သူမ ဆံပင် ရှိုင်း ပြီးသွားပြီ ဖြစ်သည် ပို လှမလာသော်လည်းသေသပ်သွားလေသည်။ ပထမတော့ရန်ကုန်ပြန်ကာနီးမှ ရှိုင်းရန်စိတ်ကူးသော်လည်း ယခု ရန်ကုန်က ရည်းစားဟောင်းများကို မေ့လိုက်ြ့ပီဖြစ်သည်. မောင်ပြောသကဲ့သို့ မောင်ရေ.ေ မာင် ရည်းစားဟောင်း ညီမ ဝမ်းကွဲက တို့ဖဘကို လာအက်နေတယ် မောင့်အကြောင်းသိချင်လို့ထင်တယ် ဟု ချိုချိုသာ သာ မောင့်ကိုတီးခေါက်သော်မောင်သည် ရှုံ့မဲ့ကာ အိုကြီးအိုမ တွေ အကြောင်း ငါ့လာမပြောစမ်းပါနဲ့ကွာဆို သကဲ့သို့ သူမသည်လည်း ရည်းစားဟောင်း များကို မေ့လိုက်ပြီ ဖြစ်သည် ရန်ကုန်ပြန် ကာနီး ရှိှုင်းစရာ မလိုအပ်ဘဲ ယခုနေရာတွေင်သာ ရှိုင်းရပေတော့မည်.
သူမမြူးနေလေသည် လေးရက် ပိတ်သည် ဆိုသည် မှာ သူမအတွက် Luxury ဖြစ်သည်ပထမတော့ KL ချစ်သူများထံသွားမည် စိတ်ကူးသော်လည်း KL . genting, Penang မှာ မကြာသေးခင်က မှ ပြန်လာ ရာ mood သိတ်မရှီသေးချေ. အင် ဒို နီးရှားသို့ခြေလှမ်းနေလေသည်။ အစီအစဉ်တော့မဆွဲရသေး သူမအတွက်လည်းသိတ်မလိုအပ်ပါ. KL မသွားလိုသည် မှာ မသွားခင် ဝိတ်ချရမည် ဖြစ်ခြင်း ညစားမစားဘဲ နေရမည် ဖြစ်ခြင်း ဖိနပ် အသစ်များကို သုံးရန်ခန့်ဝယ်ရမည် ဖြစ်ခြင်း မျက်နာသုတ်ပုဝါ အသစ် . အကျီအသစ်. မျက်မှန်အသစ် ဝယ်ရမည် မှာ များလှသည် ယခုပင် ယောင် ပြီး ဆံပင် ရှိုင်းလိုက်သည်မှာ အတော်ကုန်သွားသည်

သူမသည် ဆံပင်ဆိုင်ကို sallon ကိုသွားရွေးလေသည် သူမတွင် ဆိုင့် ပုံသေမရှိပါ။ စိတ်ကူးပေါက်သလိုဝင်လေ့ရှိသည်. သူမသည် တော ဂိုက်ဖြစ်သောလည်း မြို့သူများကိုသဘောကျသည်. တောဂိုက်များ ဆိုင်ထဲတွင်လုပ်နေလျင် ထိုဆိုင်သို့မဝင်ချေ.ယခုဆိုင်မှာ ဝင်ထွက်နေသူများမှာ အတော် ခေတ်ဆန်လှသည် နာမည်ကိုကြည့်ပြီး ဝင်ရန် ချက်ခြင်း ဆုံးဖြတ်လိုက်လေသည် ...,,... and Guys ဆိုပါရော. သဘောမ့ကျသင့်ဘူးလားခဥမ ဟု မေးစရာ မလို ဆိုင်ထဲရောက်သွားပြီ ဖြစ်သည်. ဒီလောက်ကျမယ်နော် ဆိုသော် ခေါင်းညိတ်ပြီးဖြစ်သည်.
မိန်းကလေးများရှိသော်လည်း ကောင်လေးများလည်း များလေသည် ကောင်လေး နစ်ောယက် သူမကို entertain လေသည်။ ဆံပင် များကို သိမ်းကာ လည်ဂုတ်တွင် ခြုံထည့် ပုဝါသိုင်း သည် ခဏ လည်ဂုတ်ကို ထိသည်မှာ သူမသည် ကြက်သီးများထသွားလေသည် ဒါကြောင့်လဲ အတွေ့အထိ လို့ပြောကြတာ နေမှာ ဘဲလေ ဟု နစ်သိမ့်သော လည်း ခပ်တည်တည်မျက်နှာပေးဖြင့် မသိသလိုနေလေ၏. ဆပင် ကို ဆေးသုတ်သည် အတော်ကြာ၏. ညမအိပ်သောကြောင့်လေ ကောင်လေးများ အကိုင်ညင်သာသောကြောင့်သောကြောင့်သေလည်းကောင်း ခဥမ ငိုက်သွားလေသည် တောက်.
ခေါင်းလျှောင်ပြီး တစ်ခါ ဆံပင် ဒရိုင်ရာ မှုတ်လေသည် ဘီးကို မသုံး သူရို့လက်ကလေးဖြင့် အသာလေး တို့ခါ ဝှေ့ကာ ဆံပင် ကို အအေးမှုတ်ပေးသည်. ပူလျင် ဆံပင် သား နာသည်မဟုတ်လေ ဘီးကို အနည်းငယ်သာ သုံးသည် အကိုင်တော်ပြန်လေရာ ခဥမ ငိုက်သွားပြန်သည် နောက် အခေါက်ဆိုလျှင် အိပ်ရေးဝအောင် အိပ်ပြီးမှ လာရမည် သို့မှသာ အပြည့်အဝ အကိုင်ခံရပေမည် ယခုကား ငိုက် ငိုက်သွားလေရာ ကောင်လေးက နင် ဒီလို ငိုက်တယ် သိလာ ဟု ယမ်းပြသောအခါ မာလု ဖြစ်သည်။
ဆံပင်လျော်ပြန်သည် ဆ့က်ဆံရေးပြေပြစ်သည်. အအေးလာ အပူလာ သေချာမေးပြီးမှ ရေကို သူမသည် ရေအေးနင့်သာ ခေါင်းလျောက်တတ်သူဖြစ်သည် ရေပူလျှင်ခေါင်းပူ သည် ဟု ခံစားရသည် တ်စချို့ဆိုင်များသည် တစ်ခါတည်း ရေပူနင့် ခေါင်းလျော်ပေးရာ သူရို့သည် ပြောမှ သိကြသည် ယခုဆိုင်သည် လည်းသေချာမေးသည် သိတော့ မနိပ်ပေး ရန်ကို န်ဆိုင် ကိုလွမ်းရသည် ရန်ကုန်ဆိုင်သည နိပ်ပေးသည် မှာ ခံရွေ့ကောင်းလှသည် မည်သို့ပင် ဖြစ်စေ စိတ်ကျေနပ်သည် အကြာကြီးလည်း သေချာ ဂရုစိကိသည် ခဥမ သည် တောပုံဖြစ်သော်လည်း သူတို့သည် လေးလေးစားစား ဆက်ဆံသည် ။ လေးကျပ်တန် ကဲ့သို့မဆက်ဆံချေ. ထို လေးကျပ်တန်ခေါက်ဆွဲကြော် ဆိုင်နင့်တော့ ခဥမသည် သံယောဇဉ်ဖြတ်သွားပြီဖြစ်သည် ခြေဦးပင်မလှည့်တော့ လူလူချင်းလေးစားသင့်သည မဟုတ်ပါလေ. ခဥမသည် ကြီးသည် ငယ်သေည်မရွေးလေးလေးစားစား ဆက်ဆံသည်. ငယ်လျှင် တူသား နောင်ငယ် ကဲ့သို့သဘောထားရွေ့ကြီလျှင် ဦလေး အဖေကဲ့သို့သဘောထားကာ ရိုသေဆက်ဆံသည် ဆင်းရဲချမ်းသာ မရွေးချေ.

ခံတွှုင်းရှင်း စေရန် ဆောင်လေ့ရှိသော .သည် အိတ်ထောင် ထဲတွေင်ရောက်နေရာအ လွယ်တစ်ကုမနှိုက်ဖြစ်သော်ကြောင့်မသုံးလိုက်ရချေ. ကောင်လေးများနင့်နီးကပ်လေရာ ဆံပင် နဲနဲ တိမှာလားဘယ်လောက်တိမှာလည်း ဆိုသည် ကို မေးလျှင် ဖြေရန် တွန့်ဆုတ်မိလလေသည် . နီးကပ်သည် မဟုတ်ပါလားကွိကွိ.