Wednesday, May 27, 2009

Yangon 13

အမှန်က ရန်ကုန်မြို့ကြီးကခြောက်တာမဟုတ်ပါဘူး/ မနေ့တစ်နေ့ကမှ သကြန်ပြီးထားတော့လူတွေ က ခြေ့ကုန်လက်ပန်းကျနေလို့ လမ်းမထွက်နိုင်ကြလို့ မြို့ထဲမှာ ကားတွေ ရှုင်းနေတာပါ။ ရုံးတွေကလည်းမဖွင့်သေးဘူးလေ။ သင်္ကြန်မတိုင်ီက အရောင်းအဝယ်ကောင်းချက်ကတော့မပြောနဲ့ ကဖိုးခွေးတို့ယပ်ကလေးခပ်ပြီး ပိုက်ဆံသိမ်းနေရုံဘဲ။ ပြီးတော့လဲ ရောင်းမကောင်းလို့. စိတ်ငြစ်ရပြန်တယ်။ သက်သေရှုပါ။ အင်းယာားလမ်းမှ မဏပ် ကဖျက်နေတုံးပါ။














ရန်ကုန်တက္ကသိုလ်ကတောက့ကြည့်လိုက်တိုင်းမှာ ခံစာမှူ ရသမျိုးစုံဖြစ်မိတယ။် သဘောကျတယ်။


ရှင်းလိုက်တာများ ကားတွေ ကိုမ၇ှိဘူး ပြောထားတဲ့ အတိုင်းဘဲ














အမျိုးအိမ်ရောက်သွားတယ။် zoo လိုဘဲ အကောင်တွေ ကို ကြည့်ပါ။ သူ့ငါးကန်ထဲမှ ငါးကလေးတွေ အကောင် ၈၀ ရှိတယ်ပြောတယ်။ လူသံကြားလို့တက်မလာကြဘူး

အခုတစ်လော တို့တွေ စကားနည်းနေတယ။ စကားတွေက ကွန်မက်တွေ ဖြစ်သွားတယ်။ အစကတည်းက စကားနည်းတယ်။























စကားပြောချင်စိတ်မရှိဘူးဆိုလို့ မနေ့က လူတစ်ယောက်ကို မေးစရာရှိတာမေးတော့ သူက စကားမဖြေဘဲနဲ့ကိုယ်က မေးသမျှကို ခေါင်းညိတ်ခေါင်းခါ လုပ်နေတယ်။ စိတ်ကဆိုးလာတာနဲ့ ။ hey! open your mouth ဆိုတော့ ကိုယ်ကို သူ့ပါးစပ်ဖွင်္င့်ြ့ပတယ်။ မရယ်နဲ့ တကယ်။။။

30 comments:

khet myint myint said...

အမြန်လာဖတ်ပါတယ်

khet myint myint said...

ဟုတ်တယ် အန်တီကွန်... ကျွန်တော်လဲ အခုတလော ဘာလုပ်ရမယ်မှန်းမသိပဲ ယောင်ချာချာ ဖြစ်နေတဲ့ ခံစားချက် ဝင်နေတယ်။ စာတွေ (ဘလောဂ့်တွေ)ပဲလိုက်ဖတ်ရင်း ကိုယ်ပြောချင်ရေးချင်တာတွေ မရေးဖြစ်ပဲ ပျောက်ပျောက်သွားတယ်။
အဲတော့ ဘာလုပ်ရင် ကောင်းမလဲ။
စိတ်ထဲမှာ (တခုခု) occupied ဖြစ်နေအောင် ???

ဝက်ဝံလေး said...

ဟွန်းးး ဒီက အရင်လာဖတ်တာ မန့်တဲ့လူရှိတယ် ဦးသွားတယ် ပြန်မယ် ဗြဲဟဲဟဲ

Steve Evergreen said...

အမှန်က ရန်ကုန်မြို့ကြီးကခြောက်တာမဟုတ်ပါဘူး/
ဟုတ်မှာပေါ့ ဒီမှာဆို x mas မှာ လူတွေကအိမ် ထဲဘဲနေကြတယ်

kaungkinpyar said...

ခြောက်နေတဲ့ ရန်ကုန်ကို လာကြည့်တယ် မမ၊ နောက်ပြီး ဟိုက ပါးစပ်ဖွင့်ပြတော့ မမ ဘာတွေ့လဲဟင်

Unknown said...

Open ur mouth. လို့ပြောမှတော့ ဟိုက ပါးစပ်ဖွင့်ပြမှာပေါ့ အမရယ်:D ဟီးးးးးးးး

Anonymous said...

ရန်ကုန်ကိုနေ့တိုင်း ရောက်နေရသလိုပဲ .... ကိုယ့်ဘာသာလျှောက်သွားရင်တောင် ဒီလောက်နေရာစုံအောင်ရောက်မှာ ဟုတ်ဘူး .. ခုတော့ တစ်ဘလော့ထဲကနေ နေရာစုံအောင်ရောက်နေပြီ .. အကောင်တွေလည်းတွေ့ရတယ် ... ငါးလေးတွေရော ဝက်လေးတွေရော .. အဲဝက်ဟုတ်ဘူး .. မှားလို့ ကြက်ကြက် :D

Steve Evergreen said...

မြန်မာပြည်မှာ တချို့လူတွေက ကိုယ်ချင်းမစာတာလား ကိုယ်ချင်း စာ ရမှန်းမသိတာလား။ နေဖုန်းလတ် အပြစ်မရှိဘူးဆို ရင် ဒီ လှောင်အိမ် ထဲ က ငှက်လေးတွေရော အ ပြစ်ရှိလို့လား။ ဘာလုပ်လို့ အဲလိုနေရတာလဲ။ Bird ဖြစ်တာ အဲလိုနေဖို့လား။ သူတို့ရော စိတ်ထဲမှာ ဘယ်လိုခံစားရမလဲ။ စဉ်းစားစရာပဲ။ တတ်နိုင်တယ် ။ မ ခက်ဘူး။ မြန်မာကိုပြန်ဖို့။ ဒါပေမဲ့ မမြင်ချင်ဘူး.အဲဒါတွေ။

အိမ်က နိုင်ငံ ခြားသားတွေအတွက် hotel ဖွင့်ထားတယ်။ ပြန်ကြားရတယ် သူတို့ဆီက။ စိတ် မကောင်းဘူးတဲ့။ Yangon Zoo မှာ ဆင်လေး မိုမို ကခေါင်းပဲ လှုပ် နိုင် တယ်တဲ့။ ခြေထောက်မှာသံချေချင်းတွေနဲ့။ သူ့မှာဘာအပြစ်ရှိလို့တုန်း ပြောကြပါဦး

Ma KOM တော့ အားနာပါ ရဲ့။

Sein Lyan Tun said...

ရန်ကုန် ရန်ကုန် ရန်ကုန်

ပါးစပ်ဟတော့ ဘာမြင်လဲ မကြီး

မဟာဆန် said...

မမရေ...နေ့တိုင်းရောက်ပါတယ်..စာတွေ လာလာဖတ်ပြီး တိတ်တိတ်လေးပြန်လစ်သွားလို့..ဒီနေ့တော့ keyboard ရာလေး ချန်ထားခဲ့တယ်...ရန်ကုန် ပို့စ်တွေ အမြဲလာလာဖတ်နေတာ..အလွမ်းပြေပေါ့...
တကယ်တော့ လွမ်းမပြေဘူး...
ပိုပိုလွမ်းလာတာ

Mae said...

ဒီတခါတော့ တကယ်လွမ်းသွားပြီ၊ တက္ကသိုလ်ဝင်းထဲမှာ လူမှန်းသိကတည်းက ဆော့ခဲ့ရတာ.. နည်းနည်းကြီးတော့ ဂျပ်ဆင်နားမှာ ကလေးတွေစုပြီး ညနေဘက် စက်သီးစီးသင်တာနဲ့ .. ပြေးတမ်းလိုက်တမ်းကစားတာနဲ့..

အခုဆို ဝင်ဖို့ ခက်သွားလို့ စိတ်မကောင်းဘူး၊ အဆောက်အဦးတွေလဲ ငယ်ငယ်က ခန်းနားခဲ့သမျ အခုတော့ အိုကုန်ပြီ.. ပြင်လဲ မပြင်ကြဘူး

Moe Thet War said...

တော်ပါတော့ ရန်ကုန်၊ ရပ်သင့်ပြီ၊ ဟောင်း နွမ်းစုတ် ပြတ်ပြီး ဘာမှ မလှတော့ တာ ကို၊ မနှစ်က ပြန် တုန်းက ပုဂံ ညောင်ဦး ဖက်ပဲ အပြတ်လည် ခဲ့တယ်၊

ရေတမာ said...

ကြက်လေးတွေမြင်တော့ ကိုယ်လည်း အဲလို မရှိတဲ့အစာကိုများ ရှာစားမိနေပြီလားမသိ။

Anonymous said...

Moe Thet War said...

တော်ပါတော့ ရန်ကုန်၊
ရပ်သင့်ပြီ၊
ဟောင်း နွမ်းစုတ် ပြတ်ပြီး ဘာမှ မလှတော့ တာ ကို၊ ....

Where your heart go for beauty..?

actually, The ugly thing is in your Heart..

Think So..?

Dream said...

ဟားဟားဟာ.... ဟုတ်လည်းဟုတ်တာပဲ....
တီကွန်းကလဲ.... :P

ဝေလေး said...

မမ
မရယ်နဲ့ဆိုလည်း ရယ်ချင်သွားတယ်.. တစ်ကယ်....... :P

ကြည် said...

ရန်ကုန်ပိုစ့် ရန်ကုန်ပိုစ့် ............တော်တော်စုံတာပဲ။ ငါးလေးတွေကော...ကြက်ကလေးတွေကောပါတယ်။ နောက်ထပ်ဘာတွေလာမယ်ဆိုတာတောင်ခန့်မှန်းရခက်သား။ ဒါပေမဲ့မျော်နေပါတယ် .......ရန်ကုန်(၁၄) ကို။

မလိခ said...

ရန်ကုန် အလွမ်းပြေလာကြည့်တယ် မမရေ...
ရန်ကုန်တက္ကသိုလ်ကြီးက မမပြောသလို ကြည့်တိုင်းအတွေးစုံရတယ် လွမ်းလဲလွမ်းစရာကြီး...

မမက စိတ်ဆိုးဆိုးနဲ့ ပြောတာကို ပါးစပ်ဟပြတော့ မမဘယ်လိုဖြစ်သွားလဲဟင်... ဒေါသတွေ လျော့ပြီး ပြုံးမိသွားတယ်..ဟုတ်...ဟဲဟဲ

မေ said...

မမရေ...နေ့တိုင်းရောက်ပါတယ်..စာတွေ လာလာဖတ်ပြီး တိတ်တိတ်လေးပြန်လစ်သွားလို့.. ရန်ကုန် ပို့စ်တွေ အမြဲလာလာဖတ်နေတာ..
မေလဲရီစရာလေးသာရေးထားတာရင်ထဲမှာမိုးရွာနေတယ်..

Moe Cho Thinn said...

ပါးစပ်ဟပြသူက kmsl မှ ဟုတ်ရဲ့လား မမ။

ksanchaung said...

မချိုသင်း ပြောတာဟုတ်တယ်။ အန်တီဂွိ အဲ့သလောက် အားမလိုအားမရ ဖြစ်နေမှတော့ ကိုမဆလာမှ ကိုမဆလာအစစ်ပဲ။

Moe Thet War said...

Hay. Anonymous, why you insult me, haam!!! do you want a favour from blog owner? pity cripple.

I am telling the truth what I saw. We all can't be the same and can't have the same idea, should keep an open mind daft.

်မင်း said...

လှောင်အိမ်ထဲက ဒေါင်းကိုမြင်ရတာ စိတ်မချမ်းသာလိုက်တာ။ သူလေးလွပ်လပ်ပြီးကနေတာ ကိုဘဲကြည့်နေချင်မိတယ်။ ဒီဘ၀က အမြန်လွတ်ကျွတ်ပါစေလို.ဆုတောင်းလျှက်။ ထို.နည်းသူ မြန်မာပြည်သူပြည်သားအပေါင်းနှင့်တကွ အမေစုလည်း မတရားဖိနှိပ်မှုအောက်မှ အမြန်လွတ်ကျွတ် ပါစေလို.ဆုမွန်ကောင်းတောင်းလိုက်ပါတယ်

မင်း said...

ဒေါ်စုလွတ်မြောက်ရေး တို.အရေး တို.အရေး
ဒီမိုကရေစီရရှိရေး တို.အရေး တို.အရေး
သပိတ်သပိတ်မှောက်မှောက်
အရေးတော်ပုံ အောင်ရမည် အောင်ရမည်။

မီးမီးချစ် said...

မမန့် ရ မနေ နိုင် ပေါင်

mgnge said...

ရီဘူး

Rita said...

မမချို ဦိးသွားပြီ။ အဲလိုမေးမလို့။
မမက ပြန်ပြောလိုက်ပေါ့။ ပါးစပ်ဟတာနဲ့ အူ ဘယ်နှခွေရှိလဲ တန်းမြင်တယ်လို့။
:))))

Anonymous said...

လှောင်အိမ်ထဲကဒေါင်း............

ကြက်တုပ်ကွေးလား

ကိုလည်း ခုတော့ တုပ်ကွေးမိနေတယ်..

(ကို )နဒင်း

Mogok Thar said...

miss the time in Yangon University Campus. :-(

WWKM said...

မမရေ..
ဒီမှာဘယ်လိုပဲနေရ နေရ ရန်ကုန်မြို့လေးကိုတော့ လွမ်း
နေမိတာပဲနော်.း))) ကျေးဇူးမမရေ.