Tuesday, August 9, 2016

Memory August 2014

ရန်ကုန် ကွန်နက်ရှင်နဲ့က company ဘယ်နစ်ခုဘဲဝင်ဝင် ၁၅၀၀ ကျပ်နဲ့ဘဲ ရောင်းရောင်း. သုံးကဒ် ၁၅၀၀ နဲ့ဘဲ ရောင်းရောင်း မကောင်းတဲ့ကွန်နက် ရှင်ကိုဝယ်ရမှာ စိတ်ပျက်မိတယ် ဝယ်ဘို့ဘဲ အားလုံးပြင်ထားတယ် အိုင်ဖုန်း 5s သုံးနေတယ် 4s ကို ပြင်ထားတယ် I pad mini ကို ဘက်ထရီဖြည့်ထားတယ် စလုံးနစ်ရာတန် နိုကီရာကို ဘက်ထရီထည့်ထားတယ် ဝယ်မလို့ဘဲ ဝယ်မှာပါ အိုရီဒူးဖြစ်ဖြစ် တယ်လီနော်ဖြစ်ဖြစ် ဘာကြီးဘဲဖြစ်ဖြစ် သုံးလို့ရရင်ထည့်မှာဘဲ. အားမပေးချင်ပါဘူး လို့ ဖင်ပိတ်မငြင်းချင်ဘဲ ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်လူမျိုး ကိုယ့်လူကို အားပေးချင်ပါတယ် ကိုယ့်လူက ချာရင်တော့လဲ အကျိုးစီးပွားထိခိုက်မယ်ဆိုရင်တော့ လဲ ဒါတွေ မပြောချင်ဘူး ဒါပေမဲ့ သုံးဘို့အသင့်ပြင်ထားတယ် လက်နက်တွေ တပ်ဆင်ထာတယ် ခေါ်မကြားအော်မကြား ကြားလား ကြားတယ် ကြားလားကြားတယ် နဲ့ပြိးသွားတဲ့ viber တွေ သုံးရက် ကို တစ်သောင်း ကုန်တဲ့ တယ်လီဖုံးန်ကဒ်တွေ ကြာတော့စိတ်ကုန်လာတယ်။ ပြိုင်ဘက်မရှိ ရွေးချယ်စရာမရှိတဲ ဘဝကို စိတ်ကုန်တယ်။ စိတ်ကုန်တော့ဘာလုပ်ရမလဲ ဘာမှ မလုပ်နိုင်ပါဘူး ခံဘို့ဘဲ တူဖြစ်တုံးခအဲလေ ပေဖြစ်တုံးခံလိုက်ဦးပေါ့ တူဖြစ်တဲ့အခါကျတော့လဲ ထုရမှာဘဲ အဲသည်အခါမှ သနားစရာလေး ထိုင်နေရင်တော့လဲ သနားရခက်တယ်။

ှုI phone os အသစ် install မလုပ်ရဲဘူးလ မ်းတစ်ဝက်မှာတင် ဂန့်သွားဘို့များတယ်။  ဖဘ အသစ် install မလုပ်ရဲဘူး. လည်ရင်း လည်ရင်း လည်နေရင်းနဲ့ရှိတာလေး သုံးမရဖြစ်သွားမယ်။ os 7. 1 အလုပ်ကောင်းလို့မြန်မာလိုဖတ်ရတာ သိတ်ဒုတ်ခ ရောက်သွားတယ်။ အရင်တုံးကအေးအေးဆေးဆေးဖတ်လို့ရတယ် အခုတော့တစ်ခါဖတ်မယ်ဆိုရင် တစ်ခါ my font ကို Install လုပ်နေရတယ် jail break မလုပ်ချင်ဘူး ကိုယ့်ဒုတ်ခနဲ့ကို. 4s တစ်ခုကိုလုံးဝ oS အသစ်မထည့်ဘဲ ထားတယ် မြန်မာလိုဖတ်နေရတာအေးဆေးနေတာဘဲ တို့မြန်မာတွေ ဒီလော်ကမညံ့ပါဘဲနဲ့ အခုထွက်သမျှ Os ကို မြန်မာလို ဖတ်မရဖြစ်နေတာတွေ ကူညီပေးသင့်တယ် လဒ် မစားသင့်ဘူး။ 

ကွန်ကရစ်ဘုတ်အုတ် သွားဝယ်တယ် ခြံထဲ ခင်းရမှာပေါ့ ပိုလှသွားမယ်။ သန့်လဲသန့်မယ် ကွန်ကရစ်အပြင်လိုက် ဘာလို့မခင်းသလဲ ဆိုရင် အုတ်ဆိုတော့ ကြားထဲမှာ ရေဝင်သွားမယ် ရေစိမ့်မယ် ရေမဝင်ဘူး ကွန်ကရစ်အပြင်လိုက်ဆိုတော့ ရေဆင်းစရာမရှိတော့ရေညှိတက်မယ် high pressure pump နဲ့ထိုးချရမယ်။ဒါပေမဲ့ အားလံုးက နောက်ဆုံးတော့ပိုက်ဆံဘဲ လူလိုတယ် maintenance လိုတယ်။ 

စော်ဘွားကြီးကုန် လက်လုပ် အုတ်ဘုတ် ပစ္စည်းသိတ်မကောင်းဘူး။ စက်နဲ့လုပ်တာ ပိုကောင်းတယ် ငါရောက်ခဲ့ဘူးတဲ့ ဆိုင်တွေ အနေအထားအရပေါ့ company အကြီးကြီးတစ်ခုဆီေ ရာက်သွားတ်ယလိုချင်တဲ့ အုတ်ရဘို့ ရက် လေးဆယ် စောင့်ရမယ် ဘုရား တမိတယ် ဒီလိုမှန်းသိ အစောကြီးကတည်းက မှာထားတယ် အခုတော့ ရက်တွေ အလကားပုတ်တယ် ပိုက်ဆံတွေ ပိုကုန်တယ်။ ကိုယ့်ဘက်က နစ်နာမှူတွေ ရှိတယ်။ လိုရင်းမှာ ညှိကြတယ် ညှိကြတယ် ရပါတယ် ညှိလို့  customer ဘက်က အကုန် သည်းခံရတယ် ပြိုင်ဘက် သိတ်မ၇ှသေးဘူးလေ.  ရှိလဲ ခလုပ်နီပ်ဘို့နံပါတ် မသိသေးဘူး ခုတော့သိသမှ လူ ဖုံးနံပါတ်တောင်းတာဘဲ လိုရင် နိပ်ရမယ် အခုပိုစ် ဖတ်မိတဲ့ သူလဲ ဖုံးနာပါတ် ထားခဲ့ပါ လိုရင် ခလုပ်နိပ်ရမယ် ခလုပ်နိပ်တတ်ရင် ရန်ကုန်မြို့ကြီးမှာ အဆင်ပြေတယ် မနှိပ်တတ်ရင်ပင်ပန်းတယ်။

စာချုပ်သိတ်ချုပ်ကြတယ်။ ရန်ကုန်မြို့ကြီးမှာဘာလုပ်လုပ် ချုပ်ကြတယ်။ ဟို ဟာလုပ်လဲ ချုပ် ဒီဟာလုပ်လဲ ချုပ် နောက်ဆုံးချုပ်ပြီး မဟုတ်တာ လုပ်တော့လဲဘာတတ်နိုင်ကြသေးလဲ မသိဘူး။ နောက်ဆုံးတစ်ချက် တွေ့တာ က တောင်းသမျှ ပေးပါရဲ့နဲ့ ဆိုက် အရောက်ပစ္စည်းအပို့ မှာ ကိုယ်က အလုံး ၁၀၀ မှာရင် နစ်လုံး ပျက်စီးခဲ့ရင် customer က ပေးရမယ် အလုံး ၁၀၀၀၀ ဆိုရင် အလုံး ၂၀၀ ပစည်း ပျက်စီးခဲ့ရင် customer ကဘဲ ပေးရမယ်ဆိုဲတဲ့စာချုပ်ကို အုတ်တွေ ပစည်းတေါချတာမှာတော်တော်များများ က လက်မှတ်ထိုးပေးကြရတယ် ဆိုတာကို တွေ့တယ်။ အလုံးရေအတွက်ထက် sale ဘက်ကနေ သူတို့ဘက်ကနေကာထားတာ ကိုတွေ့ရတယ်။ customer ဘက်က right မရှိဘူး။ ဦးနာအောက်ခေတ်ကို ပြန်ရောက်ချင်တယ် အိမ်အဗေရာက်ပို့ပေးပါမယ် မေတာ လက်ဆောင် အလုံး ၁၀၀ထည့်ပေးပါ့မယ် လက်ကိုင်ပုဝါလဲ ကမ်းပါ့မယ် ဖြစ်ဘို့အတွက် competitor လိုအပ်တယ် ဒီ ၂% ကို လဲ ရန်ကုန်မှာ အေးအေးဆေးဆေး လက်မှတ်ထိုးပေးနေကြတာကို တွေ့ရတယ် စကာပူက ပြန်လာတဲ့ ငါတို့သာ ဆူဆူပူပူလုပ်နေတာ. customer right တွေ ဘာတွေ နဲ့မကြားချင်ဘူး မပေးချင်ရင် မရောင်းဘူး  ဆိုတော့မှာ ရောင်းပါ အစ်ကို ရယ်ကျွန်မ က ပစ၁စည်းလိုချင်လို့ပါ ပြောမိတာတွေ ဗွေ မယူပါနဲ့နော် အာဘွားဆိုပြီးဝယ်ရတာ အော် ဒုတ်ခ. 

ပိုက်ဆံရှာရခက်တယ် စကာပူကိုသွားတာ လွယ်တယ်ပညာရှိတဲလူတစ်ယောက်အတွက် ဘွဲ့ကလေးတစ်ခု ပိုက်ပြီး ကိုယ့်ပညာနဲ့ especially အင်၈ျင်နီယာ တွေ အိတ်ကလေးတစ်လုံးဆွဲပြီး လေယဉ်ပေါ်တက်သွား ဟိုရောက်ရင် အလုပ်ရတာဘဲ အလုပ်အကိုင်အခွင့်အလန်းပေါတယ် ပိုက်ဆံရတယ်။။ သုံးမကုန်ဘူး စုနိင်တယ်။ ဒီပြန်လာတော့ ဘယ်က စလုပ်ရမယ်ဆိုတာ မသိဘူး တသိန်းခွဲ လောက်ဘဲ ပေးနိုင်မယ်ထင်တာဘဲ။  လခက စကာပူရဲ့သုံးပုံတစ်ပုံတောင်မရချင်ဘူး လူသုံးကုန်စရိတ်က စကာပူထက်မြင့်တယ် မြင့်မြင့်နေချင်တယ်ဆိုရင်ပေါ့. ရရစားစား ရတာ သုံးနေကြရတာဘဲ တိုက်ခန်းတစ်ခန်းဖြစ်ဘို့ခက်တယ်။ ငါတို့ ဟိုခေတ်က ဝါသနာပါရင် တစ်နစ်ကို တိုက်ခန်းတစ်ခန်း အပျင်းပြေဝယ်နေလို့ရတယ် ဒါပေမဲ့ မဝယ်ကြပါဘူး တော်ရုံတန်ရုံ စိန်တွေ ဝယ်. ခရီးတွေ သွား အမျိုးတွေ ခေါ် တစ်နစ်ကို ဒေါူလာတစ်သောင်းလောက် အသာလေး ဖြုန်းလိုက်ကြတာဘဲ ပြန်ရောက်မှ ဝယ်မယ်လို့စိတ်ကူးတဲ့လူတွေ မွဲ့ကာပြာကာက ကျတာဘဲ ဟိုခေတ်က ဒေါ်လာတစ်သောင်းနဲ့ဝယ်တဲ့ တိုက်ခန်းက အခု အချိန်မှာ ဒေါ်လာတစ်သိန်းလောက်ပေးရမယ် ဒေါ်လာတစ်သိန်းတန် မြေကြီါ်က ဟိုတုံးက နေရာကောင်းရပေမဲ့ အခုက တစ်နေ့တစ်ခြားေ၇ွ့လျားလာလိုက်တာ တသိန်းကို တောင်ဥကလာ . အခု တောင်ဥကလာကနေ မြောက်ဒရုံ မြောက်ဒရုံ သိန်းတစ်ထောင်ကျော်က အခု နစ်ထောင်ကျော်ခေါ်နေတယ်။ 

ကွန်ဒိုတေါ က သိန်းငါးထောင် ရှိတာတေါ ရှိနေတယ် ဘယ်သူတွေ ဝယ်မလဲ တော့ကိုယ့်ဘာသာကိုယ်ဘဲ မေးကြည့်တော့ငါတော့မသိဘူး ကုမနီက ရောင်းနေတာတွေ ဝယ်နေကြတာဘဲ Land အခြေအနေ မေးဘို့မေ့နေကြတယ် အစိုးရက ဆီကနေ ဘယ်နစ်နစ်နဲ့ယူထားတာလဲ မေးရမယ် ဂရန်နဲ့ Lease ဆိုတာ ကွာတယ်ဆိုတာမေ့နေတယ်။ ငါ့တစ်သက် နေရတာပေါ့ ဆိုပေမဲ့ငါ့တစ်သက် နောက်လူကို ပေးခဲ့လို့ရတယ် မလိမ်မာရင် လှူခဲ့မယ်ဆိုလို့အခု လိမ်လိမ်မာမာနေရတယ် က ဘရက်ဒပစ်ကို အားကျတြ့မောင် အခု သေငှေးကြီးတွေ ကို အားကျနေတယ် ချမ်းသာချင်ရင် ကိုယ့်ဘာသာကိုယ်အလုပ်လုပ်ရမယ်။ သူများ ဆီက မယူရဘူး အလုပ်လုပ်တဲ့လူကိုဘဲထောက်ပံ့မယ်မလိမာလို့ကတော့ ကမှာ့သေငှေးကြီါ်တွေ လို လှူပစ်ခဲ့မယ်စိတ်ကူးနေတယ် ဘယ်လောက်ချမ်းသာလို့လဲ တော့မသိဘူးကပ်မေးရမှာဘဲ.

ယောကျာ်းဆိုတာ အချော့ကြိုက်တယ် သူတို့ပြောချင်ရာပြောဘို့အတွက် မိန်းမယူထားတာ မိန်းမ topic စိတ်မဝင်စားဘူး သူ့ topic ဘဲသူ စိတ်ဝင်စားတယ် မိန်းမ topic စိတ်ဝင်စားတယ်ဆိုတာ ငယ်ငယ်က အဲသည်တုံးကတော့ ရည်းစားပြောသမျှ နားထောင်တာဘဲ မောင်ရယ် အိမ်က ကြောင်ကလေးကလေးကလေ ဆိုလဲ နားထောင်တာဘဲ မီးဖိုချောင်ရေစင်က လှူပ်တုတ်လှူတ်နဲ့ဆိုဲလဲနားထောင်တယ် . အမေက ဆူတယ်ဆိုလဲ အိုကေတယ် အို ပြောချင်ရာ ပြော အကုန်နားထောင်တယ် အခုကတော့ကွာ  ငါစိတ်မဝင်စားဘူးဆိုရင် ရပ်. သှေေုငှး ယောက်ျားတွေ မောက်မာတတ်သလားဟင်။  သေငှေးကတော်ကတော့လျှော့ပါတယ်။


--
Sent from Gmail Mobile

2 comments:

Anonymous said...

ဟားဟား ဒါမျိုးမဖတ်ရတာကြာပြီ

Anonymous said...

yi like ya tar Ma Ma.....
Wut Yee