Tuesday, May 18, 2010

4D

အကြောင်းအရာတွေထပ်တယ်လို့ပြောလဲခံရမည်ဖြစ်၏။ သုတရသ..မရေးတတ်ပါ။ ကိုယ့် ဘလော့ ကိုယ်သာပိုင်သည်ဆိုသည့်အတွက်ကြောင့် မည်သူဖတ်ဖတ်မဖတ်ဖတ်. ကိုယ့်ဘာသသာကို ပုံနိပ် စာလုံးလေးတွေ ကြည့်ပြီးကျေနပ်နေ၏။့ ရန်ကုန်သူမို့ ရန်ကုန်ကိုကြည့်မဝ. တစ်နေရာထည်းလဲ အချိန်အမျိုးမျိုး ကာလအမျိုးမျိုး ရှူဒေါင့်အမျိုးမျိုး ခံစား၏။

ဘလော့ကိုလည်းနေ့စဉ်အသစ်ရေးဘို့ကြိုးစားရ၏. ဘာမျှ မရှိလျှင်ပုံတွေတင်ရာ၏။ ထို့ပြင် ယနေ့ဖဘကို ဖတ်ရှူရာ.ညလဆ ချပြထားသောလင့်မှ. နေ့တိုင်းကိုယ်ရေးတာတွေကို စီစစ်ပြီးတင်ဆက်ပေးနေမှ ကိုယ့်ဆီလာတဲ့သူတွေ ပိုများလာမယ်။ ပိုကြိုက်လာမယ်လေဟု မြန်မာအိုင်တီပညာရှင်တစ်ဦးမှ သုံးသပ်ပြ၏. ဟုပညာယူခဲ့ရ၏.။ ပညာဆိုသည်မှ ပေးသူက ပေးချင်တာကိုပေးရွေ့ယူသူကလည်းယူချင်တာကိုယူ၏။ ချပြသူကလည်းသူပြချင်သည်ကို ပြရွေ့ကြည့်သူကလည်းကိုယ်ကြည့်ချင်တာကို စိတ်ကူးပေါက်ရာကြည့်၏။

ယနေ့တွေးခေါ်သည်များမြင့်နေသကဲ့သို့ ကိုယ့်ဓါတ်ပုံများလည်းမြင့်ကြ၏။ ကြည့်လိုလို မလိုလို. ကြည့်ရမည်မှာဧကန်မလွဲတည့်။ မကျေနပ်က စီပုံးကိုသာဖွင့်ရာ၏.

































































မှတ်ချက်
ဤ link ကိုစတင်ချလာသော.ညီလင်းဆက်ထံမှခွင့်ပြုချက်ရပြီးဖြစ်၏. မယူလို့မရ..စိတ်ကြီး၏။
((ဤဘလော့မှ စာများ၊ ဓာတ်ပုံများကို ဂျာနယ်၊ မဂဿဂဇင်း၊ သတင်းလွှာ၊ ဝဘ်ဆိုဒ်၊ ဘလော့ များတွင် ခွင့်ပြုချက် မရှိဘဲ ကူးယူ ဖှောပြခြင်းကို ပြင်းထန်စွာ တားမြစ်သည်။ တဆက်တည်း သကြဿငန်တုန်းက ဓာတ်ပုံများကို ခွင့်ပြုချက်မရှိ ကူးယူပြီး ဖှောပြခဲ့ကြသူများ၊ နာမည် အမျိုးမျိုး ပြောင်းတပ်ပြီး လုပ်စားခဲ့ကြသူများ အားလုံးကို ပြင်းထန်စွာ ရှုံ့ချသည်။ ထိုသူများ မည်သည့် အခာတွင်မှ လာရောက် ဆက်ဆံရန် မလိုအပ်ပာ)) ဟုပြင်းထန်စွာသတိပေးထား၏။

ဂျာနယ်ကတော့ပူစရာမလို. ဦးမြတ်ခိုင်သည် ကိုယ့်လူဖြစ်၏။ ဆောင်းပါးရှင်အေးအောင် ကိုတော့ဦးမြတ်ခိုင်ဘဲ ဖြေရှင်းပစေတော့. သူတို့လဲသိမည်မဟုတ်. တိတ်တိတ်ကလေး ကိုယ့်ဘလော့တွင်ကိုယ်တင်ခြင်းဖြစ်၏။

30 comments:

Anonymous said...

me1!

Anonymous said...

တင်ချင်တာတင်သဖြင့် ကြည့်ချင်တာကြည့်သွားသည်။ စနပ်ပ်ရှော့ထ်လေးလည်း ကြည့်သွားသည်။

Anonymous said...

ဘာပဲဖြစ်ဖြစ် ကောင်းကင်ကြီးက သိပ်လှနေတယ်၊

Steve Evergreen said...

မကွန်က ညီလင်းဆက်ကို အချစ်စမ်းနေပြန်ပြီ (သွားစနေပြန်ပြီပြောတာ)

တော်ကြာ ရီတာက ပြသနာ လာရှာမှဖြင့် ကျော်မကောင်း ကြားမကောင်း

ကိုဇော် said...

4D ဆိုလို့ လေးလုံး ဂဏာန်းများ ပေးနေတာလားလို့ စိတ်ဝင်တစား လာကြည့်တာ. . ဟင့်...
ဟိဟိ....ငါ့ဟဲ့ ဘလော့ဂါ. . .ရေးချင်တာ ရေးစေဗျာ....

juli said...

မြင့်တယ် သိပ်မြင့်တယ် တိုက်တွေရော စာတွေရော..
ဒါနဲ့ ဘယ်လို 4D ဖြစ်သွားလည်း လိုက်လို့ကိုမမှီဘူး.

juli said...

ဓါတ်ပုံ ၄ပုံ မို့လို့ 4D ဖြစ်သွားသလား..

juli said...

ယနေ့တွေးခေါ်သည်များမြင့်နေသကဲ့သို့ ကိုယ့်ဓါတ်ပုံများလည်းမြင့်ကြ၏။ ကြည့်လိုလို မလိုလို. ကြည့်ရမည်မှာဧကန်မလွဲတည့်။

(4D ရုပ်လုံးပေါ်အောင် မျက်မှန်ပါတပ်ကြည့်သွားတယ်)

Vista said...

ဒါ့ပုံတွေသိပ်မဆိုးတော့ပါလား

kaungkinpyar said...

ကြည့်ချင်လို့ ကြည့် ၊ ဖတ်ချင်လို့ ဖတ်သွားပါတယ်..း)

Anonymous said...

မြင့်တယ်..
မြင့်တယ်..
လိုက်လို့ကို မမှီအောင်မြင့်တယ်..
ပြီးတော့ အကုန်ကြည့်သွားတယ်..


Xထုံ

Zay Tar Yar said...

သူများကြတော့တားမြစ်သည် ရှုံ့ချသည်
ဝေဘန်သည် ဟွန်း

ကျော်နှင်းဆီလွင် said...


တင်ချင်တာသာတင်
အားပေးနေတယ်
မမခင်ဦးမေ ရှိလို့သာ ရန်ကုန်ကို မပြတ်
ခံစားလို့ရနေတာ
ဒါကို နိုင်ငံခြားရောက် မိသားစုချစ်
မိတ်ဆွေချစ် မြန်ပြည်မြေလွန်းနေသူတွေသာ
နားလည်ပေလိမ့်မယ်။
ထို့ကြောင့် ....

နန်းညီ said...

ဂလိုတွေလည်း လုပ်လို့ ရသကိုး

Anonymous said...

ဟုတ်ပါ့ ကိုစတီဗင်ပြောတာမှန်တယ်။ ရီတာနဲ့ ပြသာနာတက်နေပါအုန်းမယ်။ အမရယ်။ ရီတာက ကြိုက်တာ မဟုတ်ဘူး။



စယာဂျီး

Rita said...

10 တန်းတုန်းက ထွက်တဲ့ ဂုဏ်ထူး အရေအတွက်လား ???

နောက်တခါကျ အမှတ်ပေါင်းကို ခေါင်းစဉ်တပ်ပါ။

(စာကြွင်း။ ကိုဘက ဘလော့ကို ဝေဖန်ပြီး စီဘောက်စ်ကိုပဲ ဖွင့်တယ် ပြောပေမယ့် သူ အကုန် ချောင်းကြည့်တယ် ထင်တယ်။ ဘလော့မှာ ဘာရေးလဲ သူအကုန် သိတယ်။)

အဖြူရောင်နတ်သမီး said...

10တန်းအောင်စာရင်းတွေ ကြိုထွက်တယ် ထင်လို့...
ဟီး..........
ရေးချင်တာ ရေး၊ တင်ချင်တာ တင်ပါ “မ”ရယ်..။
---------------------------------------------------

ညီမကတော့ ဘလော့ဂ်ကို ၃ပိုင်းခွဲပြီး နားလည်ထားတယ်..။(၁)ပညာရှင်အဆင့် ဘလော့ဂ်ကာ
(၂)ဝါသနာရှင်အဆင့် ဘလော့ဂ်ကာ
(၃)နိုင်ငံရပ်ခြားသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်နေသူများသည် မိမိတို့၏ ဗဟုသုတနှင့် အတွေ့အကြုံများကို တခြားသူများအားမျှဝေရင်း မိမိတို့၏ခံစားချက်တချို့ကို ရင်ဖွင့်ရင်း တနေ့တာ ပင်ပမ်းနွမ်းနယ်မှုများကို ဘလော့ဂ်ပေါ်တွင် စိတ်ထွက်ပေါက်ရှာသူ...ပဲဖြစ်ပါတယ်..။


ညီမကတော့ အမှတ်စဉ်(၃)အမျိုးအစားထဲမှာ ပါတဲ့ ဘလော့ဂ်ကာ မဟုတ်တဲ့ ဘလော့ဂ်ကာအမည်ခံထားသူတယောက်ပါပဲ။
----------------------------------------------------

ရွှင်လန်းချမ်းမြေ့ပါစေ “မ”ရေ...
အစဉ်အားပေးလျှက်....

sweetpeony said...

ရန်ကုန်သူမို့ ရန်ကုန်ကိုကြည့်မ၀.... မှန်၏.. တူ၏...း)

Unknown said...

အစ်မရေ.. လာလည်တယ်ဗျာ။ တစ်ခါတည်း ခေါင်းစားစရာ ပေးခဲ့ပါတယ်။ အစ်မဖြေနိုင်မယ် ထင်တဲ့ မေးခွန်းလေးတွေ ကျွန်တော့်ဆီမှာ တင်ထားပါတယ်။ ကျေးဇူးပြုပြီးတော့.....

နှင်းမိုး said...

ဘာရေးရေး ဖတ်မည်....။

လသာည said...

အစ်မရေ ရောက်ခဲ့ပါတယ်.။ အကုန်ကြည့်လို့ အကုန်ဖတ်သွားပါတယ်.. :)

ဇွန်မိုးစက် said...

ရန်ကုန်သူစစ်စစ်မို့ ရန်ကုန်ကပုံတွေကြိုက်ပါသည်။ ဓာတ်ပုံတင်ပေးတိုင်းလည်း ကြည့်ပါသည်။ လွမ်းလည်း လွမ်းရပါသည်။

Bino said...

ကိုယ့် ဘလော့ ကိုယ်သာပိုင်သည်ဆိုသည့်အတွက်ကြောင့် မည်သူဖတ်ဖတ်မဖတ်ဖတ်. ကိုယ့်ဘာသသာကို ပုံနိပ် စာလုံးလေးတွေ ကြည့်ပြီးကျေနပ်နေ၏။

Bravo!

BINO

mg lay said...

ဂွတ်မယ်ထင် ဒူးသာဒူး အစ်မရေ
ကျွန်တော်က တော့ အားပေးလျှက်

ချစ်မောင် said...

4D များပေါက်သလားလို့း)

mae said...

ပြောချင်တာကတော့ မမ blog ကို လာဖတ်ရတာ 4D ထိုးရသလိုပဲလို့ ဆိုလိုတာမလား? :P

sosegado said...

For Direction
ဆိုလို့
အကြောင်းအရာ နေရာ အချိန်ကာလ ရှုထောင့် အမျိုးမျိုး
ပြချင်တာပြတော့ ယူချင်တာကိုယူပြီး ရချင်တာရသွားပါသည်။

အကြမ်းထည် said...

ဘယ်တော့နောက်ထပ် ထွက်ပေါ်လာမည် လဲ....
6D(6 digits).....စောင့်မျှော်နေ၏။ :D

ပျော်ရွှင်စွာ အမြင့်သို့ လွတ်လပ်စွာ ဆက်လက်ပျံသန်း
နိုင်ပါစေ။
with reps;

Anonymous said...

မြန်မာလူမျိုးက မြန်မာပြည်အကြောင်းရေးတာ သိပ်ကောင်းတဲ့အရာတစ်ခုပါ...ဆိုးတာကောင်းတာ ပဓာန မဟုတ် ကိုယ့်မြေကိုယ့်ရေ ကိုယ့်လေ ကိုယ့်ဒေသ နေရာလေးတွေကို ဖော်ကျူးရေးသားမှုသည် မင်္ဂလာတစ်ပါးပါပေတယ်...

ပေါက်ကြိုင်း

An Asian Tour Operator said...

ဘာရေးရေး