ
ပင်အလွန်တရာ addictဖြစ်သည်ဟုထင်ပါသည်၊အိမ်မှသူများအားလည်းပြောဖြစ်တာက
တော့ antarcticaမှာနေရနေရ၊လူမရှိသူမရှိတောထဲမှာပဲနေရ internet & cigarette ရှိရင်အတိုင်းအတာတခုအထိနေလို့ရပါပြီလို့။

Unknown said...

ဟီးးးးးး အမရေ..... အမရောဂါက ကျွန်တော့်ထက် ဆိုးတယ်ဗျာ။ ကျွန်တော်က camp ၀င်ရင် တယ်လီဖုန်းကော၊ ကွန်ပြူတာပါ သုံးခွင့်မရှိ လို့ မသုံးရတော့ အလကားနေရင်း စိတ်တို၊ တပည့်တွေကို အော်မိ၊ ငေါက်မိတယ်ဗျာ။ ဒါပေမယ့် ရွေးစရာမရှိလို့ စိတ်ကို ကြိုးစားဖြေရတယ်ဗျ။ ကျောင်းစာ၊အလုပ်၂ခု နဲ့ ဘလော့ရောဂါကြောင့် ကျွန်တော်လဲ မျက်တွင်းဟောက်ပက်ဗျ။ အမေက မနိုင်လို့ လက်လျှော့ပြီး လွှတ်ထားတဲ့ အဆင့်ရောက်နေတယ်ဗျ။ အလုပ်၊ကျောင်းပြီးတာနဲ့ ကွန်ပြူတာရှေ့ မှာ ဘလော့နေရရင် ထမင်းမေ့၊ဟင်းမေ့ အကုန်မေ့ဗျို့......
ဆေးကောင်းဝါးကောင်းလေး တွေ့ရင် မျှအုံးဗျ။ camp က နောက်ထပ်(၆)လကြာအောင် ၀င်ရအုံးမယ်။

Welcome said...

အစ်မရေ၊ ၀ါသနာကိုတားမရမယ့် အတူတူတော့ ပျော်ရွှင်စွာနဲ့ပဲ ဆက်လက် Blogging နိုင်ပါစေ နော်...
http://winzaw-mdy.blogspot.com/

:P said...

ဆက်လုပ်ဖို့မြှောက်ပေးရင်ကောင်းမလားးးးး
ချော့မော့ပြီးဖြတ်ခိုင်းရင်ကောင်းမလားးးးး
?????????

WWKM said...

ဟီးဟီးဟီးး
မီးမီးလည်း မမ နဲ့ တူတူပဲ. :P
ဘလော့ပဲလည်နေတာ. သမီးလေးကိုစာလဲ
သင်နိုင်ဘူး။ မောင် ကပဲသင်ပေးနေတယ်.
အဟီးးး
တခါတလေတော့လည်း ကိုယ့်ကိုယ်ကိုယ်
စိတ်ကုန်နေမိပါရဲ့..တကယ်ပါ။
ဘီလိုသံယောဇဉ်ဖြတ်ရပါ့။း)
ဖြတ်မယ်..ဖြတ်မယ်.. တနေ့နေ့..ဟဟ

Anonymous said...

အမက ခင်စရာကောင်းတော့ လူတွေအများကြီးလာပြီပေါ့ ပျော်စရာကောင်းတာကိုး.. အဲ့တော့ အချိန်တွေ အများကြီး ပေးရတော့တာ.. ပေါ့ပေါ့ပါးပါး ထားလိုက်ရင် အဆင်ပြေသွားမှာပါ.. အစိမ်းရောင်ဖြတ်ဆေးတော့ မလုပ်ပါနဲ့. ကဲ.. အစိမ်းထက် ပြင်းတဲ့ အနီရောင်ဖြတ်ဆေးပေးမယ်.။ ဟယ်လို ကာလနာတို့ ဒီနေ့ကော မြွေပွေးကိုက်ခံကြပြီးပလား. ဟိုအေပေးလေး ဖူးစတော့က ဒီနေ့ လာလည်တာ ဆယ့်ခုနှစ်ခါ ရှိပြီ.။ တော်ပြီပေါ့ နင့်ကို ထိုင်ဖြေဖျော် နေတယ်များ မှတ်နေလား.။ အားအားယားယား ပရိတ်သတ်ကြီးများရှင် ကျမ ဆေးတောင် သောက်နေရပြီ. သိပ်သိပ်ချစ်မပြ ကြနဲ့.. ဒါပဲ..။ ဘလော့ရေ.. နင်နဲ့ငါကွဲပါစေ. ခင်ဦးမေ.။ အဲ့လိုလေးသာရေးလိုက် ပြတ်ကရော.. ဟီး ဟီး.. :P
FullStop

tg.nwai said...

မိုင်ဒုက္ခက ဘလော.ဂ်စွဲနေတဲ့သူတိုင်းရဲ့ ဒုက္ခပေါ့နော်။ အလုပ်တွေများနေလည်း ကိုယ်သွားနေကျ ဘလော.ဂ်လေးတွေ သွားဖတ်လိုက်ရရင်တော့ စိတ်ထဲ ကျေနပ်သွားရတာပဲ။ မမကလည်း ခင်သူပေါတော့ လည်ရမယ့် အိမ်တွေများနေတာကိုး။ ပို.စ်ရေးတာကတော့ မမ ဘာတင်တင် အကုန် သဘောကျပြီးသားပါပဲ။ တအားကြီးအပင်ပန်းမခံပါနဲ့။ မမ နေမကောင်းဖြစ်ရင် မမကို ချစ်တဲ့သူတွေ စိတ်မကောင်းဖြစ်ရလိမ့်မယ်။ တခါတခါ ကွန်ပျူတာနဲ့ဝေးတဲ.နေရာ..အင်တာနက်မရှိတဲ့ နေရာ စိတ်လွတ်ကိုယ်လွတ် သွားလည်ကြပေါ့။
ချစ်တဲ့ tg.nwai

MrDBA said...

အမကြီး အဲလောက်တော့ မလုပ်နဲ့ဗျ။ ကျွန်တော်လဲဖြစ်ဘူးတယ် ဟိုအရင် mmopenlibrary မှာ စာအုပ်တွေတင်ပေးနေတုန်းကဆို ဘယ်မှာအိပ်ရလို့တုန်း။ နောက်တော့ Hosting ကပိတ်လိုက်မှဘဲ ရပ်တော့တယ်။ ခုလဲ ပြန်ဘလော့နေတော့ ရောဂါပြန်တက်လာမှာစိုးလို့ စိတ်ထိမ်းနေရတယ်။ မိသားစုကိုလဲအချိန်တော့ပေးပါဗျာ။ ဒီမှာနေရတာက ဒီလူအချင်းချင်းဘဲ ဂရုစိုက်ပြုစုစောင့်ရှောက်စရာရှိတာ။
နားနားပြီးဘလော့ဗျ။ ပရိတ်သတ်ရှိပြီးသားဘဲဟာ.. ဟိဟိ။

မြရွက်ဝေ said...

ဘလော့ရှေ့မရောက်လည်း အတွေးထဲမှာတော့ ရေးနေတာပဲ။ တကယ်ရေးမယ်လုပ်တော့ မေ့သွားရော။ အမလို ရေးစရာ ဘေးမှာဆောင်ထားရလောက်အောင်လည်း အတွေးက မကွန့်မြူးပါဘူး။ မျက်လုံးအောင့်တာတောင် ပေတေပြီး အားတင်းဖတ်နေတာလဲရှိတယ်။ ကိုယ့်ဘလော့ရေးဖို့ထက် သူများဘလော့တွေက ဖတ်လို့ကောင်း ဗဟုသုတရတာတွေလည်း များတာကိုးလေ။ ညီမတော့ ဘလော့ကို မရေးဘဲ ပစ်ထားလိုက်ရင်လဲ ပစ်ထားနိုင်ပါတယ်။ လိုက်မဖတ်ဘဲ မနေနိုင်တာ ခက်တယ်။ ကျန်းမာရေး ထိခိုက်အောင်တော့ မနေနဲ့နော် အမရေ့။

May Moe said...

အင်း သာမီးလဲ မမမြရွက်ဝေပြောသလိုပဲ ။ ရေးတာထက်ဖတ်တဲ့ဖက်ကို ပိုအားသန်တယ် ။ အစကတော့ ရောက်သမျှနေရာမှာ ခြေရာချန်ခဲ့တယ် ။နောက်ပိုင်းတော့ တိတ်တိတ်လေးပဲသွားတာများတယ်။ မမရေ ကျမ်းမာရေး ဂရုစိုက်ပါနော်။ ဦးKMSL နဲ့အပြင်ကိုများများထွက်လေ။ ဒါပေမဲ့ ပြောသာပြောရတာ အချိန်လေးနဲနဲရတာနဲ့ ကွန်ပြူတာရှေ့ပဲရောက်နေမိတယ်။ အဓိက ကတော့အိပ်ရေးဝဝအိပ် ကျမ်းမာရေးဂရုစိုက်ပါမမ။ အသစ်မရှိလဲ မမကိုချစ်လို့ လာနေမှာပဲမို့ နားနားပြီး Blog ပါနော်။ :)

Sonata Cantata said...

ဟို အဆိုတော်ကြီး "ဗုဒ္ဓ ..ဒုက္ခ တွေကို ကယ်ပါ ဘုရားသခင်" လို့ ဆိုတုန်းက သူ့ ဒုက္ခတွေထဲ မှာ များတို့လို ဒုက္ခ မပါသေးဘူးထင်တယ်နော် မမ

ပန်းခရမ်းပြာ said...

ဟမ်းဖုန်းလေးနဲ့ အသံကို ရီကော့လုပ်ကိုတော့ အတုယူသွားပြီး။ ဘလော့ကိုတော့ မဖြတ်နှိုင်သေးဘူး။ များက ပို့စ် ၁၀၀ တောင် မပြည့်သေးလို့ပါ။

သက်ဝေ said...

မမ ရေးထားတာကိုဖတ်...
Comment တွေကိုဖတ်...
သက်ပြင်းတွေချ...
ဘလော့ဂ်ကို စွဲနေကြတဲ့သူတွေထဲမှာ ကိုယ်လဲတစ်ယောက်အပါအ၀င်...
တကယ်ကို ကုရာနတ္ထိ ဆေးမရှိ...။
လုပ်စရာရှိတဲ့အလုပ်တွေ အကုန်လုံး
Last Minute ကိုပို့ ...
ခေါ်မကြား အော်မကြား...
သူ့ ကိုလဲ မရစ်အား...
မျက်စေ့တွေအောင့် ဇက်တွေတောင့်
ခေါင်းတွေကိုက် လက်တွေကိုက်နေတဲ့ကြားက ပေတေပြီး ဘလော့ဂ်တာလေ...။

ကိုပေါ said...

အိုးမိုင်ဂေါ့ဒ်...... ကိုယ့်ကိုယ်ကို ဆိုးလှပြီအောက်မေ့နေတာ။ အားလုံး သူမသာ ကိုယ်မသာပါဘဲလား။

Anonymous said...

တို့ပျင်းချင်ပျင်းပါစေ.. ဘလော့ဂ်ဂင်းတော့ရှိမယ်။
ဘယ်သူကဘာတွေညာတွေပြောလဲ ဘလော့ဂ်ဂင်းလည်းမလျှော့တယ်။
ဘလော့ဂါရူးပျောက်တဲ့ဆေး မပေါ်သေးဘူးခက်တယ်။ :D

Dr. Junior said...

ဘလော့ဂ် ဖြတ်ချင်ရင် မြန်မာပြည် ပြန်လာနေ၊အင်တာနက် ကဖီးတွေနဲ့ ဝေးတဲ့နေရာမှာ အိမ်ရှာနေ၊ ADSL တစ်လိုင်းလောက် ရအောင် လျှောက်၊ ပြီးရင် အိမ်မှာ အကြောင်းအရာတွေစု။
အဲ ... blogger.com က ပိတ်ထားတော့ ကျော်ခွ ဝင်မှရမယ်။ အဲလို ကျော်ဖို့ လိုင်းကောင်းအောင် ညဘက်မှ ဘလော့လို့ ရမယ်။ ဘလော့မယ်လည်း ကြံရော မီးက ပျက်ရော။ ကဲ ဘာမှ မလုပ်နဲ့ ၁၂ နာရီ အထိ ထိုင်စောင့်၊ မလာရင်အိပ်လိုက်တော့။ နောက်နေ့ မနက် မီးလာနေတော့ ကွန်ပျူတာရှေ့ထိုင် အဲဒီမှာ ADSL modem မီးက မလင်းဘူး။ ဒါဆိုရင် သေချာပါတယ်။ လိုင်းပျက်နေပြီ။ ဖုန်းဆက်လည်း အကြောင်းမထူး။ အဲတော့ အလုပ်ချိန်ရောက်တော့ အလုပ်သွား။ အလုပ်က ပြန်လာ မိုဒမ်ကတော့ မီးလင်နေပြီ။ အင်တာနက်လည်း တက်မယ် လုပ်ရော လိုင်းက အင်မတန် နှေးကွေး။ ကဲ ညအထိစောင့် မီးပျက်၊ လိုင်းပျက်.... ဒီလိုနဲ့ပဲ ... အမရေ ဘလော့ဂ်ဆိုတာ တကယ် ပြတ်သွားမယ် .... သိလား။

Anonymous said...

မမဂွိ နေကောင်းအောင် ဂရုစိုက်ပါ။ အိမ်တွေ သိပ်မလည်ပါနဲ့။ မလေးကိုရုပ်ရှင်သွားကြည့်ရင်တော့ မဇနိကို လက်တို့လိုက်ပါ။ လိုက်ပို့ပါမည်။ တယောက်ထဲ စိတ်မချပါ။ အိပ်ရေးတွေပျက်နေတဲ့ကြားထဲ မူးလဲမှာ စိတ်ပူလို့ပါ။

Dr. Yi Yi Win said...

မကြီးက ဘယ် stage မှာရောက်နေပြီလဲ။ stage 4 မှာ kmsl ကိုကျော်ခွနေရပြီဟုတ်။ ဒါ
ဆိုရင်တော့ ကျွတ်တမ်းဝင်ဖို့ နီးလာပါပြီ။ အဟီး။

strike said...

လူကြီးမင်းခေါ်ဆိုနေသော မခင်ဦးမေသည် kmsl ၏အထုအထောင်း၊အရိုက်အနှက်ကြောင့် မျက်နှာတွင်အညိုအမည်းများစွဲကာ မီးဖိုထဲတွင်သာနေ နေရ၍သော်လည်းကောင်း၊kmsl အားခြေဆုပ်လက်နယ် ပြုနေရ၍သော်လည်းကောင်း၊တစ်ရက်တွင်၂ နာရီခန့်သာ ခေါ်ဆို၍ရနိုင်ပါမည်။

ZT said...

ကျွန်တော် ဘလော့ခ်နဲ့ အဆက်အသွယ်ပြတ်သွားတာ အင်တာနက်ပေါ်မှာ တစ်ခြားပျော်စရာတွေ ရှာတွေ့သွားလို့လေ။ အစက ဘလော့ခ်ရေးတယ်။ နောက်တော့ မြန်မာ ဖိုရမ်တွေမှာ ဝင်ပြီး တောင်စဉ်ရေမရ ပြောတယ်။ နောက် Neopet တစ်ကောင်မွေးပြီး ဆော့တယ်။ အခု Second Life ရောဂါပါ စနေပြီ။ အားလုံးစုံသွားတော့ ဘယ်ဟာမှ စွဲစွဲမြဲမြဲ မရှိတော့ပါဘူး။

ksanchaung said...

ကွန်ပျူတာဆိုတဲ့ အရာ။ ပတ်သက်လာရင် ဘာကောင်းတာများရှိလို့လဲ။ “ဘလော့စွဲ”၊ “ဂိမ်းစွဲ”တာလောက်ကတော့ (၀ါးဟားဟား) ရီတောင်ရီလိုက်ချင်သေး။ ကျွန်တော်တို့ကိုပဲ ကြည့်။ မနက်ဖြန်သဘက်ခါပဲ “ဘီလ်ဂိတ်”လို ဖြစ်တော့မလို၊ “မိုက်ကယ်ဒဲလ်”လိုပဲ လုပ်ငန်းသစ်ကြီးတစ်ခု စတော့မလိုနဲ့ “အိုင်တီ”လောကထဲ ခြေစုံပစ်ဝင်လိုက်တာ...။ အခုတော့ ကောင်းကြသေးရဲ့လား။ လေးဘက်ထောက်ပြီး ပြန်မထွက်ရရင် ကံကောင်းပဲ။

Nu Thwe said...

ဘလော့ဂ်က နည်းနည်းတုံးက စိတ်ချမ်းသာ ပျော်ရွှင်စေပြီး၊ အရမ်းကာရော စွဲလာရင်တော့ စိတ်ညစ်ရတယ်။ အချိန် အကန့်အသတ်နဲ့ ဘလော့ဂ်မယ် ဆိုတာကို ထောက်ခံပါတယ်။ အောင်မြင်မှာပါ၊ အောင်မြင်ပါစေ။
ခင်မင်လျက် - နုသွဲ့

Dream said...

Ohh.. My God...

တီတီကွန်းလည်း မက်မက်နဲ့တူနေပါလား..
ဟီဟီး.. လျော့နော်လျော့.... ဟီးဟီး..:P :P

Anonymous said...

ဘလော့စွဲတဲ့ အစ်မ ထပ်လည်ပတ်စရာ နောက်ဘလော့တစ်ခုပေးမယ်။
http://luscioustemptations.blogspot.com/2008/08/spaghetti-with-smoked-haddock-and.html

ရွှန်းမီ said...

ဖတ်ပြီး ထပ်တူထပ်မျှ ခံစားရပါတယ်။
ဆရာနေမျိုးရဲ့ "သည်ဒုက္ခမှာ မြူးမိတယ်" ဆိုတာကို သတိရမိသွားတယ်.. :-)
http://resurrectionx.blogspot.com/2006/06/blog-post_22.html

Anonymous said...

အခုတော့ သိပြီဟုတ် ဟေးဟေး

Anonymous said...

အမှန်တွေကြီးပဲ.... မအားတာတောင် ဘာရေးရင်ကောင်းမလဲစဉ်းစားမိတုန်း....
အားတုန်း ကွန်ပျုတာရှေ့ရောက်ရင် ဖွင့်မိတာ ဘလော့..
ဘယ်တော့မှဖြတ်လို့ရမလဲမသိ

တက်လူငယ် said...

ဘယ်လိုပုံစံနဲ့ပဲ ဘလော့ဂ်ရေးကြ ရေးကြ...တူနေတာတစ်ခုကတော့...
ဝါသနာနဲ့ ခံယူချက်၊ မိမိယုံကြည့်မှုနဲ့ ရပ်တည်ချက် တို့အတွက် မျှော်လင့်ချက်များစွာကို အရင်းတည်ပြီး ဘလော့ဂ်ကို ဆက်လက် အသက်သွင်းသွားနေကြတာပါ။