Wednesday, November 17, 2010

ဘာချက်လဲဆိုတဲ့ bbq အတွက်...
















ဒီနေ့ ဒီမှာ ရုံးပိတ်တယ်။ ဘာညာ ဘာညာချက်မယ်ဆိုပြီးအောက်က ဆိုင်တွေ ကိုဆင်းကြည့်တော့ မလေးဆိုင်လဲပိတ်တယ် အိန္ဒယ ဆိုင်လဲပိတ်တယ် ဘာမှ ဟင်းသီးဟင်းရွက်ဝယ်လို့မရဘူး ရေခဲသေတ္တာထဲမှာလဲ ဘာမှ မရှိဘူး.ရှိတာ ရှာတော့ဝက်သားကြိတ်ထားတာဝယ်ထာားတတွေ့တယ် အဲဒါကို ဘာညာနဲ့ရော အလုံးကလေးတွေ လုပ် အရင်ကြော်။ ပြီးတော့ ကြက်သွန်နီလေးစိမ် ၈ျင်း. ကြက်သွန်ဖြူ . ခရမ်းချဉ် ရှိတာနဲ့ အရင်ဆီသတ်ပြီးတော့ဝက်သားကြော်ထားတာထဲ့ ဝက်သားလုံးကြော်ဖြစ်ကရော.


















ဟင်းချို
ရေနွေးဆြူ့ပီါ်ရင်ဝက်သားတွေ အလုံးလေးလုပ်ပြီးထည့်. အရွက်တွေကိုရှိတာ ဂေါ်ဖီ. ဖြု. ဥနီ. မုန်လာဥ ထည့် ဆူရင် တုံယမ်တစ်ခဲထည့် ဟင်းချိုဖြစ်ရော. အရွက်စိမ်းစိမ်းကလေးတွေ အမြင်လှချင်အောင်ထည့်ချင်သော်ငြားလည်း ဆိုင်တွေ မှ မဖွင့်ဘဲ။

မိန်းကလေးတိုင်းဟင်းချက်တတ်ပြီး. ယူတဲ့မိန်းမတိုင်း ဟင်းချက်တတ်မယ်လို့ထင်ရယ်မှားပေမပေါ့. အမေနဲ့နေတုံးက ထမင်းဟင်းဆိုတာ စိတ်မပူခဲ့ရဘူး မင်းနဲ့ရမှဘဲ ဟင်းတစ်ခွက် ကောင်းကောင်းစားရဘို့ဘယ်လောက်ခက်ခဲသဲဆိုတာ သိသွားရှာတဲ့သူ သွပ်သွပ်သွ့ပ်..


မှတ်ချက်
ဒီပုံတင်တာ မြင်ရင်သူရှက်ရှာမှာ
အစ်မရယ် ဆြိုီ့ပီး ရင်ထဲရှိတာတွေ လျှောက်ရေးတာကိုအားမပေးပါနဲ့. ရှက်စရာဂျီး.

10 comments:

Anonymous said...

cook book ထုတ်ရင် ကြိုတင်မှာထားပါရစေ....လက်မလွန်လိုက်ပါနဲ့။
ဝက်တကောင်လုံး အမဆီရောက်မှ လမ်းစ ပြောက်သွားတယ်။

အမရေ...သီးချင်ဆိုသံကြားနေတယ်...ကကမဆလ ထင်တယ်....
အိမ်မှာ ထမင်းစာရတာမကောင်းလို့...အပြင်မှာ ဝယ်စားကြည့်တဲ့အခါ........... ........ ................. .................... ..............
မင်းချက်တဲ့ဟင်းလောက် မကောင်းဘူးးးးးးးးးးးးးးးး.............

bbq

ကိုဇော် said...

မချက်တတ်တော့ ဘာဖြစ်လဲ .. အပြင်မှာ ဝယ်စားမှာပေါ့ ဘာဖြစ်လဲ။ ဒါမှမဟုတ် ယောကျာ်းရေ ချက်ကျွေးလို့သာ ဟစ်ပလိုက်စမ်းဘာ . . . ပြောလိုက်စမ်းဘာ။

ဆွေလေးမွန် said...

မရေ မရဲ့ ကိုမဆလာကို ဟင်းချက်တာ စိတ်ဝင်စားလာ
အောင်မြူစွယ်ကြည့်ပါ။
ဘဲဥလေး ကြော်ခိုင်း ပြီးရင် မျက်ခုံးလေးမြင့် မျက်စိလေး
မှိတ်ပြီး အလို ကောင်းမှကောင်းပေါ့လေ..
အဲလို စလိုက်ရင်ဖြင့် မကွန် ဟင်းမချက်တတ်လဲ
....ဟီး

အိမ်မှာတော့ မေကြီးက အဲလိုပြောလိုက်ရင် ဖေကြီးချက်တဲ့ ဟင်းစားရတော့တာပဲ..

Unknown said...

တော်ပါသေးရဲ့.... မလုလုတို့၊ ရှင်မင်းတို့၊ မိုးကောင်းသူတို့ ကောင်းမှုနဲ့ ကျွန်တော် အမထက် ချက်တတ်ပြီဗျ.... :D :~)

Anonymous said...

ဟီး စားကောင်းမယ့်ပုံပဲ ၀က်သားမစားတာဆိုးတယ်

Vista said...

သွပ်သွပ်သွပ် ....

Anonymous said...

“အပြင်မှာရောင်းတဲ့ ထမင်းနဲ့  ဟင်းဟာ ကွမ်းချက်တဲ့ ဟင်းလောက် ကောင်းဝူးးးးးးးးးး အူးးးးးးးးးးးး ဟူးးးးးးး” ဟု ဆိုကာ ကကမဆလ တစ်ယောက် ရှုံ့မဲ့ ကာ မန်မန်စားလေ တော့သတည်း....... :P :D

(justice999burma)

Sunny said...

ဘယ်လိုချက်ချက်ပါ အစ်မရေ.. ကိုယ်စားလို့ကောင်းဖို့က အဓိကပဲကို.. အစ်မ ဘယ်လိုချက်ချက် သူ စားတယ်မဟုတ်လား.. :)

Moe Cho Thinn said...

ချစ်သူကို လက်ထပ်တာ၊ ဟင်းချက်တော်တဲ့ မိန်းမကို ယူတာ မဟုတ်ဘူး လို့ ရည်းစားဘ၀က သူ ပြောဖူးတာ..

ဒီစကားတခွန်းနဲ့ ကိုယ့်ကို ညှာရှာတယ်လေ ဆိုပြီး ချက်လိုက်ရတာ ချွေးတလုံးလုံးပဲ မမရေ..

Anonymous said...

အမ... ၀က်သားလုံးကြော်ချက်မြင်တော့စားချင်သွားပီ..
ဒီတပါတ်စနေချက်စားမယ်ဗျာ...ကျေးဇူးပဲ..