Sunday, September 11, 2011

c for car



ယနေ့ညအတွက် exciting news မှာ သက်တမ်းရင့် ကားအိုကား ဟောင်းများအား ပယ်ဖျက်ကာ ကားသစ်များဖြင့် အစားထိုးသွားမည်ဖြစ်ကြောင်း၊ ကားဟောင်းအစား ကားသစ်များ တင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။

မမိကားမှာ လည်းကားဟောင်းဖြစ်၏. လွန်ခဲ့သောနစ်ပေါင်းများစွာက့ဖြစ်သည်။ ကားလေးမှာ တစ်လက်ကိုင်ဖြစ်သောကြောင့်သန့်၏.။ အတိုက်အခိုက်အကြီးအကျယ်မရှိ. မမိလစ်ခိုက်ယောက်ခမ သမထားသောကြောင့်ပွန်းရာပဲ့ရာ များတော့ရှိသည်။





မမိကိုယ်တိုင် နစ်ခါတိုက်ဘူး၏။ တစ်ခါမှာ.......ပြည်လမ်းဆေးကျေုာင်းနားရှိ မီးပွိုင့်ဖြစ်သည်. ထိုပွိုင့်မှာ ကွေ့ကားများကွေ့ရန်ဖြစ်ရွေ့ တည့်ကားများတည့်ရန် free way နစ်လိုင်းပေးထား၏. မောင်းနေမကျလျှင် စိမ်းနေသလားနီနေသလား ဘယ်သူ့ကိုပြောတာလဲ ဘာလုပ်ရမှာလဲဝေခွဲမရဖြစ်ရ၏. မမိမှာကျွမ်းကျင်သူ အဆင့်ဖြစ်ရွေ့ ကားကို ဘရိတ်မအုပ်ဘဲရပ်နိုင်သောအစွမှ်းရှိသူဖြစ်လေသည်။ ဖြစ်ပုံမှာမမိရှေ့မှာ မာစီဒီးမောင်းသူသည်ယောင်လည်ယောင်လည်လုပ်နေရာ မမိသည်အကင်းပါးသူဖြစ်ရွေ့ ဘရိတ်မအုပ်ဘဲ အသာလေးထိုသူနောက်မှ ဝင်ရောက်အရှိန်နှေး၏.မမီနောက်မှ မောင်းသူမှာ လူရိုးဖြစ်သောကြောင့် မမိဘရိတ်မီးကို ကြည့်ရွေ့မောင်းလေရာ မမိ ဘရိတ်မီးမလင်းသောကြောင့်အရှိန်မလျော့မိ. သို့အတွက်ကြောင့်မမိဘန်ဘာ နင့်မီးလုံးကိုဝင်ဆောင့်၏

ထိုအရှိန်ဖြင့်မမိသည် မာစီးဒီးမီးလုံးကို ခွဲလိုက်၏. မည်သူလျှော်ရမည်နည်း.. ကားမညိဘူးသောမမိသည်လည်း ရှော့ဖြစ်ပြီး. ပိုပိုသာသာ အိုက်တင်မဟုတ်ချေ. ရင်တုန်ကာ ကားပေါ်မှ ရုတ်တရပ်မဆင်းနိုင် အနီးမှ ယဉ်မှူစစ်သည်လည်းလာကူညီလေသည်။

သေငှေးဖြစ်သော မာစီးဒီးသည် ကားကိုခေတ္တရပ်ကာ ကားပေါ်မှ မဆင်းဘဲ အခြေအနေကို အကဲခတ်ကာ ဆက်လက်မောင်းထွက်သွားလေသည် အလျှော်ယူရန်စိတ်ကူးရှိပုံမရ. မမိကောတာ့နောက်ကားတိုက်လျှင် နောက်ကားလျှော်ရမည်ဟု နားလည်လေရာ အလျှော်တောင်းလေ၏. နောက်ကားသည်လည်း ခင်ဗျား က ဘရိတ်မီးမှ မလင်းတာ ကျွန်တော်က ဘယ်လျော်နိုင်မလဲ အစရှိသဖြင့်အငြင်းအခုံဖြစ်ကြလေ၏.။

နောက်တစ်ချီကာတော့ မမိအမှားဖြစ်သည် ရေကျော်ဈေးအနား လမ်းမကြီး (? )တွင် ကားရပ်.ကာ ထွက်မည်လုပ်သည်. မမိသည် ငယ်စဉ်က ဟော့ရှော့ဖြစ်သည် ကားမောင်းလျှင် ကားကက်ဆက်ကို အကျယ်ကြိးဖွင့်တတ်၏. သီချင်းသံနင့်မှ ကားမောင်းချင်သူဖြစ်သည် သီချင်းမြူလျှင် ကားမောင်းပိုသွက်၏.။ ပိုရမ်း၏။




အိုက်တင်လည်းများ၏. ဘေးမှန်နစ်ချပ်နင့်နောက်ကြည့်မှန်ကိုအားထား၏. နောက်ဆိုလျင်လည်း ခေါင်း ထုတ်မကြည့် မှန်ကြည့်ရွေ့ နောက်ဆုတ်၏. ဆရာကြီးသဖွယ်ကိုယ့်ကိုယ်ကို ထင်မြင်၏. မျက်နာ.ခေါင်းတို့ကိုလှည့်လည်မကြည့်ချေ. အိုက်တင်အပြည့်ဖြင့်မှန်ကိုသာကြည့်၏။ ပြည်လမ်းပေါ်တွင်တွေ့သမှကားနင့်ဖိုက်၏။ သဘောကျသော ကောင်လေးမြင်လျင်လိုက်ကြည့်၏။ ပက်ကင်ကောင်းစွာထိုးတတ်၏. လှပစွာထိုးတတ်၏.

သင်ပေးသော ဆရာ မှာမြိဲု့လည်ခေါင်မှ ဖြစ်သောကြောင့် သူ့မိဘ တိုက်ခန်းမှနေရွေ့ ဝရန်တာမှ ထိုင်ကြည့်ရပ်ကြည့်လျှင်ထိုစဉ်က ဂုံးကျော်တံထားကြီးမရှိသေးသောကြောင့်ကားများစွာ ဝင်ကြထွက်ကြထိုးကြသည်ကို အပေါ်မှနေရွေ့ ဒီလိုဆိုရင် ဒီလိုအယူအဆနဲ့ ဒီလိုထိုးသွားတာ ဆိုသောလက်ချာများကိုနာကြားခဲ့ရလေရာ ကျွမ်းကျင်သည်မှာအဆန်းမဟုတ်ချေ.

မမိတို့နေခဲ့သည်မှာလည်းမြို့ထဲဖြစ်သောကြောင့် အန်မတန်ရှုပ်သည်ဆိုသော အနော်ရထာသည် မမိအတွက်တော့ child play ဖြစ်လေသည်. နေ့စဉ်အလုပ်သွားသည် မှာလည်းထိုလမ်းမှပင်ဖြစ်လေရာ မမိသည်ကွကိုအထင်ကြီးလေသည်။

ထိုနေ့က ။ ဘေးမှန်ကိုကြည့်ကာ ကားကိုအထွက် ဂငယ်ကွေ့ကွေ့လိုက်ရာ ဘေးမှ ပန်းတက်လာသော ကား ကိုမမြင်လိုက်ချေ. ကားသည်ဘေးမှန်မှအလွတ် မမိကဘေးမှန်တွင်ကားမရှိဆိုကာကွေ့ထည့်လိုက်ရာ သူ့ဘေးကိုမမိကားဘယ် ဦးစွန်းဖြင့်ဝင်ဆောင့်၏. စထွက်ကာစအရှိန်မပြင်းသေးရွေ့ ဘယ်သူ ဝယ်ဝါမှေ တာ့ဒဏ်ရာမရချေ။

ထိုကားမောင်းသူမှာ အတော်ပင်စိတ်ပျက်လက်ပျက်ဖြဖစ်သွားပုံရ၏. သူလည်ေးရှာင်ချိန်မရလိုက်။ အတည့် မောင်းလာရာ ရပ်နေသောကားတစ်စီးက ထရွေ့ ဘယ်ကွေ့ကွေ့လိ့မည်ဟု သူမျော်လင့်ထားပုံမရချေ။ မောင်းသူမှာလည်းအမျိုးသမီးဖြစ်လေရာ.. ပိုစိတ်ပျက်ပုံ့ရ၏.။ ဟုတ်ပေသည် မမိအတွေ့အကြံအရလည်းကားမောင်းသူထဲတွင် အမျိုးသမီးများတော်သူအချို့ပါကြသော်လည်းမဟုတ်က ဟုတ်ကလုပ်ပြီဆိုလျှင်လှမ်းသာမျှော်ကြင်္ည့ ဗေဒင်မေးလျှင်လွဲသေး၏. အမျိုးသမီးများသာလျှင် ဖြစ်ချေရာခိုင်နှုံပိုများ၏.။

သို့သော်လည်းထိုအခြေအနေမှာ မမိဘက်မှ အားသာ၏. မမိသည်လည်ေးသေချာတောင်းပန်ပါ၏။ မမိမိဘများ မရှိတော့သည်မှာ တစ်လမပြည့်သေားရွေ့ မမိစိတ်ထိခိုက်နေကြောင်းထို့အတွက်ကြောင့် ဆုံဖြတ်ချက်များ မှားယွင်းသွားကြောင်းကျေနပ်အောင်ပြင်ပေးပါမည်ဖြစ်ပါကြောင်း ..တောင်းပန်၏. ထိုသူသည်ကလည်းစိတ်မမှန်သေးလျှင် မမောင်းရန်ဆူပူ၏။ သို့သော်လည်း ထိုသူလည်းအေးအေးချမ်းချမ်းသမားဖြစ်၏. သင့်တင့်သောပမာန ကိုသာ တောင်း၏. မမိသည်လည်းအိမ်ပြန်ယူကာ ထိုသူကို တစ်ခါတည်းပေးလိုက်၏. ကားမောင်းရသည်မှာလည်း လွယ်သည် မဟုတ်ချေ. ပိုက်ကို အိတ်နင့်ထည့်ထားရ၏.။ မပါက မမောင်းရဲချေ.။

မမိသည် ကားချစ်သူဖြစ်၏. ထို့ကြောင့် fast and furious ကို နစ်သက်ခြင်းဖြစ်ရာ၏။ ကားဘီးသိတ်မကောင်းဟုထင်မြင်ရာ kmsl ထံ တင်ပြလျှင် reject ဖြစ်မည်စိုးသောကြောင့်မမိဆွဲကြိုးကို စကော့ဈေးပင်ရင်းဆိုင်သို့ပြန်ပို့လိုက်ကာ ထိုငွေဖြင့်ဘေးလေးဘီးလုံ့းလဲ၏. ဆွဲကြိုးထက် ဘီးကို ပိုမက်သူဖြစ်၏။




ပျင်းလျှင်ကာျးလျှောက်မောင်း၏. ထောက်ကြန့်သည်အပျင်းပြေဖြစ်၏. လှည်းကူးသို့ လည်းရောက်၏. မှော်ဘီသို့လည်းရောက်၏. သံလျှင်ရေလည်ဘုရားသို့လည်းရောက်၏. မမိဘဝသည်ပျော်စရာကောင်းလှ၏။ အင်းယား သွားထိုင်၏. ဘိုတစ်ထောင်ကးမ်းနားထိုင်၏. ညမိုးချုပ် ဘိုကလေး သို့သွားသော ဆိပ်ကမ်းများရှိသော့ ရပ်ကွက် ကမ်းနားအုတဘောင်တွင်သွားထိုင်၏။ လေလေးတစ်ဖြူးဖြူးဖြင့် ညအရသာကိုခံစား၏.။ စိတ်ချမ်းသာခဲ့ရပါသည်။

တစ်ခါက ကာဘရိတ်တာသွားပြင်ရာ ဘာမဆိုင်မဆိုင် ဆီပိုက်ထိရွေ့ ရှိသမျဆီ.ယိုကျ၏. မမိသည် သေငှေးဖြစ်လေရာ ဆီကိုအပြည့်နီးပါးထည့်စီး။ မနေ့က ပြင်ထာေးသာ ကာဘရိုက်တာ သည်ယနေ့ late morning အပြင်ထွက်လာလေရာ နောက်မှ ကားတစ်စီးက အတင်းတက်လာရွေ့လက်တားကာညီမ ညီမ. (အမှန်က တော့အဒေါ်ခေါ်တာဘဲ ဒီကပြင်လိုက်တာ) ဟု အတင်းလိုက်ခေါ်ကာ ဆီယုေိနေတယ် ရပ်ပါဟု တား၏. အခန့်မသင့်က မီးလောင်နိုင်သည်ဟုဆိုလေသည်. ထိုကိတ်စမှာ ဘာမျှ မဖြေရှင်းခင်က ဆီအပြည့်နီါ်ပါးထည့်ထားသော မမိကားဓါတ်ဆီတို့သည်ပိစိညှောင့်တောင့င်္မျသာ ကျန်လေသည် ပိုက်.အိတ်ထဲမှာပါရွေ့သာတော်တော့၏။ လူခေါ် လူမျှော်ရသည်မှာ စိတ်မောလှ၏။ ကားစကိပြငိ ဆရာ အိတ်ကလေးနင့်ရောက်လာသည်ကို မြင်ရသည်မှာ ဆေးရုံတွင်လူမမာက သမားတော်ကြီး ward ထဲကြွလာသည်ကိုမြင်ရသ်ညနင့်မခြားဝမ်းသာရွေ့မဆုံးချေ။

ကားပြင်ဇတ်လမ်များမှ ပြောမကုန်ချေ. ။ လိုရင်းမှာ ဤသို့ ကားအသစ်လဲရလျှင် မမိဝမ်းသာမဆုံး.။ ဟိုယခင်က kmsl နင့်ကားမလုရ. အဘယ်ကြောင့်ဆိုသော်သူသွားလိုသည်ကို မမိကလိုက်ေ၇ွ့ မမိသွားလိုသည် ကိုသူလိုက်သောကြောင့်ဖြစ်သည် ယခုအခါ ပြောင်းပြန်ဖြစ်၏. တစ်ယောက်တစ်လှည့်ရန်ကုန် ပြန်ရသည်မှာ ဤသညိလညိး တစ်ကြောင်းဖြစ်သည်. ကားဈေးကျလျှင်နောက်တစ်စီးဝယနိုင်ရန် ဆုတောင်းနေသော အချိန်တွင်ဤ သတင်းသည် ဝမ်းမြောက်စရာကောင်းလှ၏.

Thursday, September 8, 2011

orchard

မြေနီလမ်းလေးမဟုတ်တဲ့လမ်းမကြီပေါ်မှာ ငါရှိတယ်။



လျောက်နေတယ်. ဟိုကြည့်ဒီကြည့်.ကြည့်ပေမဲ့လဲအလွတ်ရနေတယ်။ အလွတ်ရတာလဲဝမ်းသာစရာပေါ့ သူများတွေ စကာပူကို ဟောလီးဒေးလာတဲ့အချိန်မှာ ကိုယ်အလွတ်ရတယ်တယ်ဆိုတာဝမ်းသာစရာဘဲ။ ညနေခင်းကာစမို့လို့လူမရှုပ်သေးဘူး. လူရုပ်တဲ့နေရာကိုလည်းငါ မရောက်သေးဘူး. လျောက်နေတုံးဘဲ ဘတ်စကားစီးရောက်တယ်ဆိုပေမဲ့ဘာလို့စီးမလဲ ..သာယာတဲ့ညနေခင်းကလေးမှာ လျှောက်သင့်တာပေါ့ ဘာဖြစ်လို့အဖော်မပါလဲဟုတ်စ. မေးနေကြေးမခွးန်တွေ ဖြေရမှာပျင်းလွန်းလို့ .........အချစ်လား ရှိပါတယ် ချစ်တယ်သိတ်ချစ်တာပေါ့.........




ကောင်းကင်ကိုမော့ကြည့်တယ် တိမ်တွေ ကိုကြည့်တယ် တိုက်တွေ ကိုကြည့်တယ်။ ကားတွေ ကိုကြည့်တယ် ကြည့်လို့ရတာ အားလုံးကြည့်တယ်။ လျောက်လမ်းလေးအတိုင်းတက်သွားရင်ဘယ်ရောက်မလဲ ငါမသိပါ. လျောက်ဘို့လဲ လမ်းမသင့်သေး.တစ်ချိန်ချိန်ပေါ့........



လမ်းဘေးကို ငေးကြည့်တယ် ချစ်စရာပန်းပွင့်ကလေးကိုတွေ့တယ်။.ချစ်ဘို့ကောင်းတယ် လှမ်းဆွတ်မလို့လက်မအားလိုက်ဘူး. ။။။။။။။။။။




ဒီခုံကလေးမှာငါထိုင် တယ် ဘာလုပ်သလဲ.........ဖြေစရာမလို့ ထိုင်တာဟာ ထိုင်တာဘဲပေါ့ ထိုင်တာ အကြောင်းရှိလား........ရှိတာပေါ့......လက်ထဲမှာ ဖုံးလေးလုံး ကင်မရာတစ်လုံးရှိတဲ့ငါ. ထိုင်နေတယ်။ ဒါတောင် နောက်ကင်မရာတစ်လုံးအိမ်မှာထားခဲ့လို့.......နောက်တစ်ခါဆွဲရင်တော့လည်ပင်းမှာ ဆွဲခဲ့ရမယ်။




လမ်းမကြီးစည်လာခဲ့ပြီး. ဒီလောက်များတဲ့ကားတွေ ထဲငါ့ကားဘာလို့မပါ..........မပါဆို ကပ်စေးနည်းတာကိုး..... တစ်စီးလောက်တော့ဝယ်စီးကြည့်ချင်သား....

နေညိုစပြုပြီ ပြန်ဘို့ကောင်းပီပေါ့။ ဆက်လျောက်..ခင်ဥမေ. ဆက်လျောက်..



shopping mall ထဲမဝင်ခဲ့ဘူးလားအစ်မ ဝင်ခဲ့ပါတယ်။ .. ရာခိုင်နှူန်းဈေးချတာတွေ တွေ့ခဲ့ပါတယ်။ ဘာလို့မဝယ်လဲအစ်မ. မမှီတဲ့ပန်းမို့လို့ပေါ့ကွယ်။ မေးစရာလား အဖေမှ မရှိတော့တာ.။။




ဒီဆိုင်လေး သဘောကျတယ်. နေတာကြာပီ . ဖြတ်ပေါင်းလေဲများပီ. တစ်ခါမှ မထိုင်ဘူဘူး သတ္တိရှိပေမဲ့ ဆိုင်ကောင်းကောင်းတွေ ထဲမဝင်ရဲတဲ့ သူပေမို့လို့မဝင်ရဲသေးဘူး uur ရှိရင်တော့ တွန်းအားပေးမယ်ထင်ပါရဲ့.။ ဘာအားငယ်စိတ်လဲမသိဘူး ဆိုင်ကြီးတွေ ထဲမဝင်ရဲဘူး. မဝယ်နိုင်မစားနိုင်တဲ့သူမို့လို့လဲမဟုတ်. ဝင်နေမကျလို့ဖြစ်မယ်။ လမ်းဘေးဆိုင်တွေနဲ့ဘဲယဉ်ပါးခဲ့ရသူမို့လို့ ငေးမောကြည့်ရင်းနဲ့ဘဲ ဖြတ်ခဲ့ရ..... အဖော်ကောင်းရင်တော့ထိုင်ချင်ပါသေးတယ်။ မျှော်လိုက်ပါဦးမယ်။ ဝီတော့လာမခေါ်နဲ့ လိုက်တော့ဘူး။




အဲသည်ဟောတယ်ကြီးနား ကပ်လျောက်ဖြတ်ရှူ. သိတ်လှတယ်။ အဆင့်အတန်းမြင့်တယ် မတည်းဘူးပေါင်ကွယ်။ မြင်ရတာနဲ့ကို ခမ်းနားလိုက်တာ. ဂျိန်းစဘွန်းကို သတိရတယ် သူသာဆိုရင်တော့ဝင်သွာမှးာဘဲ အခန်းတောင်ဘွတ် လုပ်ပီးရောပေါ့.။ Casino Royale ထဲမှာအဲသလိုခန်းနားတဲ့ ဟော်တယ်ထဲဝင်သွားပီး. ......ဟင်း...ဟိုတစ်လောက တီဗွီ မှာပြန်ပြတယ်။ ပြန်ကြည့်ဖြစ်တယ် ရုံမှာလဲကြည့်တယ်။ ရုပ်ရှင်တွေထဲမှာ တွေ့တယ် မင်းသမီးလုပ်ရင်တော့ ဝင်ခွင့်ရမလားမသိဘူး အခုတော့ အချိန်နောင်းပီ။






Wednesday, September 7, 2011

deleted but..............




ဖျက်ပလိုက်သောမက်ဆေ့များကိုကြည့်ရင်းသူမ၏ကြေကွဲစိတ်များသည် .....................





မေ့နိုင်မယ်လို့တော့မင်းထင်မလား..
အရာရာမှူန်ဝါးဝါးရှိဆဲပါ..
ငါ့အလွမ်းစိတ်များကိုနားလည်မလား..
..................မင်းကိုယ်တိုင်မသိအောင်လှို့ဝှက်ထား......