Showing posts with label family. Show all posts
Showing posts with label family. Show all posts

Sunday, September 18, 2011

let me go home...

သူမတွင် အိမ်များစွာနေထိုင်ခဲ့ဘူးသော်လည်း..........

မိဘများရှိစဉ်က မြို့ထဲရှိ အရာရှိများနေသောလမ်းတွင် နေပါသည်။ လမ်းလေးမှာအေးချမ်းလှသည်. မြို့ထဲတွေင် ဤကဲ့သို့အေးချမ်းေ
သာလမ်းကလေးရှိသည်မှာ မယုံနိင်လောက်အောင်ဖြစ်နိုင်ပါသည်။ လမ်းထိပ်ထွက်လျှင် ဘတစ်စ်ကားပေါင်းစုံမြို့ထဲရောက်ြီ့ပီး...............လမ်းလျှောက်လျှင်လည်းမြို့ထဲရောက်ပါသည်. ရုပှ်ရင်ရု့မှ ဆူးလေမှ လမ်းလျောက်ပြန်ရွေ့ရပါသည်

အိမ်ကလေးမှာ နစ်ထပ်အိမ်ကလေးဖြစ်ပြီးခြံကလေးသေးသေးလေးရှိပါသည်. မီးဖိုချောင်သည် အိမ်မကြီှးနင့် တွဲလျှက်ရှိပါသည်. မီးဖိုချောင်မှ ချက်သည်ကိုအိမ်မကြီးမှ လွတ်ကင်းစွာနေနိုင်ပါသည်. ခြံကလေးထဲတွင် ဆင်းထိုင်နိုင်ပါသည် လမ်းလေးတွင်ခေါက်တုံန်ခေါက်ပြန်လျှောက်နိုင်ပါသည်..

ခြံှေရ့တွင် ထိုင်ခခုံကလေးရှိပါသည်.ခုံတန်းလျှားလေးရှိပါသည်. ပျင်းလျှင်ထွက်ထိုင်နိုင်ပါသည် ......ညဘက် မိုးချုပ်လူခြေတိတ်ချိနန်တွင် သူမနင့်သူမကို ချစ်သောအစ်မသည် ခြံရှေ့မှတန်းလျှားကလေးတွင် ထွက်ထိုင်ကာစကားပြောလေ့ရှိပါသည်. အစ်မကထိုင်လျက် သူမက ကောင်းကင်ကိုကြည့်ချင်သူဖြစ်သောကြောင် တန်းလျားတွင်အိပ်လျှက် ကားသွားကားလာလည်းကျဲပါးသောသူမတို့၏ လမ်းကလေးကိုသူမချစ်ပါသည်.

အိမ်ကလေးမှာ ခပ်သေးသေး ကျစ်ကျစ်လစ်လစ်ဖြစ်သည် အိမ်ခန်းနစ်ခန်း ၏ည့်ခန်း ရေချိုးခန်း ..မီးဖိုးချောင်. အခန်းဖွဲ့စည်းပုံကောင်းပြီး. အမိုးလည်းမြင့်ပါသည်.။ ပြုတင်းပေါက်လည်း များသည်။ မြေညီထပ်လည်းဖြစ်ရာဝင်ခလုပ်ထွက်ခလုပ်ဖြစ်သည်။ လမ်းကလေးမှ လူများသည်လည်း အပြောင်းအရွေ့သိတ်မရှိလှရာတစ်လမ်းလုံးမသိသူမရှီချေ.

သူမတို့၏ အိမ်ကလေးကိ သူမဆယ်တန်းအောင်စာရင်းထွက်သောအချိန် တွင်ပြောင်းရွေ့ခဲ့ပြီးကျောင်းပြီး အလုပ်ဝင် နိုင်ငံခြားထွက်သည်အထိနေထိုင်ခဲရာ စွဲလမ်းမှူကြီးမားခဲ့ပါသည်. မိဘရင်ခွင်သည် နွေးထွေးသည် ဆိုသည်ဆိုသည်ထက် မိဘသည် ရှိသမျှအပူအပင်များကို ဒိုင်ခံယူခဲ့ကြသူများဖြစ်ပါသည်။ အန်မတန်ရိုးသားသော ..ခွင့်ဘယ်တော့မှ မယူတတ်သောအဖေ. ခွင့်လေးလ အမြဲရှိသောအဖေ.. ရုံးသွားရုံးပြန်.. အမေနဲ့သားသမီးများကို အလွန်ချစ်သောအဖေ..။ အဖေ သမီးဒါလိုချင်တယ်ဆိုလျင် ရအောင်ရှာပေးခဲ့သောအဖေ.

စာကျက်မှာလား ဟင်းချက်မလားမေးတတ်သောအမေ.။ ဟင်းမချက်ချင်သောကြောင့် စာပြေးကျက်တတ်သောသူမ.. ကျောင်းတက်ချင်သည်ကို အားပေးခဲ့သော.....အစ်မ. လိုလေးသည်မရှီထောက့်ံ့ခဲ့ကြသောမိသားစု .. စကားနည်းသော်လည်း မိသာစုအတွက် အနစ်နာခံတတ်သောအလတ်မ အစ်မ။ ........ဖဲမရှိုက် မိန်းမမရှုပ်တတ်သော်လည်း ဆေးလိပ်သောက်တတ်. chess ကို စွဲလန်းစွာထိုးတတ်သော.....လဘက်ရည်ဆိုင် ညည့်နက်သန်းကောင်ထိုင်တတ်သော. မောင်............ထိုမောင်ကိုညည့်နကိသန်ကောင်လက်ဖက်ရည်ဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင် လိုက်ရှာခိုင်းသော အဖေ........ မိန်းမခိုးခါနီး ပိုက်ဆံကပ်တောင်းသွားသောမောင်.

အဖေနံမည်ဖြင့်ရခဲ့သောတယ်လီဖုံးကလေး............ ထိုခေတ်က အမြတ်တနိုးကြည့်ခဲ့ရသော ၁၄လ က်မ တီဗွီ....... ..အားလုံးကိုသူမလွမ်းပါသည်. ပြန်မရနိုင်တော့ပါ။။။။။။။။။။။။။။။။။။။။။။။။။။။။။ ရန်ကုန်ပြန်တိုင်း ထိုလမ်းကလေးအထဲသို့ အမြဲဖြတ်ကာ နေထိုင်ခဲ့သောအိမ်နေရာကို လွမ်းဆွတ်ရင်း........အစွဲအလမ်းမကြီးတတ်ယောင်နင့် အန်မတန်မှ ရင်တွင်းတစ်နေရာတွင် စွဲလမ်းစိတ်ကို သိမ်းဆည်းထားတတ်သောသူမ သည်........အဖေ..... အမေ အေးချမ်းသောဘဝတွင်ရှိပါစေ....မောင်နစ်မများလည်းအေးချမ်းကြပါစေ ဆုတောင်းရင်း အဝေးတစ်နေရာတွင် အချစ်ရှိသော်လည်း. အများထဲတွင် alone ဖြစ်ရင်း............



မှတ်ချက်
သီချင်းက Thzlo ဖဘသွားဖတ်ရင်း ဒုတ်ခရောက်သွားတာ။

Monday, December 20, 2010

seamen



















မောင်လေး သဘော်င်္တက်ဘို့လာတယ်။ ပိုက်ဆံချွေတာ သွားတာ သူ့ကြောင့်ပါတယ်။ အဲသည်နေ့က တစ်ရွတ်၇ွတ်ထုတ်ရတယ်။ အဝေးကြီးကနေ သူ့ကိုသွားတွေ့ရတယ်။ ရော့ မုန့်ဘိုး အစိမ်း တစ်ရာ. ရော့ အသေးသုံးစလုံးတစ်ရာ..... ဘီယာသောက်. မုန့်စား. ပင်နီစူလာမှာ ဟိုလျောက်ဒီလျှေက်လျောက်. ဘုရာ့းပုံ့တော်ဝယ်။ အခွေဝယ်ဘို့ကြည့်။ နှိုးစက် ဝယ်. မြည်သံကျယ်အောင်လို့ ကြီးကြီးကိုဝယ်။


singtel phone card prepaid ဝယ်ထားတာကို 1818 နဲ့ခေါ်ရင် local talk time တွေ စားမှာစိုးလို့ ချက်ခြင်းဘဲ m1 card ကို ၁၈ ကျပ်နဲ့ဝယ်. ရန်ကုန်ဆက်ဘို့ 1818 နစ်ကပ်. ဝယ် ။ ဆက်ပုံဆက်နည်းသင်.။်free incoming call ကို ဟိုလိုပြောင်းရတယ်။ အဲသည်က နေ ဒီလိုပြန်ပြောင်းရတယ။် တစ်နေ့ကို ပြားခြောက်ဆယ်ဖြတ်မယ်။ ဘာညာဘာညာသင်ရတယ်။ စလုံးမှာနေရတာလဲမလွယ်ဘူး ဟိုကွေ့ ဟိုတက်နဲ့လှော.် ဒီကွေ့ ဒီတက်နဲ့လှော်. လှော်တတ်မှ သက်သာရရမယ်။




















ပြန်မယ်ဆိုတော့ ရထားနဲ့ ပြန်မယ်စိတ်ကူးတာ. အစ်မ ။။ ကျွန်တော့် ခြေထောက်နဲနဲနာလာဘီ. ဖိနပ်က မစီးတာကြာတော့ ဖိနပ်ပေါက်တယ် ဆိုတာနဲ့ အစ်မက မနေနိုင်ဘူး. ဟေး တက္ကစီ……ဖြစ်သွားတယ် အော.် အစ်မတွေများ တယ်ခက်တယ်။ သူ့ နဲ့အတူ လိုက်မဲ့ ချာတိတ်ကလေးတစ်ယောက်လဲပါတယ်။ သူက ကိုယ့်ကို အန်တီတဲ့ ကိုယ်က တော့ အစ်မက တပြားမှ မလျှော့ဘူး နစ်ဦးနစ်ဘက်ကတော့ အဆင်ပြေကြပါတယ်။




















သူတို့နစ်ယောက်နဲ့ taxi ပေါ်တက် မိုးကလဲ မှောင်နေ. ကားဆရာကိုပြောလိုက်တယ်။ ဟော်တယ် ကိုမောင်းပါဆိုတော့ကားဆရာလန့်သွားတယ်။ အဲဒါ ငါ့အစ်မဆိုမှ အဆင်ပြေသွားတယ်. အဲဒီနားလိုက်သွားပြီး သူက ဘီယာသောက်သေးတယ်။ ဟော်တယ်တော့မလိုက်သွားတော့ပါဘူး. သူက မနက်လဲ မနက်သုံးနာရီ အစောကြီးထရဦးမှ ဆိုပြီး. မနက်ဘိုက်ဆာနေမှာ စိုးလို့ ဆိုပြီးအဲဒီနားက ဒင်ဆန်းလိုမျိုး ဝယ်ပေးထဲ့ လိုက်ရသေးတယ်။





















အားလုံးပြီးတော့ ည ၁၂ နာရီထိုးတော့မယ်။ အပြန် အငှားကားမစီးရက်ဘူး. ရထားနဲ့ဘဲပြန်လာတယ်။ တစ်ညထဲ နေပေလို့ဘဲ သုံးညလောက်များဆိုရင် ခက်မယ်။ သဘော်တက်တော့ကောင်းတာပေါ့ ဆိုပြီးဝမ်းမသာရဲသေးဘူး. စိတ်မထင်ရင် တစ်လ အတွင်းအဆင်မပြေဘူး အစ်မ ဆင်းတော့မယ်ဆိုပြီး ဆင်းရင်ဆင်းလာမှာ ဆိုတော့ ဝမ်းမသာရဲသေးဘူး လခဘယ်လောက်လဲလို့တော့အသာလေးမေးကြည့်လိုက်မိသေးပေမဲ့ ခံစားလိုမရသေးဘူး။


မှတ်ချက်
ဒီတစ်ပုဒ်ကွန်မက်ရေးရခက်မယ်။

Sunday, November 7, 2010

ရန်ကုန်နဲ့ လူကြုံ

Kmsl ရန်ကုန်သွားတယ်။
လက်ဆွဲအိတ်ထဲကိုသု့ဘာသာဘဲသူထည့်ါတယ်။ ဒီအိတ်သေးသေးလေးထဲကို ဘယ်လိုဆန့် အောင် ထည့်ရမလဲ ဆိုတာရယ် သူဘာလိုချင်သလဲသူဘာဝတ်ျချင်သလဲုဆိုတာကို ကိုယ်မသိနိုင်ပါ. အဲဒီတော့အားလုံးကို့ပုံပေးထားပြီးသူကြိုက်တာ သူယူပြီးသူ့ဘာသာထည့်တယ်။ ကိုယ်ကဘေးကနေ တောက်တိုမယ်ရသူခိုင်းတာ ယူပေးရတယ။် သူထည့်တယ်ဆိုတာပါးစပ်နဲ့ ကိုယ်က အားလုံးယြူီပီး ဘေးမှချပေးထားရတာ.သွားတိုက်ဆေး သွားပွတ်တံ ဘာညာဘာာညာ. နစ်ယောက ပေါင်းထည့် တယ်ဘဲဆိုကြပါစို့လေ.

ကိုယ့်အတွက်နေရာအနည်းငယ်ရတယ်။ အိတ်တဝက်စာ. ကိုယ်ဝယ်ထားတဲ့ပစ္စည်းတွေ ကအများကြီး ဘာထည့်ပေးရမလဲဆိုတာ ခေါင်းစားတယ်။ ပေးချင်တာကများနေပြီးသယ်နိုင်တာက နည်ေးနနေတယ် ဈေးမကြီးပါဘူး ဈေးသက်သာတာလေးတွေ ဘဲရှာဝယ်ထားတာ ကိုယ့်လခကလည်း သိတ်ရလှတာ မဟုတ်တော့ကိုယ်သိတ်မချမ်းသာဘူး.

တစ်ဆယ်တန်အောက်တွေချည်းဘဲဝယ်ါ။ ဘာဘဲဖြစ်ဖြစ်. ပေးရရင်ဝမ်းသပီတိဖြစ်တယ် အထူးသဖြင့်ရန်ကုန်မှာ မရှိတဲ့ပစ္စည်းမျိုးကို ရွေးဝယ်တယ်။ အမှတ်တရ. နိုင်ငံခြားကလဲဖြစ်တယ် ဈေးကလည်းမကြီးဘူးဆိုတော့ something reasonable ဖြစ်တယ်လို့ခံယူတယ်။


Kmsl မိသားစုအတွက် ချောကလက်.

အိတ်ကလေဲးနဲထည့်ပေးတယ် အဲဒီအိတ်ကို ဖွင့်လိုက်ရင် အဲဒီအိတ်ပိစိ.ပိစိကလေးတွေ ထွက်လာမယ်။ supradyn အားဆေးလဲထည့်လိုက်တယ်။ အမေသောက်ဘို့.။ ပုဝါတစ်နစ်ထည်လဲထည့်တယ်။ facial form တွေလဲထည့်တယ်။ အိတ်ကလေးတွေလည်းထည့်တယ် ထည့်ချင်တာထည့်လို့ရတယ် တို့ကြိုက်တယ်။





































































အကြီးမဘို့ အကျီငါးထည်.အိတ်နစ်ခု facial form. ပုဝါတစ်ထည်.






















အလတ်မ အကျီ ၃. အိတ် ၁. ပုဝါ၁.်facial form.






















ယောင်းမနဲ့ယောင်းမ အမေအတွက်. အကျီ ၃. အိတ် ၂. Facial form ၁. ပုဝါ ၂.






















တူမအတွက်က အကျီ ၈။ ပန်တီ. ၂။ အိတ် ၁။























အိတ်ပေါက်စေ့ထဲကို ဘယ်သူ့အတွက်လို့ရေးထားတဲ့စာရွက်ကို ထည့်ပေးလိုက်ရတယ်။ အဲဒါဆို kmsl အတွက် လွယ်သွားပြီ.အဲဒီအိတ်ကို ဆွဲသွားပြီးပေးလိုက်ရုံဘဲ ရန်ကုန်မှ လဲ ခွဲရတာလွယ်သွားတယ်တစ်ခါတစ်လေကြရင် တစ်ခုထဲကိုဘဲဟိုလူကလိုချင် ဒီလူကလဲလိုချင် အဝေမတည့်ဖြစ်. သူကလည်းကကြိုက် ကိုယ်ကလည်းကြို့်. အချင်းချင်းကလည်းအားနာ နင်ယူပါ ငါယူပါလေနဲ့ ခက်ကုန်ကြတယ်။ အခုလိုပြတ်သားလိုက်တော့. အေးရော နောက်မှ အချင်းချင်းပြန်လဲယူ အခုတောင် အထုတ်က တူမကျုရှင်သွားတုံးရောက်သွားတာတူမဆီက နေအကျီနစ်ထည် အကြီးမနစ်ယောက် တစ်ယောက်တစ်ထည်ယူလိုက်ကြတယ်ဆိုဘဲ. ဒီဟာမလေးငယ်သေးတယ် ဒီလောက်မလိုပါဘူးလို့ သူတို့ဘာသာ သူတို့ဆုံးဖြတ်လိုက်ကြသတဲ့သွပ်သွပ်.။


















အလတ်မက လုပ်တတ်ယ် သူကကို ဒါးကြီးပါတိတ်တွေ ပေးရင်သိမ်းထားရော ဝတ်တာလဲမဟုတ်. အားကြီးသိမ်းတတ်ယ်။ ပြီးရင်ကြည့်ပြီးဘဲပီတိဖြစ်နေတာ. တစ်ခါ ကိုယ့်သူငယ်ချင်းအတွက်ဒါးကြီးပါတိတ်တစ်ထည်ထည့လိုက်တာ. ငါ့ပါတိတ်နဲ့လဲမယ်နော်တဲ ဟင်. ဘာဖြစ်လို့လဲဆိုောတ့ ငါ့ပါတိတ်က မနစ်က နင်ပေးထားတာလေ. တဲ့အခု“ဟာ က ဒီနစ်ပေးတာဆိုတော့အဆင်သစ်တာပေါ့ တဲ့လဲမယ်နော်တဲ့ မလဲရပါဘူး လို့ပြောလိုက်ရတယ် နင်ဟာလဲသိတ်ခက်တယ် နောက်တစ်ထည်ထပ်ပေးလိုက်ပါမယ်ဆိုမှာ အိုကေသွားတယ်။

အဲဒီတုံးက ဒါးကြီးက ဈေးချတာ ရှိတယ။် ပစ၁စည်းလက်ကျန်ဖြတ်တာ ၁၅ ကျပ်နဲ့ တို့ကို ဆိုင်ကပေးတယ်။ အခုတော့ဈေးတွေ တက်တာရယ် ကိုယ်သိတ်မသုံးနိင်တာနဲ့မဝယ်နိုင်တာ ကြာပြီ။

ဘာဘဲဖြစ်ဖြစ်ပေါ့ ပေးလိုက်ရတာဝမ်းသာပါတယ။် သူတို့ကလည်းကြို့က်ပါတယ်ပြောတာဘဲ တစ်ခါတစ်လေကြတော့လဲစိတ်မချရဘူးတိုင်ကပ်နာရီထည့်ပေးလိုက်တုံးက ကြိုက်လားဆိုောတ့ကြိုက်တယ်တဲ ချက်ချင်းချိတ်ထားလိုက်ပြီတဲ့ ကိုယ့်မှာတော့ပီတိတွေဖြစ်လို့. နောက်မှ kmsl ကိုပြန်ပြာပြတော့တွေ့ခဲ့ပါ့ မီးဖိုချောင်ထဲမှာ ချိတ်ထားတာတွေ့တယ်ဆိုတော့ကိုယ့်မှာ အသည်းကွဲသွားသေးတယ်။

အော် ..မောင်လေးအတွက်တော့ သူက သီတင်းကျွတ်မှာ မကန်တော့တာနဲ့ကိုယ်ကဘဲ မုန့်ဘိုးဆိုပြီးတစ်သိန်းပေးလိုက်ရတယ။် ဒီနေ့ညနေကဘဲ.



မှတ်ချက်
အခုတစ်လောပိုစ်တွေ ရှည်နေတယ်. :(