Sunday, March 22, 2009

Nature of women 5


ဒီပုံ ကို ကြည့်ပြီး အစ်မများလားလို့ပျော် သွားကြမလား။ ဒီဘဝမှာ မပြောနဲ့.နောက် ဘဝမှာတောင် မဖြစ်နိုင်။ သူများသားသမီးတွေ များလှလိုက်ကြတာ။ အားကျမိပါရဲ့။ အေးလေ။ သူ ဒီလိုချော လို့လည်းဒီလို မော်ဒယ်ဖြစ်တာပေါ့။

ဒါပေမဲ့ တို့များ မိန်းကလေး တွေ မှာ သနားစရာကောင်းပါတယ။် ၁၀ နှစ်ကျော် ၁၅ နှစ် အပျိုပေါက် ဘဝ က စလို့ လှစ ပြူတာ အသက် ၂၀ ကျော်လောက်မှာ နဲနဲလှ ပိုပို လှ..၃၀ လောက်ဆိုရင်တော့ အလန့်တကြားဖြစ်သွားပါပြီ။ အသက် ၃၅ ဆိုရင်တော့ သွားပါပြီ လို့သာ အော်လိုက်ပါတော့။ အင်း ၄၀…မပြောပါရစေနဲ့တော့....၄၀ ကျော်ပြီလား..၅၀ လား. ၆၀ လား………အားအဘားဘာားာာာာာား။

ps: အားအဘားဘာားာာာာာား။ မှာ ကာကာ ထံမှ ခိုးယူမှီငြမ်းထားပါသည်။

55 comments:

နိုင်ကို said...

မ ကပိုလှပါတယ်..ထင်တာပဲ :D

strike said...

ဘုရား ဘုရား

Steve Evergreen said...

you are working 2 jobs. Modelling and blogging ?

မီယာ said...

35 ဆိုဘာသွားတာလဲ... 40 မှ ဘ၀စတာ မဟုတ်ဘူးလား... သက်သက်ညှာညှာ ပြောပါ တို့မမရယ် :)

Moe Cho Thinn said...

အေးလေ..မီယာပြောတာ ဟုတ်သားပဲ။ :D

Anonymous said...

အဟိ.. ၃၅မရောက်သေးလို့ တော်ပါသေးရဲ့လို့ စိတ်ဖြေလိုက်တယ် ဟိဟိ။
mm

Anonymous said...

အိုး မာရေး မြတ်စွာ ဖယား (ရခိုင် ပြည်က ကုလားလေသံ)

တီချမ်း said...

မမကွမ် က ဘာ“ဘော”လဲပြော
ဘောလုံးတော့ မဟုတ်တာသေချာပြီအဲဒါက ၂၀ကျော်
အင်းဘောလီဘောလား အဲဒါက ၃၀ကျော်
တေဘယ်တင်းနစ့်လား အဲဒါက ၄၀ ကျော်
ဂေါက်ဖ်တော့ မဟုတ်လောက်သေးပါဘူးနော်
အဲဒါက ၅၀ ကျော်
ဟိဟိ သူမွှေထားလို့လာပြန်မွှေ
မှတ်ချက် ရည်းစားနဲ့ ရန်ဖြစ်ထားရန် ရည်းစားမရှိသေးပါ
မမကွမ်တာဝန် ဒါပဲ

yehtutnaung said...

မ kom.. ဓာတ်ပုံထဲက ကောင်မလေးကို အမ ညီမလေးပဲ ဖြစ်ရမယ်ဆိုပြီး.. :P
ပြေးလာလိုက်တာ.. အခုတော့ .. :'(

Anonymous said...

မKOM တော့ကြီးပွားတိုးတက်ဦးမယ်..ကိုယ့်အခြေအနေကို အမှန်အတိုင်းမြင်တတ်လို့ ..

Anonymous said...

၄၀ ကျော်မှ ဘ၀စတယ်လို့  ရဲရဲကြီး ယုံကြည်ထားပါတယ်။ မခင်ဦးမေ ခြောက်တိုင်း ကြောက်သွားမယ်လို့  မမျှော်လင့်ပါနဲ့ ။
အလန့် တကြားလေး နည်းနည်းစဖြစ်ရုံပဲ ရှိပါသေးတယ်။ :P

သီဟသစ် said...

မမကွမ်းရယ်
အဘား၂ မလုပ်ပါနဲ့။

ဟိုတစ်ခါ ကြည့်ဖူးတဲ့ ကြော်ငြာထဲမှာ တောင် မော်ဒယ်မလေးက မိတ်ကပ်တွေ ဘာတွေ အကုန်ဖျက်လိုက်တော့ အသက်70 ကျော်လောက် ဘွားတော်ကြီးဖြစ်သွားတာလေ။

တို့ မမကွမ်းက (အဘားအဘား) divided by 2 အရွယ်ပဲ ရှိသေးတာ မို့လား...

:P

Anonymous said...

:)

Anonymous said...

:) :D :O

ကိုပေါ said...

မခင်ဦးမေ ကျနော်ကြားဖူးတဲ့ ဟာသတခုမှာ………

မိန်းမတွေဟာ အသက် ၁၆ နှစ်ကနေ ၂၂ နှစ်အတွင်းမှာ….
ဘောလုံးပွဲက ဘောလုံးနဲ့ တူသတဲ့။ ယောက်ျား ၂၂ ယောက်ဟာ နောက်ကနေ ၀ိုင်းလိုက်နေကြတယ်။

အသက် ၂၃ နှစ်ကနေ ၂၉နှစ်အတွင်းမှာတော့…..
ဘတ်စကက်ဘော နဲ့ တူသတဲ့။ ယောက်ျားဆယ်ယောက်ဟာ နောက်က ၀ိုင်းလိုက်နေတယ်။

အသက် ၃၀ နဲ့ ၄၀ ကြားမှာတော့….
ပင်ပေါင်ဘောနဲ့ တူပြန်သတဲ့။ ယောက်ျားနှစ်ယောက်ဟာ တယောက်ဆီတယောက် အပြန်အလှန် တွန်းပို့နေသတဲ့။

အသက် လေးဆယ် ကျော်ရင်တော့…..
ဂေါက်သီးနဲ့တူသတဲ့။ ယောက်ျားတယောက်တည်းက အဝေးကို ရိုက်ထုတ်ဖို့ ကြိုးစားနေတော့တယ်တဲ့။

Anonymous said...

အင်း ကိုပေါပြောတာကို အပြည့်အဝ ထောက်ခံပြီး ပြုံးလိုက်တယ်။

မှန်တယ်လို့ ဆိုရမှာပဲ။

စိုး :))

WWKM said...

ဟီးးး.. မမလားလို့လာကြည့်တာ...
မမဟိုတစ်နေ့က လှလှတွေပြင်ပြီး အပြင်ထွက်တာ
မီးမီးတွေ့လိုက်ပါတယ် မမက အရမ်းလှတာပဲ...
ဟုတ်တယ်ဟုတ်..း)))))))))

ဟုတ်တယ်.. (မ)မီယာပြောတာ ထောက်ခံတယ်ကွ.
ဘ၀ဆိုတာ ၄၀ မှစတာ မမရဲ့... ဟီးးး
မမပြောတာက.... မီးမီးကိုတည့်တည့်စောင်းပြောနေသလိုပဲ.ငှဲ..ငှဲ..ငှဲ.
ပျော်ပျော်နေသေခဲ..မော်တော်တွေရေထဲ.. :P :P

ခွီးးခွီးးခွီးး ကိုပေါပြောတာဖတ်ပြီး ကိုယ့်ကိုယ်ကို သနား
သွားလိုက်တာ... ရွှတ်..ဖတ်... :))))))

Anonymous said...

ကိုပေါပြောသလို ဆိုရင်တော့ ညီမက ဘတ်စကတ်ဘော။ ဟားဟား။ မမ ကရော။ အသက်လေးရလာတော့ တည်ငြိမ်
တဲ့ အလှလေးက ပိုကျက်သရေ ရှိပါတယ် မမရေ။
အသက်(၂၅)ကျော်ရင်(၃၀)နားရောက်
ဖို့ ပိုမြန်သလိုဘဲ။
မမလှမယ်လို့ ယုံတယ်။(၁၆) နှစ်နဲ့ တောင်လဲနိုင်ပါဘူးတဲ့ :P

မမသီရိ said...

ဝေး.........ဒီပို့စ် ကို ကန့်တယ် နော်...:P
မီယာ နဲ့ မိုးချိုသင်း ပြောသလိုပဲ လေ..
အသက် ၃၅ ကျော်ရင် သွားရော ဆိုရင်တော့ သွားရောနော်
အားမလျှော့ပါနဲ့ မKOM ရဲ့
အသက် ၄၀ ကျော်မှ ပဲ ဆွဲ ဆောင်မှုတွေ ရှိနေဆဲ အမျိုးသမီးတွေ မှ တပုံကြီးနော်
ဥပမာ- ဘယ်သူပါလိမ့်.. ? ဟို မင်းသမီးအမျိုးသမီးလေ.. ယောင်္ကျား ငယ်ငယ် လေး ထပ်ယူထားတဲ့ တယောက် ..
အဲ.. သတိရပြီ.. ဒယ်မီမိုး...

Moe Cho Thinn said...

ဟာ..ကိုပေါပြောသလိုဆို တို့က ပင်ပေါင်ပါလား :(

ATN said...

ဒါမျိုးက ယတြာချေလို့ ရတယ် ထင်တယ်...
ဘုန်းကြီးဆီမှာ မေးကြည့်ပါလား...
(အကြံကောင်းပေးသွားသည်)

Anonymous said...

ပုံမြင်ကတည်းက ဘယ်သူမှ အစ်မလို့ထင်မယ် မထင်ပါဘူးဗျာ။ :D

Anonymous said...

ဒီလိုအချိန်မှာ ပျော်ပါတယ် အားလုံးအားလုံး အလွတ်လပ်ဆုံး... နိဂုံးချုပ်လိုက်မယ်..ကျွန်မအသက် ၁၃နှစ် ခစ်..........

MrDBA said...

အပျိုပေါက် ဘဝ က စလို့ လှစ ပြူတာ .....
သြော်လှတယ်ဆိုတာ ပြူထွက်လာတာမျိုးကိုး .. မှတ်သားသွားပါတယ်။

Anonymous said...

အယ် မမလို့ပဲ ထင်သွားတာ။ အဟုတ်။ မိန်းကလေးများ လှချိန်ပချိန်ကလည်း နည်းလိုက်တာနော်။ (မကျေမနပ်ဖြစ်သွားသံ)။ ၄၀ မှ ဘဝစတာပါတဲ့ အမမီယာပြောနေတယ်။ ဟုတ်မှာပါ။ မမဂွိစ် မေ့သွားတာနေမယ်။

Anonymous said...

မမ က လှပြီးသားပါ။

Anonymous said...

ကိုပေါ ပြောသလိုဆိုရင် များကဂေါက်သီးနဲ့တူပြီပေါ့။ ယောက်ျားတယောက်တည်းက အဝေးကို ရိုက်ထုတ်ဖို့ ကြိုးစားနေတာကို ခံရတော့မဲ့ဘ၀ပါလား...၀မ်းနည်းလိုက်တာနော်။

ကြည်

:P said...

ခြောက်တိုင်းမကြောက်ဘူး၊ မြှောက်တိုင်းမမြောက်ဘူး..။
25 ကျော်ကထဲက မွေးနေ့မေ့နေတာ.......။ ငှဲငှဲ.....။

မေ့သမီး said...

အစ်မ Basket ball လေးလာလည်သွားတယ်။ အခုထိတော့ အဘားလို့ အော်စရာမလိုသေးဘူး။ :P

Phyo Evergreen said...

လှမလှသိရအောင် ဓာတ်ပုံလေးဘာလေးပြလေ..။ ဒါမှ သိရမှာပေါ့..။

ကလူသစ် said...

http://www.youtube.com/watch?v=-hrBbczS9I0

http://www.youtube.com/watch?v=y-MSL42NV3c

ကလူသစ် said...

အသံနဲ့ ဘလော့ဂ်ချင်တယ်ဆိုလို့ လေ့လာဖို့ လင့်ခ်ပေးတာ

မာ့ခ် said...

:P

Unknown said...

Daw Daw KOM,
Whatsoever, i note you in my mind as a beautiful lady (not girl) wearing silk shawl and so lovely. You might walk so fast because you are boring of being famous blogger :)
If you want to be a model, go to America next top model but how about kmsl?

Anonymous said...

ဟုတ်တယ် ဟုတ်တယ် မိန်းခလေးတွေက အသက်ကြီးလာလေ ဗိုက်ကြီးက ပူလာ လက်မောင်းသားတွေတွဲကျ နဲ့ လှတော့ဘူး ၂၀ ကျော် ၈ နှစ်ပတ်လည်လောက်ပဲ ။ သို့သော် အန်တီကတော့ လှမှာပါ ဆဌမ အာရုံတွေရနေတယ် ။

Steve Evergreen said...

my friend is 72. his lady friend is 54. still enjoying life. having dinner in the evenings with candle light, going holidays to Barcelona, fishing in Lake districts. No worry about age.

Phyo Maw said...

ကြုံဖူးတဲ့အမှန် ပြောပြမည်။
Gtalk အသက် ၁၈ နှစ် တခစ်ခစ်နှင့် ရီသည်။
Friendster အသက် ၂၁ ခဏခဏသုံးသည်။
Facebook အသက် ၂၅
အင်း... ခက်တော့ ခက်နေပြီ။

ထပ်ပြောမည် ကြုံခဲ့ဖူးတာပါ :D
အန်တီKOM အမှန်တရား ရေးတာ ဖတ်လို့ကောင်း၏။

Saing Khan Tun said...

အစ်မ မျက်စိစွေနေရင်လည်း အရေးမကြီးပါဘူး ကျွန်တော်တို့က ခင်တတ်ပါတယ် ... မျက်မှန်ကြီးတော့ တတ်မထားပါနဲ့ဂျာ ....

kay said...

ကိုပေါ ပြောတာ ဖတ်ပြီး သဘောကျသွားတယ်။ တို့အမကြီးရေ- အသက်ဆိုတာ..အရည်အတွက်ပါ.. အဟဲ.. အမှန်တရားကလဲ..အမှန်တရားပါပဲ။

JuneOne said...

အမလေးလေးးးးးးဘုရားဘုရား

(၃၀ လောက်ဆိုရင်တော့ အလန့်တကြားဖြစ်သွားပါပြီ။)

JulyDream said...

အဲဒါဆို ၆၀ ကျော်ပြီပေါ့နော်...

Anonymous said...

As far as I recalled, KOM is very stylish, very beautiful, thin ( I don't know now), very attractive with very very sweet smile. The last time, i saw her was ten years ago, but I still believe she is still like that...... Believe or not, she has all the qualification of an actress or model... or whatever you say......

Picture here is quite small..... so i cannot tell that this is our KOM or not..... but I think she might be the ONE in the picture.....

Anonymous said...

သယ်ရင်းဟောင်းကြီးရေးတာဖတ်ပြီး..
ရင်မှာကလိ ကလိဖြစ်လာတယ်..
ကိုပေါပြောတာ ထောက်ခံတယ်..
Xထုံ

khin oo may said...

kom: old friend ရေ..ကျေးဇူးပြူပြီးနာမည် မဖော်သွားပါနဲ့။ kmsl က ဘလော့ဆက်မရေးခိုင်းဘဲ နေလိမ့်မယ်။ တောင်းပန်ပါ၏.
(kom ပြာယာခတ်သွားသည်။ )

ုkhinoomay77@gmail.com

Anonymous said...

I cannot disclose information about her age here, but she is not that old ..... since Julydream said she might be sixties..... hell no way..... not even very close... yet...

All I can say here is ...... she is quite still young even though she might believe herself she is old ....

He he ..... Now everyone wants to know about our KOM...... right?

Anonymous said...

You see ? Now our KOM... become very panic....

Ma Ma KOM ..... Don't worry I won't disclose any infomation about yourself.... because.... I really don't know at all....

I am just bluffing here, and I think I got you, right? ....( but I picture myself .... about our KOM ... exactly like I wrote...)

Thanks everyone.... It was fun..

PS: I use my identity as OLD FRIEND on purpose so that our KOM and you guys might think that I was really our KOM's friend or something....you see? ..... Our KOM became very panic that I might disclose her information .... Can you see here that I might really know her well... and she started panic ..... requesting me not to disclose her name...

So here is my conclusion... our KOM must be exactly the same like I described here.... Do you all agree with me?

In that case...... Our KOM is really model? actress? ... or .......?

Anonymous said...

တညိုးကြီးပဲ...
Xထုံ

pandora said...

တိုက်ဆိုင်လိုက်တာ မိန်းမကြီးတွေအကြောင်း ရေးထားတယ် :)

Sir Yaw said...

၃၅ ဆိုရင်တော့ သွားပါပြီ
ၽတဲ့ ဘယ္လဲမသိ

Anonymous said...

:P အလန့်တကြားနီးနေလို့ လန့်သွားတယ်

မလိခ said...

မမပြောတာနဲ့ ပိုပိုလှရမှာတောင် ကြောက်လာပြီ.... အလန့်တကြားကြီးနဲ့ပိုနီးလာလို့လေ... ဟီး(ကျောချမ်းသွားသည်)...

မိုးခါး said...

16နှစ်မှာ ၁ရက်လျှော့ပါ .. :P အဘားဘားဘား :D (အော်ကြည့်တာ)

Alvin S. C. Lee said...

Age is one natural phenomena we all cannot deny that is happening to us. We only need to mature gracefully to be beautiful :)

"Grow old with me, the best is yet to be..." (Robert Browning, English poet, 1812-1889)

Thinzar said...

စိုးမြတ်သူဇာတော့ အသက်ကြီးလေ ကြည့်ကောင်းလေဘဲ =)

Anonymous said...

ကိုပေါ ပြောတာကို ဖတ်မိပြီး တအားသဘောကျသွားလို့ ရယ်မိ၊ ပြုံးမိတယ်ဗျာ ...
ကျွန်တော့် အမြင်ပြောရရင်ဖြင့် မိန်းမတစ်ယောက်ရဲ့ အလှဟာ ယောက်ကျားတွေရဲ့ သဘောထား အမြင်ပေါ်မှာပဲ မူတည်နေမယ်လို့ ထင်တယ် အမ KOM.