Thursday, July 30, 2009

ko paw. madam paw

ကိုပေါ ရဲ့ပိတောက်ရိပ်

ဖတ်ရင်းနဲ့ဟာသပုံပြင်ကို သတိရသွားတာတော့
စိတ်ရောဂါ ဆရာဝန်ဆီကို အမျိုးသမီးတစ်ယောက်က အမြဲလာပြတယ်တဲ့ ။.စိတ်ကျဝေဒနာပေါ့။

အဲ သူ့အမျိုးသားက သိတ်ကြိးပွါးချင်တဲသူပေါ့။ စာအုပ်စာတန်းတွေကို သဲသဲမဲမဲလိုက်နာပြီး.ဖတ်ပြီး. ဘယ်လိုကြီါ်ပွားရမလဲဆိုတာ အမြဲတွေးတောနေသူပေါ့။

ဒါပေမဲ့ လဲကြာလာတော့ မဒမ်ပေါ ကမျှာ....စိတ်ညစ်လာတယ်။ အလုပ်က မဖြစ်တာ များနေတယ်။ အဲဒီ တော့ သူ က ဆရာဝန် ကိုမပြတ်တွေ့နေရရှာတယ။်

နောက်ဆုံး သည်းမခံနိုင်တဲ့မဒမ်ပေါက ကိုပေါကိုပြောတယ။် ဒီမှာ ကိုပေါ. ရှင် ဘယ်လိုလူလဲ ကြီးပွားဘို့ကြံ့ နေတာ ကြာလှပြီး ဘလာဘလာပေါ့......တွန်းအားတွေ ပေးလိုက်တယ်။

အဲဒီတော့ကို ပေါ အသည်းအသံကြံရတော့တာပေါ့၊နေ့မအိပ် ညမအိပ် စဥ်းစား ဖတ်. တစ်ညမှာတော့ မ ဒမ် ပေါ အိပ်နေတာ ကိုသွားနီုးပြီးပြောသတှဲု့။ဒီမှ မဒမ်ပေါ မင်းဘာမှ ပူနဲ့တော့ငါ ရှာဖွေ နေတဲ့ နည်း လမ်းတွေ့ပြီ. ။ အရင်းမရှိဘဲနဲ့ အမြတ်က ရာခိုင်နုးပြည့် ဆိုတာကို တွေ့ပြီ လို့အားရဝမ်းသာ လာ နိုး ပါ သ တဲ့ ။

မဒမ်ပေါကလည် ကြည်လင်ရွှုင်ပြပြီး ဘာများလဲ ကိုပေါရယ် မထိတ်သာ မလန့်သာရှီလိုက်တာ ပြော ပါဦး ဆို တော့။

ဒီမှာ ခွက်တစ်ခွက်ဘဲ ရင်းဘို့လိုတယ်။ တောင်းစားမယ်။ ကြိုက်သလောက်ထည့်သွား အမြတ်ကြီးဘဲ မိန်းမ. ဒီလောက် ကောင်းတဲ့အကြံကွာ. ငါဘာလို့ စောစော က မတွေးမိသလဲတဲ့။

နောက်တစ်နေ့မှာတော့ဆေးခန်းမှာ ကိုပေါတို့ ဇနီးမောင်နံ ကိုတွေ့ရ လေ သ တဲ့။ဒီတစ်ခေါက်ပြမဲ့ သူကတော့မဒမ်ပေါ မဟုတ်တော့ပါဘူးတဲ့ကွယ.်.........

july 30 2009
မှတ်ချက်
စကားမစပ်..
မနက်မိုးလင်တော့ အိပ်ရာကထ………. သီချင်းဆိုရွေ့အမြန် ဖတ်သွားသည်။) နီးစပ်ရာဖတ်တာပါ. ကြိုက်လွန်းလို့မဟုတ်ပါဘူး။
http://www.saturngod.net/?p=1553
http://www.angelshaper.blogspot.com/
http://yanmyo123.blogspot.com/
http://heartstations.blogspot.com/
http://degolar.blogspot.com/
http://www.blog.kokopm.info/
http://thergyi72.blogspot.com/2009/07/blog-post_29.html
http://privatecrazyworld.blogspot.com/2009/07/energy-ministers-call-for-closer.html
http://prosperandpeace.blogspot.com/2009/07/blog-post_29.html
http://mrdba.info/
http://www.cuteavocado.blogspot.com/
http://arrmanthit.blogspot.com/2009/07/blog-post_29.html
http://thagyee.blogspot.com/

24 comments:

Anonymous said...

တနေ့တစ်ပုဒ် ပုံမှန်ပဲနော်

မငုံ said...

ကောင်းတယ်။ ဖတ်ပြီး ရယ်သွားတယ်နော့။

ငှက်ကလေး said...

အဟားးးးးးးးး မမကွန်ရေ ဖတ်ပြီးရယ်သွားတယ် ယုံလားးးး ဟဟ မယုံရင် ပုံပြင်မှတ်ခိခိ ဘိုင်

အရူးလေး said...

အရူး ကို စာတွေပိနေတော့ မရောက်ဖြစ်တာ ကြာပီဗျို့
ချမ်းမြေ့ပါစေ ခင်ဗျာ ...

သစ်သစ် said...

တို့ မမကတော့ နေ့စဉ်တစ်ပုဒ်လောက်တော့ရေးလိုက်ရမှာနော် မိုက်တယ်ကွာ....

subuueain said...

အရင်းမစိုက်ရတဲ့အလုပ်။ဒါလည်းဟုတ်တာဘဲ။ ခွက်တစ်လုံးဘဲစိုက်ရတာ။ ဟီးဟီး

ကိုပေါ said...

မခင်ဦးမေ ... ဟား..ဟား... အဲဒါ ဆရာဖေမြင့်ရဲ့ အကြံဉာဏ်နဲ့ ကြီးပွားချမ်းသာခြင်း ဆိုတဲ့ ၀တ္ထုထဲက ဦးထွန်းပေါ်တို့ လင်မယား အကြောင်းပါဗျ။း-)

အရင်းစိုက်စရာမလိုတဲ့အတွက် ဆယ်ပြားရရင်ပဲ အမြတ်ရာခိုင်နှုန်း အသေင်္ချေဖြစ်သွားရောတဲ့။

ဘားလမ်းထိပ်မှာ ကျောပြောင်ကြီးနဲ့ အဘားအဘားနဲ့ အော်နေတဲ့ ပုဂ္ဂိုလ်ကြီး တနေ့တနေ့ကို မနည်းဘူး ရသတဲ့။

အဲသည်နည်း ကျနော်စဉ်းစားပြီးသွားပြီဗျ။ ကျနော်က အဲသည်ပုဂ္ဂိုလ်ကြီးလောက် ဇွဲမကောင်းလို့ လက်လျှော့လိုက်တာ။း-)

ကိုလူထွေး said...

ဒီနည်းနဲ့လဲ တချို့တွေ စိန်စီနေကြတာကိုး...

းဝ)

ကိုလူထွေး said...

ယူကျုမှာ ကြည့်ရတုန်းကတော့ ဆေးခန်းပြနေရတယ်ဆိုတာ မသိရပါဘူး...

တခေါက်တခေါက်မှ ထထဆိုးတတ်တာမျိုးထင်တယ်...

းဝ)

သားကြီး said...

ကောင်းလိုက်တဲ့အကြံ
ဦးနှောက်ကိုရွှေချထားဖို့ကောင်းတယ်
ဖတ်ပြီးရယ်သွားပါတယ်အစ်မရေ

Steve Evergreen said...

ရယ်ရမှာလားရယ်ရမှာလား။ နေ့တိုင်းလို post တွေတင်နေတာဘာရည်ရွယ်ချက်ပါလိမ့်။ ရွေးကောက်ပွဲနီးလာလို့ စည်းရုံးရေးဆင်းဖို့ကြံစီနေတာတော့မဟုတ်ပါဘူးနော်

Anonymous said...

ရယ်ရတယ်..မမ..
.............
သမာဓိကောင်းသော..
Xထုံ

Dr. Yi Yi Win said...

ဖတ်သွားသည်။

ကောင်းကင်ပြာ said...

နောက်တခါ ဆေးခန်းရောက်သွားတာ ကိုပေါ ပေါ့နော်:)

MrDBA said...

လာဖတ်သွားတယ်

Sein Lyan Tun said...

အကြံလေးပိုင်တယ်ကွ

မဆိုးဘူး


ကြီးပွားရေး နည်းလမ်းကောင်းပဲ

အဟဲ


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Angel Shaper said...

ဟဟားးးးးးးးးး တော်တော် မိုက်စ့်တဲ့ အကြံပဲ။
လာရယ်သွားတယ်နော် မ....ကျေးဇူးပါ...
ပျော်ရွှင်ပါစေ။

Anonymous said...
This comment has been removed by the author.
rose of sharon said...

ဟုတ်ပနော်.... ကောင်းလိုက်တဲ့အကြံ... ရသမျှအမြတ်ချည်းဘဲ...

Rita said...

မမ အင်ဂျင်နီယာတွေ အကြောင်းလဲပြီးပြီ။ ကိုပေါတို့အကြောင်းလဲ ပြီးပြီ။ ဒီတခါတော့ fair ဖြစ်အောင် ဆရာဝန်တွေကို

မုန်းတယ် တပုဒ်လောက် ရေးပေးပါ။ Dr. Blogger တယောက်ကို ဇာတ်ကောင်ထားပြီး ဇာတ်နာအောင် ရေးပါ။ အင်ဂျင်နီယာတွေကို မုန်းတယ် ဆိုတော့ သူ စွာကျယ် စွာကျယ် ဖြစ်နေတာ ကြည့်မရလို့။

ck said...

http://soemyanandarthetlwin.blogspot.com/2009/07/god-be-with-you-till-we-meet-again.html said "Piano Played By Me".


Come on, give me a break. It was stolen from here http://www.youtube.com/watch?v=pgt9evRwaV4

It is not the piano. It is pipe organ. Pipe organs are found almost exclusively at churches, impossible to install at residential places.

Anonymous said...

နေ့တိုင်းအသစ်တင်ပေးတာ
ကျေးဇူးပါ...

အမြဲတမ်းလာအားပေးသူ

mae said...

[မဒမ်ပေါ ကမျှာ...] ဆိုတဲ့နေရာ မှာ တော်တော်ကို ခေါင်းစားသွားတယ်

မမရယ်.. စာလုံးပေါင်းသတိထားပါ၊ အနော်တောင် ပြောနေရတာ သိက္ခာကျလှပါတယ်

လူမုန်း said...


မယ်ဘ...

ဟိုနေ့က စီပုံး ထဲမှာ မေးတဲ့ မေးခွန်းရဲ့ အဖြေက

ဒါဘဲ

(အဖွား ကမှ သိသေး)