Tuesday, May 14, 2013

ညောင်ချောင်းသာ ၁






















 ညောင်ချောင်းသာ သို့သွားရခြင်းမှာ ညီလင်းဆက်နင့် မက်မက်
တို့ရေးသောကြောင့်ဖြစ်သည် လမ်းရှာနေသူဖြစ်ရ




























မနက်စောစော ဆိုသော်လည်းခုနစ်ခွဲန့်ရှိပြီထင်သည်အိမ်မှ စထွက်ကြသည်.ကားမောင်းချင်သောကြောင့်လည်းပါသည်. ဘယ်လောက်ကြာမည်ဆိုသည်ကိုတော့မသိ. မောင်းနိုင်ပါ့မလားလဲ မသိ။ tried ဖြစ်ကာ ရပ်သွားမည်ကိုတော့စိုးရိမ်မိသည်။ အဲသည်တော့လည်း နောက်တစ်ယောက်မောင်းပေါ့။  လမ်းမေးသည်ကတော့ ညောင်တုံး နားတွင်ဖြစ်သည် လမ်းသိသူပါ၏. မှန်းဆသိနိုင်၏။  လူခပ်များများနင့်တော့မသွားလို. . တတ်နိုင်လျင် တစ်ယောက်ထည်းသာသွားလိုသည်။
































လမ်းပြသူသာမပါလျှင်တော့အတော်လည်မည်ဖြစ်သည် ဘယ်ဘက်ကို ကသွားရမည်ကိုသမိ. အဝိုင်းပတ်ရောက်လိုက်. လမေးတွ ကွေ့လိုက်. ဦးတည်ချက်ကောတာ့ညောင်တုံး ညောင်ချောင်းသာဖြစ်သည်။


တိုးဂိတ်ကိုလည်းဖြတ်ရသည် ကားထဲတွင် အကြွေများထည့်ထားသည်ကမမှား. ငါဆယ် တစ်ရာ နစ်ရာ တန်များထည့်ထားရသည်. ဘုရားပန်းဝယ်လျှင်လည်းနစ်ရာဖြစ်သည် လမ်းတိုးဂိတ်လည်း ပေးရသည် ကားစောင့်ပေးသူကိုလည်းပေးရသည် ကားသည် တစ်ရားဝင် တစ်နာရီဘယ်လောက်နှုံးများမကောက်တော့ရာ parking အတော်ခက်လေသည်။ အရင်က လည်းသိတ်မထူး. ကား Parking လုပ်ပြီးမှသာ ပိုက်ဆံလာကောက်လေ့ရှီသည် . ကိုယ်ကလည်း ကျွမ်းကျင်သည်ကို အခုတော့အရပ်ကူပါ လူဝိုင်းပါ. ဝိုင်းကြည့်ပေးနေရသောအခြေဖြစ်သည်။








ကားများ လမ်းရှင်းသောလည်းအသည်းတော့ယားသည် ကားမောင်းမကျွမ်ေးသးသောကြောင့်ဖြစ်နိုင်သည်. သူမျာတွေ ကီလိုမီတာ ရှစ်ဆယ်ဖြစ်ချိန်ကိုယ့်မှာ လေးဆယ်မှ ခြောက်ဆယ်အတွင်းသာရှိသည်. တစ်စီးပြီးတစ်စီးကျော်ကြည်.



































သက်သာရာသက်သာကြောင်းလာမည် ဆိုလျင် ဘတ်စ်ကားကို အဝေးပြေးကားကွင်းအထိစီိး ပြီးရင် ညောင်င်္တုးးကားစီး  ။ညောင်တူံးရောက်ရင်ဆိုင်ကယ်တက်ကစီကကြိုနေလိမ့မည်။ ငါးရာကျပ်ပေးရင်ကမ်းစပ်နားရောက်ပြီ 



























ရောက်ရန် ရန်ကုန်မြို့တွင်းမှ စမောင်းသော် နစ်နီာကြာ၏.ကိုယ်တွေ က ညောင်ချောင်းသာ လုပ်နေသော်လည်း ဆိုင်းဘုတ်ကတော့ခပ်တည်တည်ပင်ဖြစ်သည်။

 


















4 comments:

ko 9 said...

ဘလော့ကာ KOM ကားမောင်းနေသည် ဟု ဗီနိုင်းချိတ်၍မောင်းလျှင် ကားမောင်း၇တာ ပိုလွယ်မည် ဟုအကြံပေးချင်၏။ :)

ကြည်ဖြူပိုင် said...

မြန်မာပြည်ရဲ့လမ်းများကို အလွမ်းပြေလာကြည့်သွားပါတယ် မမကွန်း)

Anonymous said...

ညောင်ချောင်းသာ(၂) ကို စောင့်နေပါကြောင်း
ပလိုဖိုင်းပုံတွေ့ရ၍ အလွန်ဝမ်းသာပါကြောင်း

ခရစ္စတလ် said...

ရောက်ဖူးသော်လည်း ထပ်သွားချင်သေးသည်၊ ခက်သည်က ရေမကူးတတ်ချေ ... :P