Tuesday, March 3, 2009

Analysis

လူတွေ ကို လေ့လာရတာ စိတ်ဝင်စားဘို့ကောင်းတယ်။ ဦးစံရှားဝတ္ထူတွေ မှာလာ။ မှတ်မိမလား။ ပြတင်းပေါက် ကနေပြီး ဖြတ်သွားတဲ့သူတွေ ကို ထိုင်ကြည့်ပြီး သု့းသပ်ကြတဲ့ အခန်း။ အိုင်ဆေး။ ဒီလူကတော့ကလေးနှစ်ယောက် နဲ့ဗျ. တစ်ယောက် က အကြီး တစ်ယောက် က အငယ်။ အကြီးလေး အတွက် ကဘော လုံး ။ အငယ်လေး အတွက် က ပလုပ်တုတ် ဆိုတဲ့ အခန်း။ သဘောကျတယ်။

NTUC က (ရန်ကုန် က city mart ကို မြင်ယောင်ပါ။ ) ကိုယ့် အတွက်တော့ မူးရင်ရှူ မောရင် သောက် တဲ့အရပ်ဘဲ။ ပျင်းရင် တစ်ချက်လောက်ဝင်သွားရင် နာရီဝက် လောက်ကတော့ အသာလေးဘဲ။ မူးတာတွေ ပျောက်သွားမယ်။ ပျင်းတာတွေ ပြေသွားမယ်။ ဟိုကြည့်ဒီကြည့် နဲ့ သူများခြင်းတောင်းတွေ ထဲ ခိုးကြည့်လိုက်။ ဘာတွေဝယ်သွားကြပါလိမ့် လို့ စဉ်းစားလိုက်။ သူဝယ်တာ ကိုယ်လိုက်ဝယ်ရင် ကောင်းမလားစဉ်းစားလိုက်။။

ကဲ.ဘယ်သူ့မှ ဝေမဖန်ခင် ကိုယ့်ဘာသာ ကိုယ်ဝေဖန် လိုက်ကြပါစို့။

ငှက်ပျောသီး မနည်းမများ အဖီးကို ကြင်္ည်ပြီး ကြိုက်တတ်တယ် ဆိုတာ သုံးသပ်လီု့ရသွားပါပြီ။ တကယ် အမောပြေပါတယ်။ အဆာလဲခံတယ်။ အဆီလဲမတက်ဘူး။ ပန်းသီး ။သူလဲ အတူတူဘဲ။ ဘိုက်ဆာ တာ ကို ပြေစေတယ်။ အရမ်းမစားမီအောင် လဲထိန်းချူပ်ပြီးသားဖြစ်တယ်။


အုန်းသီး စိမ်းရည်ကို နှစ်သက်တယ်။ ဘူးဂစ် ဘူတာရုံနားမှာ တခါတည်းခွဲ ပေးပြီး စားရတာ ရှိတယ် ဒါကတော့ကိုယ့်ဘာသာ ကိုယ်ထိပ်ဖြတ်ြီပီးစားဘို့ဘဲ။ အုန်းစိမ်းရည် ကို beach မှာ သွားမသောက်နိုင်တော့ကိုယ့်ဘာသာကို လုပ်ကြံ ပြိးီသောက် ရတော့တာဘဲ။ အရည်ကိုသောက် အဖတ် ကို ချစ်စား အလုပ်ကိုဖြစ် နေတာဘဲ။ စပျစ်သီး ကတော့ ဝင်ခလုပ်ထွက်ခလုပ် နှိုက်စားနေတာဘဲ။ နွှားနို့နဲ ကွန်ပလိပ်ကတော့ ဘိုက်ဆာ ရင် ခလောက်လိုက်ရု့ဘဲ။ နွားနို့ က အသက်ကြီး တဲ့သူတွေ အတွက် ဒုးခေါင်း နာတာလဲ သက်သာစေတယ်။ ပရုပ်လုံးကတော့ အကျီတွေ ကြာ်းထဲပစ်ထည့်ဘို့ပေါ့ ။

ခြုံကြည့်လိုက်ရင် စလုံး ၁၅ ကျပ်ဘိုးလောက် ကို ဟိုလုပ်ဒီလုပ် လုပ်ရင်း ဝယ်လာခဲ့တယ်ဆိုတော့ ပိုက်ဆံ အသင့်အတင့်ဝင်ငွေ ရှိသူဖြစ်ရမည်။ အချိန်လည်းပိုတတ် သော သဘောရှိသည်။ သတိပြူရန်မှာ ဟင်းချက်စရာ မပါသည်ကို တွေ့ရှီရသဖြင့်ထမင်းဟင်းချက်ခြင်း ကို အရည်အချင်းမရှိကြောင်းမှာ ပေါ်လွင်သည်။ ကျန်းမာ ရေး ကို အစားအသောက်ဖြင့် ကြည့်ရှူ ထိန်းသိမ်းသူဖြစ်မည်။ တရားလွန်စားသူ မဖြစ်နိုင်။

နွားနို့နှင့် ကွန်ပလိပ် ခလောက်သောက်သည် ကိုကြည့်၍ ပျင်းသူဖြစ်သည်မှာ လည်း ထင်ရှားနေသည်။ စားစရာ များကို ကြမ်းပြင်ပေါ်ချ၍ ဓါတ်ပုံ ရိုက်သည်မှာ တော်ရုံလူ မလုပ်သော အမှူဖြစ်၍ အိမ်တွင် စားပွဲ မရှိဟု သူံးသပ်ရာသည်။ စသဖြင့် ရင်ထဲမှာ ဝေဖန်ရေးတွေ ဖြစ်လာ၏။ သို့ဖြစ်ရာနောင်တွင် NTUC တွင် ဈေးဝယ်ခိုက် kom ကိုမြင်လျှင် ဝယ်ထားသော ပစ္စည်းများ ကို နောက်သို့ပို့ရန် မဟုတ် က ရင်ထဲက ဝေဖန်ရေးနှင့်တွေ့သွားနိုင်ပါသည်။

45 comments:

Anonymous said...

No 1..,

:))

Rita said...

၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁

Rita said...

ဒါတောင်ဦးသူရှိသွားသေးတယ်
:)
ရှက်သွားပြီ

pandora said...

ပရုပ်လုံးကိုတော့ ၀ယ်လာပြီးရင် သေချာ တခါတည်းသိမ်းမှ
နို့မို့ ၀င်ခလုတ် ထွက်ခလုတ် စပျစ်သီးနဲ့ မှားစားမိမယ်။

သက်ပိုင်သူ said...

4 ပါ

Anonymous said...

အိမ်ရှင်မ ပီသတာလည်းမဟုတ်ပဲနဲ့..
ဘာလို့ NTUC ချည်း ပြေးချင်နေရတာပါလိမ့်.
ပရုပ်လုံးမသုံးပါနဲ့တော့...
အမွှေးအိပ်လေးတွေပဲသုံးးတော့လေ..
Xထုံ

Rita said...

Detective မမ!
good!
ကျွန်မ ခြင်းတောင်းထဲ ကြည့်လျှင်တော့ "ငါးသေတ္တာ၊ ready made soup, cracker, ကြက်သွန်ဖြူ စင်းကောပြီးသား၊ ခေါက်ဆွဲခြောက်၊ ခရမ်းချဉ်သီး ကြိတ်ပြီးသားဗူး" စသည်တို့ တွေ့ရမည်

သက်ဝေ said...

နှစ်ခေါက်ဖတ်တယ်
ကိုယ့်ဟာကိုယ်ဖတ်တာက တစ်ခေါက်...
မမရေးတာ သဘောကျလို့ သူ့ကို ဖတ်ပြတာက တစ်ခေါက်...
ဒါကြောင့်မို့ နံပါတ် ၈ ဖြစ်သွားပါတယ်
(မရဲတရဲနှင့် ဆင်ခြေပေးသွား... ပေးသွား...)

သက်ဝေ said...

တော်သေးတယ်...
နံပါတ် ၈ ပဲ
မဟုတ်ရင် ရေးနေရင်းနဲ့ကို နံပါတ်တွေက ပြောင်းပြောင်းသွားတာ...

လွတ်ငြိမ်းလေပြေ (breeze) said...

အသီးအနှံနဲ့ နွားနို့ ကြိုက်တတ်တယ်ဆိုတော့ ကောင်းတာပေါ့း)

Ko Boyz said...

အန်.. ကော်မန့် ရေးမှာလား နေရာလာဦးရမှာလား ဆိုတာ ဝေခွမရ ဖြစ်နေပြီ...။ နောက်မှ လာတော့မယ်...။

Anonymous said...

ဒို့ 12း)

KLNG said...

နာကဒီဘီလော့ကြီးကိုဖွင့်ထားပြီးဘာလို့တစ်ဆယ်
ကျော်သွားရတာလဲ

ကလူသစ် said...

NTUC မှာ အန်တီkom ကိုတွေ့လို့ကတော့ ကိုယ့်ကိုလာမဝေဖန်ခင် တွေ့သမျှလူ လက်တို့ပြီးတော့ကို ဝေဖန်ခိုင်းပစ်အုန်းမယ်

Anonymous said...

အုန်းစိမ်းရေလေးသောက်ပြီးဖတ်သွားပါသည် :)

လင်းဒီပ said...

နောက် ဘာတွေ analysis လုပ်သေးပါလိမ့်

Anonymous said...

ကိုယ်ခန္ဒာအချိုးအစားကို တော်တော်ထိန်းသိမ်းသူ...အသားအရေ တော်တော်ကို လှပသူဖြစ်ရမည်။သို့သော်လည်း အစားမက်သူဖြစ်ပြန်သည်။

ကြည်

Anonymous said...

မမအိမ်မှာလာနေချင်တယ်။
အရမ်းခင်တာပဲ။
စာတွေဖတ်ပြီး။
အတည်ပြောတာ။
ဒီနေ့တောင် ရထားပေါ်မှာ မြန်မာသံကြားတာ ချက်ချင်းမျက်လုံးဖွင့်မကြည့်ဘူး။
ဟီး။ အိပ်နေတာလဲပါတယ်။
နောက်တော့မနေနိုင်လို့ ကြည့်လိုက်တယ်။
မမများလားလို့။
အဲအမကြီးကညှပ်ဖိနပ်နဲ့ပဲ။ ဒါပေမယ့် အ၀ါရောင်။ :)။

Sein Lyan Tun said...

နွားနို့ နဲ့  ကွန်ဖလိပ်နဲ့  ငှက်ပျောသီးကို
ရောစားတဲ့အရသာကတော့
ဘာနဲ့ မှလဲလို့ မရပါ
ပျင်းခြင်းဖြစ်သလို
စားရင်းနဲ့ ကြိုက်သွားခြင်းဖြစ်ပါသည်

Anonymous said...

နောက်ပြီးဘာတွေကို analysis ဆက်လုပ်ဦးမှာလဲ ဟင်....:P

မီးငယ် said...

၁။ ခြောက်ဆွဲခြောက်
၂။ ကြက်ဥ
၃။ ကော်ဖီမစ်
၎။ အအေးဗူး
၅။ ပေါင်မုန့်
၆။နာနတ်သီး
မမ Analysis လုပ်ပေးပါ...
ကျန်သေးတယ်... အရုပ်(သို့)ဖိနပ် တစ်ခုခုပါတက်သေးသည်။ :D

ZT said...

ကျွန်တော့် ကို NTUC မှာတွေ့ပါက ခြင်းတောင်းထဲမှာ ပစ္စည်းအစုံ တွေ့နိုင်သောကြောင့် ၃ လမှ တစ်ခါလောက် NTUC ကို လာသူဟု သုံးသပ်နိုင်သည်။ :D

Moe Cho Thinn said...

ချိုသင်းကတော့ မမ ၀ယ်လာတာတွေ ကြည့်ပြီး ဟင်းချက်တာ မပါတဲ့အတွက်
ယောကျာင်္းနဲ့ မနေသူ (ဒါ မဖြစ်နိုင်) ဒါမှမဟုတ် ယောကျာင်္းကို လုံးလုံး အရေးမလုပ်သူ (ဘလော့ဂ်ထဲမှာတော့ မမကိုပဲ နိုင်နေသလိုလို) ဒါမှမဟုတ် ယောကျာင်္းက တော်တော်ချစ်ပြီး မမအကြိုက် လိုက်စားပေးနေရသူ (ဒါ အဖြစ်နိုင်ဆုံးပဲ) လို့ ခန့်မှန်းလိုက်တယ်။
တကိုယ်တော် ကိုယ့်အကြိုက် ကိုယ့်သဘောလုပ်ဆောင်နေတဲ့ လေလွင့်သူကြီးကို အလေးပြုလိုက်တယ်။

Anonymous said...

ကွန်ပလိပ် မလုပ်ပါနဲ့ရေးရတာလည်းခက်တာမှမဟုတ်တာ၊ကွန်းဖလိက်လောက်တော့လုပ်စမ်းပါ။

Anonymous said...

ကွန်းဖလိက်လောက်လုပ်ပါ၊MCT
ရေးမှမှတ်ချက်ကိုရေးရရင်၊အိတ်ကြည့်ရတာအိမ်ထောင်
နှင့်separateဖြစ်နေသူ(သို့)အပျိုကြီးတစ်ဦး၏အိတ်နဲ့
ပိုတူတယ်။

ATN said...

ကွန်းဖလိပ်အား ကွန်ပလိပ် ဟု ရေးသဖြင့် ထောက်လှမ်းရန် ခက်ခဲသွားကြောင်း ကွန်ပလိမ့် လုပ်သွားပါသည်...

မီယာ said...

လိုသလောက်ပဲ ၀ယ်လို့ ပိုက်ဆံ သုံးစွဲတာ စည်းကမ်းရှိသူ ဖြစ်ရမည်...
မမရေ.. ဘီဒိုထဲ ထည့်ဖို့ ပန်းခြောက်လေးတွေ ပို့ပေးချင်တယ်။

Anonymous said...

ntuc ထဲ လျှောက်ကြည့်ပြီး အပန်းဖြေတာချင်း
တူနေပြီ။
ပရုတ်လုံးက အများကြီးပါလား။
အစားအသောက်နဲ့ တွဲမထားနဲ့လေ။
အသီးကြိုက်တာချင်းလဲ တူတယ်။

Anonymous said...

မမKOM ..နွားနို့ကလေ ဒီဘက်က၀င်ပြီး ဟိုဘက်ကနေတောင် ပြန်မထွက်ဘူး။ ဒီဘက်ကပဲ ပြန်ထွက်တာ.. အဲ့ဒါကြောင့်လားမသိ အခုကတည်းက ဒူးနာနေပြီ...သနားပါတယ်နော်
(လမ်းကို ခပ်သုတ်သုတ်လေး လျှောက်တတ်တဲ့ မမနောက်လည်း အမှီမလိုက်နိုင်တော့ဘူးပေါ့)

လင်း said...

မလှထုံ ပြောသည့် အတိုင်း ပြောလိုက်သည်။

လင်းထုံ

ksanchaung said...

“တကိုယ်တော် ကိုယ့်အကြိုက် ကိုယ့်သဘောလုပ်ဆောင်နေတဲ့ လေလွင့်သူကြီး”တဲ့။ (ဟားဟား) ထိတယ်ဗျာ။ ထိတယ်ဗျာ။

အစားအသောက် လူသုံးကုန်ပစ္စည်းတွေလား။ ဘယ်ပါမလဲ။ ကိုမဆလာကို ခိုင်းမှာပေါ့။ ပိတ်ရက်ကျမှ “အင်တီယူစီ”ထဲကနေ ကျွပ်ကျွပ်အိတ်တွေ မနိုင်မနင်းနဲ့ ထွက်လာတဲ့ ကိုမဆလာပုံကို မြင်ယောင်မိသေး။ (အဟိ)

တောင်ပေါ်သား said...

အဲ့ဒါတွေ အားလုံးသည် ဘယ်လက်တဖက်တွင် ကိုင်ထားခြင်းဖြစ်ပါသည်။ ညာလက်က ခြင်းတောင်းထဲတွင် ခရမ်းချဉ်သီး၊ ကြက်သား၊ ငါး၊ ငံပြာရည် စသည်များထည့်ထားသော တောင်းတတောင်း ကို ကျနော် မောင်တောင်ပေါ်သား တွေ့လိုက်ရပါသည်။ ဟီးးးး အမရေ အိမ်လည်ခေါ် ထမင်းလာစားမယ်


လေးစားလျက်
တောင်ပေါ်သား

Anonymous said...

ဒီတခါ ဈေးခြင်းတောင်းလာချောင်းရင် မမလို့မှတ်လိုက်မယ်။ ဆိုင်ဆိုင်မဆိုင်ဆိုင် ပန်းသီးတွေစားသွားတယ်။ လေလွင့်သူကြီးတဲ့ ဟုတ်ပါသလား။

:P said...

အသီးစားဘုရင်မကြီးပါလား.....။
ဂျူလိုင်ဒွင်းကို ဒီမလာဖို့ပြောဦးမှပဲ...။

Phyo Maw said...

အရည်ကိုသောက် အဖတ် ကို ချစ်စား အလုပ်ကိုဖြစ် နေတာဘဲ။

စာဖတ်သူများ သတိမမူလို့ မမြင်လိုက်ဘူးထင်တယ်...
ခက်တယ်နော်... အန်တီ kom တို့ကလည်း
အရည်ပဲသောက်တယ် အဖတ်ကျ ချစ်(အချစ်) စားတဲ့...

လုပ်ကြပါ။ လုပ်ကြပါ။ :D

Anonymous said...

အသီးကိုစား၊အရည်ကိုသောက်၊အဖတ်ကိုချစ်စားသူကြီးရဲ့...............

သီဟသစ် said...

နောက်တစ်ခါ NTUC ထဲမှာ သူများတွေကို ဟိုလိုက်ကြည့် ဒီလိုက်ကြည့်နေတဲ့ အမျိုးသမီးတွေ့ရင် မမကွမ်းဆိုပြီး အော်နှုတ်ဆက်လိုက်မယ်။

Phyo Evergreen said...

ဓားမကြီးနဲ့ ဘယ်လိုခုတ်လိုက်တာလဲ.. ။

Welcome said...

ဒို့ ၃၉ ကွ ...

Anonymous said...

kom007 ?

JuneOne said...

သူများဝယ်ရင်တစ်ပတ်စာဆိုတော့အများကြီးဝယ်ရတာ။
ဒီတစ်ပါတ်ဈေးသွားပြီးရင် မမကို စာရင်းပြမယ်။

ThuHninSee said...

အိမ်မှာ ရေခဲသေတ္တာကြီးကြီးမရှိ၊ ဒါမှမဟုတ် လုံးဝမရှိသူဖြစ်ရမယ်။
:P

Steve Evergreen said...

in my shopping bag, there would be a bottle of wine, chicken thighs, turkey mince, pasta sauce,cranberry juice and Romaine lettuce. Of course, banana is only fruit I eat regularly.

Apple? dont like it. Grape either. sometime kiwi and melon I get it

Anonymous said...

မဝေဖန်ရဲပေါင်...

ဒါနဲ့  အရင်တစ်ခါလိုဘဲ. မျက်နှာမှာ “Acid” တွေ
လူးပြီး ရုပ်ဖျက်သွားတာ ဘဲလား... ဟမ်မ်မ်မ်.

အမည်မဖော်လိုသူ
တိုးကြောင်
HappyCloud နဲ့ လုံးဝ (လုံးဝ) မသက်ဆိုင်ပါ.။

မေ့သမီး said...

အစ်မ ငှက်ပျောသီးကတကယ်အဆီမတက်ဘူးလားဟင်။ ညီမ၀ိတ်တက်မှာကြောက်လို့ ငှက်ပျောသီးဝယ်မစားဘူး။ ပြီးတော့ ငှက်ပျောသီးတွေကခွာလိုက်ရင် နည်းနည်းခပ်စိမ်းစိမ်းဆိုတော့ ကပ်တော့ ရင်ကျပ်၊ချောင်းဆိုးဖြစ်မလားလို့ မစားတာ။ (၀ိတ်ကလည်းထိန်းတဲ့ကြားထဲက ခါးကတုတ်လာလို့။ ချက်ပြုတ်ဘောင်းဘီတွေရဲ့ကျေးဇူးလည်းဖြစ်မယ်။) :P