Thursday, December 24, 2009

Khet Yit Yit

မဟုတ်သေးဘူး မဟုတ်သေးဘူး (မဟုတ်သေးဘူး) လို့ပဲပြောရမယ်။လိုင်းနဲ့ယူထားတာ S$ ၄၀၀လောက်ကျတယ် ဆိုတော့ကာ မိနစ် ၁၀၀ plan ဖြစ်မယ်၊ M1 ကများလားလို့ ထင်ယောင်ထင်မှား တွေးမိတယ်။ 3G လိုင်းယူရင် voice အပြင် data ပါရပြီးသားကို ဘောက်မယ့်ကြောင့် အင်တာနက် (mobile broadband sim card )သက်သက် ထပ်ယူလိုက်တာပါလိမ့်။ sim card နှစ်ခု ဖုန်းနှစ်လုံးနှင့် အလုပ်ရှုပ် ရှုပ်ရချေရဲ့။ ထို့ပြင် mobile broadband ဆိုတာကြီးက netbook, notebook လိုဟာမျိုးတွေနဲ့ ပိုအဆင်ပြေတာပါ၊ ဖုန်းလိုဟာမျိုးအတွက် ရည်ရွယ်တာ မဟုတ်ပါဘူးလို့ အမည်မဖော်လိုသူ ကျနော်ကပဲ တတ်ယောင်ကား ပြောလိုက်ပါတယ်။

Touch screen ph ဖြင့်လည်း ပီပီသသ touch screen မဟုတ်မူပဲ ထို ဆမ်ဆောင်းအိုနီယာ ၂ တွင် stylus ခေါ် တုတ်ချောင်းတစ်ချောင်းပါလာပါသေးသည်။ ထို့ကဲ့သို့သော ဖုန်းမျိုးကို တုတ်ထောက်ဖုန်းဟု ကျနော်ဖြင့် ခေါ်ချင်သည်။

အဒေါ်ကြီးရဲ့ ဆမ်ဆောင်း အိုနီယာ ၂ ဖုန်းမှာ ဝင်းဒိုးမိုဘိုင်း စနစ်ဖြင့် မောင်းနှင်သော ဖုန်းဖြစ်ပါသည်။ စေတန်ကလည်း ဝင်းဒိုးမိုဘိုင်းဖုန်းကို စမ်းချင်နေသည် ကြားမိသဖြင့် သူ့လက်ဝကွက်အပ်လိုက်ပါ ဟု ချွန်တွန်းလုပ်ပါသည်။

အဒေါ်ကြီးတွင် ဖုန်းအပိုရှိသဖြင့် တော်ပါသေးသည်။ အင်တာနက်သုံးချင်တာနှင့် ဖုန်းပြောဖို့ကြား sim cards နှစ်ခု ဖြုတ်လိုက်တပ်လိုက် လုပ်ခြင်းကို ထို ဆမ်ဆောင်း အိုနီယာ ၂ ကြီးက သည်းခံနိုင်မည် မဟုတ်ပါ။ ဖုန်းကာဘာ ဖြုတ်ရ ခက်ခဲခြင်းက အဒေါ်ကြီး ကိုယ်တွေ့ပင်ဖြစ်ပါလိမ့်မည်။ ထို့ပြင်တဝ ထားစရာနေရာမရှိသည့် တွဲလောင်းတွဲလောင်း stylus ကြောင့်လည်း ဖုန်းစကရင် ပွန်းကိန်းရှိသေးသည် အဒေါ်ကြီး..။ ထို stylus ခေါ် တုတ်ထောက်ကို ဖြုတ်ထားပါလေ၊ မိမိလက်သာ အားကိုးရာ အစစ်၊ သို့သော် ထိကျင့်တော့ လိုလိမ့်မည်။

အိုင်ဖုန်းမဝယ်မိသည့် အတွက်မူ နောင်တ မရပါနှင့်။ အဒေါ်ကြီးရဲ့ ဝင်းဒိုးမိုဘိုင်းဖုန်းဖြင့်လည်း မြန်မာလို ဖတ်နိုင်ပါလိမ့်မည်။ တခြား ကွန်မန့်ပေးသူ အကိုအမများမှ အကြံယူပါ။

" အမှန်ကတော့ဖုံးတစ်ခုထဲမှာဘဲ အင်တာနက်ကော ဖုံးကော တစ်ခုထဲဖြစ် ရင်တော့အကောင်းဆုံးဘဲပေါ့။ "
ဤစကားကို ထောက်ခံပါရစေ။ အမှန်စင်စစ် 3G ဖုန်းလိုင်းယူထားသဖြင့် data plan (အင်တာနက်)ပါပြီးသားဖြစ်ပါသည်။

အဆိုပါ ဆမ်ဆောင်းဖုန်းတွင် ဖန်ရှင် ခေါ် function များ စုံသည်ဆိုသော်လည်း မတ်စိလေးပို့ဖို့အရေး၊ ဖုန်းစာအုပ်လေးဖွင့်ဖို့အရေး စသည် စသည်များတွင်ပင် အထနှေးသည်ကို ဝယ်ကြည့် သုံးကြည့်မှ သိမည်ဖြစ်ကြောင်း အထူးတလည်ပြောရန်မလိုပေ။ သိုးဆောင်းဘာသာ အရမူ lag ဟုခေါ်သည်ဟု မှတ်သားဖူးပါသည်။

ထို့ပြင် အဒေါ်ကြီး ဖုန်းမှာ ဝင်းဒိုးမိုဘိုင်း အမှတ် ၆.၁ ခေါ် ဟိုမရောက်ဒီမရောက် ကိုးလို့ကန့်လန့် ဗားရှင်း ဖြစ်ရမည်ဟုလည်းအတတ်ဟောလိုက်ပါသည်။ ဗားရှင်း ၆.၅ပဲထွက်မလား၊ တခါတည်း ဗားရှင်း ၇ တန်းထွက်မလား ကောလဟာလများကြားတွင် အီလည်လည်ဖြစ်နေသာ ဝင်းဒိုးမိုဘိုင်း ပင်ဖြစ်သည်။

ဖုန်းမဝယ်ခင်ကမူ ဒီဖုန်းကိုတော့ ဘယ်သို့ဘယ်နှယ် သုံးလိုက်မဟဲ့ဆိုပြီး ကြိမ်းဝါးခဲ့သော်လည်း တကယ်တန်းဝယ်ပြီးတွင်မူ အခြေခံ ဖုန်းဆက်၊မိတ်စိပို့ လုပ်ဖို့ကို အပတ်မလည် မအားမလပ် ဖြစ်တတ်သည်မှာ လူ့လောက၏ သရော်လှောင်ပြောင်ချက်ပင် ဖြစ်သည်။

သို့သော် အားမငယ် စိတ်မပျက်ပါနှင့်။ အဒေါ်ကြီးသည် စမတ်ဖုန်း ဆိုတာကြီး ကိုင်သောသူတစ်ယောက် ဖြစ်နေချေပြီ။ ဖတ်ဖူးသော (ဒေါ်)သက်ဝေ ဘလောဂ့်ပို့စ်အရ http://thet-wai-blog.blogspot.com/2009/12/blog-post_22.html
လူမှန်ရင် နှစ်ကျပ်ခွဲတော့ ရှိကြတာပဲ မဟုတ်ပါလား။



နှစ်ကူးမှာ ပျော်ရွှင်ပါစေ။
ခမမ
..............................
........................................................။


မှတ်ချက်
khet Yit Yit အမည်ခံ ခမမ ရဲ့ကွန်မက်ဖြစ်တယ်။
(ခွင့်ပြုချက်ရပြီး)

21 comments:

ဆောင်း said...

:-)

fall leaf said...

.........
......
........

ကြည်ဖြူပိုင် said...

:)
Merry Xmass and Happy New Year

Rita said...

တကယ်တော့ စင်ကာပူမှာ လုပ်ထုံးလုပ်နည်းတွေ ဘာမှ နားမလည်။ နားလည်အောင်လဲ မလုပ်။ တခုခု မဖြစ်မနေ လုပ်ရတော့မည် ကြုံလျှင် အကြံပေးများကို ဆက်သွယ်လိုက်သည်။ အမှန်ဝန်ခံရလျှင် စင်ကာပူတွင် မြန်မာပြည်မှာ နေစဉ်ကလောက်ပင် ကိုယ့်အားကိုယ် မကိုးချင်တော့။ ဘာမှလည်း ထပ်မသိချင်တော့။ အသက်ကြီးသွားလို့ (သို့) အပျင်းကြီးသွားလို့ (သို့) နှစ်မျိုးလုံး ဖြစ်မည်ထင်သည်။

MrDBA said...

ခမမ ရဲ့ဘလော့မှာ သွားကြည့်မိသေးတယ်။ မတွေ့ဘူး။ ဒီတော့ကာ အထူးစပါယ်ရှယ် ကွန်မန့်ဖြစ်ရမယ်။ ခမမတို့များ ပြောတတ်လိုက်တာ။
အရီး မယ်ရီ့ရဲ့ ခရစ် ကို စမတ်ဖုန်းနဲ့ သုံးကြည့်လိုက်စမ်းပါ။ အဲလေ မယ်ရီခရစ်စ္စမတ်

သက်ဝေ said...

ခပ်စိမ်းစိမ်း ဝေါဟာရတွေကို မနဲကြိုးစားပြီး နားလည်အောင်ဖတ်နေရင်း၊ အော်... ကိုယ့် iPhone မှာ မြန်မာစာ မမြင်ရသေးပါလား လို့ တွေးနေရင်း မထင်မှတ်ပဲ ကိုယ့်နာမည်တွေ့လိုက်တော့ ဟိုက်ကနဲ ဖြစ်သွားတယ်။ ငါဘာများ ပြောမှား ဆိုမှား ရှိသွားပါလိမ့်လို့...။း))

ဟုတ်ပါတယ်... ဟုတ်ပါတယ်...
လူမှန်ရင် နှစ်ကျပ်ခွဲတွေ ကိုယ်စီ ရှိနေကြတာမှန်ပေမယ့် အဲဒီ နှစ်ကျပ်ခွဲတွေကို အချိုးပြေပြေနဲ့ စနစ်တကျ သုံးစွဲတတ်ဖို့တော့ တော်တော်လေး အရေးကြီးတယ်ဗျို့...။

ပုံ

ခပ်ညံ့ညံ့

ThuHninSee said...

ဒေါ်သက်ဝေရဲ့ နှစ်ကျပ်ခွဲရော.. ဒီအဒေါ်ကြီးရဲ့ ပြား၆၀ဖုန်းရော
တစ်ခုမှမရှိဘူး။ အားငယ်လိုက်တာ။ ချစ်သူ..ဖတ်မိပြီး သနားပါစေ။
း(

ချမ်းမြေ့ရင် said...

သနားတယ်၊!!!

Vista said...

ဟိဟိ ...ကဲပြောကုန်ကြပီ
တို့ လို့ တွဲလောင်း တုတ်ထောက်မပါတဲ့
S Class user interface ဖုန်းပဲသုံးပေတော့မမ

SongChanMoe said...

အရီးကွန်း..ခလစ်စမတ်..
ခလစ်စမတ်..ဟတ်ပီး..ဟတ်ပီး..

P.Ti said...

Windows Mobile သည် ဗားရှင်း ၆.၅ ထွက်နေပါပြီ။ Samsung Centre မှာ upgrade လုပ်လို့ရပါတယ်။

ဇွန်မိုးစက် said...

ဇွန်ကတော့ ခေတ်နောက်ကျတယ်ပဲဆိုဆို ခေတ်မမှီဘူးလို့ပြောပြော ဖုန်းဆို စကားပြောဖို့နဲ့ sms ပို့လို့ရရင်တော်ပြီ။ တခါတလေ သီချင်းနားထောင်တယ်၊ caculator သုံးတယ်၊ အဲလောက်ပဲ။ camera လည်း သိပ်မသုံးဖြစ်ပါဘူး။ ဒါကြောင့် ဘာဖုန်းတွေ အသစ်ဘယ်လောက်ထွက်ထွက် စိတ်ဝင်တစားမရှိလှဘူး။ ဖုန်းကို ဖုန်းလို သုံးလိုရရင် ကျေနပ်နေသူပါ။ :D

သံလွင် HeRo said...

တီကွန်ကလည်း ဝယ်မယ့်ဝယ် Blackberry ဝယ်တာဟုတ်ဝူးဗျ....

Unknown said...

အနော်က Touch screen ကိုအရမ်းမက်လို့ဝယ် လိုက်ပါတယ်။ မည်သို့မည်ပုံဖြစ်သွားသည်မသိ။ Power consumption အ၇မ်းမြင့်လို့ အားသွင်းပြီး တစ်ရက်ပဲခံပါတယ်။ မျောက်အုန်းသီးရသလိုဖြစ်နေလို့ထင်ပြီး ဘာမမလုပ်ဘဲနေတော့လဲ မရပါဘူး။ ဆိုင်က ဘက်ထရီကို ဆားဗစ်စင်တာပို့ရင် တစ်လလောက်ကြာမယ်ဆိုလို့ ဆိုင်ရှင်နဲ့လည်း ရန်ဖြစ်ပြီးပါပြီ။ အခုတော့ စိတ်ဆိုးဆိုးနဲ့ ဆိုင်မှာသွားပြန်ရောင်းလိုက်ပါပြီ။ (၁၀)ရက်ထဲနဲ့ ၈၀$ လှူလိုက်ရပါတယ်။ တော်ပြီ smart ဖုန်းတွေ။

Soe said...

Merry Christmas and Happy Holidays to you, Ma Khin Oo May! I really enjoy reading your blog

RePublic said...

ဟက်ပီး မယ်ရီခရစ်စမတ်ပါ မဂွိစ်

Steve Evergreen said...

"Wunna said...

အနော်က Touch screen ကိုအရမ်းမက်လို့ဝယ် လိုက်ပါတယ်။ မည်သို့မည်ပုံဖြစ်သွားသည်မသိ။ Power consumption အ၇မ်းမြင့်လို့ အားသွင်းပြီး တစ်ရက်ပဲခံပါတယ်။ မျောက်အုန်းသီးရသလိုဖြစ်နေလို့ထင်ပြီး ဘာမမလုပ်ဘဲနေတော့လဲ မရပါဘူး။ ဆိုင်က ဘက်ထရီကို ဆားဗစ်စင်တာပို့ရင် တစ်လလောက်ကြာမယ်ဆိုလို့ ဆိုင်ရှင်နဲ့လည်း ရန်ဖြစ်ပြီးပါပြီ။ အခုတော့ စိတ်ဆိုးဆိုးနဲ့ ဆိုင်မှာသွားပြန်ရောင်းလိုက်ပါပြီ။ (၁၀)ရက်ထဲနဲ့ ၈၀$ လှူလိုက်ရပါတယ်။ တော်ပြီ smart ဖုန်းတွေ။"

It happened coz you are in nasty country. Here in my country, we don't need any reason or any fault. 28 days return policy. You can use the items and you can return. Easy.

well, I presume your battery problem happened coz you used as a new before fully charged. You need to read instruction properly.

Steve Evergreen said...

ဖုံးအကြောင်း ပြောတဲ့ post မှာ ဘယ်က မဆိုင်တဲ့ မယ်ရီ ခရစ်စမတ်တွေ ပါနေရတာလဲ။ အဲလို အုတ်အရောရော ကျောက်အရောရော မှိုလို့ နင်တို့တွေ အဲဒီဘဝက မတက်နိုင်တာ ဖြစ်ရမယ်

Khyl said...

မဲရီး ခရစ်စမတ်ပါ မမရေ...

Rita said...

MY DEAR MA MA,

MERRYYYYYYYYYY CHRISTMASSSSSSSSSSSSSSS!

fall leaf said...

Ma Ma

Merry X'mas !!!