Sunday, June 9, 2013

9th June 2013

 ခင့်မီးဖိုချောင်တွင်ဘာရှိသလဲမေးလျင် အားလုံးရှိသည်ဟုဖြေရမည် မရှိသည်မှာ ဟင်းတစ်ခွက်ဖြစ်သည် မနေ့က ထမင်းအိုးတစ်လုံးတည်သည်. လက်တဆုပ်စာမုန့်ဟင်းခါးထည့်ထဲ့ပြီး ယနေ့မနက် မကောင်းတော့ သွန်လိုက်ရသည် မနေ့က ခင်ထွေးရီမုန့်ဟင်းခါး ပြုတ်သည ကြက်ဥနစ်လုံးထည့်ခလောက်ရာ မုန့်ဟင်းခါးသည် ချိုချိုကြီးဖြစ်သွားသည် ကြိုးစားစားသော်လည်းနစ်ခါာ စားလိုက်မိသည် တစ်အိုးကြီးယနေ့မနက်သွန်လိုက်ရပြီဖြစ်သည်. မုန့်ဖတ်ကြာဇံများ အိုးလိုက်သွန်လိုက်ရသည် သွန်ရလွန်းသည်.

မနက်ပလာတာဆိုင်သည် မဖွင့်တော့ ။ ဟိုဘက် ဆိုင်သည် renovate လုပ်နေသည် မျှော်လင့်ရွေ့မရ. ခေါက်ဆွဲသုတ်စားမည်ဆိုသော် ခေါက်ဆွဲ ဖတ်အထုတ်ကြီးသည် ခင့်ကိုလှောင်နေသည် ကုန်မှာလားခင်ဟုမေးနေသယောင်ရှိသည် .မနက်ဖြန်အလုပ်က်ရမည် သုတ်စားစရာအကြောင်းမရှိတော့ဘယ်နစ်၇ကက်သိမ်းထားမည်နည်းသိမ်းလိုက် ပစ်လိုက် သိမ်းပြစ် ဖြစ်နေသည်။

ထမင်းမချက်ချင်သည်မှာ အမေ့အပစ်လား ခင့်အပစ်လား အမေက ခြေမွေးမီးမလောင်လက်မွေးမီးမလောင်ထားခဲ့သညိကို ထမင်းစားလျှင် ခူးပီးသားစားပွဲပေါ်ရောက်နေရုံမက ရေပါခပ်ပြီးသား ရှိသေးသည်။ ခင်ကိုကလည်း ထမင်းချက်ဘို့ဆိုလျင် တီကိုဆားနင့်တို့သလိုဖြစ်သည်.

နောက်ဆုံးတော့ကြက်သားကြော်ကို ထမင်းနင့်သုံးကျပ်ပေးရသည် စလုံး ကျပှ်ေုငွ 3x 752 (calculator ထုတ် တွက်) = ၂၂၅၆ ကျပ် . ထမင်းတစ်နပ်ဖြစ်သည် ခင်နမျှောလှသည် အိမ်တွင် ခရမ်းချဉ်သီးအလုံးလိုက် များစွာရှိသည် ဂေါ်ဖီထုတ်ရှိသည် tuna ရှိသည် .Mayonnaise ရှိသည် ဆန်ရှိသည် သို့သော်စားစရာမရှိပါ.ခေတ်ကိုအပစ်တင်ရမည်လော စနစ်ကို အပစ်တင်ရမည်လော ဘယ်သူ့ကိုမှ အပစ်တင်စရာမရှိပါ. ခင့်ကိုခင်သာ အပစ်တင်ပါမည်.


2 comments:

AMK said...

.ခေတ်ကိုအပစ်တင်ရမည်လော စနစ်ကို အပစ်တင်ရမည်လော <<<< နိုင်ငံရေးတွေပါလာပြီ မမကေအိုအမ်..ဟင်းဘူးတွေဝယ်ထားပါလားမမရဲ့ 

Anonymous said...

For me I will eat korea noodle soup instead of rice. :-))