Saturday, November 23, 2013

ခင်လွမ်းချင်း

ခင်သည် ဘလော့ခေတတ်ကိုလွမ်းသည်နာမည်ကြီးခဲ့သောကြောင်းလွမ်းသည် ဟုမဆိုနိုင်. ခင် ဟု မဆို. kom ဆိုလျင် မသိသူမရှိ. မသိသူမရှိလဲ လွမ်းရသည့်အထဲ အဓိက မဟုတ်.

လွမ်းရသည်မှာဘယ်သူို့ကို ဘယ်ဝါမှန်းမသိ. စာလေးတွေ ဖတ်ကာ ခင်၏. ကိုယ်နင့်ကီးကိုက်လျှင် သူ့စာလေးတွေ ကို မလွတ်တန်းဖတ်ကာ ခင်၏းကီးမကိုက်လျှင် ရံဖန်ရံခါ ဖတ်ကာ ခင်၏. ကွန်မက်လေးများပေးကာ ခင်၏. ရေးချင်သလိုရေး စိတ်မဆိုးကြပေ ရေးလျှင်ကို ပင် ပီတိဖြစ်မဆုံး. ချက်ဘောက် စီဘောက်ကလေးများထားက နှူတ်ဆက်ကြသည် မထားသူများကလည်း မထားသောငြားခင်သည် ပင် ခင်သည် ခင်သည်သိတ်ခင်ခဲ့ကြပါသည်.

လွမ်းပါသည်။ ဘာမှပြောစရာမလို အားလုံးက သဘောတူကြသည်။


ဘလော့သည် လူကိုမကြည့်စာကို ကြည့်သည် မည်သူမျှ ဓါတ်ပုံမတောင်း ပရိုဖိုင်းကို မကြည့် . ။ ဖဘသည် ဒါတ်ပုံကိုလာကြည့်သည် ပရိုဖိုင်းကိုလေ့လာသည်. ဘာကောင်လဲ အရင်လေ့လာရသည် ဘာအသိုင်းအဝိုင်းလဲကြည့်ရသည်။ add သည် unfriend သည် block သည်. ဘလော့သည်ကား simple ဖြစ်ချေသည် မကြိုက်လျှင် လာမဖတ် ရှင်းသည်။ မည်သူမည်ဝါသိစရာမလို ယခုထက်ထိ မည်သူမည်ဝါ မသိသေးသူများ အလုပ်အကိုင်မသိသူများရှိသည် မသိလည်း ခင်သည်ပင်။ ရှင်းလင်းသော ခင်မင်မှုဖြစ်သည်။

7 comments:

Anonymous said...

ခင်ဘလော့မရေးတော့ဘူးဆိုလာမှာကိုပဲ စိုးရိမ်မိပါတယ်။
ခင့်ပို.စ်အသစ်ဖတ်ရလျှင် ပျော်၏။

ဦးလင်း said...

ခင်က ခင်သည်၊ မခင်သည် မသိပေမယ့်၊ ခင့်ကို ခင်သည့်အကြောင်း ခင်သည့်သူတွေကို ပြောပြတတ်သည် ခင်

Anonymous said...

ဟုတ်တာပဲ..။



ပုံ။
မှန်းကြည့်ပါ

Anonymous said...

ကိုယ်ကတော့မှတ်မှတ်ရရရှိနေပါတယ်။
ကွန်ကခင်ဖြစ်သွားတော့စိမ်းသွားသလိုဘဲ။
ကိုယ့်ကွန်မန့် တွေလည်းစိတ်မ၀င်စားဘူးထင်လို့ 
သိပ်တော့မပေးတော့ဘူး။
အအရ

khin oo may said...

အိုင်အိုရာ များလာဖတ်မလားလို့မျှော်နေမိသူပါ (အလဲ့)

khin oo may said...

blog အမြဲရေးဖြစ်မယ်ထင်ပါတယ် ကွန်နက်ရှုက ခွင့်ပြူခဲ့မယ်ဆိုရင်ဖြင့်

ကျေးဇူးတင်ပါတယ် U oo

နောက်ဆုံးမေးခွန်းသိတ်လွယ်တယ် ပေါက်ထုံ

Unknown said...

အမြဲရေးပါ။ အားပေးနေပါသည်။