Friday, August 14, 2009

hello ..hello..


ဒီမှာ …ဒီမှာ……

မြက်ပင်လေးတွေ လိုနင်းချေသွားဘို့မဟုတ်.
ပန်းတစ်ပွင့်လို ရှိုက်နမ်းသွားဘို့လဲမဟုတ်
လာဘို့မလို.
ခင်ဘို့မလို
ချစ်ဘို့မလို
ညှာတာမှူသာလို။
ကြင်နာမှူသာလို.
နောက်ဆုံးမှာတော့ ဟိုလိုလိုလို ဒီလိုလို…

13 comments:

Vista said...

Vista said...

ဒီတခါငါကွ

သစ်သစ် said...

မြက်ပင်လေး သနားပါတယ်...

Vista said...

ဟိုလိုလို ဒီလိုလိုဆိုတော.

Nay Nay Naing said...

အရမ်းအားနေတာလားလို့  မမေးတော့ပါဘူး

မနာလိုသူ ပြည်သူတစ်ဦး

:P said...

မမ
အဲဒါ ခြင်ထောင်လုပ်တမ်းဆော့လို့ရတဲ့ မြက်ပင်လေးမဟုတ်လား....။

ကြည် said...

မမ.. တင်ပါအုံးနောက်တစ်ပုဒ်၊ မန့်မလို့စောင့်နေမယ်၊ ၁ ရအောင်လို့လေ၊ ၁ မရဖူးသေးဘူး။

မေဇင် said...

ဟုတ်တယ်...အဲ့ဒါ မြတ်ပင်လေးတွေနဲ့ ခြင်ထောင်လုပ်တမ်း ကစားတယ်..၊ နှံမ အိမ် လုပ်တမ်း ကစားဖူးတယ်..ငယ်ငယ်က

:P said...

အညတြပန်းလေးတွေကို စင်ပေါ်တင်ပေးနေတဲ့
ဆင်ဦးစီး.. အဲ.. ဘလော့ဂါ KOM

ATN said...

ကဗျာတွေ စပ်နေပြီကိုး...

MrDBA said...

ရှာရှာပေါက်ပေါက် ခြင်ထောင်လုပ်တမ်းဆော့တယ် .. အံ့ရော ..

mae said...

ခံစားသွားပါတယ် မမ

(တနေ့ မကြည့်မိပါတယ်.. များလိုက်တဲ့ post တွေ)

myo said...

ဒီမှာ...ဒီမှာ..

ကြင်နာမလိုလို ညှာတာမလိုလို
ဟိုလိုလို ဒီလိုလို မလုပ်ပါနဲ့
ချစ်မယ်ဆိုချစ် ပစ်မယ်ဆိုပစ်
ပြတ်ပြတ်သားသား ဖြစ်ဖို့လိုတယ်
:D

(နောက်ဆက်တွဲ ခံစားခြင်း )