Saturday, April 11, 2009

Fast & Furious 4


ရုပ်ရှင်ရုံရှေ့ရောက်သွားပြန်တယ်။ မျိုးကိုတောင် ခေါ်ချိန်မရလိုက်ဘူး။ အချိန်လုနေရတာနဲ့။ လစ်တုံးလေးမှာ အကျိုးရှိတာလေးတွေ အမြန်လုပ်ရမယ်ဆိုပြီး ရောက်သွားတာဘဲ။ ဂဒီးဂဒီး ကြည့်တယ်ဆိုလို့ ရုပ်ရှင်ကားတွေ အကြောင်းတယ်နားလည်တယ်များထင်နေမလား။ တကယ်ကို မသိတာပါ။

ဘယ်ကားကိုကြည့်မယ်ဆိုပြီးသွားတာ မဟုတ်ပါဘူး။ တစ်ချို့က မသွားခင် ဘာလေးများ ကောင်းမလေား နားစွင့်။ တစ်ချို့က အွန်လိုင်းကနေ သက်ဆိုင်ရာက ကွန်မက်ကလေးတွေ ဖတ်ပြီးသွားတဲ့သူအချို့ ရှိပေမဲ့။ တို့ရဲ့ ရုပ်ရှင်ကြည့်ဘို့ ဇတ်ကားရွေးချယ်မှူ ခရုင်တီးရီးယား ကတော့ ရှင်းပါတယ။် အားတဲ့ အချိန် အဲ။ လစ်တဲ့ အချိန်မှာ ရုပ်ရှင် ရုံ့ ရှေ့ကို သွားလိုက်တယ်။ ရှိသမျှကြော်ငြာတွေ လိုက်ကြည့်တယ။် မလေးကား တရုတ်ကား ကို မကြည့်ချင်။ အင်္ဂလိပ်ကား ကို ရွေးချယ်။ အဲဒီအထည်းက မှ မကောင်းသူထိပ် ကောင်းသူထိပ် ပြန်ရရွေးပါတယ။်

ဒီကားကို ရွေးချယ်မှူကတော့ ရှင်းပါတယ။် အင်္ဂလိပ်ကားဖြစ်တာရယ် ။ ရုံ ၂ ( ရုံတစ် .တို့ နှစ်တီု့ ဆိုတာ ရုံအကြီးစားတွေ ဖြစ်ကြပါတယ။် ထိုင်ခုံများတယ်ဆိုကတည်းက လူဝင်များမဲ့ကားကို ရွေးတင်တယ်ဆိုကတည်းက တစ်ခုခုတော့ထူးရပါမယ။် ကားသစ်မို့လို့လား လူများလို့လားဆိုပြီး one of the criteria ထဲဝင်သွားပြါ့ပီ။ ပြသချိန် ဘယ်နှစ့်ပွဲလည်း ဆိုတာ ကို ကြည့်တယ။် ပွဲများတယ်ဆိုရင် ကောင်းဘီု့များပါတယ။် အဲဒါနဲ့ဘဲ ဂျက်ကီချန်းကို ကျော်သွားလိုက်တော့တယ်။ zt ကိုအားနာလိုက်တာ။

ကားစပြတယ်။ကောင်မလေး ချောကချောနဲ့ အက်ရှင်ကားပါဘဲ။ တကယ်တကယ်ကို အက်ရှင်ပါတယ်။ ကားနှစ်စီး ပြိုင်မောင်းပြီး အသည်းအသန်ကောင်မလေး ကို သေတွင်းထဲကနေ ကယ်ရပါတယ။် ရင်တထိတ်ထိတ်နဲ့ ကောင်မလေး မသေပါစေနဲ့ဆုောတင်းလိုက်ရတာ။ တော်ပါသေးရဲ့ ကယ်လို့ရသွားတယ။် စဉ်းစားပြီးသားပါ ။ဒီလိုချောတဲ့ကောင်မလေးကို ဈေးကြီးပေးပြီး ငှားထားရတာ တန်အောင်တော့သုံးရဦးမှာဘဲ ။ သေလို့ မဖြစ်သေးဘူးဆိုပြီး။





အက်ရှင် မှာ အတော်မိုက်တာ မော်တော်ကားကို ဇောက်ထိုးကြီး ဆင်းသွားသလိုမျိုးခံစား ချက်ရပါတယ် ။ ဂိမ်းကစားနေကျသူတွေ အတွက်က တော့ တယ်ထူးဆန်းမယ် မထင်ဘူး။ ကိုယ့်အတွက် ကတော့ အတော်ကလေး အသည်းအေးတယ။် ကား နျစ်စီး လိမ့်လာတာမှာ ရှေ့ကား က အရင်ရောက် လမ်းက ပိတ်နေပြီး ပြေးစရာ မြေမရှိ။ နောက်ပြန်လှ်ည့်ပြီးတော့ ဒုတိယ ကား မီးတွေ ပေါက်ကွဲပြီး လိမ့်လာတာ ကို ထိုင်ကြည့်နေတဲ့ အခန်းအသည်း ယားပါတယ။် ပြေးလို့လွတ်မယ်မထင်ဘူး။ မင်းသား ကတော့ သွေးအေးစွာ ထိုင်ကြည့်နေလေရဲ့ ။(သူကသိပြီးသားကိုးဘယ်လို လုပ်ရမလဲဆိုတာ ညွန်ကြားချက်ရပြီးသာလေ) နောက်ဆုံ့းလိမ့်လာတဲ့ အချိန်မှာ ကိုယ်တို့ငယ်စဉ်က ကြိုးခုန်သလိုမမျိုး ကြိုးကြီး ဝင်လာတဲ့ အချိန်မှာ ကိုယ်က အောက် ကို အသာလေး လျိုဝင်လိုက်သလိုမျိုး။ ကားကြီးလှိမ့်လာတဲ့ အချိန်မှာ ပေါက်ကွဲနေတဲ့ကားကြီး ထဲကို တိုးဝင်ပြီး ကားကြီး က အပေါ် သူ့ကား က အောက် ကနေ လှိမ့်ဝင်သွားတဲ့ အခန်းလေး အတော်လှတယ။်

နောက်ပိုင်းမှာတော့ ဘာဖြစ်သွားသလဲမသိ.ကောင်မလေး သေသွားပြီလို့ သူ က ဖုံးကိုလက်ခံရတယ်။ (ကြည့်ရတာတော့ဒါရိုက်တာ ပိုက်ဆံပြတ်သွားတယ် နဲ့ တူတယ်။ မင်းသမီးကို ဆက်ငှားဘို့အတွက် ပိုက်ဆံ မရှိတော့ဘူးထင်ရဲ့)။ အဲဒီမှာ သူက စုံးစမ်းလက်စားချေတယ်ထင်ပါတယ။် သိတ်နားမလည်လှဘူး အင်္ဂလိပ်လိုကလည်း ညံတယ်ဆိုောတာ့ မီးက မှောင် နေတော့ ကိုကိုဒီဘီတို့ dictionary ကိုလှန်ကြည့်ခွင့် မရလိုက်ဘူး။ စကားပြောတာတွေ ကလည်း မြန်တယ်မဟုတ်လား။

ဘာလိုလို နဲ့ဒီကားက နံပါတ် ၄ တောင် ရောက်နေပြီဆိုဘဲ။ ဘုရားစူး ၁.၂.၃ ကို ကြားတောင် မကြားဘူးလိုက်ဘူး။ ကြည့်မိတာကိုတော့ဝမ်းသာတယ။် တို့လို ဖွန်ကြောင် အကြိုက်ဘဲ။ မင်းသားလဲမိုက်. မင်းသမီးတွေလည်း မိုက် .အားလု့းံခပ် မိုက်မိုက်ကြီးဘဲ။ (ခမမ ကိုသတိရမိသေးတော့တယ။် ) သိချင်းတွေကလည်း မိုက်။ ကားတွေ ကလည်း မိုက်။။ ကားပြိုင်တာတွေ လဲကြိုက်တယ် ။ တို့လို ကားရူုးအတွက်တော့သဘောကျတယ်။ (အော် ဘဝ..ဘဝ။ ဘာဖြစ်လို့များကားမစီးနိုင်တာပါလိမ့်)။........ မင်းသားက များ အံကြိတ်ပြီး မေးရိုးတွေ တင်းနေအောင် စကားပြောတာတို့ ကြည့်တာ တို့ကို ကြည့်ရင်းးနဲ့ လည်း သော်တာဆွေ ကို သတိရမိသေးတယ။်

ဘုရားစူး။ (စာကျေရင်မှတ်မိလိမ့်မယ။် သော်တာဆွေ ဓါးပြတိုက်သွားခဲ့စဉ်က ဆိုတဲ့ ဇတ်လမ်းမှာ သော်တာဆွေ က ဓါးမြသွားတိုက်တော့ သူ့ကိုသူ ပေါင်းတည်သားကွ ဆိုပြီး အံကို တင်းတင်းကြိတ် မေးရိုးကိုတင်းနေအောင် ထား. ပြီး သူ့ကိုသူ အန်မတန် အားကိုးလောက်ဖွယ် ထင်နေတဲ့ အခန်း အရမ်းရယ်ရတယ။် အဲဒီမှာ ကောင်မလေး က အမျိုးစပ်လိုက်တာမှာ ဒါ ငါ့ညီမ အိမ်ကွ ဆိုပြီးဒါးပြ ဆက် မတိုက်ဘဲ ပြန်ဆင်းလာတာ။ နောက်နေ့သတင်းစားဖတ်ကြည့်မှာ ညောင်နာနာ ခပ်စုပ်စုပ် လူတစ်ယေက် ကို လှည့်စားလိုက်ခြင်းဆိုပြီးပါလာမှ သူ့ဘဝ အမှန်ကို သိသွားရတယ် ဆိုတဲ့ အခန်း)။

ဘာံဘဲ ဖြစ်ဖြစ် ကြည့်သင့်တယ။် ကိုယ်လိုလူမျိုးတွေ အတွက်ပေါ့။





http://www.imdb.com/title/tt1013752/plotsummary
Plot summary for
Fast & Furious (2009) More at IMDbPro »
advertisement

Heading back to the streets where it all began, two men rejoin two women to blast muscle, tuner and exotic cars across Los Angeles and floor through the Mexican desert. When a crime brings them back to L.A., fugitive ex-con Dom Toretto reignites his feud with agent Brian O'Connor. But as they are forced to confront a shared enemy, Dom and Brian must give in to an uncertain new trust if they hope to outmaneuver him. And from convoy heists to precision tunnel crawls across international lines, two men will find the best way to get revenge: push the limits of what's possible behind the wheel. Written by Universal Studios

32 comments:

သီဟသစ် said...

ကျွန်တော်သွားကြည့်မလို့ဟာ
မမကွမ်း ဦးသွားပြီပဲ

သီဟသစ် said...

ရှားရှားပါးပါး
ခုတစ်ခါ နံပါတ် ၁ ပါလား

ယဟူး ....ဂူးဂဲ...

MrDBA said...

ဒို့ကတော့ ဒေါင်းလုဒ်လုပ်ပြီး ကြည့်ပြီးသွားပြီ။

JT said...

Yea !This movie's good . I already watched it on Apr 03 #1 movie in US now ..

:P said...

ဖြိုးမော် ကြွားကြွားနေတဲ့ကား မမ သွားကြည့်တာကိုး...။

ဒီကရုပ်ရှင်ရုံတွေမှာ တစ်ခါမှ မကြည့်ဖူးဘူး...။

Phyo Maw said...

ငှဲငှဲ တို့ မန့် လေးတွေ ကိုဒီဘီကြီးဆီမှာ သွားဖတ်တာကိုး။
ကိုယ့်ဘာသာ ပိုက်ဆံကုန်လာတာ အားမရလို့ သူများပါ ကုန်အောင် အားပေးနေတာ။
ကြည့်ပြီး လူကသိပ်ကြည်တာ မဟုတ်ဘူး မင်းသမီးက ၁၀ ပုံပုံရင် ၂ပုံပဲပါလို့။ မော်တော်ကားတွေကလည်း ကိုယ်စီးချင်လောက်အောင် မကောင်းဘူး၊ လုံခြုံရေး မကောင်းတာကိုပြောတာပါ။

Anonymous said...

လက်မှတ်ဝယ်ထားပြီးမကြည့်ဖြစ်လိုက်တဲ့ဇာတ်ကားလေးအဖြစ်
အမြဲမှတ်မိနေတော့မှာပါ

Steve Evergreen said...

Jordana Brewster has a wide mouth.

Anonymous said...

ဟယ်..ကောင်းတယ်ဆို အိမ်ကမောင်ကြိးကိုခေါ်ပြီး ဓါတ်ရှင်သွားကြည့်မှာပါ။

mm

ကောင်းကင်ပြာ said...

ဒီကားကြောင့် ငိုရပီးပီ မကွန်ရေ။ လိုက်လဲ မပြအား။ တယောက်ထဲ သွားကြည့်မယ်ဆိုတော့လဲ စိတ်ဆိုး၊ အင်တာနက်မှာ ကြည့်လိုက်ရတယ်၊ 1,2,3 လဲ ကောင်းတယ် မကွန်ရေ

Anonymous said...

ရောက်တာကြာပီ.. စလုံးမှာတခါမှရုပ်ရှင်မကြည့်ဘူးပါ..ဘ၀ဘ၀..
အားကျတယ်မ..

EEK said...

I think Ma KOM has experience of working as a director. She knows exactly about the behaviors of actor and actress.
I enjoy reading your comments on them more than the story of this movie.

ZT said...

ကားဝယ်ချင်ရင် Facebook ထဲမှာ Street Racing Game ကစားပါ။

Lamborghini, Ferrari, BMW, Mercedes အကုန်ဝယ် မောင်းလို့ရတယ်။ BMW တွေ များနေလို့ သူငယ်ချင်းတွေ ဆီကိုတောင် လက်ဆောင် ပို့ပေးလိုက်သေးတယ်။ ဟီးဟီး။ အပြင်မှာတော့ ဆိုက်ဂျဲရိုး တောင် မဝယ်နိုင်သေးဘူး။

သက်ဝေ said...

ညကပဲ သွားကြည့်ခဲ့တယ် မမ...
ပုဝါလေးနဲ့ မမကိုတောင် တွေ့လိုက်သလိုလိုပဲ...
ဝေးနေလို့ လှမ်းဆွဲလို့ မမှီလိုက်ဖူး...
နောက်တခါ မမသွားရင် ပြောပါလေ... အတူတူသွားကြတာပေါ့... နော်...။

ကြည် said...

မကြည့်တော့ပါဘူး..ခေတ်ကသိပ်မကောင်းတော့ ပိုက်ဆံစုလိုက်ပါဦးမယ်။သူပဲ ကြည့် ကြည့်နိုင်လွန်း။မနာလိုတော့ဘူးနော်။

Thinzar said...

သဉ္ဖာလည်း မနေ့ညကဘဲ သွားကြည့်ခဲ့တယ်။ ရုပ်ရှင် မမှီမှာစိုးလို့ အသည်းအသန်ပြေး။ ရုံထဲရောက်တော့ အမောတောင် မပြေသေးဘူး။ ရုပ်ရှင်စပြတာနဲ့ အဲဒီကောင်မလေးကို အသည်းအသန် ကယ်နေတာကို ကြည့်ရင်း ပိုမောသွားတယ်။ လုံးဝ အက်ရှင်ဘဲ။ အသည်းတောင် တုန်တယ်။ တစ်ကားလုံး ဒုန်းဒုန်း ဒိုင်းဒိုင်းနဲ့။

Moe Cho Thinn said...

ပထမက သွားကြည့်မလို့ပဲ။ ကိုယ်လိုလူမျိုး အကြိုက်ပဲ လို့ မမ ပြောတာနဲ့ ဖွန်ကြောင် ဖြစ်မှာစိုးလို့ ကြည့်တော့ဘူးဟေ့..:))

Steve Evergreen said...

new entry in Odeon 5 stars rating.

လူမုန်း said...

{extremely busy} ဆိုတာ ဒီလိုကိုး..

{တို့လို ဖွန်ကြောင် အကြိုက်ဘဲ။ မင်းသားလဲမိုက်. မင်းသမီးတွေလည်း မိုက် .အားလု့းံခပ် မိုက်မိုက်ကြီးဘဲ။ }
မိန်းကလေးတွေ က “ဖွန်ကြောင်” လို့ပြောပါဘူးး.ဟိုဗျာ ..ဘာတဲ့ . **...အာ.. ပြောတော့ဘူးး

ဟိုတစ်ခါ
12 rounds တုန်းကလည်း US WWE Champ “John Cena” ကိုသဘောကျ ဒီတစ်ခါကျတော့လဲ
“Vin Diesel ” လို ဗလကြီး တွေ ဘဘောကျဆိုတော့ “ဗေလုဝ” လေးသနားပါတယ်......
မိန်းကလေးတွေကိုမြှောက် မပေးရဘူး (အဖွား)
ဒု. သော့. ခ. လောက် နော်...
(“စိတ်” နဲ့တောင်မပြစ်မှားရဝူး တဲ့.အင်း..“ဂျို” ကြီးကြောင့် ထင်တာဘဲ..:-)


ချစ်စရာကောင်းတဲ့

လူမုန်း

စိတ်စမ်းရေ said...

အမ ချိုသင်းတို့ ကိုလူမုန်းတို့ ပြောတာကို သ
ဘောကျသွားပါတယ်.......။

လူမုန်း said...

အဖွားရေ...

“Eng;” က ကျွန်တော်တို့ရဲ့ “အမေ့ လမ်းကွေ့ ” (Mother Lang;) မှမဟုတ်တာ...

သူတို့တွေတောင် အဲ ဂလို ပြောနေကြသေးတာ...:-)


လူမုန်း

AKyinNar said...

Hi ma KOM...Your blog is so crowded.
Nice to read your blog..keep posting!!!

တန်ခူး said...

အားကျလိုက်တာ… မမတို့ ဘ၀ကိုလေ… ဒီမှာဖြင့် ရုပ်ရှင်မကြည့်ရတာ ၅နှစ်လောက်တောင် ရှိတော့မယ်…

ကလူသစ် said...

ရုပ်ရှင်ရုံမှာ ရုပ်ရှင်သွားမကြည့်ရတာ သုံးနှစ်လောက်ရှိပြီ..... ၀ါး...၀ါး...၀ါး... :((( ငိုချင်လိုက်တာ

myo said...

ခေါ်မသွားလို့ စိတ်ကောက်တယ်..
ကော်မန့် မပေးတော့ဘူး.ဟူး..ဟူး..

Dr Phyo Wai Kyaw said...

ရုပ်ရှင်အကြောင်းရေးရင် မြူးနေတာပဲ ဖတ်ရတာ ထူးသဗျ။

မေ့သမီး said...

စင်္ကာပူမှာရုပ်ရှင်တခါပဲကြည့်ဖူးတယ်။ Fast and Furious 1 တုန်းက ခဏကြည့်ပြီး မျက်စိမူးလာတာနဲ့ ဆက်မကြည့်လိုက်ဘူး။ ဟီး။

Anonymous said...

အပေါ်ယံဖတ်သွားပါတယ်..
Xထုံ

khet myint myint said...

ဒီနေ့ပဲ ရုပ်ရှင်ကြည့်ပြီးပြန်ခဲ့တယ်
မနက်က အပြင်မထွက်ခင် အန်တီကွန့် ပိုစ့်ဖတ်ခဲ့တာ။
ရုပ်ရှင်ကြည့်ဖို့ရွေးတော့ နာမည်ကြီးဘလောဂ့်ဂါ အန်တီကြီးနဲ့ အပြိုင်မဖြစ်ချင်လို့
Nicolas Cage's Knowing ပဲကြည့်လိုက်တယ်။
ကြည့်စေချင်မိပါတယ်။ ထိတ်လန့်သည်းဖို ထူးဆန်းထွေလာတွေ ကြိုက်တယ်ဆိုရင်ပေါ့။
အရည်မရအဖတ်မရ ကျနော် ရုပ်ရှင်သွားကြည့်မိတယ်။
အရည်မရခဲ့ပေမယ့် အဖတ်တွေ အများကြီးရခဲ့ပါတယ် အန်တီကေအိုအမ်...
ရုပ်ရှင်ရဲ့ visual effects တွေ တအားကောင်းတယ်
သို့သော် ရုပ်ရှင်ကြည့်ပြီး အပြန်မှာတော့ တစိမ့်စိမ့်တွေးစရာ ဘာမှပေးမယ့် ကားမျိုး မဟုတ်ပေဘူး
ကျိန်းသေပေါက်ကြည့်သင့်တဲ့ ကားကတော့
မေလမှာ ရုံတင်မယ့် Tom Hank's Angel and Daemons ပဲ..

mgnge said...

ဒီကားလေး မဆိုးပါဘူး...။
မမ KOM လိုလူမျိုးလေ ကျွန်တော်လည်း..။
တိုက်ဆိုင်တယ်..။ အွန်လိုင်းမှာ DL လုပ်ပြီး ကြည့်ပြီး လာ အိမလည်ထွက်လာတာ.. ။ ဒီကားကိုကြော်ငြာ ထားတာတန်းတွေ့ တာပဲ...။

T T Sweet said...

အစ်မကအက်ရှင်ကားတွေ ကြိုက်တယ်နဲ့တူတယ်။ သများတော့ ဒရမ်မာလေးတွေ ပိုကြိုက်တယ်။ ဒါပေမဲ့ ရုံကြီးမှာဆို အက်ရှင်ကားကြည့်တာပဲကောင်းပါတယ်။
သော်တာဆွေကြိုက်တာတူတယ်။ သူလဲစာရေးတာ ပွင့်လင်းတယ်။သူ့ဘ၀အကြောင်း သူရေးတာများ ဘာမှ မချွင်းမချိန်။ ပြီးတော့ ရယ်လဲရယ်ရတယ်။

မိုးခါး said...

ကြိုက်တယ် .. မမကွမ်ရေ
ရုံမှာတော့ မကြည့်ဖြစ်တော့ဘူး
ဒေါင်းထားတယ်း)