Monday, September 2, 2013

2th september 2013

စနေတနင်္ဂနွေကတည်းက သော့ခလောက်ဆွဲချင်နေသောခင်သည် မနက် ရှစ်နာရီကျော်တွင် office သို့ဖုံးဆက်ကာ နောက်ယှက်လေသည်။ ခွင့်ဘယ်နစ်ရက်ရှိသည်ကိ တွက်ချက်ခြင်းဖြစ်သည်။ ခင်လွန်ခဲ့သောနစ်လက မှတ်ထားသောမှတ်ညဏ်သည် မှန်ပါသည် . ပိတ်ထားပြီးသော သော့ခလောက်ကို ပြန်ဆွဲချင်သကဲ့သို့ဖြစ်သည်။ ရုံးခန်းက အလုပ်များသည်ကို အားနာပါနာ ဖြင့်ကိုယ့်ကိစ္စကို မေးရလေသည်.။ စနေတနင်္ဂနွေက သိတ်စိတ်မချမ်းသာချေ. ရက်တွက်တာ မှားရင် ဘယ့်နယ့်လုပ်မလဲ ဘိုက်တော့မကြီး date fix ဆိုတော့ပိုက်ဆံ ဆုံးမှာလား အလိုက်ပေးလဲရမှာလား အသက်ရှူမမှန်နိုင်ချေ စလုံးသုံးရာ သည် မများလှသော်လည်း မနည်းလှသော amount ဖြစ်သည် မောင်ကလည်း ဆူဦးမည်. အို စိတ်ညစ်စရာကြီးပါလေ. ဘုရားရှိခိုးရာတွင် ထည့်ဆုတောင်းရသေးသည်။

ဆုတောင်းကောင်းလေရာ ဘုရားသခင်က စောင့်ရှောက်၏။ နိုဝင်ဘာလထဲတွင် ရုံးပိတ်ရက်ရှိသည် ကို သိကြပါ၏လော သက်ဝေကတော့သေချာပေါက်သိမည်. သက်ဝေသည် နစ်မစခင်ကတည်း က ထိုနစ်အတွက် calender ကို ရှေ့ချကာ ဘယ်နေ့သည် ခွင့်ယူရွေ့ကောင်းသည်ကို တွက်ချက်ပြပြီးသားဖြစ်သည် ထို့ကြောင့်လည်း သူသည် တိုးတက်လေ၏။ ခင်တို့သည် ကား ခေါင်းမသုံးး e ပါခါနီးမှ တွိုင်းလက် ရှာသကဲ့သို့ လက်မှတ် ဝယ်ပြီးကာမှ ထိုရက်ထဲ တွင် ရုံးပိတ်ရက် ရှိသည် ကို သိရသည်။ သို့ဖြစ်လေ ရာ ခွင့် နစ်ရက်ပုပ်သွား အဲလေ သက်သာသွားသည်. ။ စနေတနဂ်နွေ များ နှူတ်သော်ခင်လေယဉ် မစီးခင် ငါးရက်အားနေလေသည်။ အားနေသည် ဘဲကောင်းပါသည်လေ မဟုတ်က စိတ်ပူရလှသည်။ သေချာ တွက်ချက်ထားက စိတ်တင်းကြပ်လှသည် ။ နစ်လတောင်ကြိုဝယ်ထားတာ မဟုတ်လား။

ငါးရက်ကြီးများတောင် အားလျှင် ရန်ကုန်စောသွားပါလား တို့ မောင် စောပြန်လာပါလား တို့ မဆိုလေနင့် ခင်တို့ အချစ်ကို fix date လေယဥင်္လက်မှတ်များက ခွဲထားလေသည် မောင်သည် မောင်နေ့ရာ တွင်နေရရွေ့ ခင်က ခင့်နေရာတွင်နေကာ လေယဥင်္လက်မှတ်ဝယ်ထားသော နေ့ကို စောင့်ကြရလေမည်လက်မှတ်ဈေးချသလို flexible ရက်ကလေးများ ရွေ့လို့ရအောင် လေယဉ်ပျံလေကြောင်းများအား မေတတ္တာရပ်ခံလိုလှသည်. ခင့်ကို ထိုနေ့တွင် မောင်က လာကြိုရွေ့ နောက်တစ်ရက်တွင် မောင်ကို ခင်က လေဆိပ်သို့လိုက်ပို့မည် ဖြစ်သည် အော် အော် အော်.................

ဘာဘဲ ဖြစ်ဖြစ် ခင်တို့ပြန်လည် ဆုံတွေ့ကြမည် ဖြစ်သည် ။

9 comments:

ကြည်ဖြူပိုင် said...

ခင်တို့ပြန်ဆုံရမည်မို့ ကလန်ဒါရှေ့ချသော သက်နှင့် ပို့စ်ဖတ်သွားသော ကြည်တို့ ခင်ပျော်နေမည့်ပုံလေးမြင်ယောင်ရင့်း  ကြည်နူးပြုံးလေး ပြုံးမိလေသည်။ :D အိပ်မပျော်သေး ဟိုတွေးဒီတွေးနဲ့ မနေ့ကစာလေးအတိုင်းဝမ်းနည်းနေမလားတွေးပြီး လာနောက်ပါတယ်မမရေ :)

Anonymous said...

ပျော်သွားပြီပေါ့။
ကိုယ်လည်းအဲလိုဘဲ။ အလုပ်ထဲရောက်မှ မီးဖိုမီးပိတ်ခဲ့ရဲ့ လားလို့ တွေးပြီးအိမ်ပြန်ပြေးကြည့်ချင်တယ်။ လက်ဘ် ထဲကထွက်ပြီးအိမ်ပြန်ရောက်မှ လက်ဘ်ထဲက အပူပေးတာကြီးပိတ်ခဲ့ရဲ့ လားလို့ တွေးပြီးအလုပ်ကိုပြန်ပြေးကြည့်ချင်တယ်။
ပြောရရင် မင်းလိုလူစားအများကြီးဟေ့...အဲလေ..ခင့်လိုလူစားအများကြီးဆိုတာမသေချာပေမဲ့အဲလိုလူစားထဲမှာကိုယ်တော့ပါတယ်ခင်။
အအရ

တန်ခူး said...

နိုဝင်ဘာပိတ်ရက်ပြန်မှာပေါ့နော်. Have a nice & safe trip ma

Anonymous said...

ခင်တွက်တာ မှန်သွားလို. ၀မ်းသာသွားတယ်။
ပျော်ရွှင်ပါစေ။

Steve Evergreen said...

4 comments

Steve Evergreen said...

မမကွန် ခစ်က ကုန်ဘီ ဘုန်းကြီးကျောင်းဘဲ သွားပါတော့လား

မျှားပြာ said...

:)
ကြည်နူးပြုံး ....

Candy said...

အယ် အယ် တွေ့ရတော့မယ်ဆိုပြီး သူပျော်နေပြီ ခိခိ

Anonymous said...

steve အ၆ကြီးဘယ်ပျောက်..........