x factor မှာ တစ်ယောက် ဆိုသွားတဲ့သီချင်း ကို ယူကျူမှာ ပြန်ရှာပြီး နားထောင်ဖြစ်တယ်။ သီချင်း မကြိုက်တိတ်ပေမဲ့ နဲနဲပါးပါေးလလေးတော့ကြိုက်တတ်ပါတယ် စာဖတ်တာကိုတော့ပိုကြိုက်တယ် မျက်စေ့သိတ်မကောင်းလို့ စာအုပ်တွေ မဖတ်ဖြစ်ပေမဲ့ အိမ်မှာ မီးရောင်က နည်းတာလဲပါတယ်။ ဖဘကိုဖတ်ဖြစ်တယ် ဘလော့အဖတ်နည်းလာတယ်။ ဘလော့က နဲနဲသိုင်းဝိုင်းတယ် အချိန်များများပေးရတယ် လူနည်းနည်းဆီဘဲရောက်တယ်။ ဖဘက တော့လူများများဆီရောက်တယ် ပေါ့ပေါ့ပါးပါးရေးကြတယ် ဖတ်ကြတယ် အတွေးတွေ ကို ချရေးဖြစ်တယ် ချက်ခြင်းလဲ response ရတယ်ဆိုတော့ အထီးမကျန်ပေမဲ့ အဖော်မဲ့တဲ့သူတစ်ယောက်အတွက် attention တစ်မျိုးရတယ်။ ဘလော့ကတော့အချစ်ဆုံးပါဘဲ. ဖဘက တော့ ဘလော့မရေးနိုင်တဲ့ အချိန်မှာ စပ်မိစပ်ရာ အရက်ကို ကွမ်းယာနဲ့ အစားထိုးသလိုဘဲ။ သီချင်းတွေ ဟာ အခုအချိန်မှာယူကျုမှာ လွယ်လွယ်ကုကူ ရှာတတ်ပေမဲ့ ဟိုတုံးက စကာပူရောက်ခါစအချိန်မှာ သီချင်းလာတဲ့ အချိန်ရှိတယ်။ MTV ပြတတ်တယ် အဲဒီအချိန်ကို သေချာ ထိုင်စောင့်ပြီးနားထောင်ကြည့်တယ်။ ယူကျူဆိုတာ ရှိမှန်းမရှိမှန်းတောင်မသိခဲ့သေးတဲ့အချိန်တွေပေါ့။ presenter ကနေပြီးတော့ဘာသီချင်း တောငးဆဆိုတယ်တို့ဘာတို့ညာတို့ပြောတတတယ် ဘာရယ်မဟုတ်ပါဘူး. သီချင်းလေးက ချိုတယ်။ သေချာတာ ကတော့ ညမိုးချုပ်မှာ သီချင်းနားမထောင်ဘို့ဘဲ တိတ်ဆိတ်တဲ့ ညက မျောသွားတယ်။။။။
Showing posts with label music. Show all posts
Showing posts with label music. Show all posts
Saturday, October 6, 2012
Wednesday, September 7, 2011
Monday, May 9, 2011
silence
ကမ္ဘာလောကကြီးတိတ်ဆိတ်နေတယ်။ စလုံးကလက်လုပ်လက်စားလေးတွေ အိပ်ကြပလားကွဲ့ဆိုတဲ့ မြို့မေတ္တာခံယူတဲ့သားလေးလဲ ပျောက်နေတယ်။ ပျောက်နေတာတွေ ကတော့အများကြီးပါဘဲ. မလွမ်းလောက်ပါဘူးလို့မပြောနိုင်ပါဘူး လွမ်းရပါတယ်။ ရှိနေတာကိုကျော်ပြီးလွမ်းတယ်လို့တော့ :anr: မဖြစ်စေချင်. ချစ်တာက ချစ်သလို လွမ်းတာကလဲလွမ်းတာဘဲ။
တိတ်ဆိတ်နေတဲ့ကိုယ့်ကမ္ဘာကို janifer lopez နဲ့နှိုးလိုက်တယ်နေ့လည်က channel five မှာကြည့်လိုက်ရတယ်။
အဲဒီသီချင်းကလည်း zzz တို့ကို အမြင်ကပ်နေတဲ့သင်္ကြန်သီချင်းတွေ ထဲကတစ်ပုဒ်ဘဲ. ရန်ကုန်မြို့ကြီးလဲခေတ်မှီပါတယ်။ ချမ်းသာတဲ့သူတွေ အများကြီး ခေတ်မှီတဲ့သူတွေလည်းအများကြီး....ပြန်ကြည့်ရင်သိပါတယ်။ မပြန်ဘဲနေရင်တော့လဲ မျက်ခြေပြတ်ကျန်ခဲ့မပေါ့. janifer lopez လဲပိန်သွားလိုကတာ ဘာမှ မစားဘူးထင်တယ်. ပိုလဲလှလာတယ်။ ကိုယ်လဲမနက်ဖြန်အစားလျော့မှဘဲ အသက်ကြီးလာရင် ပိုဘဲလှချင်လာသလားမသိ. သယ်ချင်းတစ်ယောက်ကတော့အားကြိုးမာန်တက်ထောက်ခံတယ်။ funncy တွေလည်းပိုကြိုက်လာတယ်။ ပြင်ပမှာနေတာရယ် သားသမီးမရှိတာကြောင့်ရယ်လဲပါမယ်ထင်တယ်။ ထင်တာတွေပါဘဲ။
ဖြစ်နိုင်ရင် electronic sale သွားတုံးက TV ရှေ့ချပြီးအက ကျင့်လို့ရတဲ့ အကွက်မှ TV ကလာသလိုလိုက်ကကျင့်နေတဲ့ကောင်လေးကိုကြည့်ပြီး ကိုယ်လဲလိုက်ကကျင့်ချင်ပါသေးတယ်။ အိမ်ထဲမှာပေါ့. အဲသည်မှာတော့ဘယ်ဖြစ်မလဲ. ကိုယ့်ရန်ကုန်ကသယ်ချင်းကတော့ ရေပုံးကလေးဆွဲပြီး. ထွက်တာ သားက မားမားက ရေပက်ဦးမလို့လားဆိုတာနဲ့အရှိန်သတ်သွားသတဲ့. ကိုယ်သာဆိုရင် ပက်မှာဘဲ . ဘယ်သူဘာပြောပြော zz ပြောချင်သလောက်ပြော.။ စိတ်ပျော်ရတယ်ဆိုတာ လွယ်တာမှတ်လို့. ပျော်ချင်တာ ပျော်လို့ရတာမှတ်လို့..

ပင်နီစူလာသွားတာ ချစ်သူတစ်ယောက်ရှိတယ် ဆိုလို့ အပြင်မထွက်ရဲဘဲကုတ်ပြီးပြန်လာရတယ်။ :anr: စိတ်ဆိုးလိုက်တာ..တွေ့တော့ဘာဖြစ်သလဲ. ဘာဖြစ်သလဲ ဘာမှ မဖြစ်ပါဘူး. ကိုယ့်ရောဂါနဲ့ကိုယ် လူတွေ နဲ့မတွေ့ချင်တာ.. ဘယ်နဲ့လုပ်မလဲ. ဒါပေမဲ့ ဒါကလည်းးလူတိုင်းသိတတဲ့လှို့ဝှက်ချက်ကြီးဖြစ်နေပြီ။ တတ်နိုင်သလောက်တော့ဖွက်သေးတာပေါ့. ဘယ်လိုနေနေ ဘယ်လိုရိုက်ရိုက်လှတဲ့ဘလော့ဂါ မမ များလို လှရင်တော့လည်း တို့လည်း လူရှေ့ထွက်ချင်ပါသေးတယ်။ ခုတော့လဲ လေနဲ့ဘဲ ကျယ်နေရသပေါ့.
Labels:
music
Sunday, May 8, 2011
snare
ရန်ကုန်သင်္ကြန်တုံးက အသားကုန်ခုန်ခဲ့တဲ့သီချင်းတွေ ထဲကတစ်ပုဒ်ဖြစ်တဲ့ ဂျုံးဂျုံးကျနေပြီဆိုတဲ့သီချင်းပါ. ကိုယ့်ကိုများစောင်းပြောလေသလားလို့ထင်ယောင်ထင်မှား အနေခက်စေတဲ့သီချင်းပေါ့. စိတ်ဝင်စားလို့ ရန်ကုန်ကို လှမ်းမေးပြီးယူကျုမှာသွားရှာတာတွေ့ပါတယ်။ သင်္ကြန်တုံးကသာ နားမထောင်ခဲ့ရရင် ဒီသီချင်းကိုအ စအဆုံးကြည့်မိလိမ့်မယ်လို့အာမမခံနိုင်ပါဘူး. မကောင်းဘူးလို့မဆိုလို. ခေတ်ရေစီးကြောင်းနဲ့ gap ဖြစ်နေတဲ့သဘော.
ဟိုနေရာကိုဂိုး
ဒီနေရာကိုဂိုး. ဟိုဟာစားလိုက်နဲ့ ဒီဟာ စားလိုက်မို့.
အဲဒီလိုကောင်မလေးတွေ ကြိုက်သူမရှိလို့
အခုတော့ ၃၉ ဘိုက်ပူကြီးလို
ဂျုံးဂျုံးကျနေပြီ. ဂျုံးဂျုံးကျနေပြီ.
ဂျုံးဂျုံးကျနေပြီ. ၃၉ ဘိုက်ပူကြီးလို
ဂျုံးဂျုံးကျနေပြီ. ဂျုံးဂျုံးကျနေပြီ.
ဂျုံးဂျုံးကျနေပြီ. ၃၉ ဘိုက်ပူကြီးလို
ထူးဆန်းတာက ဒီသီချင်းလိုမျိုးသူတို့နစ်သက်တဲ့သီချင်းတွေ ထွက်လာတာနဲ့ အားရပါးရလိုက်ဆိုကြတာရယ်. စာသားတွေအားလုံးရကြတာရယ်. စာသားတွေ ကိုကြည့် ဒီလောက်ခက်တာ ဘယ်လိုအလွတ်ရကြသလဲမသိ. ဝါးချရတာ ကိုယ့်အပြစ်မဟုတ်ဘူး.
ဂျုံးဂျုံးကျနေပြီ. ဂျုံးဂျုံးကျနေပြီ. ဆိုတဲ့နေရာမှာ မတိုင်ပင်ရဘဲနဲ့အားလုံးကခြေကို စုံပြီး ခုန်ကြတာရယ်. ကိုယ်ပါဝင်ခုန်ပြီး ပျော်ခဲ့ရတာရယ် ယုံနိုင်ကြမှာမဟုတ်ဘူး။ ကိုယ်လဲမယုံနိင်ပါဘူး။ dementia ရနေပြီလားတောင်တွေးမိတယ်။
Labels:
music,
yangon 2011
Friday, April 1, 2011
London Thingyan 2010 (Boom Boom)
ချမ်းမြစိုးဘလော့မှာကြည့်ဘူးတယ် ကြိုက်တာနဲ့သိမ်းထားလိုက်တယ်။ သတိရရင်ပြန်ဖွင့်ကြည့် တယ်။ သဘောကျတယ်။ အဲဒီအရွယ်က စာဖတ်ခဲ့ပြီး အခုအရွယ်မှာ အဲလိုကချင်နေတာဘယ်နဲ့လုပ်မလဲ။
မှတ်ချက်
ခွင့်ပြုချက်တောင်းပြီးပလား ဟင့်အင်း. ခပ်တည်တည်ဘဲ သူတို့မသိလောက်ပါဘူး။
မှတ်ချက်
ခွင့်ပြုချက်တောင်းပြီးပလား ဟင့်အင်း. ခပ်တည်တည်ဘဲ သူတို့မသိလောက်ပါဘူး။
Labels:
music
Tuesday, December 28, 2010
Thursday, September 23, 2010
ငါကြိုက်တယ်။
သင်္ကြန်တုံးက အားကြီးဖွင့်တဲ့သီချင်းပေါ့။ လိုက်ဆို လိုက်က ကြတယ်။ အခုမှ ဘယ်သူ ဆိုတာ သိရတော့တယ်။ ငယ်ငယ်တုံးက အက မသင်ခဲ့မိတာကို နောင်တ အရဆုံးအချိန်က သင်္ကြန်တွင်းရယ်။ ပွဲတွေသွားတဲ့အချိန်ရယ်........ သိတ်နောင်တရတယ်။
Labels:
music
Tuesday, September 21, 2010
မျောလွင့်နေတဲ့တိမ်

မျောလွင့်နေတဲ့တိမ် စိတ္တဇဆန်တဲ့ ဒီမိုးများ.
ရွာနေတုံး ငါချမ်းလို့တုန် မိုးသည်းတဲ့ညတွေမှာ
တမ်းတနေ တညလုံး……………….ချစ်တတ်တဲ့ငါတော့ရူး.
မိုးတွေရွာတုံးမှာ နားခိုစရာဟာ တစ်ကယ်မဲ့လို့
ငါတစ်ယောက်တည်းလျှောက်တယ် ..အို.လမ်းများဟာ
မှားယွင်းတဲ့လမ်းတွေမှာ. သွားတုံးမှာ ငါပျော်ခဲ့
ရုံးထွက်ဘို့တစ်ကယ်ခက်ခဲ လွဲမှားတဲ့ဘဝကြီးကို.
သိခဲ့ရနောက်မှာလေ
အမှားများပြန်ပြင်တုံးမှာ အားလုံးနဲ့ငါကဝေး.........
(ကျွန်တော့််ကိုသနားပါ)
Labels:
music
Monday, May 31, 2010
Myo Kyawt Myaing
သီချင်းသိတ်မခံစားတတ်ပါဘူး တော်တော်လေးကို မခံစားတတ်တာပါ. စာဖတ်တာ ပိုဝါသနာပါတယ်။ ဒါပေမဲ့လဲ ဘာဖြစ်လို့လဲမသိ. အဲဒီအချိန်တုံးက ထူးအိမ်သင် လေးဖြူနဲ့ မျိုးကျော့မြိုင် နဲ့အငဲ.. မှတ်မိသလောက်အတော်ကြိုက်ခဲ့ဘူးတယ် ။ ကားကက်ဆက်ထဲမှာထည့်ထားပြီး တောက်လျောက် ဖွင့်တယ်။ အဲသလောက်ကိုဘဲ လှည့်ဖွင့်နေတာ. အခု ဘူမိဗေဒ ငှာနက လူကြီးဖြစ်နေပြီဖြစ်တဲ့တစ်ယောက်က ကိုယ့်ကက်ဆက်ခွေတွေ ကို ကြည့်ပြီး. အော်.နင့်မလဲ အခွေတွေ ကယောက်ကျားလေးအခွေတွေကြီးပါဘဲလား. ငါလဲ အဲသလိုဘဲ.ငါ့ဆီမှာ ဆိုရင်ကောင်မလေးတွေ အခွေကြီးဘဲလို့ပြောသွားဘူးတယ်။ ဓါတ်ယူတာပေါ့ဟာတဲ့ ဒီလိုပါဘဲဆိုမှ ကိုယ်လဲကိုယ့်ကက်ဆက်ခွေတွေ ပြန်ကြည့်တာ ဟုတ်တယ် မိန်းကလေးမပါဘူး. ယောက်ကျာ်လေး အဆိုတော်တွေချည်းဘဲဖြစ်နေတယ။် ဟင်း..
ဒီနေ့ဘလော့တွေလိုက်ဖတ်တာ မျိုးကြော့မြိုင်ရဲ့ မေ၃၁ ဆိုတာကိုအတော်ရေးထားကြတယ်။ မျိုးကြော့မြိုင်က ကိုယ်တို့ခေတ်ကဆိုပေမဲ့အခုကလေးတွေ ကကြိုက်နေကြတုံးဘဲ သူ့ရဲ့သြဇာ သူ့ရဲ့သူချင်းတွေ ကို နစ်သက်နေကြတုံး. ဒီသီချင်းလေးကို စွဲစွဲလန်းလန်းကြိုက်နေကြတဲ့သူတွေ ရှိတယ်ဆိုတာတွေ့သွားခဲ့တယ်။ မနည်းဘူးဘဲ တင်ထားတာ လောလောဆယ်ကို လေးယောက်ဖြစ်နေတယ။်
အဲဒီထဲက မှ moekhit က ယူကျုမှာ တင်လိုက်တာ ကို သွားနားထောင်ဖြစ်တယ် စနားထောင်တာ က အမေရိကားကာ မွန် ဆီမှာနားထောာင်တယ် ပြီးတော့ dawn ဆီမှာ သွားနားထောင်တယ်။ ပြီးတော့သစ်သစ်ဆီရောက်သွားတယ် သစ်သစ် သီချင်းကတော့ ကိုယ်နားထောင်ဘူးတာနဲ့လွဲနေတယ် . တေးရေးကတော့မျိုးကြော့မြှိုင်လို့ဆိုတာဘဲ နိီးစပ် ရင်တော့ ဘာဖြစ်လို့များ မေ ၃၁ ကို စာဖွဲ့ရတယ်ဆိုတာ အင်တာဗျုးကြည့်ချင်ပါသေးရဲ့ ဗျူးပြီးသူများလဲရှိမယ် ကိုယ်မသိတာလဲဖြစ်မယ်။ ကြိုက်တာတော့အတော်ကြိုက်ခဲ့တယ်။ moekhit ဆီကိုတော့နောက်ဆုံးမှ ရောက်သွားတာ. အခုတောင် နားထောင်ရင်းနဲ့ ယူကျုမှာ ကိုယ့်ကြောင့် review အတော်တက်သွားတယ်။ အကျင့်ကအဲသလိုဘဲ တစ်ပုဒ်ထဲကိုဘဲလှည့်လှည့် အဲလေ. Repeat, လုပ်တယ်ခေါ်တာပေါ့. အဲဒါကိုချည်းဘဲ နားထောင်နေတာ.........
သီချင်းတင်မက.. …………ဟိုဟိုဒီဒီ.သတိရမိတာလေးတွေလဲရှိမိ..

ဖြည့်စွက်ချက်.
ဆော..
ဖဘမှာ.....ဖဘကိ မဖတ်မအောင်ကြိုးစားနေတာနဲ့လွတ်သွားတာ။
Thet Wai: မိုးတွေ ကြွေနေတဲ့ မေ ၃၁...
ကိုယ့်စိတ်တွေ လေနေတဲ့ မေ ၃၁...
Steve Evergreen: ကိုယ်နဲ့တူလိုက်တာ
Boyz : စိတ်တွေ အရမ်းညစ် မေသုံးဆယ့်တစ်
khet myint myint: Well, it's May 31st ^
Tin Khaing Linn: စိတ်တွေလေနေတယ်.. မေ ၃၁ .. :P
Chan Mya Soe : မေ ၃၁ ... မိုးတော့မရွာသေးဘူး ဒါပေမဲ့ မိုးအုံ့နေတယ်

Saturday, May 1, 2010
Lady Gaga
ဘလော့လုပ်ပြီးကတည်းက ပင်နင်စူလာက စာအုပ်လည်းငှားမဖတ်ဖြစ်တော့... သတင်းစာလည်း လပေးကို စလုံး နစ်ဆယ်ကျော်နဲ့ယူထားပြီး စနေနေ့သတင်းစာကိုတောင် အနိုင်နိုင်ဖတ်.. ( shopping ကြော်ငြာ). . သီချင်းလည်းနားမထောင်တော့. တီဗွီလည်းမကြည့်တော့. ကိုးရီးယားကားလည်းမကြည့်တော့... so many တော့…တော့...
ဒါပေမဲ့ ဒီသီချင်းကတော့သွားလေရာမှ ဖွင့်နေလို့ ဘာမှန်းမသိဘဲ နားထောင်လို့ ကောင်းနေတယ် လေဒီဂါဂါဆိုတယ် ဆိုပေမဲ့သီချင်းခေါင်းစဥ်းလဲမသိတာနဲ့ ရှာမရ. .ဒီနေ့တော့ နားထောင်လို့ရသွားတယ။် ကျေးဇူး.newsgroup၊
သင်္ကြန်တုံးက အတော်ဖွင့်တဲ့သီချင်းပေါ့။ မြူးလို့ကောင်းတယ။် မျက်မှန်အမဲကြီးတပ်.။ အကျီကြိုး တစ်ချောင်း ထဲ ကိုဝတ် . မပေါ်တစ်ပေါ်။ ငယ်ချင်ယောင်ဆောင်. ကောင်လေးတွေ နဲ့ရော။ အတော် ပျော်စရာ ကောင်း တာဘဲ။ ညာမပြောပါဘူး။ တစ်ကယ။်
http://www.youtube.com/watch?v=qrO4YZeyl0I

Sunday, July 19, 2009
mad
မနေ့က ညနေက ထိုင်နေရင်းနဲ့စိတ်ထဲက Y Wine သီချင်းကို သတိရနေမိတယ်။ လူတွေကို ထိုင်ကြည့် ရင်းနဲ့ ဘဲ မှောင်သွားတယ်။
ပင်လယ်ဟာ ကိုယ်ပါ. ..အမှောင်တွေလာရင်
ရင်ခုန်စွာနဲ့..မျှော်လင့်မိတယ်
လမင်းခြေသံ..ဖြတ်လျောက်သွားချိန်
ရင်ခွင်အလယ်မှာ …လှိုင်းထန်သွားတယ်
ပင်လယ်လိုဆူညံ.........ကိုယ်ခေါ်နေပါတယ်
ဒါပေမဲ့လည်း…......သူမကြားဘူးကွယ်။
ငွေရောင်လမင်းလေး …….ဝေးကွာနေလည်း
မင်းရဲ့အလှအပဟာ …………ရူးစေတယ်
ကိုယ်မျော်နေပါတယ် ..လမင်းကလေးရယ်
ထာဝရငိုသံ …အသည်းကွဲ သီချင်းသည်……....ပင်လယ်

မှတ်ချက်ပင်လယ်ဟာ ကိုယ်ပါ. ..အမှောင်တွေလာရင်
ရင်ခုန်စွာနဲ့..မျှော်လင့်မိတယ်
လမင်းခြေသံ..ဖြတ်လျောက်သွားချိန်
ရင်ခွင်အလယ်မှာ …လှိုင်းထန်သွားတယ်
ပင်လယ်လိုဆူညံ.........ကိုယ်ခေါ်နေပါတယ်
ဒါပေမဲ့လည်း…......သူမကြားဘူးကွယ်။
ငွေရောင်လမင်းလေး …….ဝေးကွာနေလည်း
မင်းရဲ့အလှအပဟာ …………ရူးစေတယ်
ကိုယ်မျော်နေပါတယ် ..လမင်းကလေးရယ်
ထာဝရငိုသံ …အသည်းကွဲ သီချင်းသည်……....ပင်လယ်

အဲဒီသီချင်းကြည့်ပြီး Y Wine ကို သိတ်သနားတယ်
ရှပ် အကျီင်္တထည်လောက်ပို့ပေးချင်လိုက်တာ................
Labels:
music
Wednesday, July 8, 2009
ZUMBA!!!!!
လူပုံကသာ တောသူလိုရိုးပါတယ်။ စိတ်ကတော့မရျိုးပါဘူး. ကံကောင်းလို့ ယောက်ကျား ရထားလို့သာတော်ပါတော့တယ်။ မဟုတ်လို့ကတော့နာမည်ပျက်မှာပါ။ ငယ်စဉ်ကာလက လက်ဖဝါးမှာ မှဲ့ပါခဲ့ဘူးတယ။် အဲဒီအဟောက ဘယ်လိုရှိသလဲဆိုတော့ နာမည်ပျက်ကိန်း ရှိတယ်လို့ဆိုပါတယ။် ကံအားလျော်စွာ အိမ်ထောင်ကျသွားပြီး အိမ်ထောင်ဖက်ကလည်း ကောင်းကောင်းမွန်မွန်ဆိုတော့ နဲနဲထိန်းထိန်းသိန်းသိန်းဖြစ်သွာြး့ပီး နာမည်ပျက်တာ မရှိတော့ဘဲ လက်ဖဝါးက မှဲ့လည်း မှိန်မှိန်လြာီ့ပီး နောက်ဆုံးပျောက်သွားပါတယ။်
အဖိုးဝင်စားတယ်လို့လဲပြောကြတယ်။ အမြင့်ရေ..ငါနင်နဲ့လာနေမယ်လို့ အဖိုးက အိမ်မက်ကို တစ်ပြိုင်တည်း အမေနဲ့ သူ့အစ်မကို အိမ်မက်ပေးသွာြး့ပီး ကိုယ့်ကို ကိုယ်ဝန်ရှိတယ်ဆိုပါတယ။် ဖြစ်တော့ဖြစ်နိုင်ပါတယ။် ကိုယ် မိန်းကလေးတွေ လည်း စိတ်ဝင်စားတယ။် မိန်းကလေး လှလှမြင်ရင်လိုက်ကြည့်တာ တမေ့တမောဘဲ. အကြည့်ကို မလွဲနိုင်ဘူး။ ချစ်လည်းချစ်တတ်တယ်။ မိန်းကလေး အလုပ်တွေ ကိုစိတ်မဝင်စားဘူး. အလှအပလဲမကြိုက်ဘူး. လုပ်လဲမလုပ်တတ်ဘူး. အဖိုးက စာသိတ်ဖတ်တယ်ဆိုတယ်။ အဖီုံး ရဲ့အမွေ ကိုကိုယ်ရတယ်ကိုယ်စာသိတ်ဖတ်တယ။် ရှေးကုသိုလ်တော့ကောင်းပုံရတယ်။ စိတ်ချမ်းချမ်းသာသာနေရပါတယ။်
လူပုံရိုးတာ ပြန်ဆက်ရရင် စိတ်က မရှိုးတာမှာ ဘာဖြစ်လို့လဲ မသိ. ဆူညံ ဆူညံ သီချင်းတွေ ကိုသိတ်ကြိုက်ပါတယ။် အေးရင် သိတ်မကြိုက်ဘူး။ myo ပေးတဲ့ဒီသီချင်းကို ဆို အကြိမ်ပေါင်းများစွာ ကြည့်ဖြစ်. နားထောင်ဖြစ်တယ် ဒါပေမဲ့ အစတစ်ပုဒ်ပါဘဲ။

ုကိုကေပေးသွားတဲ့လင့်ဖွင့်မရပါ. နောက်တစ်ခု လူမုန်းထပ်လာပေးသွားတဲ့ပထမလင်ကါ. အတော်ကောင်းပါတယ။် အနားသားဗားရှင်းပေါ။ ဒုတိယလင့်ကိုတော့ထည့်သင့်မထည့်သင့်စဉ်းစားနေတုံးဘဲ. တော်ကြာနေ ၁၈ နစ်အောက်တွေ ဖတ်တဲ့အထဲပါနေရင် ဒုက္ခဆိုပြီး...
(အမှန်အတိုင်းပြောရင်တော့ဒုတိယလင့်ကိုပိုကြည့်ဖြစ်ပါတယ်။ ) .
..
Labels:
music
Thursday, January 22, 2009
Matt Harding Dance
TZA ဘလော့သွားဖတ် တယ်။ သူကြည့်ခိုင်းတဲ့ Matt Harding ရဲ့ အက ကိုကြည့်ရင်းနဲ့ မြင်ဘူး သလိုရှိတယ်။ memory ကို recall ခေါ်ပြီး you tube မှာ ရှာကြည့်တယ်။ ကံအားလျော်စွာ ပြန်ရှာလို့ တွေ့တယ်။ အစကတည်းက ဘယ်သူဘယ်ဝါမှန်းမသိဘဲ ကြိုက်မိနေတာပါ။ ခဏ ခဏကြည့် ဖြစ်တယ်။ ပထမတော့ တကယ်ကို ရန်ကုန် ကို လာရိုက်သွားတယ်ထင်မိတာဘဲ။ အမှတ်တရပြန် ကြည့်ပြီး သိမ်း ထားလိုက်တယ်။ သီချင်းလေး လည်းကြိုက်တယ်။ နဂို ကြည့်လက်စ အခံ နဲ့ အခု video ကိုတောင်ပိုကြိုက်သေးတယ်။
ဝန်ခံချက်
ဒီပိုစ် ကို မနေ့ညကတည်း က ရေးပြီးပါတယ်။ အင်တာနက် ဥပဒေ အရ သူများ ဘလော့ကိုသွားဖတ်ပြီး မှ idea ယူပြီး ရေးတာမို့ လို့ တင်သင့် မတင်သင့် စဉ်းစားနေတာ နဲ့ကြာသွားတယ်။ အခု တင်ချင်လွန်းလို့ တင်လိုက်ပါတယ်။ ကိုယ်တွေးမိ ရေးမိတာလေး တွေ နှမျောလို့ပါ။ အချင်းချင်းမို့ ခွင့်လွတ်မယ် ထင်ပါရဲ့။

Thursday, January 1, 2009
Bob Marley
Bob Marley သီချင်းရေးဆရာ..ဂစ်တာတီး။ သီချင်းဆိုတဲ့သူ. .အနေနဲ့ သိပါတယ်။ သီချင်းတွေထဲ မှာ.."I Shot the Sheriff", "No Woman, No Cry", "Exodus", "Could You Be Loved", "Stir It Up", "Jamming", "Redemption Song", "One Love" နဲ့"Three Little Birds" တွေ က အန်မတန် နာမည်ကြီးတယ်။ သူ မရှိတဲ့နောက် ထပ်ထွက်တဲ့ Legend သီချင်း အယ်လဘမ် က ၁၂ မီလျှံ ကော်ပီ ရောင်းရတယ။်
သူ့ကို ဂျမေကာ က ရွာလေး တစ်ရွာမှာ ၁၉၄၅ မှာ မွေးတယ်။ သူ့အဖေက white Scottish Jamaican ဖြစ်ပြီး အမေက တော့ black Jamaican ဖြစ်ခဲ့တယ်။ အသက် ၁၀ နှစ်နဲ့ ဖခင်မဲ့ဖြစ်ခဲ့ပြီး. Mixed racial origins ကြောင့်စိတ် အနှောင့်ယှက်တွေ သူ့ဘဝမှာ ဖြစ်ခဲ့ရတယ်။ အသက် ၁၄ မှာ ကျောင်းကို ကျောခိုင်းခဲ့. .အနုပညာဘက် ကို ဇောက်ချခဲ့ပြီး ၁၉၆၂ မှာ ပထမဆုံ့း သီချင်း တွေ ကို အသံသွင်းတယ်။ သိတ်တော့ နာမည်မရခဲ့သေးဘူး။
ဒီလိုနဲ့ အနုပညာခရီးကိုဆက်လျောက်ရင်း ၁၉၇၅ မှာ No Woman, No Cry နဲ့အရမ်း နာမည်ရတယ်။ ၁၉၇၆ မှာ England ကို ရွေ့သွားခဲ့တယ်။ ၁၉၇၇ မှာ အရေပြား ကင်ဆာတစ်မျိုး ဖြစ်တယ်.။ အကြောင်းအမျိုးမျိုးနဲ့ ဆေးကုသမှူကို သေချာ မယူခဲ့ဘူး။ အနုပညာ အလုပ်ကိုတော့ ဆက်လုပ်နေတယ်။ နေရာ တော်တော်များများ မှာ tour တွေ လုပ်တယ။် award တွေ honor တွေ အများကြီးရတယ။် ၁၉၈၁ အသက် ၃၆ မှာ ဆုံးတယ်။ သားသမီး စုစုပေါင်း ၁၃ ယောက် ရှိတယ်။ ၈ ယောက် ကတော့ separate women နဲ့ရတယ် လို့ဆိုတယ။်
Reference: http://en.wikipedia.org/wiki/Bob_Marleyမှတ်ချက်.
သူမရှိတော့တာ အနစ် နစ်ဆယ်ကျော်လို့ သုံးဆယ် နားရောက် နေပြီ ဖြစ်ပေမဲ့လည်း သူ့သီချင်းတွေ ဟာ ကမ္ဘာကျော်ဆဲဘဲ။ သီချင်း ဆိုင်ကြီးတွေ ကိုရောက်လို့ Bob Marley လို့မေးလိုက်ရင် ရှိနေဆဲ.. ..ဘဲ..။ သူ့ဘဝဖြစ်စဉ်ထဲမှာ နိုင်ငံရေး..လူမျိုးရေး အချို့ပါသေးတယ်။ သိတ်နားမလည်လို့ ထားခဲ့တော့တယ်။။ kmsl သဘောင်္လိုက်စဉ်က အမေရိကရောက်တော့သူပထမဆုံးဝယ်တာ Bob Marley လို့ဆိုတယ်။ အခုထက်ထိ သိမ်းထာားပြီးနားထောင်နေဆဲဘဲ။
bob marley - no woman no cry
ratings: 23,250
views:12,381,978
Labels:
music
Sunday, December 28, 2008
Myanmar song
You tube မှာ Myanmar song လို့ ရိုက်ပြီးရှာ ရင် ထိပ်ဆုံးက တက်တက် လာတဲ့ သီချင်းပါ။ အေဝမ်းစိုးမြင့် ရေးပြီး ချိုပြုံး ကဆိုပါတယ်./စကားမစပ် ချိုပြုံး ငယ်ငယ် ကသိတ် ချော ပါ တယ်။ သားသမီး လေးယောက်ရ ပြီး မှ ရုပ်ရှင် နယ် ထဲဝင်တာပါ။
မျိုးကျော့မြိုင်လဲ ဝင်ယောင် :P ပါတယ် ။ မျိုးကျော့မြိုင် ကို ရုပ်ဆိုးတယ် လို့ မြင်တဲ့သူတွေ က မြင်ကြပေမဲ့ ကြိုက်တဲ့သူတွေ ကလဲ အတော်ကြိုက်ကြတယ်။
သီချင်းခေါင်းစဉ်က (အလှကမ္ဘာမြေ) တဲ့။ နားထောင်လို့ကောင်းပြီး မြူးကြွတဲ့ သီချင်းလေး ပါဘဲ။ ကြည့်ချိန် သုံ့းမိနစ်. ။ Rate : five star နီးပါး ရပါတယ။် 41 rating ရှိပြီး...Views: 142,397 ရှိပါတယ်။

http://www.youtube.com/watch?v=CjN4_loD1vU
Labels:
music
Subscribe to:
Posts (Atom)