Thursday, December 23, 2010

အော်…………………အချစ်...


















အကောင်းစားတွေ မဟုတ်ပေမဲ့ ကိုယ်နိုင်သလောက်လေးဝယ်ရတာ ပျော်ပါတယ်။ အစ်မတွေ ကလည်း ညီမ စိတ်ချမ်းသာအောင် သိတ်ကြိုက်တယ် လို့ပြောပေးကြတယ်။ နောက်ပြီးမှသာ ဟိုချောင်ထိုး ဒီချောင်ထိုး လုပ် ချင်လုပ်ကြမယ်။ အဓိကကောတ့ ကိုယ်ဝယ်ချင်တာပါဘဲ . ပေးချင်တာလဲ ပါတာပေါ့. ဟိုမှာ မရှိလား ရှိပါ တယ် ဒါပေမဲ့ something different .။

ကြမ်းပြင်ပေါ်သတင်းစာတွေ ဖြန့်ခင်း ရှိတာတွေ ချခင်း. စိတ်ကူးယဉ် ဘယ်ဟာ က ဘယ်သူ့ကိုပေးရင် ကောင်းမလဲ သူကဘောတ့ဘာနဲ့လိုက်မလဲ စိတ်ကူး.





သူ့ အမျိုး































































ကိုယ့်အမျိုး.

အကြီးဆုံး




















































အလတ်မ
















































အလတ်မ+ တူမ
























တူ 1





















တူ 2
























ခဲအို.





















မောင်လေး's wife






















































မည်သူမည်ဝါ မသိသေး. +
ပုဝါ လေးငါးခြောက်ထည်. (ကမန်းကတန်းထည့်လိုက်ရသောကြောင့်ပုံမရိုက်လိုက်ရ..)



>

Tuesday, December 21, 2010

MC shop


















ဆေးခန်းသွားတယ် (အစောကြီး.) ရှစ်နာရီဖွင့်မှာ ကို အစောကြီး ရောက်သွားတော့ လူနည်းနည်းဘဲ ရှိသေးတယ်။ စောစောသွားတော့စောစော အိမ်ပြန်ရောက်တာပေါ။ စောင့်တဲ့အချိန်ကလည်းရှိသေးတယ။် တစ်ကယ်ဖျားတာပါ. အဖျားသိတ်မများပေမဲ့ နာစေးချောင်းဆိုး လည်ပင်းနာ ထုံးစံအတိုင်းဆိုတော့အားကုန်တယ်။ အလုပ်သွားဘို့အားမရှိဘူး သွားရင်လဲခိုနေရမှာဘဲ ခိုလို့ကလဲ မရတော့ အရှင်းမသွားတာဘဲ ကောင်းပါတယ်။ ဖုံးတွေ အများကြီးဘဲ ခေါ်ရတယ်။ ငါဟာ အကောင်ပါလားဆိုတာ သိလိုက်ရတယ်။ ဒါမှ မဟုတ် တပည့်ကြီးလဲ ဖြစ်နိုင် တာဘဲ။ အားလုံးကို သတင်းပို့ရတာကိုး.. essential kom ပေါ့။ စလုံး ၂၀ ကုန်တယ်။





















ပြီးတော့ဆေးသောက်ပြီးအိပ်နေတယ်။ ဆေးခန်းကနေ သွားတိုက်ဆေး ၄ ဗူး ခြောက်ကျပ် နဲ့ဝယ်လာသေးတယ် မသုံးဘူးပါဘူး ပက်ဆိုးဒန့် လောက်ဘဲသုံးဘူးတာ.. တရုတ်သွားတိုက်ဆေးလဲ သုံးခဲ့ဘူးတာဘဲ သိတ်၈ျီးမများပါဘူး maid in USA လို့လဲရေးထားသေးတယ။် တန်တယ်ထင်တာနု့ ဝယ်ထားလိုက်တာဘဲ။ ပုပ်ကုန်မှ မဟုတ်.။ တို့ကိုကြည့်ပြီးစလုံးကလူတွေ ကပ်စည်းနဲလို့မထင်ပါနဲ့ ။ သူများတွေ က သထိန်းတွေပါ. တို့ကသာ ပိုက်ပိုက် မရှိတာ။


















ဟိုတစ်လောက ဟိုဘက်မှာ ဘီစကစ် ဝယ်စားသေးတယ် ဝယ်တုံးကတော့ဒီလိုပါဘဲ အထုတ်ဖောက်တဲ့အချိန်မှာ လူစုံတာနဲ့ တစ်ယောက် တစ်ထုတ်ပေးလိုက်တာ ချကခြင်းနီးပါးကုန်လုနီးပါးဖြစ်သွားတဲ့အခါဘီစကစ်ဘူး အောက်ခြေက ဘောက်ခြာလေးထွက်လာတယ။် ဝမ်းသာသွားတယ် ငါများ ကံစမ်းမဲပေါက်ပလားဆိုပြီး.










အမှန်ကတော့ကံစမ်းမဲ မဟုတ်ဘူး ကြက်ကြော်ဝယ်စားရင် အဲဒါထုတ်ပေးရင် သက်သာရာရမယ်။ ငါးကျပ်. အဲသလိုနားလည်တယ်။ အံမယ် ဒါဆိုရင် ငါ ခဏခဏ အထုတ်ဝယ်ပြီးသူများတွေ နဲ့စား အဲဒါကို ကြက်ကြော်သွားစား ဟန်ကျတယ်။ ထပ်ဝယ်ဦးမှ ဆိုပြီး……..ဒါပေမဲ့ တက်နဲ့လှော်နေကျအတိုင်း လှော်ကြည့်လိုက်ောတ့ ……. မှန်ဘီလူးလိုတယ် အဲဒီစာသားလေးတွေ ကို မမြင်ရဘူး. မှန်ဘီလူးအကူအညီယူလိုက်တော့မှ တွေ့တယ် ဘယ်နေ့ဘယ်ရက် အတွင်းသာ သုံးရန် နောက်ဆု့းရက်က အောက်တိုဘာတဲ့ .. ဒီဇင်ဘာမှာဝယ်စားမိတာ နာတာဘဲ။ ကြားထဲမှာ လောဘ မောဟဖြစ်လိုက်ရတာ အဖတ်တင်တယ။် အစကတည်းက ကိုယ်တို့မတွေ့ကြခဲ့ရင်ကောင်းမှာ............

Monday, December 20, 2010

seamen



















မောင်လေး သဘော်င်္တက်ဘို့လာတယ်။ ပိုက်ဆံချွေတာ သွားတာ သူ့ကြောင့်ပါတယ်။ အဲသည်နေ့က တစ်ရွတ်၇ွတ်ထုတ်ရတယ်။ အဝေးကြီးကနေ သူ့ကိုသွားတွေ့ရတယ်။ ရော့ မုန့်ဘိုး အစိမ်း တစ်ရာ. ရော့ အသေးသုံးစလုံးတစ်ရာ..... ဘီယာသောက်. မုန့်စား. ပင်နီစူလာမှာ ဟိုလျောက်ဒီလျှေက်လျောက်. ဘုရာ့းပုံ့တော်ဝယ်။ အခွေဝယ်ဘို့ကြည့်။ နှိုးစက် ဝယ်. မြည်သံကျယ်အောင်လို့ ကြီးကြီးကိုဝယ်။


singtel phone card prepaid ဝယ်ထားတာကို 1818 နဲ့ခေါ်ရင် local talk time တွေ စားမှာစိုးလို့ ချက်ခြင်းဘဲ m1 card ကို ၁၈ ကျပ်နဲ့ဝယ်. ရန်ကုန်ဆက်ဘို့ 1818 နစ်ကပ်. ဝယ် ။ ဆက်ပုံဆက်နည်းသင်.။်free incoming call ကို ဟိုလိုပြောင်းရတယ်။ အဲသည်က နေ ဒီလိုပြန်ပြောင်းရတယ။် တစ်နေ့ကို ပြားခြောက်ဆယ်ဖြတ်မယ်။ ဘာညာဘာညာသင်ရတယ်။ စလုံးမှာနေရတာလဲမလွယ်ဘူး ဟိုကွေ့ ဟိုတက်နဲ့လှော.် ဒီကွေ့ ဒီတက်နဲ့လှော်. လှော်တတ်မှ သက်သာရရမယ်။




















ပြန်မယ်ဆိုတော့ ရထားနဲ့ ပြန်မယ်စိတ်ကူးတာ. အစ်မ ။။ ကျွန်တော့် ခြေထောက်နဲနဲနာလာဘီ. ဖိနပ်က မစီးတာကြာတော့ ဖိနပ်ပေါက်တယ် ဆိုတာနဲ့ အစ်မက မနေနိုင်ဘူး. ဟေး တက္ကစီ……ဖြစ်သွားတယ် အော.် အစ်မတွေများ တယ်ခက်တယ်။ သူ့ နဲ့အတူ လိုက်မဲ့ ချာတိတ်ကလေးတစ်ယောက်လဲပါတယ်။ သူက ကိုယ့်ကို အန်တီတဲ့ ကိုယ်က တော့ အစ်မက တပြားမှ မလျှော့ဘူး နစ်ဦးနစ်ဘက်ကတော့ အဆင်ပြေကြပါတယ်။




















သူတို့နစ်ယောက်နဲ့ taxi ပေါ်တက် မိုးကလဲ မှောင်နေ. ကားဆရာကိုပြောလိုက်တယ်။ ဟော်တယ် ကိုမောင်းပါဆိုတော့ကားဆရာလန့်သွားတယ်။ အဲဒါ ငါ့အစ်မဆိုမှ အဆင်ပြေသွားတယ်. အဲဒီနားလိုက်သွားပြီး သူက ဘီယာသောက်သေးတယ်။ ဟော်တယ်တော့မလိုက်သွားတော့ပါဘူး. သူက မနက်လဲ မနက်သုံးနာရီ အစောကြီးထရဦးမှ ဆိုပြီး. မနက်ဘိုက်ဆာနေမှာ စိုးလို့ ဆိုပြီးအဲဒီနားက ဒင်ဆန်းလိုမျိုး ဝယ်ပေးထဲ့ လိုက်ရသေးတယ်။





















အားလုံးပြီးတော့ ည ၁၂ နာရီထိုးတော့မယ်။ အပြန် အငှားကားမစီးရက်ဘူး. ရထားနဲ့ဘဲပြန်လာတယ်။ တစ်ညထဲ နေပေလို့ဘဲ သုံးညလောက်များဆိုရင် ခက်မယ်။ သဘော်တက်တော့ကောင်းတာပေါ့ ဆိုပြီးဝမ်းမသာရဲသေးဘူး. စိတ်မထင်ရင် တစ်လ အတွင်းအဆင်မပြေဘူး အစ်မ ဆင်းတော့မယ်ဆိုပြီး ဆင်းရင်ဆင်းလာမှာ ဆိုတော့ ဝမ်းမသာရဲသေးဘူး လခဘယ်လောက်လဲလို့တော့အသာလေးမေးကြည့်လိုက်မိသေးပေမဲ့ ခံစားလိုမရသေးဘူး။


မှတ်ချက်
ဒီတစ်ပုဒ်ကွန်မက်ရေးရခက်မယ်။