Saturday, February 2, 2013

Langkawai 3



























ခဥမ လန်ကာဝီသို့ရောက်သောအချိန်သည် စကောစက ဖြစ်သည် နေ့လည် တစ်နာရီ ဆိုသော ဖယ်ရီစီးသော် တစ်နာရီခန့်စီးပြီး. နစ်နာရီခွဲ သုံးနာရီခန့်တွင် လန်ကာဝီ jetty သို့ရောက်ရှိနေပေပြီ။ အိတ်တစ်လုံး ဆွဲကာ ဆင်းလာသော ခဥမကို ဝိုင်းဆွဲကြသည်။ ကားငှားမလား  ။ တစ်ရက် မလေး တစ်ရာအောက်ဖြစ်သည်။ တက္ကစီယူမလား. လိုက်ပေိုကပေးမည်ဖြစ်သည်။ ဟော်တယ်မရှိဘူးလား လိုက်ရှာပေးမည် ဖြစ်သည် ဘယ်သွားချင်သလဲ ဘာလုပ်ချင်သလဲ စိတ်တိုင်ငးကျဖြစ်သည် ။


 

























ခရီးသွားခြင်းကို ခဥမ ခုံမင်လာခြင်းမှာ အကြောင်းရှိသည်။ menopause ဖြစ်ပြီးသကာလ မောင်နင့် မောင်နစ်မလိုနေကြရာ လောကကြီးပျင်းစရာကောင်းလှသည်။ sexual ဆိုသည်မှာ ဘဝအတွက်လိုအပ်သည်။ လောကတွင် active ဖြစ်သည်. မိမိသည် အသုံးဝင်သည်။ မောင်ထံမှ ကြင်နာမှုယုယမှူများရသည်။ မောင်သည် ခဥမကို ချစ်ခင်သည် ဟု ခံစားရသည် ။ ယခုသော်လောကကြီးပျင်းစရာကောင်းလှသည်။ ကိုယ့်ကိုကိုယ် confidence ကျသည်. မောင်ဘာသာ မောင် ဟိုနားဒီနားသွားလျင်ပင် ဘယ်သူနင့်သွားသလဲ တောင်တွေးမြောက်တွေးတွေးသည် ဝမ်းနည်းသည်. ငါ့ကို မချစ်တော့ပါဘူးလေဟု ဝမ်းနည်းသည်။


 

























ခရီးသွားသော်စိတ်ပြေလက်ပျောက်ဖြစ်သည်။ ပိုက်ဆံပေးသော် ဦးစားပေးမှူရသည်. ဆန်ပေးလျှင် ဆီရသည်မဟုတ်လော.။ လောကကို ကျေနပ်နစ်သိမ့်နေလျင် ယခုလို လျောက်သွားနေမိမည်မထင်ချေ. မောင့်အတွက်လည်းစိတ်မကောင်း။ ခဥမအတွက်လည်း စိတ်မကောင်း. မကောင်းသော စိတ်များကို ကျောင်းလည်းမပို့. အေးရာအေးကြောင်း လျောက်သွားနေလေသည် တစ်ယောက်ထဲရိုက်သော ခဥမကို ဘာကြောင့်တစ်ယောက်ထဲ ဓါတ်ပုံ့ရိုက်ရတာလဲ မေးသော ငယ်သူချင်း ကို ရှင်းပြရန်ခက်ခဲလေသည် ။ သမီးတစ်ယောက်နင့် ယောက်ကျားက ချစ်ခင်သော ပညာအများကြီးတတ်သော်လည် အိမ်ရှင်မ လုပ်နေသော သူငယ်ချင်းသည် ပျော်ရွင်ပုံရသည်။ ခဥမလည်း ပျော်ရွင်ပါသည် မောင်လည်းချစ်ခင်မည်ဟု ယုံကြည်ပါသည် သို့သော်လည်း ခလေးမရှိသော အိမ်သည် ခြောက်သွေ့လှသည်.ေ မာင့်အတွက်  ပျင်းစရာကောင်းလှသည်။ ကလေးလေးတစ်ယောက်လောက်ရှိလျင်တော့မောင်သည်လည်း ကလေးပေါ်အာရုံရောက်ကာ ပျင်းနိုင်မည်မထင်. ကလေးလဲ မရှိ. အလုပ်လည်း နေ့ရော ညရော လုပ်တတ်သော ခဥမ ကိုယူထားသော မောင် မှ ပျင်းစရာမကောင်းလျှင် မည်သူ ပျင်းစရာကောင်းမည်နည်း ထမင်းလည်း မှန်မှန်ချက်ကျွေးဘို့မပြောနင့် နောက်ကျသော နေ့များတွင်  မောင်သည် ဖြစ်သလို စားရသည်. ချက်ပြနနတော့လည်း စားမကောင်း . ဒီလောက်သောက်သုံးမကျသော ခဥမနင့် နေသည် ကို ပင် မောင့်ကို ကျေးဖူးတင်ရလေသည်။


 





လန်ကာဝီရောက်သော် ခဥမသည် မလေး တစ်ထောင့်ငါးရာ ranggit ပိုက်ကာ လေကျယ်လေသည် မလေး ငါးရာ ကိုတစန်ကန့် တစ်ထောင်ကို တစ်ကန့်ထာ်းသည် မောင့်ထံမှ တွမ်လာသော စလုံးငါးရာကို တစ်ကန့်ထားသည် . ရန်ကုန်သူ ခဥမသည် ပိုက်ဆံတွေ အိတ်ထဲမြင်ရမှ စိတ်ချမ်းသာသည် ကဒ်ပြားထဲမှ ပိုက်ဆံကို ပိုက်ဆံမထင် .  .။အိတ်ထဲက ပိုက်ဆံကို မှ ပိုက်ဆံထင်သည်. ကိုယ်မကျွမ်းသော အရပ်တွင် ငွေထုတ်သော ATM စက်များ money changer များ မရှိမည်ကို စိုးရိမ်လှသည်။


မလေးတစ်ထောင့်ငါးရာနင့် ခဥမသည် ရမ်းလေသည်။ ချဉ်းကပ်လာသော ကားဆရာက ဘာလုပ်ချင်သလဲ ဖြစ်စေရမည် ဆိုသည် အကြိုက်ခွေ့သွားသော ခဥမသည် ထိုကားဆရာကို ရွေးလိုက်လေသည်။ လေးနာရီ မလေးတစ်ရာ ဖြစ်သည် သွားလိုရာလိုက်ပို့ပေးမည် ကိုယ်ပိုင်ကား ကြီးဖြင့်ဆိုသည်. ဒါဆိုရင် ဘယ်သွားမည် ဟိုသွားမည်ညာသွားမည် ဆိုကာ ကျေနပ်သွာေးသခဥမည် rest room ကာ အကျီလဲသည် ရေမချိုးရလျှင် ပူအိုက်တတ်သောကြောင့် အကျီလဲပေးလျင်ချွေးနံ့သက်သာသည် အသားအရေအေးသည်။ ကာဖီဝင်ဝယ်သည် ရေဘူးအသစ်ထပ်ဝယ်သည် လည်လည်သွားရမည် မဟုတ်လား။




 























ပျော်ရွင်စွာ ကားဆရာထံပြန်လာသော ခဥမကို ကားဆရာသည် လူငယ်တစ်ယောက်လက်ထဲသို့ထည့်၏. ထိုသူသည် အင်္ဂလိပ်လို မလေးလို ရေလည်စွာပြောတတ်သည် ဆိုးသည်မှာ တက္ကစီ ဖြစ်သွားချင်းဖြစ်သည် ကိုယ်ပိုင်ကားနင့်လည်ရမည် ဆိုပြီးမှ တက္ကစီဖြစ်သွားသည် ကို ခဥမ မကြည်ချေ. ခဥမသည် ရိုးးသားသည် ကလိန်ကကျင့်မ၇ှိ. ကိုယ့်ကို မရိုးသားလျှင် စိတ်ဆိုးတတ်သည်. စိတ်ဆိုးသွားလေသည်။

ထိုကောင်လေးသည် ရေမွန်စွာ တီးခေါက်သည် ။ တည်းစရာမရသေးသော ခဥမကို ဘယ်နားဘယ်လို ဘယ်ဘတ်ဂျက်မနှန်းသလဲ မေးသည်။ ခဥမည် လည်ဘို့အဓိက ထားရာ ဟောတယ်ကို ဈေးကြီးကြီးမပေးလို အိပ်ချိန်သာ ဝင်အိပ်တတ်သော ကိုယ့်အကျင့်ကိုယ်သိရာ ဈေးကြီးမပေးလို မလေးတစ်ရာအောက်ဟု ဘတ်၈ျတ် ချပေးလိုက်သည် ။ အမှန်ကတော့ beach ဘက်က ဟော်တယ် မော်တယ် အချို့သည် မလေးတ စ်ရာ ကျော်ခန့ဖြင့်ရသည် ခဥမ book online လုပ်သော အာလုံးပြည့်နေလေသည် ထိုရက်သည် မလေးရှားသုံးရက်ပိတ်သော ရက်ဖြစ်ရာ လူအများခရီးသွားကြသည်။ ကြို book မှ စိတ်ချရလေသည်။ ကပ် မှ book သော ခဥမသည်မရချေ.

တစ်နေရာကို လည်မည် ဆိုသော မိမိ၏ interest ကို မိမိသိရာသည် စကာပူ အမေရိကား မြန်မာပြည်တွှေု နေသော လူလည်များကို ခဥမသည် လက်ချာမပေးသင့်ချေ. ကိုယ့်တွေ့ကြုံးကိုသာ သုံးသပ်သင့်သည် ခဥမသည် မြို့ထဲလိုလို beach လုပ်နေရာ ဘာကို မျှ book မလုပ်မိချေ. ဘတ်၈ျတ် ခုနစ်ဆယ် ရှစ်ဆယ်မျှ ဆိုလျှင်တတ်နိုင်ပါမည်လော ဆိုသည် ရာ တတ်နိုင်သည် ဆိုရွေ့ ကားဆရာ သည်မြို့ထဲမှ တည်းခိုခန်းဟု သာ ဆိုလုချင်သည် သူရို့အလိုအရတော့ဘာဆိုလိုမည် မစိ. ဓါတ်ပုံတွင် တွေ့သည့်အတိုင်းပင် အခန်းတစ်ခန်း  အဲကွန်းတစ်ခု လင်းလင်းချင်းချင်း လေးထပ် ခေါင်မိုးနား ကပ်နေသော အခန်းတစ်ုဖြစ်သည် .အပိုမွေ့ရာကြီးကလည်းအချန်းထဲတွင်ပါသေးသည် လူများသော သူများ ပူးပေါင်းိအိပ်ရန်ထင်သည် မျက်နာသုတ်ပုဝါသည် လည်း ခဥမသုတ်ရန်အားနာလှသည်။ အိတ်လေးသောကြောင့်မျက်နာသုတ်ပုဝါထားခဲ့ရာအားနာပါးနာသုတ်လိုက်ရသည်။ ရေချိုးခန်းသည် common အများသုံးဖြစ်သည် စိတ်ဓါတ်ကျသွားသော ခဥမသည် တစ်ရက်ဘဲနေပြီးနောက်တစ်နေ့တည်းခိုခန်းပြောင်းမည် ဆိုကာမှ နောက်နေ့တွင် အောက်ထပ် ရေချိုးခန်းတွဲရက်အခန်းသို့ရွေ့ပေးပါမည် ယနေ့တော့သည်းခံပါရန်ပြောကာ နစ်ရက်စာယူလိုကသ် ခဥမ သိတတော့မကြည်ချေ.မကြည်တာတွေ မျာလားပြီဖြစ်သည်။


အခန်းနေရာချပြီးသော ထိုကောင်လေးသည် ဘာလုပ်ချင်သလဲ မေးသည်လေးနာရိမထိုးသေးချေ. ခဥမက ဟိုသွားဒီသွားချင်သည် ဆိုသာ် ထိုနေရာများအားလုံး သည် နောက်တစ်နာရီခွဲခန့်တွင် ပိတ်မည် ဖြစ်ရာ လမ်ေးပ်ါတွှုနာရီဝက်ကြာ လူတန်းစိရဦးမည် ရောက်ပြင်္နဖြစ်လျှင် သွားရသည်မှာမတန် မနက်ဖြန်မှ လိုက်ပို့သည်ကို ပိုအဆင်ပြေသည် ဆိုသည် ခဥမ အီးတင်းပြန်သည်. သို့ဆိုလျင် ဘာလုပ်ရမည်နည်းဆိုသော် island hoppping ဆိုသည်ကို Private လိုကိပို့မည်ဆိုသည်ပုံမှန် သုံးဆယ် ခန့်ကို  တစ်ရာကျော်ပေးရမည် ဆိုသော်ခဥမသည် ငါဒီလောက်မအ ဆိုကာ ခေါင်းခါလေသည် ။ ပုံမှန်လေူဆယ်ယောက်ခန့မျှစီးကြသည်ကို ရည်းစားမရ. ယောက်ကျာ်းမပါသော ခဥမသည် ဤမျှလောက် မသုံးပေးနိုင်ချေ။


 
























shopping လိုက်ပို့မည် ဆိုပြန်သော် စကာပူနင့်မလေးရှား ရန်ကုနိုကို ကူးသန်းနေသော ခဥမသည်ခေါင်းခါပြန်သည်။ ဝယ်ပြီးလျင်လည်း လန်ကာဝီ. ကွာလာ ပူလစ်.  ဂျိုဟို ဘာရူ. စကာပူကို မသယ်နိုင်ချေ ခရီးစဉ် များလှသည်.။ အလုပ်ကလည်းသွားရင်းလာရင်းလုင်္ပရဦးမည်ဖြစ်သည်။ ဝယ်ချင်သည်ကတော့ဝယ်ချင်လျှသည် ရန်ကုန်လည်းမသယ်နိုင် ယခုတစ်လော discount ရန်ကုန်လက်တ်မှတ်များသည် ကီလို နစ်ဆယ်သာပေ့းရာ အလုပ်မဖြစ်ချေ.။

ဒါဆိုလည်း ကမ်းနားသွား beach လိုက်ပို့မည် ဆိုပြန်သော်ခဥမ အင်ပြန်သည်။ အသွားအပြန် နင့် ထိုင်စောင့်ပြီး လေးနာရီပြည့်ပြီဆိုကာ မလေးတစ်ရာယူမည်ကို မကြည်ဖြူချေ။ ဒါဆို ဘာလုပ်ချင်သလဲ ဆိုသော် ကားမောင်းချင်သည် ဟု ခဥမက တင်ပြသည်. ငါကားငှားမည် နင်ဘေးက လိုက်ခဲ့ဆိုသော်ထိုကောင်လေးထွက်ပြေးသွားလေသည်. ခဥမသည်ကားငှားခ တစ်ရက် တစ်ရာလည်းပေးမည်။ ထိုကောင်လေးကိုလည်း သူ့ကားနင့်သူ လေးနာရီ တစ်ရာကို ကားမယူ . လူဘဲယူမည် တစ်ရာပေးမည် ဆိုသည်ကိုမျှ လက်မခံချေ. ယဉ်ကျေးစွာ ငြင်းပယ်ေ၇ွ့ jetty မှ ဟော်တယ်တည်းခိုးခန်းတစ်ဆယ်သာပေးပါ ဆိုကာ ခဥမ ပိုပေးသော တစ်ဆယ် စုစိုပေါင်း နစ်ဆယ်ယူရွေ့ လစ်သွားလေသည် ခဥမသည် အခံရခက်ရွေ့ကျန်ခဲ့လေသည်။ တတ်နိုင်လျင် နောက်လင် လိုချင်သော ခဥမသည် မောင်ပြောသကဲ့သို့ နောက်ဆုံးမင်းငါ့ဆီဘဲ ပြန်ရောက်လာတာဘဲမဟုတ်လားဆိုသကဲ့သို့အားလုံးက ငြင်းပယ်သည်ကို ခံရသော ကလေးငယ်ကဲ့သို့ဝမ်းနည်းလာလေသည်။

ဒီလောက်တောင်ဖြစ်လှတာ ငါ့ဘာသာ ငါမောင်းမယ် ငါလဲကားမောင်းတတ်တာဘဲ ဆိုကာ ကားငှားသော အရပ်ဒေသကို ဟိုတည်တည်းခိုခန်းမှ လူကို ဖုံးဆက်ကာ တစ်ရက် ၂၄ နာရီ မလေးရှားငွေ တစ်ရာပေးေ၇ွ့ ကားတစ်စီးလာပို့ခိုင်းလိုက်သည် ပို့လိုက်သော ကားမှာ အော်တိုဂီယာဖြစ်သည် အော် အတော်ဘဲကောင်းတာပေါ့ ရန်ကုန်မှ မောင်လဲပေးထားသောကားသည် အော်တိုဂီယာ ဖြစ်လေရာ ဂီယာနင့်သာ မောင်းတတ်သော ခဥမသည်အတော်ဘဲ ငါကျင့်ရတာပေါ့ ဆိုကာ . သို့သော်ငြားလည် ကားလာထိုးပေးသော သူ ကိုကြည့်ပြီး ထိုသူလာပေးသော ကားကို မမောင်းရဲချေ. နီတို့ဆီမှာ လူမငှားဘူးလား. ငါ ကားမောင်းတာ မရဲလို့ လူတစ်ယောက်ဘေးက လိုက်ပေးနိုင်မလား. လမ်ေးကြာင်းမသိလို့ ဟု ဆိုကာ ရိုးသားသည် ဆိုသောခဥမသည် မလိမ့်တစ်ပါတ်လုပ်ကာ လူငှားလေရာ တစ်နာရီ ဆယ်ငါးကျပ်ဖြင့်ကောင်းလေးတစ်ယောက် အဆင်ကလေးရောက်လာရာ ခဥမမြူးသွားသည်။

ရောက်လာသော ကောင်လေးကို အမှန်ပြောကာ ငါ ဂီယာဘဲမောင်းတတ်တယ် နီ ဒီနားမောင်ပြီးကားရှင်းတဲ့နားမှာ ငါ့ကို သင်ပေးပါဆိုကာ ထိုကောင်လေးဖြင့် ထွက်သွားပြန်လေသည်။ လမ်းရှင်းသောနေရာတွင် ခဥမနင့်လူချင်းလဲပြီးထိုကောင်းလးသည် ခဥမကို သင်ရှာသည် သို့သော သူသည်အင်္ဂလိပ်လိုသိတ်မရ ခဥမကလည်း မလေးလိုသိတ်မရ နစ်ယောက်သားလည်နေကြသည် ခဥမမောင်းမည် ဆိုရာ ကောင်လေးသည် စိတ်မချ. ကွင်းနားတစ်ခု သို့ ဦးတည်မောင်းသွားကာ ထိုကွင်းနားတွင် ပြန်သင်လေသည် ခဥမသည် စကာပူမလေးရှား ဂျိုဟို မှ ဆယ့်လေးနာရီခရီး လန်ကာဝီသို့လာကာ ကားမောင်းသင်နေလေသည်။

ကားမောင်းတတ်လျှင် ပြီးပြီဖြစ်သည် တစ်နေ့နစ်ဆယ့်လေးနာရီ မှ မလေးတစ်ရာ ဆိုသည်မှ များသေးသည် ကြို arrange လုပ်လျင်ျ ခြောက်ဆယ်ခန့်သာ ဖြစ်သည်။ ခဥသည် ခြေထောက်ဂျက်တတ်ကာ လျောက်သွားနိုင်ပေပြီ။ သို့သော ပထမဆုံးနေ့ပထမုံးနစ်ရီဖြစ်ရာ အော်တိုဂီယာကို လည်နေလေသေးသည် အတော်ဟုတ်လာသော်လ မ်းပေါ်တတ်မည် ဆိုရာ ရန်ကုန် နင့်မလေးရှားစကပူသည် မတူချေ. ဘယ်မောင်း ညာမောင်းကိုခဥမလည်ပြန်သည်. ထိုကောင်လေးသည် ခဥမ၏ မရိုးသားမှူကို ရိပ်မိသွားလေသည် နီ ဂျိုဟိုမှာ ကားမမောင်းဘူးဘူးလာ ဆိုရာ ငါရန်ကုန်မှာဘဲမောင်းဘူးတယ်ဟုဝန်ခံ ရလေသည် အစကတည်းကလည်းဝန်ခံခဲ့ပါသည် ငါ နိုင်ငံခြားတွင်ကားမမောင်းဘူးပါဆိုခဲ့သည် ထိုကောင်လေးသည်ယခုမှ ကြားကာ စိတ်ဓိတ်ကျသွားလေသည် သူထင်သည်မှ လိုက်ပြီး လမ်းပြောပြရန် လမ်းကြောင်မသိသည် ကို လမ်းကြောင်းပြော့ပရန် ထင်ရာ ယခုသော် ကားမောငသ်းလည်းသင်ပေးရသည် ဘယ်မောင်း ညာမောင်းလည်နေသော ဒရိုင်ဘာနင့်လည်းလိုက်စီးရဦးမည် ဆိုကာ သူမလိုက်ချင်တော့ . ဂီယာရှိသော သူ့သူငယ်ချင်းကားဖြင့်လဲပေးမည် ဆိုကာ ဆလုရိုက်ပြီး ဟိုတယ် တည်းခိုခန်းသို့ပြန်ပို့ပေးခဲ့သည်။

 

ခဥမ အော်တိုဂီယာမမောင်းတတ်သည် ကို ဟိုတတယ် တည်းခိုခန်းမှ လူများသည် အံသြကြလေသည် ဂီယာ ကားသည်ယခုရှားသွားပြီး ဈေးလည်းသက်သာကြောင်းသို့သော်ကားရှားကြောုး ခဥမ ကားပြန်လဲချင်လျေင်တော့ကိုယ့်ဘာသာ ကိုယ်သွားလဲရန် နစ်ပြခန့်ဝေးသော နေရာသို့ မထင်ရှားသောမြေပုံဆြွဲ့ပကာ လွတ်လေသည် ခဥမထံမှ မလေးတစ်ရာလည်းရပြိးဖြစ်ရာ စိတ်မဝင်စားတော့ချေ။ မရခင်သာစိတ်ဝင်စားရေ့ရပြီး စိတ်မဝင်စားသော လူ့သဘာဝပင်ဖြစ်ရာ ခွှုင့်လွတ်ရသည်။
 
စိတ်ကြီးသော ခဥမသည် ထိုကားထဲ ထည့်ထားသော မလေး သုံးဆယ်ဘို့ ဓါတ်ဆီကို နမျှောစွာ ကားစီး ကားမောင်းရမည့်အခွင့်အရေးကို နမျှောစွာ . အဆင်ကောင်လေးနင့်လမ်းခွဲလိုက်ရသည် ကို နမျှောစွာ  နမျှောခြင်းကြီးစွာဖြစ်ရွေ့ အခြေအနေမှန်ကို လက်ခံကာ ထိုကားကို ဟော်တည် တည်းခိုခန်းလက်ထဲသို့သော့ပြန်ထည့်ပေးလိုက်ကာ အခန်းပြန်ေ၇ွ့ စိတ်ထိခိုက်ကာ မှောက်သွားလေသည်။

9 comments:

ko 9 said...

ဒီပီု့ကနေမှန်း၇၇င်တော့ (အားနာနာနဲ့ပဲ)
အသက်ကထိပ်စီး ငါးနားေ၇ာက်နေပြီပဲ..ဟဟ

Anonymous said...

ဟယ်

တကယ်ဆိုရင် .... said...

တော်တော်ဆိုးခဲ့တာဘဲ

တကယ်ဆိုရင် .... said...

၁၅၀၀ နဲ့ လှည့်ပာတ်ရမ်းခဲ့တာ တန်တာပေါ့အေ

Anonymous said...

ဆက်ရေးပါ အမ .. ကြိုက်တယ်

khin oo may said...

I am not deleted any comment. this is blogspot/comment may have error. sorry for that. I am sorry for misunderstanding and make you feel .

fortunately your commnents reached to my mail. pl accept my apology. thank for your kind concern.

Anonymous said...

Anonymous

1:35 AM (1 hour ago)

to me
Anonymous has left a new comment on your post "Langkawai 3":

I feel pity on ur experiences.What else can we do with menopause? Nothing,right?It just happened,so we just have to keep going on with our carrer and marriage life.Anyway Cheers, Ma Ma KOM!I love to read ur blog whatever u wrote.Love u too.



Posted by Anonymous to khin oo may at February 3, 2013 at 1:35 AM

Anonymous said...

Anonymous

2:30 AM (6 minutes ago)

to me
Anonymous has left a new comment on your post "Langkawai 3":

Btw,did u delete my previous comment? If yes,I will take note that u dislike my comment.Then next time I don't need to comment u n express my opnion.If my comment irritated u,I am Sorry,sis.

Anonymous said...

menopauseဖြစ်ပြီးလဲပျော်၇ွင်မျူရနေတဲ့အိမိထောင်တွေ (ခလေးလဲမရှိ)နောက်ကိတ်စတခုကြောင့်များလား....မေးခွန်း မဟုတ်ပါ)တွေ့ရသလောက်တော့မအများကြီးကံကောင်းတယ်ဆိုတာပဲ ခရီးသွားနိင်တယ် စာရေးနိင်တယ်...ကျန်းမာရေးကောင်း (အသက်ြဲ့ကီးပြီလို့ဆိုတယ်မဟုတ်လား)..ပြီးတှောှု့USအမျိဲုးသမီးတွေလိုသတ်တိမျိုးနဲရေးရဲတယ်ကျမကဖဘကမမေရဲ့ပို့အောက်မှာလဲရေးသူပဲ ဒါပေမဲ့ကျမဟာdont no whyနဲနဲ၇ှက်တတ်လိုဒီမှာလာရေးတာပါ။မမမေကိုခင်မင်လျက်.....ပျော်ပါစေ<3<3