Tuesday, October 20, 2009

khin phone kyi























အခုတစ်လော မျက်စေ့ကျနေတာကတော့ New M1 Superpac Plan

ဆိုတဲ့ တယ်လီဖုံးကြိုပေးစနစ်နဲ့ (prepaid) ရောင်းတဲ့ကဒ် ကိုဘဲ။ တွဲရက်ရောင်းတဲ့တယ်လီဖုံးက nokia 2730 classic ပါ။ 3G, internet. Radio, video, camera. 1GB memory card. မဆိုးပါဘူး။

အခုတစ်လောသတင်းစာ ပြန်ဖတ်ဖြစ်တယ်။ ဘလော့လုပ်ရာကနေ အခြေအနေ မကောင်းတော့ အသာလေးစတေးရှောင်နေမှ ဆိုပြီး အပြင်လည်းထွက်ဖြစ်တယ်။ သတင်းစာလဲ ဖတ်ဖြစ်တယ်။

ကိုယ်က ဘလော့ကို ပရော်ဖက်ရှင်နယ်လုပ်တာပါ။ အချိန်ဘယ်လောက်ပေးသလဲဆိုတာ အလုပ်ချိန်ကလွဲရင် ဘလော့ချိန်ပါဘဲ။ ကိုယ့်ဘဝရဲ့တိုးတက်ရေးဆိုတာ ကိုမေ့ပြီး. ရေးလဲရေး.ဖတ်လဲဖတ်. မှတ်ချက်လည်း ရေး.စီပုံးမှာလည်း စကားပြော။ ထွက်သမျှကို လည်းမဖတ် လိုက်ရရင် တာဝန်မကျေသလိုဘဲ။ မကွန့် လိုက်ရရင် လည်း စာရေးသူကိုအားနာမိသလိုဘဲ။

ကွန်မက်ကတော့ ကိုယ့်သူငယ်ချင်း ပြည်ကြီး ချိုင်းနားကလာတဲ့ဝမ်ဇောင်ဂျင်း ပြောသလိုဘဲ။ သူက ဆီမီနာတွေ ကွန်ဖရင့်တွေ မှာ အမြဲဘဲ တင်ပြသူတွေ ကို မေးခွန်းထုတ်လေ့ရှိတယ်။ ကိုယ်က ဘာဖြစ်လို့လဲမေးရင် ဟိုလူတွေ ဖြေတာ မဖြေတာ အပထား သူမေးခွန်း ထုတ်လိုက်တဲ့အခါမှာ လူတွေ က သူ့ကိုမြင်သွားတယ် လို့တင်ပြတယ်။ အဲဒါကိုများကိုယ်စွဲလမ်းနေလို့ရောက်လေ ရာအရပ်မှာ ကွန်မက်ထားခဲ့တာဖြစ်ပါလိမ့်မယ။ ကိုယ့်ရည်ရွယ်ချက်လဲ အောင်မြင်ပါတယ်။

အဲဒါနဲ့သတင်းစာထဲက m 1 ကြော်ငြာကိုဖတ်ြီပီးသဘောကျသွားတာနဲ့ဆိုင်ကို သွားကြည့်တယ်။ တယ်လီဖုံးကဒ် ကို ၂၅ကျပ်တန်ဝယ်ရမယ် အထဲမှာ ၃၀ ဘိုးပါမယ်။ တယ်လီဖုန်းက စလုံး ၁၅၀ ကျမယ်ဆိုတော့စုစုပေါင်း စလုံး ၁၇၅ ကျပ်ကျသင့်မယ်။ prepaid card ပါဘဲ။ တစ်လဘဲသက်တန်းရှိမယ်။ တစ်လမကုန်ခင် ၂၅ ကျပ်ထပ်တိုးရမယ်။ မတိုးရင် ရှိတဲ့ပိုက်ဆံအဆုံ့း။ ကဒ်ပြားထဲက ပိုက်ဆံမကုန်ရင်လည်းရှေ့လတွေ ကို ဆက် ယူသွားလို့ရတယ်။

သဘောကျသွားတာက incoming free ဆိုတာဘဲ။ကျန်တဲ့ကဒ်တွေ က free လိုချင်ရင် တစ်နေ့ကို ပြားခြောက်ဆယ်နှူံနဲ့တစ်လ ၁၈ကျပ် ပေးမှာ incoming free ရမယ်။ အခုကဒ်ရဲ့အားသာတဲ့အချက်က ည ၁၂ ကနေ မနက် ၁၀ နာရီအထိ outgoing call နဲ့ internet free ရမယ်။ caller number display နဲ့ ဘာတွေညာတွေလည်း ဖရီးရမယ်။ ၁၉ နိုင်ငံ့ကိုလည်း တမိနစ်ကို local rate နဲ ခေါ်လို့ရမယ်။ per second billing လည်းဖြစ်တယ်။

စလုံးမှာနေရတာ ညဏ်ရည်မြင့်လို့သာနေနိုင်တာဘဲ။ တယ်လဲတွက်ရချက်ရသကိုး. ဟိုပလန်ဆို ဘယ်လိုနေမလဲ။ဒီပလန်ဆို ဘယ်လိုနေမလဲနဲ့တွက်ရချက်ရ။ တယ် ခေါင်းစားတယ်.။ နောက်ဆုံးတော့ဝယ်ဖြစ်သွားတယ်။ ဘယ်သူကမှ ဖုံးမခေါ်ကြဘဲနဲ့..ဖုံးသုံးလုံးနဲ့ကိုယ်ဖြစ်သွားပြန်ပြီ။

Kmsl ကတော့သက်ပြင်းချသွားရှာတယ်။ စိတ်မကောင်းပါဘူး မောင်။

39 comments:

Dr. Yi Yi Win said...

1st လာဦးကြည့်တာ။ ဟီး

Dr. Yi Yi Win said...

ရတယ်ဗျ။ ဒုတိယပါ ဆက်ယူတယ်။ ခေတ်မီ သွားအောင်လို့ လေ။ ဆက်ဖတ်လိုက်ဦးမယ်နော်။

သံလွင် HeRo said...

တားတားလည်း ဖုံးဘင်ကျတာများလွန်းလို့
ချွေတာလို့ရအောင် ပရီပေးကဒ်လေးပဲသုံး
ရင်ကောင်းမလဲစဉ်းစားနေတယ်...
နောက်နှစ်လကစပြီး ပြောင်းပါပြီ....

Dr. Yi Yi Win said...

“ဟိုလူတွေ ဖြေတာ မဖြေတာ အပထား သူမေးခွန်း ထုတ်လိုက်တဲ့အခါမှာ လူတွေ က သူ့ကိုမြင်သွားတယ်” မှန်၏။ ဖုန်းအကြောင်းတော့ သိပ်မပြောနိုင်ပါ။

ဝက်ဝံလေး said...

အလိုလေး မာမီရဲ့ ဖုံး ၃ လုံးလောက်ရှိရင် သမီးတော်လေးကို ၁ လုံးလောက်မျှပေါ့လို့နော် ဟိဟိ

ပြန်မယ် မုန်တိုင်းတွေ စဲပြီထင်တယ်နော် မစဲသေးတုံးက ကြောက်လို့ မမန့်တာ သိလား နေ့တိုင်းရောက်တယ် သိလားလို့
ယုံချင်လဲယုံပေါ့ မယုံချင်လဲနေပေါ့ ဟိဟိ ဆုန်သင်းပါရ်လေသံ ဘယ်လိုတုံး တူလားလို့

သားကြီး said...

အဟဲ
ဖုန်းသုံးလုံးဆိုတော့ ၁လုံးမျှဦးလေဗျာ
ကျနော့ဖုန်းပျောက်သွားပြီ
ပြန်ဝယ်ဖို့ပိုက်ပိုက်မရှိ :P

ကိုလူထွေး said...

အနားတောင်မကပ်ရဲပါဘူးဗျာ...
ကိုလူထွေးက ဥာဏ်ရည်နိမ့်တယ်လေ...

မမKOM တို့ လုပ်ချက်ကတော့ဗျာ...းP

းဝ)

ကောင်းကင်ပြာ said...

ဖုန်းနံပါတ်လေး ပေးပါဦး မမ..း)

Steve Evergreen said...
This comment has been removed by the author.
Steve Evergreen said...

I think this post is informative. We can learn some Singapore mobile phone plans which are different from the UK where we don’t need to pay for incoming calls and basically we have Pre-pay (Pay as you talk/pay as you go) and monthly pay ( line rental) which are operated mainly by Vodafone, O2, Orange, T-mobile and Virgin. (Super markets also provide the service)



There is only one issue I’d like point out
if you don't mind, because I think it is logically incorrect. Going “professional” does not necessarily mean spending all the time on that particular subject. Take female cheroot workers from Burma for the best example. Those women sat down from early morning till late evening,
maybe before going to bed and roll cheroots manually. Do we say they are professional workers? But we must admit they have a fine skill in that business.
http://en.wikipedia.org/wiki/Cheroot
. Of course they are skilled workers.



Any way good luck with your extra profession and your new Nokia. All the best.

Sein Lyan Tun said...

ဖုန်းလား...

ဖုန်းဆိုရင် သားသတ်မှတ်ထားတာက

သူပြောရင် ကိုယ်ကြားမယ်

ကိုယ်ပြောရင်သူ ကြားမယ်...


ခေါ်လို့ မရရင် မက်ဆေ့ပို့မယ်။.။။

ဒီအတွက်ဖုန်းကို ဝယ်တယ်...

ကင်မရာမလိုချင်ဘူး...

ရေဒီယိုမနားထောင်ချင်ဘူး...

ခုခေတ်ပေါ်နေတဲ့ နောက်ဆုံးပေါ်တွေ

အကုန်လုံးပါတဲ့ဖုန်းကို လုံးဝမကိုင်ချင်ဘူး...

ဆက်သွယ်ရေးတစ်ခု အနေနဲ့ ပဲ အသုံးချချင်တယ်..

အဲလောက်ပဲဖုန်းကိုအသုံးပြုမယ်ဆိုရင်ကျေနပ်ပီး...

စကားကြီးစကားကျယ်ပြောသွားတယ်...

ဘာကြောင်လဲ သိလားမကြီးကွန်...

တကယ်တမ်းတော့ ဘာဖုန်းလာလာ

ဘယ်လိုအသစ်ဝင်ဝင်သုံးချင်ဝယ်ချင်ပါတယ်

တကယ်တမ်းတော့ မတတ်နိုင်လို့ 

မဖြစ်ချင်တာတွေကို လူစွာလုပ်ပြီးပြောသွားတယ်...ဟဟ

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

မျောက်မျောက်

ရွှေရတုမှတ်တမ်း said...

တလတလ ကို ဈေးအသက်သာဆုံး ဖုန်းပဲ ရှာသုံးနေရတယ်..ဂျီးတော်ရေ့...

Bino said...

You are lucky lady.
You can choice anythings as you like.
I am a poor man without own phone.
Last month, I arrived Doha air port duty free shop. I saw the ugly hand sets in the show case. But price is sky height.
How much you think?
OVER USD 1000, some are over USD 1600.
I never seen before.
Never heard the name "VERTU".
If I buy a good hand-set, where can I use as a mobile man.
I mean I'm a mobile man.
Run through from here to there.
Don't worry! I've a good laptop.
I can connect with wireless network internet in Foreign Country except Myanmar.
BINO

Bino said...

Sorry Khin Oo May,
Hand-set VERTU is not USD 1,000.
over USD 10,000.
If someone who live in America saw my comment, he will angry with me.
I asked some agent in Jebel Ali, Dubai the minimum prize of that phone.
He said that you can buy USD 6,000 for last year model.
Oh hooo....
BINO

ရေတမာ said...

မကြီး ကြေငြာတော်တော်ကောင်း M1 အတွက်များ မားကတ်တင်း ဆင်းနေသလားဟင်..M1 တောင် ပြောင်းရကောင်းမလား ကောင်းမလား ကောင်းမလား

Rita said...

ကောင်းတယ် မမ ဆက်ရေးပါ။
နောက် မေ့သလောက်ရှိမှ နားချင်နား။
ခုလောလောဆယ်တော့ ရေးနေစေချင်တယ်။

P.Ti said...

ကောင်းပါတယ်လေ retail therapy ပေါ့။

ဘလော့ဆိုတာ ကိုယ်ရေးချင်တာရေးဆိုပေမယ့် အခုလို ပေါ့ပေါ့ပါးပါးရေးရင်း ဗဟုသုတရတာပေးတာက အားလုံးအတွက် ကောင်းတယ် အမ...

နောက်ပြီး seminar မှာ ကိုယ့်ကိုလူတွေကြည့်စေချင်လို့ မေးခွန်းမေးတယ် ဆိုရင်လည်း seminar နဲ့ ပတ်သက်တဲ့ မေးခွန်းကို တလေးတစား မေးမှ ကြည့်တဲ့လူတွေက ကိုယ့်ကို အထင်တကြီးကြည့်မှာပေါ့... ဟုတ်ဘူးလား :)

Cheers!

Anonymous said...

ခိုင်လည်း bill တွေကျတာများလွန်းလို့ prepaid card သုံးမလားလို့...

ဗီလိန် said...

သြော်... ဒါကြောင့်လည်း မမကွန် အန်တီကွန်ဆို နာမည်ကြီးနေသကိုး။ :) အရေးအသား လေးစားတယ်။

fall leaf said...

sony ဘာလို့မ၀ယ်တာလဲငှင်..
အခု...
အသစ်ကလေးနဲ့ ပျော်နေတာပေါ့..

:P said...

သူ့နာမည်က လေဒီဖုန်း...ပါ။

m1 ပြောင်းသုံးရကောင်းမလား၊ ခုက ကွန်ထရက်ပြည့်ပြီ။ ကဒ်ဖုန်းသုံးတာ ကောင်းတယ်တဲ့။ သူငယ်ချင်းတွေဆို လုံးဝ လိုင်းဖုန်းမသုံးဘူး၊ ကဒ်ဖုန်းပဲကောင်းတယ်တဲ့။

တိုင်ပင်သင့်သူကိုတိုင်ပင်လိုက်ဦးမယ်။

ဒီလိုပေါက်ပေါက်ရှာရှာလေးတွေ သိရလို့ ချစ်နေရတာ ....အဲလေ... ခင်နေရတာ
( "ချစ်" ဆိုတဲ့ စကားသုံးရင် .. ကြောခံရမှာ ကြောက်လို့ )ဟိ

ဒဏ္ဍာရီ said...

ဟဟ မမ ကောင်းတယ်နော်။ ဖုန်းဘေတွေ အရမ်းကျနေတာ။ စလုံးမှ နေရင်အဲလောက်တော့ တွက်တတ်မှ ဖြစ်တာနော်။ မမဆီက အကြံလေး ယူသွားပါတယ်။

ခင်မင်လေးစားလျှက်

juli said...

M1 Prepaid card က 1818 ခေါ်ရင်လည်း ဖုန်းထဲက မဖြတ်ဘူး..

မေလေး said...

အဲလိုလားမမ
၃ လုံးတောင်ရှီရင်လဲ တစ်လုံးလောက်မျှပါလားဟင်..

ခုရက်ပိုင်း အလုပ်တွေရှုပ် အရှုပ်တွေလုပ် (အဲလေ) နေလို့ မရောက်ဖြစ်ဘူးမမရေ။

sweetpeony said...

ူလိုင်းဖုန်းလေးယူရင် ကိုယ်ကြိုက်တဲ့ဖုန်းလေးများ သက်သက်သာသာနဲ့ရမလားလို့....
ပရီပေ့ဆို လိုချင်တဲ့ဖုန်းကျ ၀ယ်ရမှာနော့်....
း(((
မမလို တွက်ကြည့်ဦးမှ....

puluque said...

လိုတော့လိုချင်သား 175ကျပ်ဆိုတော့ နည်းနည်း စဉ်းစားနေတာ။ ဖုန်းဘေက တစ်လ ၁၂၀ကျော်နေတယ်။ ကွန်ထရတ် ကလည်း ပြည့်သေးဘူး။ ဒါကြောင့် သက်သာအောင် ကောဘတ် သုံးနေသဗျ။ အင်တာနက် အလကားရတယ်ဆိုတော့ မဆိုးဘူး...

မေဇင် said...

စိတ်ဝင်စားတယ်...။ ဒါပေမယ့်... ကွန်းထရက်ကလဲ မပြည့်သေးဘူး...း)

ADDRESSEE said...

ဖုန်းဆို မကြည်ခြင်ပါဘူး ရန်ကုန်မှာဖုန်းမရှိတာ ဘာမှမကုန်ဘူး အခုဖုန်းရှိတာ ကုန်လိုက်တဲ့ပိုက်ပိုက်

၉၈ပြား said...

ချစ်မကြီး ဂွိစ်ရယ်............ ပြောတာမပြောတာ အသာထားပြီး ဗဟုသုတတော့ အတော်ရသွားပြီ။ (ကျေးဇူးတင်ပါတယ်ခင်ဗျာ). :D

ကလူသစ် said...

ခု စတားဟတ်သုံးနေတာလဲ တလကို ၂၅ ကျပ်ပဲကျတာပဲလေ။ အောက်ဂိုးရင်းကလဲ မိနစ် ၁၀၀ဖရီးပဲလေ။ အင်ကမ်းမင်းက အားလုံးဖရီးလေ။ ခု အမ်ဝမ်းက သိတ်မကိုက်ဘူးထင်တယ်။

ကလူသစ် said...

ဒါနဲ့ ပြောရအုန်းမယ်။မသိမသာလေး ရိုက်မထည့်လိုက်နဲ့နော်။ ဒီက မြင်တယ် :)

ခိုင်စိုးလင်း said...

အချင်းချင်းမို့ သတိပေးမယ် နိုကီယာ ၆၇၀၀စီ ရယ် အစ်မ၀ယ်ထားတဲ့ ဖုန်းရယ် အီး၅၂ရယ် ကျေးဇူးပြုပြီးး မ၀ယ်ကြပါနဲ့ ပြသနာတောင် ဖြေရှင်းမရသေးလို့ ဒုက္ခရောက်နေပါတယ် စင်တာမှာ အဲဒီဖုန်းတွေ ကိုင်ထားတဲ့ ကာစတန်မာ တွေ့ရင် Qနံပါတ်ကို ကျော်သွားချင်တယ် အဲလောက်ထိပဲ

Steve Evergreen said...
This comment has been removed by the author.
Steve Evergreen said...

ကလူသစ် said...

ခု စတားဟတ်သုံးနေတာလဲ တလကို ၂၅ ကျပ်ပဲကျတာပဲလေ။ အောက်ဂိုးရင်းကလဲ မိနစ် ၁၀၀ဖရီးပဲလေ။ အင်ကမ်းမင်းက အားလုံးဖရီးလေ။ ခု အမ်ဝမ်းက သိတ်မကိုက်ဘူးထင်တယ်။

I have O2 line rental 20£ a month. 400 free minutes a month (any time , any net work)and 100 free text message.

Maybe i talk 100 min a month. never use SMS.

I mainly use Vonage VOIP phone. only £4.50 a month. Any time free. Unlimited call. But they advise to hang up in every hour.

khet myint myint said...

ကွန်ထရက် ယူထားသူ တော်တော်များများက ဖုန်းဘီလ်အကျများကြတယ် ထင်တယ်။ ကွန်ထရက်ပြည့်သွားရင် ပရီပိတ်ကတ်ဖုန်း ပြောင်းသုံးမယ် ပြောသူများတယ်။ လိုင်းနဲ့ဆို တစ်လကို အနည်းဆုံး ၂၅ကျပ်လောက်( မိနစ် ၁၀၀ အလကား )ပေးရမှာနဲ့ ပရီပိတ်ကတ် ၂၈ကျပ်တန် မိနစ် ၆၀၀နီးပါး (ရက်ပေါင်း၅၀အတွင်း) ပေးရတာကို ယှဉ်ကြည့်ကြပေါ့။ ပရီပိတ်သုံးတယ်ဆို ကိုယ့်ဆီဖုန်းလာလာ ကိုယ်ကဆက်ဆက်၊ ဖုန်းချပြီးတာနဲ့ ငွေအမောင့် ဘယ်လောက်ပဲကျန်ပါတော့တယ် ဆိုတဲ့ မတ်စိကြီး ဝင်ဝင်လာတာကိုတော့ ဘယ်လောက်ထိ သည်းခံနိုင်မလဲ ဆိုတာ အရေးကြီးလိမ့်မယ်။ ရှိတာမှ ဖုန်းကုမ္ပဏီ ၃ခုပဲ ရှိတာမှာ
SingTel - red
M1 - Yellow
StarHub - Green
အရောင်တွေရွေးထားပုံက မီးပွိုင့်နဲ့ မတူဘူးလား။ ကဲ ဒီတော့ ... မီးပွိုင့်မီးနီမှာရပ်နေရတာကို စိတ်မရှည်သူများ မီးဝါပြတာကိုကျော်ပြီး အစိမ်းရောင်နဲ့ တာထွက်ကြတယ် ထင်ပါ့။ ဒါနဲ့ တို့ကတော့ မီးဝါမှ မီးဝါပါပဲ။

Angel Shaper said...

ဖုန်းသုံးလုံးနဲ့ မမကွန်....
ဖုန်းတစ်လုံးလောက် မျှပေးပါ။ ဟဲဟဲ
သမီးက ဖုန်းဆို မစ်ခေါပဲ ပေးတယ်။ ပိုက်ဆံကုန်မှာကြောက်လို့ အဟိ။

ksanchaung said...

ထပ်ဝယ်တဲ့ ဖုန်းကလည်း ပုံတုံးကြီးပဲ။ လုံးဝ မလန်းဘူး။ အဖွားကြီးမှန်း သိသာတယ်။

:P said...

ကိုကေ..
အနော့်ဖုန်းက အဲဒီပုံမျိုး ဟုတ်ဘူးနော်... အဟိ

Anonymous said...

Thanks for your post and information ((o;