Tuesday, July 28, 2009

hello ……Singapore

ကိုယ်နဲ့မဆိုင်သလိုဘဲ။ ဒါပေမဲ့လည်းဆိုင်ပါတယ်။ သာမာန်ဝန်ထမ်း မျိုးရိုးက လာတဲ့ကိုယ်ဟာ နိုင်ငံခြားဆိုတာ ကိုယ်နဲ့ မဆိုင်သလိုဘဲ ဖြစ်ခဲ့မိတယ်။ ကျောင်းတက်တယ် ရိုးရိုးဘဲ။ ကျောင်းပြီးတယ။် ရိုးပါသေးတယ်။ အလုပ်ဝင်တယ်။ ဒါလည်း ရိုးသေးတယ။် အိမ်ထောင်ကျတော့ အဲဒီခောတ်က ခေတ်စားတဲ့သဘောင်္ာသားနဲ့ အိမ်ထောင်ကျပါတယ။် သတင်းစာမှာ လက်ထပ်ပြီးစီးခြင်း ဆိုတဲ့ ကြော်ငြာ တစ်ခုရယ်။ မြန်မာ ကျပ်ငွေ ၇၀၀တန် လက်ထပ်စာချုပ်ရယ်နဲ့ဘဲ နစ်ဦးသဘောတူ ယူခဲ့တဲ့ သူ က သဘောင်္သားဆိုတော့ကာ တစ်နစ်မှာ တစ်လ ဘဲ.နားဖြစ်ပါတယ။်

ဒီလို နဲ့ နစ်ပေါင်း နဲနဲကြာလာ။ သူ လဲ သဘော်ပေါ်ကနေ ရှိုးပြောင်း ကိုယ့်ကို ခေါ်ချင်တဲ့ အရိပ်အယောင်ရှိပေမဲ့လဲ ကိုယ်က ကိုယ့်ရဲ့ အလုပ်သံယောဇဉ်ရယ်။ လေဖြတ်နေတဲ့ အဖေရဲ့သမီး ..ကို မသွားစေချင်ဘဲ သူ့အနားမှာရှိစေချင်တဲ့ ဆန္ဒကို နားလည်လို့ကိုယ်နဲ့ မဆိုင်သလိုဘဲနေခဲ့တယ။် ဒါပေမဲ့ဘွဲ့လွန်ဆက်မတက်ခဲ့မိဘူး. ဘွဲ့လွန်တက်ရင် နောက်ထပ် နစ် အနည်းငယ်ကို ထပ် ပေးဆပ်ဘို့ အ တွက် အာမမခံနိုင်ဘူး ဖြစ်နေတယ။် ဒါဟာ မှန်ပေမဲ့လည်းမှားသွားတဲ့ ဆုံးဖြတ်ချက်ဘဲလား. ဝေမခွဲနိုင်ခဲ့ဘူး။ လုပ်စရာရှိတာတွေကို ငယ်စဉ်မှာ အပြတ်ဖြတ်နိုင်ရမယ်ဆိုတာ ကို မဖြတ်နိုင်ခဲ့ဘူး။

နောင် ကိုယ် တောနယ်ပိုင်းမှာမှ တော်တော်လေးချောင်ကျတဲ့နေရာကိုပြောင်းရပြီဆိုတော့မှ အလုပ်သံယောဇဉ်က ပြတ်သွားခဲ့တော့တယ။် ကိုယ်မပြတ်ပေမဲ့လဲ သူက ဖြတ် သွားပေးခဲ့ပြီလေ။ အဖေအမေ လည်း မရှိတော့တဲ့ အချိန်မှာ ကိုယ့်အတွက်တော့ ရွေးချယ်စရာမကျန်အောင်ဖြစ်ခဲ့ပြီ။
ဘာကြောင့်နိုင်ငံရပ်ခြားထွက်ခဲ့တာတဲ့လဲ။

29 comments:

ZT said...

လုပ်စရာတွေတော့ အများကြီး ရှိသေးတယ်။ ဒါပေမယ့် မငယ်တော့ဘူး။ အဲဒီတော့ အပြတ် ဖြတ်ဖို့ အချိန် မရှိတော့ဘူး။ :)

လူမုန်း said...

သြော်.....

ဘွ...ဘွ...ဘွ။

kaungkinpyar said...

အဲဒီတော့.....အဲဒီတော့.....

Anonymous said...

တကယ်တော့ ရေးနိုင်တွေးနိုင်တဲ့ စာရေးသူ စာဖတ်သူတွေအများကြီးဗျ။ အခုလိုပို့စ်လေးတစ်ပုဒ်အဖြစ် ဖန်တီးပေးတာ ကျေးဇူးခင်ဗျ....

mae said...

ဒီလိုပါပဲ မမရယ်..

ပညာနောက်ကိုလိုက်တော့လဲ တခြားနေရာမှာ နောက်ကျန်ခဲ့သလိုပဲ၊

မီယာ said...

ဘာကို ဘယ်အတွက်ကြောင့် ရွေးချယ်ခဲ့တယ် ဆိုတာ အခု ပြန်စဉ်းစားလို့ မရတော့ဘူး မမရေ

ဆောင်း said...

မရေးလိုက်ရင် ခေတ်မမှီမှာ စိုးလို့ 
ကျမ က တော့ နိုင်ငံခြား ထွက်တာ အချိန်တန်လို့ ထွက်ခဲ့တယ် လို့ ပြောရမယ်ထင်တယ်)

ကိုလူထွေး said...

အဖေကို ပြုစုဖို့ ကိုယ့်အချိန်တွေကို ပေးခဲ့တယ် ဆိုတော့ ပြောသလောက် အတ္တအကြီးကြီးတော့ ဟုတ်မယ် မထင်ပါဘူး...

လူတော် လူကောင်းတယောက်ဖြစ်ဖို့ ဘွဲ့တွေအများကြီး မလိုဘူး ထင်တာပဲလေ...

(မသိချင်ယောင်ဆောင်ပြီး ထွက်ထွက်သွားပေါင်း များပြီဆိုတာ သိနေတာ ကြာပြီလေ...)

းဝ)

Steve Evergreen said...

ကျမဘဝ ဇာတ်ကြောင်းဆိုပါတော့။ တယောက်ယောက်ကိုဖြေရှင်းချက်ပေးနေသလားထင်လိုက် မိသေးတယ်။ ဟုတ်တယ် ဟိုတုန်းက သဘော်သားဆို ဈေးကောင်းခဲ့ဘူးတယ်။ ပြီးတော့ ဂျပန်သွားတဲ့ခေတ်။ အမေရိကားကတော့ မြန်မာတော်တော်များများရဲ့ အိမ်မက်ဖြစ်နေတာ ရာစုနှစ်ပေါင်းမနည်းတော့ဘူးထင်တယ်။ စင်ကာပူက ဘယ်တုန်းက နာမည်ကြီးပြီး အခုလိုမြန်မာတွေဒီလောက် စုသွားတာလဲဆိုတာမသိလိုက်ဘူး။ အဂ်လန်ကတော့ဘယ်တုန်းကမှ သိပ်ပြီး ရှန်းရှန်းတောက် popular မဖြစ်ဘူးထင်တာပဲ။ ဟိုတုန်းက လာရတာလဲလွယ်တယ်။ Visa တောင် interview သိတ်ဝင်စရာ မလိုတဲ့အချိန်တွေရှိခဲ့ဘူးတယ်။

San said...

''ဘာကြောင့် နိုင်ငံရပ်ခြား ထွက်ခဲ့တာလဲ''

အားလုံးမှာ ကို့ reason နဲ့ ကိုရှိကြပါလိမ့်မယ်
ဒါမဲ့လဲ ဒီလောက်လေးနဲ့ များ ဘာ့ကြောင့်ငါ သိပ်ချစ်တဲ့ မိသားစုလေးကို ခွဲပြီး တယောက်ထဲ ထွက်လာခဲ့ပါလိမ့် လို့ခဏခဏစဉ်းစားမိတယ်
ပြည်ပ ဟာ struggle အရမ်းလုပ်ရပါတယ် stress အရမ်းများတယ်
တခုလိုချင်ယင်တော့ တခု ပြန်ပေးဆပ်ရတာ ပါပဲ

ATN said...

တကယ်တော့လည်း ရွေးချယ်ခွင့်ဆိုတာ သိပ်မရှိဘူး ထင်တာပါပဲ...

Steve Evergreen said...

ကိုယ်ကတော့ အင်္ဂလန်ကိုထွက်လာတာ စီးပွါးရေးကြောင့်လဲမဟုတ်ဘူး။ အစိုးရကြောင့်လဲမဟုတ်ဘူး။ ကားတွေ၊လူတွေ၊ လမ်းတွေ ကြည့်ပြီးစိတ်ဆင်းရဲလာတာနဲ့ ဒီကိုပြေးလာခဲ့တာ။ ခဏလေး လမ်းပေါ်လျှောက်ရင်လဲ ပူလိုက်တဲ့နေ။ ဒါ ပွင့်ပွင့်လင်းလင်းပြောတာ။ တချို့ရိုးရာယဉ်ကျေးမှူ တွေနဲ့ လူတွေရဲ့ ရှေးကျတဲ့အမြင်တွေကိုလဲ သိတ်မနှစ်သက်လှဘူး။

ပုံမှန်တော့ မြန်မာပြည်က နေလို့ကောင်းတယ်။ မှတ်မိသလောက် တောတောင်ရှူခင်းတွေဆိုလဲသိတ်လှတာ အင်္ဂလန် ထက်သာတယ်မှတ်တယ်။ သက်ကြီးရွယ်အိုတွေကိုလဲဇီဝိတ ဒါနသိပ်ပြုချင်ပါတယ်။

Anonymous said...

မမဆောင်းလိုပဲ..
ခေတ်မမှီမှာ စိုးသောကြောင့်..
...........
.....
........
X ထုံ

MANORHARY said...

ရွေးချယ်ခွင့်နဲ့မဟုတ်ဘူး
အရွေးချယ်ခံဘဝတွေနဲ့
လူ့ဘဝထဲပစ်ချခံခဲ့ရတာ
အတိတ်ကံဆိုတဲ့ အဝတ်ဟောင်းကိုဝတ်ဆင်လို့
.......................

Moe Cho Thinn said...

ရေကြည်ရာ မြက်နုရာ ပြောင်းလာတယ် ဆိုရမလား မမ။
ဒါမှမဟုတ် ရွေးချယ်စရာရှိသေးရင် မလာဖြစ်သေးဘူး လို့များ ပြောချင်သလား။
ဘာကြောင့် နိုင်ငံခြား ထွက်ရသလဲ တဲ့၊ စိတ်ဝင်စားဖို့ ကောင်းတဲ့ မေးခွန်းပဲ။

Yan said...

ဒီလိုပါပဲ... အဓိကကတော့ ကံဇာတ်ဆရာ ကြိုးဆွဲရာ ကနေချိန်မှာ ဇာတ်ခုံပေါ်က လွင့်စင်မကျသွားဖို့ရယ်၊ ကန့်လန့်ကာနောက်ကွယ်ကို ပစ်ထည့်ခြင်း မခံလိုက်ရဖို့ရယ် အလူးအလဲ ရုန်းကန်လှုပ်ရှားရင်း ကျွန်တော်တို့ မျက်ရည်စတွေကြားမှာ ပြုံးနိုင်အောင် ကြိုးစားနေကြရတာချည်းပါပဲ..

ပျော်ရွှင်ချမ်းမြေ့စွာနဲ့ ဘ၀ကြီးကို စိန်ခေါ် ရဲရင့်နိုင်ပါစေ မခင်ဦးမေ...း)

Y.

sz said...

I do agree with မီယာ.

ပန်းခရမ်းပြာ said...

No Choice မို့ ရောက်လာတယ်ပေါ့။
ဆက်ရန် ရှိသေးလား မမ။

PTG said...

ပြန်ဖို့ကော စဉ်းစားမိသေးလားအမ

Anonymous said...

heee.

So many excuses for so many reasons...

The only thing's the same...

.....

Only for yourself...right..?

Anonymous said...

and...

even talk about good things in their dream...

but never happen very near future..right..?

Hee....Great dream..

rose of sharon said...

ဒါကစင်္ကာပူကိုရောက်လာခြင်းပေါ့...ဆက်ရန်ရှိသေးလား...

sweetpeony said...

လုပ်စရာရှိတာတွေကို ငယ်ရွယ်စဉ်မှာ မပြတ်ဖြတ်ရမယ်တဲ့လား အမ..
အင်း
ဖြတ်မယ်
ဖြတ်မယ်
အားလုံးကို ပြတ်အောင် ဖြတ်ပစ်မယ်
မှတ်ချက်။ ။ အလုပ်

မေဇင် said...

ရွေးချယ်စရာ များများစားစားမဟုတ်..ဒီတစ်လမ်းပဲ ရှိတော့တယ်...။

မေ့သမီး said...

တခါတလေကျတော့ ရွေးချယ်ခွင့်ကကိုယ်ကလုပ်ရတာ လား။ ကိုယ်ကပဲအရွေးချယ်ခံဖြစ်နေတာလား နားမလည်အောင်ပါပဲ။

Sein Lyan said...

ပြန်ပြောင်းလဲ မပြောချင်ဘူး

နောက်ပြန်လဲ လှည့်မကြည့်ချင်ဘူး


နာစရာရင်လဲမရှိတော့ဘူး

ကျခဲ့တဲ့ မျက်ရည်တွေက မြေထဲပင်လယ် မှာစီးမျောနေဆဲ



ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

ksanchaung said...

လုပ်စရာရှိတာတွေကို ငယ်ရွယ်စဉ်မှာ မပြတ်မဖြတ်နိုင်တဲ့ သူတွေထဲ ကျွန်တော်လား။ ထိပ်ဆုံးက ပါတယ်။ ဘွဲ့လွန်လည်း မရှိ။ နိုင်ငံခြားလည်း မထွက်ဖြစ်နဲ့။ မျောက်သစ်ကိုင်းလွတ် ဖြစ်နေတယ်။

Anonymous said...

If Myanmar is developed like Japan, south Korea or Singapore, we don't need to be away from home. Our home will be the best in this world.
:-) . But ........But...... :(

ကလူသစ် said...

အော် လက်စသတ်တော့ သူ ဖြတ်ခံလိုက်ရတာကိုး