Saturday, April 4, 2009

12 Rounds





ပြီိးခဲ့တဲ့ ရက့်ပိုင်း က ၁၂ ရောင်း ကို သွားကြည့်တယ်။ အခု တလော ရုပ်ရှင်ကြိုက်တယ်။ အခွေတွေ ရှာကြည့်လို့ ရနိုင် ပေမဲ့ ရုံမှာ ကို ကြည့်ချင်စိတ်ဖြစ်နေတယ်။

ရုံမှာသွားရှာတော့ ၁၂ရောင်းကားနဲ့ international ကို ရွေးရခက်နေတယ။် ဒါပေမဲ့ မင်းသားကိုမြင်တော့ ၁၂ ရောင်း ကို ရွေးလိုက်တယ။်

အမှန်အတိုင်းဝန်ခံပါ့မယ်။ ယောကျာ်းလေးချော ရင် သဘော ကျပါတယ။် လစ်ရင်တော့ ဖြတ်ကနဲကတော့ ခိုးကြည့် လိုက်မိတာဘဲ။ အစ်မ..အစ်မ …အ ဘာာား.ဘား။ အရွယ်ကိုရောက်ပြီလို့ လာသတိပေးမလို့လား မဆိုင်ဘူး ။ ခိုးကြည့်ပြီးသွားပြီ။ အရပ်ကလေး ရှည်ပြီး ဘော်ဒီ မိုက်ရင်တော့ မျက်လုံးက ရောက် ရောက်သွားလို့အိနြေကလေး နဲ့ မနည်းပြန်နေရတယ်။ အဲဒီတော့လည်း ၁၂ ရောင်းကို ရွေးမိတာ အပြစ်လို့ ပြောမယ် မထင်ပါဘူးလေ။












လက်မှတ်ဝယ်တာ ကနေ စမယ်။ နေရာက အရှေ့ရောက်နေပြီ။ အနောက်မှ ခုံတွေ ကိုလက်ညွိုးထိုးပြတော့ အဲဒီခုံတွေ က occupied ဖြစ်နေပြီလို့ ဆိုပါတယ်။ အဲဒါနဲ့ဘဲ ရတဲ့နေရာယူရပါတယ်။ ဘယ်သူနဲ့လည်း မမေးပါနဲ့လေ။ တစ်ယောက်ထဲပါဘဲ . ။နိုင်ငံခြား ဆိုတာ ဒီလိုပါဘဲ။ တစ်ယောက်ထဲဘဲ ချီတက်နေရတာဘဲ။ သူငယ်ချင်း ယောက်ကျာ်းလေးလား. မရှိပါဘူး။ အသက်ကလေးရလာကတည်း က နဲနဲချင်းဝေ့းကွာသွားကြတာ။ အရင်တုံးက အန်မတန် offer များတဲ့ တို့သူငယ်ချင်းတောင် အခု ခေါ်မဲ့သူမရှိဘူး။ ဖုံးဆက်ကြည့်ရင် အိမ်မှာချည်းဘဲ။ ဟိုတုံးကဆိုရင် သူ့ကိုမနက် ကို breakfast ကိုတစ်ယောက် lunch ကိုတစ်ယောက် ။ dinner ကိုတစ်ယောက် လက်ကိုမလည်ပါဘူး။ အဲဒါနဲ့ဘဲ သူလည်း ယောက်ကျားမယူလိုက်မိဘူး. အခုတော့ နောင်တတွေ တပွေ့နဲ့ပေါ့။ ဒါပေမဲ့ သူ့မားကက်နဲ့သူ ကတော့ အမြဲရှိနေတာပါဘဲ။





လည်သွားပြန်ပြီ။ ရုပ်ရှင်စပြီး မကြာခင် မှာဘဲ ကိုယ့်အကြံအတိုင်း အကောင်အထည်ဖော်ပါတယ်. ။ ဘေးကလူကို စိတ်မရှိဘို့ excuse me လုပ်ပြီး အနောက်မှာ ဘယ်သူမှ မရှိတဲ့ခုံမှာ သွားပြီး ကားပက်ဆိမှာခြေထောက်တင်ပြီး ထိုင်ကြည့်ပါတယ။် ဘာဖြစ်လို့ ခြေထောက်တင်ရတာလဲ သိချင်ပြန်ပြီလား။ အရပ်ပုလို့ပါ။ ခြေထောက်ချည်းဘဲချထားရင် တစ်ခါတစ်လေ လွတ်နေတတ်လို့ အပေါ်ကိုခြေတင်ပြီး မိန်းကလေး ပီပီသသထိုင်ပါတယ်။ သူမျှားထိုင်ခုံကို ခြေထောက်တင်တာ ပြောတာမဟုတ်ဘူး ကိုယ့်ခြေကိုဘဲ အပေါ်တင်တယ်လို့ပြောတာပါ။


အရပ်က ပုသွားလို့.။ မဟုတ်ရင် မော်ဒယ်လုပ်ဘီုက အစိအစဉ်ရှိခဲ့ပါတယ်။ အဲဒါနဲ့ဘဲ ရုပ်ရှင်ကြီး စပြပါလေရော.. အက်ရှင်ကားကြည့်ချင်လို့ဝင်ကြည့်ပါတယ။် တကယ်ကို အက်ရှင်ပါတယ။် မျက်စိကို မူးနေတာဘဲ။ ရိပ်ကနဲ ရိပ်ကနဲဘဲ။ ကြည့်မိသွားတဲ့အကြောင်းထဲမှာ ကြေငြာထားတာကလည်း speed ကို ရိုက်တဲ့ဒါရိုက်တာ ဆိုတာနဲ့ Keanu Reeves ကိုလည်း မှန်းပြီးလွမ်းလိုက်ရသေးတယ။် အဲကွန်းလေးနဲ့ အေးအေး ချမ်း ချမ်း မို့လို့တစ် ချက်ခဏတောင်အိပ်ပျော်သွား မိသေးတယ။် ညဘက်တွေလည်း အိပ်ရေး ပျက်တယ်လေ။ သိတဲ့အတိုင်းဘဲ။







ကိုကိုလစ်တယ်ဆိုလို့ရုံရောက်သွားတာ ဖုံးကလိုက်လာတယ်။ silent လုပ်ထားပေမဲ့ အသာလေး ချထားတော့ မီးလင်းတယ်လေ။ ယောက်ကျားကြောက်ရတော့ မျက်စိကလည်း ရောက်ရောက်သွားတာပေါ့။ ကောက်ကိုင်လိုက်တော့သူက စိတ်ဆိုးတယ် သူမရှိတာနဲ့ ရုံရောက်သွားပြီဆိုပြီ။ ကိုယ်ကလည်းစိတ်ဆိုးတာဘဲ။ ပြန်လာမယ်ဆိုရင် ကြိုပြောပါလားလို့။ ကိုယ့်အတွေးတွေ ကို သူသိတယ်လို့ အပြန်အလှန်ထင်နေကြသေးတယ်။


ဇတ်လမ်းကတော့ ရဲအရာရှိကလူဆိုးလိုက်ဖမ်းရင်းနဲ့ လူဆိုးရဲ့ရည်းစားကို accident နဲ့မတော်တဆ ဖြစ်ရောမှ ကောင်မလေး သေသွားတာနဲ့စတာပါဘဲ။ အဲဒီမှာ လူဆိုးက မင်းဘယ်သူလဲ။ အော်။ officer Danny Fisher ကိုးလို့စပြီးမှတ်သွားပြီး နောက်ပိုင်းမှ လက်စားချေတာကိုး သူ့ခမျာ သေပြေးရှင်ပြေးလုတွေ ကိုလိုက်ကယ်ရတာကို ပြချင်တာပါ။ ကောင်းတယ်လို့လဲပြောနိုင်ပါတယ။် အက်ရှင်ကတော့အက်ရှင်ဘဲပေါ့။


နောက်ဆုံးခုန်ချတဲ့ အခန်း သိတ်မိုက်တယ်။ တို့လည်းခုန်ကြည့်ချင်လိုက်တာ။ ရဟတ်.ယဉ်ပေါ်ကနေ ခုန်ချုလိုက်တာ အောက်က မိုးမျော်တိုက်ခေါင်မိုးပေါ် က ရေကူးကန်ထဲ တန်းကနဲဘဲ။ မင်းသမီးတွေ ကလည်း ရုပ်တွေ ဆိုးဆိုးလာကြတယ။် အဲဒါကြောင့် ကိုယ်လိုလူမှိုးအတွက် အားရှိစရာဘဲလို့။ အားမငယ်ဘို့အားပေးတာပါ။

http://www.youtube.com/watch?v=3-F6GUQo5HQ

53 comments:

thetpaingthu said...

ဟီး.. ဟီး.. First ၇ဖို့ ချောင်းနေတာ.. ဘယ်ရမလဲ ပထမကွ...

oldfriend said...

me ... second....
he ... he...

oldfriend said...

mama KOm...
I just saw that movie last week... I also like this movie a lot.... ( akyike chin tu nay pe....)

Now I see... that previous post was intro for this one ... ( D post a twat ...PYO tar pot naw....)

cool,......

ZT said...

အော်။ လက်စသတ်တော့ မနေ့က အစ်မလက်ရေးက ဒါရေးထားတာကိုး။ ဒါနဲ့ ဂျက်ကီချန်း ကားအသစ် မိုက်တယ်။ အရင်ကားတွေနဲ့ မတူဘူး။ Shinjuku Incident ဆိုတာလေ။

Mae said...

ဘာလို့ ညဘက် အိပ်ရေးပျက်တာလဲ? တကယ်မသိလို့ ..

သိတဲ့ အတိုင်းပဲလို့ ရေးထားတော့ စိတ်ထဲမှာ ကိုယ့်ကိုယ်ကို ခေတ်မမှီသလိုပဲ..

Anonymous said...

mama...
wrong spelling ......
12 ROUNDS .... not 12 rouds.....

Sein Lyan Tun said...

စိတ်ဝင်စားတယ် ရှာကြည့်အုံးမယ်

yehtutnaung said...

မ kom က ဇာတ်လမ်းလေးနဲ့  လက်ရေး အမှန်က ဘာလဲဆိုတာ ပြချင်တာကိုး ။ :P

မလိခ said...

ခုမှပဲ အရင်နေ့က မမဘာရေးမှန်း ခပ်ရေးရေး သဘောပေါက်တော့တယ်...

tg.nwai said...

မမက စာတွေကို လက်နဲ့ အရင်ချရေးတာလား..
ရုပ်ရှင်တွေတော့ မျက်စေ့အောက်ရောက်လာတဲ့ တီဗွီက ကားတွေပဲ ကြည့်ဖြစ်တာ..ရုံမှာ သွားမကြည့်ဖြစ်တာ နာဂစ်တသက်ပဲ..

မလိခ said...

ဘလော့အလည်လွန်ပြီး ဒီနေ့လဲ အိပ်ရာဝင်နောက်ကျပြန်ပြီ.... ဒါကြောင့် ကံကောင်းပြီး top ten ထဲပါတာ... ငှင်းငှင်းငှင်း...ဆိုပြီးစိတ်ပြန်ဖြေလိုက်ပါတယ်..

Dr. Yi Yi Win said...

လက်စသပ်တော့ မကြီးက ဒီလိုကိုး။ ခုမှပဲဇာတ်ရည်လည်တော့တယ်။ မင်းသမီးချောချောပုံကြည့်ချင်ရင် မီးမီးတင်ထားတယ်။ အားရင်လာကြည့်လှည့်နော်။ အဟီးးးး

Unknown said...

အမရာ.... ဖတ်ရင်းနဲ့ကို comment တွေက တက်လာလိုက်တာ ကျွန်တော်က နောက်ဆုံးဖြစ်သွားပြီ။

မြူးသျှရီ said...

မမရေ...........
လည်လည်ရောက်တယ်နော်းးးးးးးးးးးးးးးးးးးးး

tune said...

ပြောမလို့ မေ့နေတာ။
သီချင်းဆိုပြီး လူတွေကို ဖျားယောင်းချင်တယ်ဆိုလို့။
ဖျားယောင်းလို့ မရခင်မှာ ဖျာရောင်းကြည့်ပါလားလို့။
အဆင်ပြေနိုင်တယ်။
gobal warming က လာနေပြီ။
:)
အားလုံးကို ဖတ်သွားတယ်။
နန်းညီက အကြိုက်ဆုံး စာရေးဆရာမ
ညီမလေးကွမ်က အကြိုက်ဆုံး ဟာသ စာရေးဆရာမ။
faithful reader ဖြစ်တော့မယ်။

Moe Cho Thinn said...

မမက ဘလော့ရေးတာ စာရွက်ပေါ်မှာ အရင်ချရေးတာလား။ ကွန်ပျူတာနဲ့ တန်းရိုက်ရင် စာလုံး ပေါင်း မှားမှာစိုးလို့ လား။
လုပ်မနေနဲ့၊ လွန်ကုန်ပြီ မမ :))

EE said...

သြော် ... ဒါက Post အစစ်၊
မနေ့ ကဟာက Trailer ကိုး။
မမက ကောင်လေးတွေကို ကြည့်ရင် မျက်နှာကို အရင်ကြည့်တာလား။ အရပ်/Bodyကို အရင် ကြည့်တာလား။ ဘယ်ဟာကို အဓိကထားတာလဲ။
နည်းယူခြင်လို့ ပါ။

ATN said...

ပဟေဠိရဲ့ အဖြေကိုး...
ပညာ ပါပါပေ့...

Anonymous said...

ဒီဘလော့ဂ်ကိုလာရင် strike ရဲ့ 
ကွန်မန့် တွေအရင်ရှာမိတယ်

Steve Evergreen said...
This comment has been removed by the author.
အပြုံးပန်း said...

အရေးအသားကောင်းတယ် မကေအိုအင်။
အက်ရှင်ပါတယ်။

MrDBA said...

အဲဒီ 12 Rounds ပေါ့။ စိတ်နာတယ်။ ရုပ်ရှင်ကကောင်းပါတယ်။

RePublic said...

မကြီးဂွိစ် ..မေ့မှာစိုးလို့ လာခေါ်ကြည့်တာပါ ၊၊ ရုပ်ရှင်ကား က ကောင်းမယ် ပုံပဲ၊၊

JuneOne said...

မမ သူများအားကျ အောင်လုပ်ပြီ။ဒီက တစ်ခါမှ ရုပ်ရှင်မကြည့်ဖူးသေးဘူး ဒီမှာ(၄ နှစ်ရှိပြီ)။

Anonymous said...

ခေါင်းစဉ်စာလုံးပေါင်း..လိုနေတယ်..
12 Rouds တဲ့...12 Rounds မဟုတ်လား
ကျနော်က အသည်းအသန်စဉ်းစားနေတာ ဘာအဓိပ္ပါယ်များလဲလို့..
ဟီးးဟိ
နောက်ပြီး...Maeက မေးနေတယ်
``သိတဲ့ အတိုင်းပဲလို့ ရေးထားတော့ စိတ်ထဲမှာ ကိုယ့်ကိုယ်ကို ခေတ်မမှီသလိုပဲ..´´
ရှင်းပြပေရော့

Xထုံ

ဇရာအို said...

ဘိုင်စကုတ်ရုံထဲမှာ မှတ်စုစာအုပ်ကြီးနဲ့ ဘောပင်တကားကား ဓာတ်ရှင်ကြည့်တဲ့သူမျိုး တသက်မှာ မမြင်ဘူးပေါင်။

သီဟသစ် said...

မမကွမ်းရေ
စာတွေအများကြီး ဖတ်လိုက်ရလို့ ကျေနပ်သွားပါသည်။
ရုပ်ရှင်အကြောင်းလည်း သိလိုက်တော့ သွားကြည့်စရာ မလိုတော့ဘူးပေါ့။

မေ့သမီး said...

အမထောက်ခံတယ်။ ချောလို့ကြည့်တယ်ဆိုတာ မျက်စိပသာဒဖြစ်လို့ကြည့်တာလေ။ သူတို့ယောက်ျားတွေမိန်းကလေးတွေလိုက်ကြည့်ရင်ကျ အပြစ်မရှိဘူး။ မိန်းကလေးတချက်လောက်ငေးမိရင် တော့ပြောမယ့်လူချည်းပဲ။ ကြည့်သာကြည့်။ ညီမလည်း ကြည့်တာပဲ။ :P လူမသိအောင်ပေါ့။

khet myint myint said...

၁။ "သူ့မားကက်နဲ့သူ ကတော့ အမြဲရှိနေတာပါဘဲ။"
ကြားရတာ ဂုဏ်ယူရမလို သနားရမလို ..
၂။ "ကားပက်ဆိမှာခြေထောက်တင်ပြီး"
ခြေတော်တင်တယ်ပေါ့လေ .. အန်တီကွန်တို့များ ရှာရှာဖွေဖွေ ..
၃။ "မော်ဒယ်လုပ်ဘီုက အစိအစဉ်ရှိခဲ့ပါတယ်"
တွေးစရာဖြစ်လာတာက အန်တီကွန် မော်ဒလ်လုပ်ဖြစ်ခဲ့ရင်လဲ လူချစ်လူခင်ပေါမှာပါ။
စာရေးရင် စာလုံးပေါင်းမှားတာတောင် လာဖတ်တဲ့ ပရိတ်သတ်အများကြီး ..
မော်ဒလ်လုပ် သရုပ်ဆောင်ရင်လဲ ဂျကား အပီဖြစ်နေတာယေးကိုပဲ ပိတ်သက်က ချစ်မှာ ..

အန်တီကွန် ရုပ်ရှင်ရွေးတာမှန်သွားပါတယ်။ Grand Torino ဆိုတဲ့ Clint Eastwood သရုပ်ဆောင်ဒါရိုက်တာ လုပ်တဲ့ကား
သွားကြည့်မိတာ ထင်သလောက်ကြည့်မကောင်းလို့ စိတ်ညစ်ပြီး ပြန်လာမိတယ်။ မျှော်မှန်းထားသလောက် မကောင်းဘူး။
မကြည့်ကြရသေးတဲ့သူတွေလဲ အဲဒီ့ကားဆိုရှောင် .. ဇာတ်လမ်းက မြန်မာဇာတ်လမ်းလို ဇာတ်နာကြီး ..

မုန်လာဥအဝယ်ထွက်တာကနေ ဖုန်းဖြစ်သွားတဲ့ ပိုစ့်ကိုကြည့်ပြီး ဒီမှာတခါထဲမန့်လိုက်မယ်
နှမြောစရာကြီး ဖုန်း၎၊၅လုံး ဘာလုပ်မှာလဲ ပိစိလေးတွေခြွေခြွေ ဝယ်မယ့်အစား netbook တလုံးဝယ်
လမ်းထွက်ရင်းနဲ့ မြင်တွေ့သမျှ ဘလောဂ့်လုပ် ပို၍ပို၍ ပိုစ့်တွေ ထွက်လာမယ်

ခပ်မြင့်မြင့်

မီယာ said...

မမရေ အိမ်မှာလည်း ဒီနေ့ ရုပ်ရှင်သွားကြည့်မယ်တဲ့.... တကယ်လားတော့ မသိဘူး။ စောင့်ကြည့်ရဦးမယ်။ ၁၂ရောင်းကြည့်ရအောင်လို့ ပြောကြည့်ဦးမယ်..

Steve Evergreen said...

အရင်တုံးက အန်မတန် offer များတဲ့ တို့သူငယ်ချင်းတောင် အခု ခေါ်မဲ့သူမရှိဘူး။ ဖုံးဆက်ကြည့်ရင် အိမ်မှာချည်းဘဲ။

Interesting.In singapore? Maybe young new comers have competed her. I heard that over 25 are less popular in singapore

ရွှေပြည်သူ (ShwePyiThu) said...

"ကိုယ်ကလည်းစိတ်ဆိုးတာဘဲ။ ပြန်လာမယ်ဆိုရင် ကြိုပြောပါလားလို့။" အဲဒီနေရာကို သဘောအကျဆုံးပါပဲ။ တကယ်ပြောတတ်တယ် အစ်မရေ...

strike said...

...စတိ အမြဲစိမ်း...
They are over 45 mates.

juli said...

မမ နောက်တခါတစ်ယောက်တည်း ရုပ်ရှင်သွားကြည့်ရင်ခေါ်ပါ..

strike said...

myo ဘာမှစိတ်မပူနဲ့သူမခေါ်လဲ ကိုယ်လာခေါ်မယ်၊အခုတလောတော့ဖြစ်မှာမဟုတ်
သေးဘူး tatoo ထိုးထားတာ ထိုင်ရပြုရခက်နေလို့ ဟုတ်ပလား ညလေး။

ကောင်းကင်ပြာ said...

မမ နောက်တခါ သွားကြည့်ရင် ခေါ်နော်၊ စာရွက်နဲ့ ဘောပင်လဲ ယူခဲ့မယ်လေ

တီတှီဆွိ said...

ဟိုတလောကမှ သတိထားမိလို့ ၃ရက်အတွင်း ပို့စ်တွေ အကုန်ဖတ်သွားပါသည်။ရေးပုံ ရိုးပြီး ပကာသနမဖတ် အရှိကိုအရှိတိုင်းရေးလို့ ကြိုက်ပါသည်။ တီတီဆွိဆိုပေမဲ့ အစ်မထက်တော့ ငယ်မလာယပဲ။ ကျွန်မဘလော့လေးလဲ အားပေးပါဦး။
http://auntysweet.blogspot.com/

Phyo Evergreen said...

သူလည်း ငမ်းတာပါဘဲလား..ဟီး...။

လွမ်းသုရင် said...

မမရေ ၁၇ရက်နေ့မှ ပြန်မှာ :)

မမသီရိ said...

မKOM အရေးအသားက
12 rounds ထက်ကောင်းနေတယ်း)

စိတ်စမ်းရေ said...

ယောကျာ်းလေးချောရင်သဘောကျတယ်...။
အရပ်ပုသွားလို့မဟုတ်ရင်မော်ဒယ်လုပ်ဖို့အစီအစ
ဉ်ရှိခဲ့တယ်...။ယောက်ျားကြောက်ရတော့...။
အဲဒီ စကားလေးတွေကို သိပ်ကြိုက်ပါတယ်..။
အမှန်တွေကိုဝန်ခံသွားတာပဲ...။ဒါပေမဲ့
ယောက်ျားကြောက်ရတော့ ဆိုတာကြီးတော့
မယုံဘူး...။ကြောက်ချင်ယောင်ဆောင်နေတာ...။
လက်ရေးကလဲ အခုမှပဲ သိတော့တယ်.....။

♥♥♥♥♥ Jennifer™® ♥♥♥♥♥ said...

ဒီလိုသားမျိုးလေး မွေးချင်လိုက်တာ.

Anonymous said...

အသက်ကလေးရလာကတည်း က နဲနဲချင်းဝေ့းကွာသွားကြတာ...
ဒါပေမဲ့ သူ့မားကက်နဲ့သူ ကတော့ အမြဲရှိနေတာပါဘဲ။
over 40 something, still have market, that's wonderful :D

khin oo may said...

ရုပ်ရျင်က ကြည့်ချင်လို့သွားကြည့်တာပါ။ ပြီးတော့ သွားရင်းလာရင်းနဲ့ သတိရပြီး ရေးချင်သွားတယ်။ အဲဒါနဲ့ အကြမ်းတို့ထားလိုက်တယ။် စာအုပ်ထဲမှာ မဟုတ်ရင် ပြန်စဉ်းစားလို့မရတော့ဘူး

အဲဒီအချိန်မှာ ကိုယ့်လက်ရေးကိုယ့်ကြည့်ပြီး အရမ်းရယ်ချင်သွားတ။. အဲဒါနဲ့ အဲဒါကို လက်ရေးကို ပြပြီးနောက်ချင်စိတ်ဖြစ်လာတယ။် ဘောပန်နဲ့က ကွယ်တာ မဟုတ်ပါဘူး ပိုသရုပ်ပါအောင် ဖော်ကြည့်တာပါ။

12 roud က တမင်ရေးတာပါ။ 12 round ဆိုရင် hit တွေ အလာကား တက်လာမှ စိုးလို့ပါ။။ စာလုံးပေါင်းမှားထားတော့သူ တက်လို့မရတော့ဘူးပေါ့။

Mae ညဘက် အိပ်ရေးပျက်တယ် သိတဲ့အတိုင်းဘဲဆိုတာ ဘလော့တွေ လျောက်ဖတ်နေလို့ မအိပ်ဖြစ်ဘူး လို့ပြောတာပါ။

EE ပေါက်တတ်ကရပြောတာပါ။ မျက်စိထဲဝင်လာတာ အရင်ကြည့်လိုက်တာဘဲ။ priority မထားပါဘူး

ကိုကိုဒီင်္ဘီ ကဘာလို့စိတ်နာသလဲမပြောသွားဘူး

ဇရာအို. ဘုတ်အုတ်ကြီး ဓါတ်ရှင် ရုံထံထဲ မယူသွားပါ။

ကျန်တဲ့ အမည်မပါသူတွေ ကတော့ထုံးစံအတိုင်း ပိုချစ်လို့ဘဲ မှတ်ပါ။

SoeMoe said...

မမ ရေ comments တွေဖတ်ရတာရုပ်ရှင်တစ်ကားကြည့်ရသလိုပဲ
ပျော်စရာကြီး .. :P

မိုးခါး said...

မမကွမ်ကတော့လုပ်တော့မယ် အက်ရှင်ကားကြည့်ပြီး တချက် အိပ်ငိုက်ရတယ်လို့ :P

Mhu Darye said...

အင်း ဟုတ်တော့ ဟုတ်နေပြီ..။
ဘာမှ မဆိုင်တဲ့ ကွန်မန့်က ဘယ်နှစ်ခု? :D မရေတော့ဘူး...လာလည်သွားပါတယ်နော်။

juli said...

ကွန်မန့်ပြန်စာထဲမှာ မပါလို့ထပ်လာမန့်တယ်..
မမ မခေါ်ရင်နေ strike ခေါ်မယ်တဲ့..
ဒါပဲ..

strike said...

သူမခေါ်နိုင်မပြောနိုင်ဖြစ်နေတာကြာပြီမျိုးလေး၊ အဲ့ဒီ့အဘွားကြီးခေါက်ထားလိုက်၊ကိုယ်အနာနဲနဲသက်သာ
တာနဲ့လာခေါ်မယ်

mgnge said...

သားသားတို့ ရော ရုပ်ရှင်မင်းသားဖြစ်နိုင်လား

Anonymous said...

hehe.... သူလည်း ငမ်းတာပါဘဲလား ;)

khin oo may said...

ုkhin oo may said...

7 Apr 09, 21:21
sin dan lar: တောက်.. ကိုဒီဘီ.. ကိုဘ.. အသက်ကို ဖက်နဲ့ ထုတ်ထားပါ... :furious: :furious: :furious: :furious: :furious: :furious: :furious: :furious: :furious:
7 Apr 09, 21:19

Boyz: ဟင်.. သူ့ဘလော့မှာ အေဗေတာတွေရှပြီးသား မဟုတ်လား.. ကိုဒီဘီပြတာနဲ့ ခပ်ဆင်ဆင်...။

7 Apr 09, 21:03
ကိုကိုဒီဘီ: သူ့ဘလော့မှာ Avartar လုပ်မလို့ဆိုလားဘဲဗျ

7 Apr 09, 21:03
ကိုကိုဒီဘီ: သူကဲထားတာတွေပေါ့

7 Apr 09, 21:02
ကိုကိုဒီဘီ: အေးလေ

7 Apr 09, 21:01
Boyz: ကိုဒီဘီတို့ ဒီညတော့ ရှောင်လေတော့... အဝေးကို

7 Apr 09, 20:59
Boyz: ဟင်.. နာမည်နဲ့ကို အတိအကျပါလား ကိုဒီဘီ

7 Apr 09, 20:59
ကိုကိုဒီဘီ: တင်ပြဆိုလို့ ဆင်ဆင်တင်ပြနေပုံလေး သူမရှိတုန်း ပြလိုက်ဦးမယ် http://img150.imageshack.us/img150/3430/sindanlar.jpg

7 Apr 09, 20:57
Boyz: သိပ်လှ... စိတ်မချ၊

7 Apr 09, 20:56
ကိုကိုဒီဘီ: နိပ်ဟ

7 Apr 09, 20:56
Boyz: ရင်တစ်မမ နဲ့ ရှင်က ဘာလို့ နှင်ချရတာလဲ မေးလာရင် မရွှင်မပျ ဖြစ်မှာစိုးလို့ ဒီလောက်ပဲ တင်ပြလိုက်ရပါတယ် ကိုဒီဘီ... ဟိ

7 Apr 09, 20:49
ကိုကိုဒီဘီ: ဟိ

7 Apr 09, 20:49
ကိုကိုဒီဘီ: ဆက်စပ်ဗျာ ကိုဘွိုက်

7 Apr 09, 20:49
ကိုကိုဒီဘီ: ဖင်ကြွလို့ရပုံမပေါ်ဘူး

7 Apr 09, 20:48
ကိုကိုဒီဘီ: လင်ကထဟောက်တယ်ထင်ပ

7 Apr 09, 20:48
ကိုကိုဒီဘီ: ဒီည ဆင်မပျောက်နေတယ်
April 8, 2009 12:15 AM

MrDBA said...

အရီးကွန်ကတော့ လုပ်ပြီ။ ဆင်မကတော့ အမာရွတ်မြင်တိုင်း စိတ်ဆိုးတဲ့ ရာဇဝင်ထဲက ဟိုဆင်မလို ဖြစ်နေတော့မှာဘဲ။ ကြိုချော့ထားမှ .. ဘာတဲ့ ဟိုသီချင်းလေးနဲ့
ပန်းခင်းလမ်းထဲလျှောက်ပါ .♪♫.♪♫.. ဆင်ကလေးရယ် ♪♫..♪♫ မင်းဘဝနေ့သစ်ရောက်ပြီ ♪♫ မေ့လိုက်ကွယ် .. ♪♫
အိုး .. (ဟိုးဟိုး)♪♫ မေ့လိုက်တော့ ဆင်ကလေးရယ် ♪♫.♪♫